08/09/2023
အမတို့ရေ
ခုပဲ ဆိုင်မှာ Melacare သုံးနေတာ မျက်နှာသစ်ဘာသုံးရမလဲဆိုပြီး ဝယ်သူ လာဝယ်ရင်း
Melacare က တားမြစ်အလှကုန်ဖြစ်ကြောင်း
ရှင်းပြဖြစ်ပါတယ်
သုံးပြီးတာနဲ့ ရက်ပိုင်းအတွင်း တန်းသိသာပေမယ့်
မကြာခင် ပိုပြီးဆိုးရွားလို့ ဆေးခန်းရောက်တဲ့သူတွေ
အများကြီးပါနော်
#တင်းတိပ်
❌ပုံထဲက ပစ္စည်းကတားမြစ်အလှကုန်ပါ နော်❌
အခု ပြန်ရောင်း ပြန်အဝယ်လိုက်နေကြလို့
Steroid ရဲ့ Effect က လိမ်းပြီးချက်ချင်းသိသာလို့
ဟယ်မျက်နှာလေးဖွေးလိုက်တာနဲ့ ဒါကိုမက်ကြတာ
ရပ်လိုက်တာနဲ့ ချက်ချင်း ပြန်မဲတက်လာတာပါ
ဝက်ခြံပေါက်တတ်တဲ့သူဆို ဝက်ခြံ တပြင်လုံးပေါက်ပြီး Steroid ဝက်ခြံက အဆိုးဆုံးပါနော်😣😣
အဓိက တင်းတိတ်အဖြစ်များတဲ့ ကိုယ်တွေ မေမေ မမတွေ Target ထားခံရတယ်
ဝယ်လာမိရင်လဲ မသုံးဖို့တားပါ‼️‼️
တင်းတိတ်မဖြစ်အောင် ကာကွယ်ဖို့
အသက်ငယ်ငယ် ကြီးကြီး Sunscreen သုံးပေးပါ
ထီးဆောင်းပါ
ဖြစ်လာရင် နီးစပ်ရာတွေလျှောက်လူးမယ့်အစား
ဆေးခန်းမှာ ကုသမှုခံယူပါ
တင်းတိတ်ပါးစေဖို့ Vitamin C ,Tranexamic acid ,Alpha Arbutin
စတဲ့ အသားကြည်စေတဲ့ Product တွေအသုံးပြုနိုင်ပါတယ်
ရောင်းမှား ဝယ်မှား မဖြစ်ကြစေဖို့
စေတနာဖြင့်..🙏🙏
သုံးနေတဲ့သူတွေလုံးဝ ရပ်ပစ်ပါ❌❌❌