02/01/2021
ယနေ့ ပုသိမ် covid အခြေအနေ။
(၂.၁.၂၀၂၁)
ယနေ့ ပုသိမ်ဆေးရုံမှ စစ်ဆေးသူများအနက် (၂)ဦး၊ ပုသိမ်ပြည်သူ့ကျန်းမာမှ စစ်ဆေးသူများအနက် (၁၀)ဦး၊ စုစုပေါင်း(၁၂)ဦးတွင် ပိုးတွေ့ခဲ့ပါသည်။
(၁) Pathein Case (677)
ပုသိမ်မြို့ စကားဝါလမ်းတွင် နေထိုင်သော အသက်(၅၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ ကွမ်းခြံဈေးတွင် ကြက်သားရောင်းပါသည်။ ၂၅.၁၂.၂၀၂၀ နေ့အထိ ဈေးရောင်းခဲ့ပါသည်။ ညီမဖြစ်သူမှာ ကုလားကုန်းဈေးတွင် ကြက်သားရောင်းသူ case 569 ဖြစ်ပါသည်။ အမေ၊ ညီအမ(၃)ဦး၊ တူမ(၁)ဦးတွင် ပိုးတွေ့သဖြင့် ၂၆.၁၁.၂၀၂၀ နေ့မှစကာ Quarantine ဝင်နေခဲ့ပါသည်။ ပထမအကြိမ် စစ်ဆေးစဉ်က ပိုးမတွေ့ခဲ့ဘဲ ယနေ့မနက် ဒုတိယအကြိမ် စစ်ဆေးသော အခါတွင်မှ ပိုးတွေ့ခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့်လက္ခဏာမှ မပြပါ။ ကျန်းမာရေး ကောင်းမွန်ပါသည်။ ယနေ့ နေ့လည်တွင် ပုသိမ် တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ထားပြီး ဖြစ်ပါသည်။
(၂) Pathein Case (678)
ပုသိမ်မြို့ ငဝန်ကျွန်းသာ(၁၀)လမ်းတွင် နေထိုင်သော အသက်(၅၅)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ မှီခို ဖြစ်ပါသည်။ ခရီးသွား ရာဇဝင်၊ ထိတွေ့ ရာဇဝင် မရှိပါ။ နှာမွှန်နေသည်မှာ ငါးရက်၊ အနံ့ပျောက်နေသည်မှာ (၂)ရက်ရှိပြီ ဖြစ်သဖြင့် ယနေ့မနက် သာသနာ့ဗိမာန် fever clinic မှ တစ်ဆင့် ပုသိမ်ဆေးရုံတွင် လာရောက်စစ်ဆေးရာက ပိုးတွေ့ခဲ့ခြင်း ဖြစ်ပါသည်။ နှလုံးခုန်နှုန်း အနည်းငယ် မြန်နေသည်မှအပ ကျန်းမာရေး ကောင်းမွန်ပါသည်။ ပုသိမ်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(၂)တွင် ခေါ်ယူထားပြီး ဖြစ်ပါသည်။
(၃) Pathein case (679)
ပုသိမ်မြို့ ဒုံးဝန်းတိုးချဲ့ အမှတ်(၃)ရပ်ကွက် တန်းလျားတစ်ခုတွင် နေထိုင်သော အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ ဘူတာဈေးတွင် ကြက်သားရောင်းချပါသည်။ ဘူတာဈေး Lock Down ချလိုက်ချိန်မှစပြီး ဈေးမထွက်တော့ဟု သိရပါသည်။ ဖျားနေသည်မှာ (၃)ရက်၊ အနံ့ပျောက်နေသည်မှာ (၃)ရက် ဖြစ်နေသဖြင့် ယနေ့ မနက် သာသနာ့ဗိမာန် fever clinic မှတစ်ဆင့် ပုသိမ်ဆေးရုံကြီးတွင် လာရောက်စစ်ဆေးစဉ် ပိုးတွေ့ခဲ့ခြင်း ဖြစ်ပါသည်။ ကျန်းမာရေး ကောင်းမွန်ပါသည်။ ယနေ့ညနေတွင် ပုသိမ် တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ထားပြီး ဖြစ်ပါသည်။
(၄) Pathein case (680)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်းအဆောင်တွင်နေထိုင်သူ အသက် (၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပါသည်။ ၎င်းအဆောင်မှာ Case 536,579,580,595 တို့ ပိုးတွေ့ရှိသဖြင့် Lock down ချထားသော အဆောင်ဖြစ်ပါသည်။ အလုပ်အကိုင်မှာ အမားဗား ဧပရယ် အထည်ချုပ်စက်ရုံ ဝန်ထမ်းဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေး ကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၅) Pathein Case (681)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၂၃)နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပါသည်။ အလုပ်အကိုင်မှာ မြကျွန်းသာအိမ်ယာ၊ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၆) Pathein Case (682)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ ချိုင်းမွန်းစပေါ့ အထည်ချုပ်စက်ရုံ ဝန်ထမ်းဖြစ်ပါသည်။ Case (681) ၏ ဇနီးဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၇) Pathein Case (683)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါသည်။ အလုပ်အကိုင်မှာ မြကျွန်းသာအိမ်ယာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၈) Pathein Case (684)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသောအဆောင်တွင်နေထိုင်သူ အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါသည်။ အလုပ်အကိုင်မှာ မြကျွန်းသာအိမ်ယာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၉) Pathein Case (685)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ Myanmar Knitting သိုးမွှေးစက်ရုံ ဝန်ထမ်းဖြစ်ပါသည်။ Case 684 ၏ ဇနီးဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ နှာပိတ်သည်မှအပ ကျန်းမာရေး ကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၁၀) Pathein Case (686)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါသည်။ အလုပ်အကိုင်မှာ ဟွာဘိုတိုင်း အထည်ချုပ်စက်ရုံ ဝန်ထမ်းဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၁၁) Pathein case (687)
ပုသိမ်မြို့၊ ငုဝါ (၃)လမ်း Lock down ချထားသော အဆောင်တွင်နေထိုင်သူ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ အလုပ်အကိုင်မှာ မှီခိုဖြစ်ပါသည်။ Case (686) ၏ ညီမဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ ယနေ့ ခရိုင်မီးသတ်တွင် ဒုတိယအကြိမ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားရာဇဝင်မရှိပါ။ ကျန်းမာရေးကောင်းမွန်ပါသည်။ ယနေ့ညနေပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ပြီး ဖြစ်ပါသည်။
(၁၂) Pathein Case (688)
ပုသိမ်မြို့ သစ္စာလမ်းတွင် နေထိုင်သော အသက်(၃၉)နှစ်အရွယ် အမျိုးသား ဖြစ်ပါသည်။ အလုပ်အကိုင်မှာ ဒေါင်းလောင်း အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ဖြစ်ပါသည်။ ၃၀.၁၂.၂၀၂၀ နေ့အထိ အလုပ်ဆင်းထားပါသည်။ သစ္စာလမ်းမှ ပိုးတွေ့လူနာ case 655 ၏ အမဖြစ်သူ၏ ခင်ပွန်း ဖြစ်ပါသည်။ နှာစေး အနံ့ပျောက်နေသည်မှာ (၂)ရက်ရှိပြီ ဖြစ်သဖြင့် ပုသိမ် ပြည်သူ့ကျန်းမာက စစ်ဆေးကြည့်ရာမှ ပိုးတွေ့ခဲ့ခြင်း ဖြစ်ပါသည်။ ကျန်းမာရေး ကောင်းမွန်ပါသည်။ ယနေ့ ညပိုင်းတွင် ပုသိမ်တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်ထားပြီး ဖြစ်ပါသည်။
အခြားသိထားသင့်သော အချက်များ။
(၁) ယနေ့ ဆေးရုံဆင်းလူနာ (၁၅)ဦး ရှိပါသည်။ တိုင်းရင်းဆေးရုံမှ (၁၂)ဦးနှင့် ကိုးသိန်းဆေးရုံမှ (၃)ဦးတို့ ဖြစ်ပါသည်။
ပုသိမ်ဆေးရုံကြီး covid အခြေအနေ။
ယနေ့ညအထိ ပုသိမ်ဆေးရုံကြီးတွင် တက်ရောက်ခဲ့သော covid လူနာ (၇၄၁)ဦး ရှိနေပြီ ဖြစ်ပါသည်။ ၎င်းတို့မှာ သာပေါင်းမြို့နယ်မှ သုံးဦး၊ ရန်ကုန်မှ (၂၆)ဦး၊ မန္တလေးမှ(၁)ဦး၊ ကျုံပျော်မှ (၇)ဦး၊ ဖျာပုံမြို့နယ်မှ (၂)ဦး၊ ကျောင်းကုန်းမြို့နယ်မှ (၁၈)ဦး၊ ပုသိမ်မြို့နယ်မှ အမျိုးသမီး(၃၃၃)ဦး၊ ငါးသိုင်းချောင်းမှ (၄)ဦး၊ အသုတ်မှ (၁၁)ဦး၊ ရေကြည်မှ (၅)ဦး၊ ကန်ကြီးထောင့်မှ (၂၅)ဦး၊ ညောင်တုန်းမှ(၁)ဦး၊ ကျုံမငေးမှ (၁၁)ဦး၊ မိတ္ထီလာ(၁)ဦး၊ တောင်ကုတ်မှ (၁)ဦး၊ မြောင်းမြမှ (၂)ဦး၊ အိမ်မဲမှ(၂)ဦး၊ ငပုတောမှ(၂)ဦး၊ ဘီးလင်းမှ (၁)ဦး၊ သံလျင်မှ(၁)ဦး၊ ဟင်္သာတ(၁)ဦးနှင့် ပုသိမ်မြို့နယ်မှ အမျိုးသား (၂၈၃)ဦးတို့ ဖြစ်ပါသည်။
ဆေးရုံဆင်း လူနာ (၆၂၅)ဦးနှင့် သေဆုံး(၆)ဦးရှိပြီ ဖြစ်သဖြင့် ပုသိမ်ဆေးရုံတွင် လက်ကျန်လူနာ (၁၁၀)ဦး (ပုသိမ်ဆေးရုံ ၂၀ ဦး + တိုင်းရင်းဆေးရုံ ၇၆ ဦး+ ကိုးသိန်းဆေးရုံ ၁၄ ဦး) ဖြစ်ပါသည်။
ယနေ့ နေ့လည်အထိ ထုတ်ပြန်ချက်များအရ ဧရာ၀တီတိုင်း တစ်ခုလုံးတွင် ပိုးတွေ့လူနာ (၄၆၀၉)ဦး (ပထမလှိုင်းမှ ၂ဦး အပါအဝင်) ရှိနေပြီ ဖြစ်ပါသည်။
(ပုသိမ်ဆေးရုံ-၇၀၂၊ ဖျာပုံဆေးရုံ-၃၀၀၊ မအူပင်-၆၇၂၊ ဟင်္သာတဆေးရုံ-၄၈၆၊ မြောင်းမြဆေးရုံ-၁၉၅၊ ဘိုကလေး ဆေးရုံ-၁၇၄၊ လပွတ္တာဆေးရုံ-၂၀၉၊ ကျောင်းကုန်း -၄၉၊ မော်ကျွန်း ဆေးရုံ -၄၇၁၊ ဝါးခယ်မဆေးရုံ-၆၃၊ ဓနဖြူ-၃၅၊ ပန်းတနော်-၁၅၊ အိမ်မဲ-၄၄၊ ကျုံပျော်-၂၅၀၊ ဇလွန်-၂၇၊ ညောင်တုန်း-၂၀၃၊ အင်္ဂပူ-၄၇၊ မြန်အောင်-၁၉၊ ဒေးဒရဲ-၃၁၂၊ ကြံခင်း-၂၃၊ ရေကြည်-၅၄၊ ငါးသိုင်းချောင်း-၄၆၊ အသုတ်-၉၊ လေးမျက်နှာ-၃၂၊ ကန်ကြီးထောင့်-၃၆၊ ဓနုဖြူ-၃၀၊ ကျိုက်လတ်-၈၂၊ သာပေါင်း-၁၃၊ ရန်ကုန်-၉)
ပြည်သူများ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီကြစေလိုပါသည်။ မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။ မလိုအပ်ဘဲ ဆေးရုံ ဆေးခန်းများသို့ မလာပါနှင့်။ လက်ခဏ ခဏဆေးပါ။ mask တပ်ပါ။ လူစုလူဝေး ရှောင်ကြပါ။ သင်တို့အတွက် ကျန်းမာရေး ဝန်ထမ်းများ နေ့မအား ညမနား အလုပ်လုပ်နေကြပါသည်။ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Crd.
https://www.facebook.com/thanminhtutmm