Knot Beach -Macrame bag & craft shop

Knot Beach -Macrame bag & craft shop To my loyal customers! Thank you for choosing me.

TREASURE BOX အိတ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် 💛💛💛✨ TREASURE BOX COLLECTION ✨ရတနာလေးတွေကို သိမ်းဆည်းထားတဲ့ Treasure Box လေ...
14/09/2026

TREASURE BOX အိတ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် 💛💛💛

✨ TREASURE BOX COLLECTION ✨
ရတနာလေးတွေကို သိမ်းဆည်းထားတဲ့ Treasure Box လေးတစ်လုံးလို ပုံဖော်ဖန်တီးထားတာမို့ ဒီ Design လေးကို “TREASURE BOX” လို့ နာမည်ပေးထားပါတယ်ရှင့်။ 🤍

Macramé 3 mm Cord ကို အသုံးပြုပြီး အိတ်တစ်အိတ်လုံးကို လက်နဲ့ အနုစိတ်ကျစ်လုပ်ထားတဲ့ Handmade Design လေးပါ။

🔐 Lock ၂ ခုနဲ့ အမြင်ဆန်းစေတဲ့ design လေးရယ်
👜 Inner Bag လဲ ပါဝင် ပြီး
🌿 သေသပ်ပြီး အကြမ်းခံအောင် ဖန်တီးထားတဲ့ Design လေးဖြစ်ပါတယ်ရှင့်။
🎨 အရောင်စုံ ရွေးချယ်နိုင်ပါသေးတယ်ရှင့်။

လှပရုံသာမက ရေရှည်အသုံးပြုနိုင်ဖို့ကိုပါ မျှော်တွေးပြီး ဖန်တီးထားတဲ့ Knot Beach ရဲ့ Signature Design လေး ဖြစ်ပါတယ်။

🤍 TREASURE BOX COLLECTION
Every knot holds a story. 🌊

Knot Beach ရဲ့ အိတ် ဒီဇိုင်းအသစ်လေးပါရှင့်🤍🤍🌿   #ငွေဆောင်handmadeဆိုင်    #ကြိုးကျစ်ဘီးကုတ်
10/09/2026

Knot Beach ရဲ့ အိတ် ဒီဇိုင်းအသစ်လေးပါရှင့်
🤍🤍🌿

#ငွေဆောင်handmadeဆိုင်

#ကြိုးကျစ်ဘီးကုတ်



Knot Beach ရဲ့ ကိုယ်ပိုင် Design လေးပါ။ 🌿Handmade ဆိုတာလက်နဲ့ဖန်တီးထားတာထက်ပိုပါတယ်၊ဖန်တီးမှုတစ်ခုရဲ့နောက်မှာကျွမ်းကျင်မ...
05/09/2026

Knot Beach ရဲ့ ကိုယ်ပိုင် Design လေးပါ။ 🌿

Handmade ဆိုတာ
လက်နဲ့ဖန်တီးထားတာထက်ပိုပါတယ်၊

ဖန်တီးမှုတစ်ခုရဲ့နောက်မှာ
ကျွမ်းကျင်မှု၊ သေသပ်မှုနဲ့ ရေရှည်အသုံးပြုနိုင်ဖို့ မျှော်တွေးထားမှု တွေပါ ရှိနေဖို့လိုပါတယ်။

ဒါကြောင့် Knot Beach ရဲ့ Design တစ်ခုချင်းစီကို
လှပဖို့တစ်ခုတည်းမဟုတ်ဘဲ
ကြာကြာသုံးနိုင်ဖို့၊ ခိုင်ခံ့ဖို့နဲ့ သုံးတဲ့သူတိုင်း စိတ်ချနိုင်ဖို့ ကိုပါ ထည့်သွင်းစဉ်းစားပြီး ဖန်တီးထားပါတယ်။

🌿 Knot Beach Design ရဲ့ အထူးခြားချက်များ

① စတီးကဲ့သို့ ကြားခံကိရိယာများကို မသုံးထားပါ။

② အလွယ်တကူကျိုးပဲ့နိုင်တဲ့ ကြားခံပစ္စည်းများကို ရှောင်ရှားထားပါတယ်။

③ အရောင်မလွယ်လွယ်ကူကူကျွတ်စေဖို့ အရည်အသွေးကောင်းတဲ့ ချည်ကိုသာ ရွေးချယ်အသုံးပြုထားပါတယ်။

④ ကိုယ်တိုင်ဖန်တီးတဲ့ Handmade ဖြစ်တဲ့အတွက် ထုတ်ကုန်တစ်ခုချင်းစီအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝထားရှိပါတယ်။

ကျွန်မတို့အတွက်
Design ဆိုတာ လှပမှုတစ်ခုတည်းမဟုတ်ပါဘူး။

ဒီနေ့မြင်ရတာ လှဖို့ထက်
မနက်ဖြန်တွေမှာလည်း စိတ်ချလက်ချ အသုံးပြုနိုင်ဖို့—

ဒီနေ့ကတည်းက သေချာစဉ်းစားပြီး ကျစ်ထားတဲ့ အနုပညာတစ်ခုပါ။ 🌿

Knot Beach — Made with skill, thought & care.

🛍️ မှာယူရန်

📞 09793554688
Viber / ဖုန်းဖြင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

📩 TikTok Page CB မှလည်း မှာယူနိုင်ပါတယ်ရှင့်။

🚚 ပို့ဆောင်ပေးမှုများ

• ငွေဆောင်မြို့တွင်း — Delivery Free
• မြန်မာနိုင်ငံအတွင်း ရောက်ရှိနိုင်သော မြို့များ — အိမ်ရောက်ငွေချေ (COD) ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်။
• နိုင်ငံတကာ — စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ တို့သို့လည်း ပို့ဆောင်ပေးပါတယ်ရှင့်။ 🌏

ဖိနပ်လှလှလေးတွေကမိုးတို့ကို နေရာကောင်းလေးတွေရောက်အောင်ခေါ်ဆောင်သွားပေးတယ်တဲ့။အဲ့ဒီလို နေရာကောင်းလေးတွေဆီဖိနပ်လေးတွေစီးပြ...
28/08/2026

ဖိနပ်လှလှလေးတွေက
မိုးတို့ကို နေရာကောင်းလေးတွေရောက်အောင်
ခေါ်ဆောင်သွားပေးတယ်တဲ့။

အဲ့ဒီလို နေရာကောင်းလေးတွေဆီ
ဖိနပ်လေးတွေစီးပြီး လျှောက်သွားနေတဲ့အချိန်မှာ—

မိုးတို့လိုအပ်သမျှကို
လိုလိုသေးမရှိ သယ်ဆောင်ပေးနေတဲ့သူတွေကတော့
အိတ်လေးတွေပါ။

အိတ်ဆိုတာ ပစ္စည်းတွေထည့်ဖို့အတွက်
ချုပ်လုပ်ထားတဲ့အရာတစ်ခုထက်ပိုပါတယ်။

ကိုယ်သွားတဲ့နေရာတိုင်းကို လိုက်ပါပေးတဲ့
ရဲဘော်ရဲဘက်လေးတွေလိုပါပဲ။

အထူးသဖြင့်
ကိုယ့်ပုခုံးနဲ့ တစ်သားတည်းဖြစ်ပြီး
ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ
အတူလိုက်ပါပေးနေတဲ့
တိုက်စစ်မှူးလေးတွေလိုပေါ့။

အဲ့ဒီလို အိတ်လေးတစ်လုံးကို
ကျွန်မကတော့ စက်နဲ့အလွယ်တကူ ထုတ်လုပ်ထားတာမဟုတ်ဘူး။

ကြိုးတစ်ချောင်းချင်းစီကို ကိုင်ပြီး
ဘယ်နေရာမှာ ဘယ်လိုကျစ်ရမလဲ၊
အိတ်လေးရဲ့ပုံစံ ဘယ်လိုကျရင် လှမလဲဆိုတာ
စဉ်းစားရင်း တစ်ဆင့်ချင်း ကျစ်ထားတာပါ။

တစ်ခါတလေ
မိုးတို့ ဘဝမှာလည်း
ကိုယ့်ကို ဘယ်နေရာရောက်အောင် ခေါ်သွားပေးမလဲဆိုတာ မသိဘဲ
အတူတူလျှောက်ပေးနေတဲ့ အရာလေးတွေ ရှိတတ်တယ်။

အဲ့ဒါကြောင့်
ဒီအိတ်လေးကို ကျစ်ရင်း
တွေးမိတာက—

တချို့အရာတွေက
ကိုယ့်ဘဝကို ပြောင်းလဲပေးဖို့ မလိုဘူး။

ကိုယ်သွားချင်တဲ့နေရာကို
အတူလိုက်ပေးနိုင်ရင်ကို
လုံလောက်နေပြီ။

မိုးဆီမှာတော့
ဒီနေ့အတွက်
ရဲဘော်ကောင်းလေးတစ်လုံး
အသင့်ရနေပါပြီ။ 🤍🤎🌸

Knot Beach ဆိုင်သည် တခြားအမည်နဲ့ ဆိုင်ခွဲမရှိပါ။

👉 ငွေဆောင် ညဈေးမှာ တစ်ဆိုင်

👉 ငွေဆောင် မြို့မလမ်းပေါ်မှာ တစ်ဆိုင်နဲ့ ၂ ဆိုင်ပဲ ဖွင့်လှစ်ထားပါတယ်ရှင့်။

#မိုး🌿 #ငွေဆောင်handmadeဆိုင်

28/08/2026

ဖိနပ်လှလှလေးတွေက
မိုးတို့ကို နေရာကောင်းလေးတွေရောက်အောင်
ခေါ်ဆောင်သွားပေးတယ်တဲ့။

အဲ့ဒီလို နေရာကောင်းလေးတွေဆီ
ဖိနပ်လေးတွေစီးပြီး လျှောက်သွားနေတဲ့အချိန်မှာ—

မိုးတို့လိုအပ်သမျှကို
လိုလိုသေးမရှိ သယ်ဆောင်ပေးနေတဲ့သူတွေကတော့
အိတ်လေးတွေပါ။

အိတ်ဆိုတာ ပစ္စည်းတွေထည့်ဖို့အတွက်
ချုပ်လုပ်ထားတဲ့အရာတစ်ခုထက်ပိုပါတယ်။

ကိုယ်သွားတဲ့နေရာတိုင်းကို လိုက်ပါပေးတဲ့
ရဲဘော်ရဲဘက်လေးတွေလိုပါပဲ။

အထူးသဖြင့်
ကိုယ့်ပုခုံးနဲ့ တစ်သားတည်းဖြစ်ပြီး
ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ
အတူလိုက်ပါပေးနေတဲ့
တိုက်စစ်မှူးလေးတွေလိုပေါ့။

အဲ့ဒီလို အိတ်လေးတစ်လုံးကို
ကျွန်မကတော့ စက်နဲ့အလွယ်တကူ ထုတ်လုပ်ထားတာမဟုတ်ဘူး။

ကြိုးတစ်ချောင်းချင်းစီကို ကိုင်ပြီး
ဘယ်နေရာမှာ ဘယ်လိုကျစ်ရမလဲ၊
အိတ်လေးရဲ့ပုံစံ ဘယ်လိုကျရင် လှမလဲဆိုတာ
စဉ်းစားရင်း တစ်ဆင့်ချင်း ကျစ်ထားတာပါ။

တစ်ခါတလေ
မိုးတို့ ဘဝမှာလည်း
ကိုယ့်ကို ဘယ်နေရာရောက်အောင် ခေါ်သွားပေးမလဲဆိုတာ မသိဘဲ
အတူတူလျှောက်ပေးနေတဲ့ အရာလေးတွေ ရှိတတ်တယ်။

အဲ့ဒါကြောင့်
ဒီအိတ်လေးကို ကျစ်ရင်း
တွေးမိတာက—

တချို့အရာတွေက
ကိုယ့်ဘဝကို ပြောင်းလဲပေးဖို့ မလိုဘူး။

ကိုယ်သွားချင်တဲ့နေရာကို
အတူလိုက်ပေးနိုင်ရင်ကို
လုံလောက်နေပြီ။

မိုးဆီမှာတော့
ဒီနေ့အတွက်
ရဲဘော်ကောင်းလေးတစ်လုံး
အသင့်ရနေပါပြီ။ 🤍🤎🌸

Knot Beach ဆိုင်သည် တခြားအမည်နဲ့ ဆိုင်ခွဲမရှိပါ။

👉 ငွေဆောင် ညဈေးမှာ တစ်ဆိုင်

👉 ငွေဆောင် မြို့မလမ်းပေါ်မှာ တစ်ဆိုင်နဲ့ ၂ ဆိုင်ပဲ ဖွင့်လှစ်ထားပါတယ်ရှင့်။

#မိုး🌿 #ငွေဆောင်handmadeဆိုင်

22/08/2026

ကြိုးကျစ် လိပ်ပြာ keychain လေး 🦋🌿🤍


#ငွေဆောင်handmadeဆိုင်



#ကြိုးကျစ်ဘီးကုတ်

အဝါနုလေးကို selection လုပ်မိလိုက်တဲ့ နေ့လေး💛မနက်စောစောမှာ လင်းလက်ဖျာကျလာတဲနေရောင်ခြည် အဝါနုလေးတွေအဝါရောင် နေကြာခင်းတွေအဝ...
21/08/2026

အဝါနုလေးကို selection လုပ်မိလိုက်တဲ့ နေ့လေး💛

မနက်စောစောမှာ လင်းလက်ဖျာကျလာတဲ
နေရောင်ခြည် အဝါနုလေးတွေ

အဝါရောင် နေကြာခင်းတွေ
အဝါရောင် စာမျက်နှာလေးတွေ
အဝါရောင် ပန်းပွင့်လေးတွေ
အဝါရောင်ကြိုးစလေးတွေ .....

အထူးသဖြင့် အဝါရောင် နွေဦးလေးက
အဝါရောင် ရော်ရွက်ဝါလေးတွေ...🍂

အဝါရောင်လေးတွေက အမြဲပဲ နွေးထွေးစေတယ်
ကိုယ့် တစ်နေ့တာလေးကို
ပြုံးရယ်စေတယ်၊ တောက်ပစေတယ်။

ဒီ အဝါရောင် ကြိုးကျစ်အိတ်လေးက
နူးညံ့ ညင်သာတဲ့ အမျိုးသမီးရဲ့
အဝါဖျော့ရောင် ပိုင်ဆိုင်မှုလေးပါ။

💛💛


#ငွေဆောင်handmadeဆိုင်



#ကြိုးကျစ်ဘီးကုတ်

21/08/2026

Overhand knot နဲ့
Braided cord နဲ့တွေမှပဲ
လက်တွေကျိမ်းပြီး
ခပ်နှေးနှေးပဲ ကျစ်နိုင်တော့တယ် 🌿

#ငွေဆောင်handmadeဆိုင်

20/08/2026

မေတ္တာရယ်…
သစ္စာရယ်…
စေတနာရယ်…

အမည်လေးတွေ တပ်ထားတဲ့
ကြိုးငယ်လေး သုံးပင်ကို
လွန်းတင်ပြီး ချည်နှောင်ထားမိရင်...

ချည်နှောင်မှုတွေကို
မကြိုက်တဲ့သူ ဖြစ်ချင်ဖြစ်မယ်…
ဒါပေမယ့်
မြဲမြံဖို့အတွက်တော့
တစ်ခါတလေ ချည်နှောင်ထားဖို့ လိုတယ်။

မေတ္တာကြိုးလေးက
အရောင်ပြယ်သွားနိုင်တယ်။
သစ္စာကြိုးလေးလည်း
အချိန်ကြာလာရင်
နွမ်းနယ်သွားနိုင်တယ်။

ဒါပေမယ့်…
စေတနာဆိုတဲ့
ကြိုးငယ်လေးတစ်မျှင် ရှိနေသေးရင်—

ပြတ်သွားတဲ့နေရာလေးတွေကို
ပြန်ဆက်ထုံးလို့ရသေးတယ်။

အရောင်တွေ ပြယ်သွားရင်တောင်
အမှတ်တရတွေ မပြယ်သွားအောင်…

မေတ္တာတွေ လျော့သွားရင်တောင်
နွေးထွေးမှုလေး မပျောက်သွားအောင်…

သစ္စာတွေ လျော့လာရင်တောင်
လက်မလွှတ်မိအောင်…

စေတနာကြိုးငယ်လေးနဲ့
ဆက်ထုံးလေးတစ်ထုံး
ထုံးထားချင်သေးတယ်။

ဘာလို့လဲဆိုတော့—

တချို့အရာတွေက
မြဲမြံနေတာဟာ
ကြိုးတွေ ခိုင်လို့မဟုတ်ဘူး။

တစ်ယောက်နဲ့တစ်ယောက်
မလွှတ်ချင်သေးတဲ့
စေတနာလေးရှိနေလို့ပါ။

Every knot holds a beautiful story.🤍💙

မိုး🌿


#ငွေဆောင်handmadeဆိုင်




#ကြိုးကျစ်ဘီးကုတ်

17/08/2026

🤍🤍

Macrame ဆို သဘာဝရောင်လေးကတော့ အလှဆုံးလေးပါပဲ

ဒါလေးကတော့ net bag လေးကို handle bag လေး ကျစ်ပေးထားတာပါရှင့်

လွယ်ကြိုးရှည်လေးလဲပါလို့ cross body bag လေးလဲ လွယ်လို့ရပါတယ်ရှင့်။

👉 Knot Beach ဆိုင်သည် တခြားအမည်နဲ့ ဆိုင်ခွဲမရှိပါ။

👉 ငွေဆောင် ညဈေးမှာ တစ်ဆိုင် (မိုးရာသီက ပိတ်ထားပြီး 10 လပိုင်းအစမှ ဖွင့်ပါမယ်ရှင့်)

👉 ငွေဆောင် မြို့မလမ်းပေါ်မှာ တစ်ဆိုင်နဲ့ ၂ ဆိုင်ပဲ ဖွင့်လှစ်ထားပါတယ်ရှင့်။(နေ့စဥ်ဖွင့်ပါတယ်ရှင့်)

👉၂ ဆိုင်လုံးကလဲ "Knot Beach" ဆိုတဲ့ နာမည်နဲ့ပဲ ဖွင့်လှစ် ရောင်းချပေးပါတယ်ရှင့်။

အသေးစိတ်ကို 09793554688 (viber လဲရပါတယ်ရှင့်) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#မိုး🌿 #ငွေဆောင်handmadeဆိုင်


Address

Ngwe Saung မြို့မလမ်း
Pathein

Website

Alerts

Be the first to know and let us send you an email when Knot Beach -Macrame bag & craft shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share