22/10/2025
“ ဘာ့ကြောင့်...အချစ်မခံရတာလဲ….”
Happiness Coach Nan Kay
“ ဘာ့ကြောင့်...အချစ်မခံရတာလဲ….”
…………………………………………………….
ကျွန်မမှာ မိတ်ဆွေ တယောက်ရှိတယ်။ သူက အရှိတရားကို ဘယ်တော့မှ လက်မခံတတ်တဲ့ အတွက်ကြောင့် သိပ်အချစ်မခံရဘူးပေါ့ ။ဒါ့ပေမယ့်လည်း သူ့မိသားစုမှာတော့ သူဟာ တန်ဖိုးရှိသူပါ။
သူနဲ့ ခဏ ခဏ ဆိုင်ထိုင်ဖြစ်ပါတယ်။
ကျွန်မတို့ ဆိုင်ထိုင််ဖြစ်တယ်ပေါ့ စားသောက်စရာတွေလည်း မှာသင့် သလောက် မှာပြီးပေါ့ ….
သူက ….”ဒီ ဆိုင်ထက် အဲ့ ဆိုင် က ပိုကောင်းတယ် ၊ စားစရာ ဆို ဘယ်လိုကောင်းကြောင်း ပေါ့ “
Me…” အဲ့ ဆိုင်က ဘယ်မှာလဲ ၊နီးလား “
သူပြောတဲ့ ဆိုင်က အခုရောက်နေတဲ့ နေရာနဲ့ အဝေးဆုံးမှာ။
………..🪷………🪷……..🪷………
တစ်ရက် အိတ်လေး တစ်လုံး ထုတ်ကိုင်တော့ …..
“အဲ့ အိတ်ထက် လှတာတွေ ဟိုဆိုင်မှာ အများကြီး ရှိတယ်။ ငွေ ၅…….လောက်နဲ့ ဆို သူ့ထက် လှတာရတယ် “
အော် ခက်တော့ နေပြီ ၊ သူ့ထက်လှတာ တွေ ရှိမှန်းသိတာပေါ့ ၊ကိုယ်တတ်နိုင်တဲ့ငွေ နဲ့ ကိုယ့်အကြိုက်လေး ဝယ်ထားတာလေ “လှတယ် “လို့ ပြောလိုက်ရင် တဖက်လူ စိတ်ချမ်းသာ သွားမှာ ကြောက်လို့လား မသိ
……🍀🍀🍀🍀🍀…….
တစ်ရက် သူနဲ့အတူ နာမည်ကြီး ကြက်ကြော်ဆိုင်မှာ စားတယ်ပေါ့ ….
“ ဒီ ဆိုင်က အရသာ မကောင်ဘူး ၊ မြန်မာပလာစာ ကဆိုင်က ပိုကောင်းတယ် “
အွင်း …ကြက်ကြော်ဆိုင်( Brand တူ ) ချင်းအတူတူကို လုပ်တာနော်….
……🌻🌻🌻🌻🌻……
သူ့ဆီက ရတဲ့ Negative Vibes တွေက အခုပြောတဲ့ အကြောင်းအရာတူတွေ အများဆိုမှ အများကြီးရှိပါတယ်။
ပစ်ချလို့မရတဲ့ ငယ်သူငယ်ချင်းဖြစ်နေလို့ အခုရေးတဲ့ အကြောင်းအရာတွေကို သူ့ကို ဖွင့်ပြောပြီး ပြင်သင့်ကြောင်းကို Speed Coaching လုပ်ပေးဖြစ်တယ်။ တကယ်တော့သူ့စိတ်လည်းသိ /ကိုယ့်စိတ်လည်း သိသူဖြစ်နေလို့သာ ဒီလိုအပြုအမူ အပြောအဆိုကိုနားလည်ပေးနိုင်တာပါ။
ကိုယ့်ဘေးမှာ ဒီလိုလူများ ရှိခဲ့ရင် သူ့ရဲ့ အပြုအမူတွေကိုပြုပြင်ဖို့ ပြောမထွက်ခဲ့ရင် ….
ဒီလို လူတွေနဲ့ အဝေးဆုံးမှာ နေသင့်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ သူတို့ ကြောင့် ကိုယ့်မှာရှိတဲ့ Positive Energy တွေ ပျောက်ဆုံး နိုင်လို့ပါ။
🌸ရှိနေတဲ့အရာကို တန်ဖိုးထားခြင်းကင်းပြီး သူတပါးကို ချီးကျူးစကား မပြောတတ်တဲ့ လူတွေဟာ အချစ်မခံရတတ်သလို ၊မိတ်ဆွေကောင်းလည်း မရနိုင်ပါဘူး။ ဒါ့ကြောင့် ရှိနေတဲ့အရာကို တန်ဖိုးထားလက်ခံတတ်ပါစေ။
ချီးကျူးစကား ဆိုတတ်ပါစေ။
(သူများရဲ့ Negative ကိုရေးတာ ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ်ပါရှင်)
ဒီ Negative vibes ထဲက သင်ယူ ပြုပြင်လို့ရတာရှိရင် ပြုပြင်လို့ရအောင် ကာယကံရှင်ဆီမှ ခွင့်တောင်းပြီး ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။)
Happiness Coach Nan Kay
Credit -Happiness Coach Nan Kay