PAUK cycling group

PAUK cycling group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PAUK cycling group, Pauk.

လူကြီးတွေ အရင်က ကိုယ့်မြို့မှာပဲ ဘာလို့အရမ်းနေချင်လဲဆိုတာ မသိခဲ့ဘူး ဘာလို့အဲ့လောက်တွယ်တာ တာလဲပေါ့ကိုယ်တိုင်အဝေးရောက်လာတဲ...
12/02/2025

လူကြီးတွေ အရင်က ကိုယ့်မြို့မှာပဲ
ဘာလို့အရမ်းနေချင်လဲဆိုတာ မသိခဲ့ဘူး ဘာလို့အဲ့လောက်တွယ်တာ တာလဲပေါ့

ကိုယ်တိုင်အဝေးရောက်လာတဲ့အခါ ကိုယ်မွေးဖွားခဲ့တဲ့နေရာ ကိုယ့်မြို့ ကိုယ်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရတဲ့ နေရာသာ နေရတာအကောင်းဆုံးဆိုတာ
သိလာတယ် ကိုယ်ချင်းစာမိလာတယ်

ဒါကြောင့် ကိုယ့်မြို့လေးကို ပြန်ပြန်ဦးမယ်လို့ပြောကြတာကိုး

လိုင်းပေါ်မှာ အိမ်ပြန်ချင်တယ်ဆိုတဲ့
စာလေးတွေတွေ့ရင် ခံစားမိတယ်

သက်တောင့်သက်သာဖြစ်တဲ့နေရာ ပတ်၀န်းကျင်မှာ လူတွေက အနေချင်ကြဆုံးပဲလေ

ခေတ်စနစ်ကြောင့်သာ ကိုယ့်ရဲ့ မြေခံ
ရေခံကို စွန့်ခွာကြရသလို အကြောင်းမျိုးမျိုးကြောင့် အပြီးမပြန်နိုင်ခဲ့တဲ့သူတွေလဲ ရှိကြပြီပဲလေ

တချို့တွေက အိမ်ကို ပြန်လာမှာ မျှော်နေကြသလို

အိမ်ကိုပြန်ဖို့ ကြိုးစားနေတဲ့သူတွေလဲ
ထုနဲ့ထေးပါပဲ😗

PS., လူငယ်တစ်ယောက်ရဲ့ စာကို
ကိုးကားထားပါသည်😊

အင်းအင်း အေးပေါ့အေးပေါ့ ဆိုပြီး ခင်ဗျား ရဲ့ စကားသံလေးGroup  ထွက်တဲ့ trip တိုင်းမှာ ခင်ဗျား ရဲ့ activity လေးတွေ နဲ့ စိတ်က...
22/05/2022

အင်းအင်း အေးပေါ့အေးပေါ့ ဆိုပြီး ခင်ဗျား ရဲ့ စကားသံလေး
Group ထွက်တဲ့ trip တိုင်းမှာ ခင်ဗျား ရဲ့ activity လေးတွေ နဲ့ စိတ်ကူးလေးတွေ ပေးတတ်တဲ့
ကိုဗပလက် ရေ ခင်ဗျား ကျွန်တော် တို့ကို နုတ်မဆက်ပဲ ထွက်သွားတာ ခုဆို 3 လ တိတိ ရှိခဲ့ပြီ
ခင်ဗျား ကောင်းရာမွန်ရာ မှာ အေးအေးချမ်းချမ်း နေပါတော့ ဗျာ
သတိရချင်းများ စွာ ဖြင့် paukcycling group 🥹🥲

ဆောင်းစဝင်လာပြီဆိုတော့ စက်ဘီးစစီးမယ့်သူတွေ မေးလာကြတယ် ဘာဝယ်ရမလဲ? လေ့လာနိုင်အောင်လို့ တင်ပေးလိုက်ပါတယ် ကျွန်တော် ဒီတခါတော...
11/11/2021

ဆောင်းစဝင်လာပြီဆိုတော့ စက်ဘီးစစီးမယ့်သူတွေ မေးလာကြတယ် ဘာဝယ်ရမလဲ? လေ့လာနိုင်အောင်လို့ တင်ပေးလိုက်ပါတယ်

ကျွန်တော် ဒီတခါတော့ စက်ဘီးစဝယ်ပြီး စီးမဲ့သူအတွက် စဥ်းစားရမဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။ စက်ဘီးတစ်စီးဝယ်ဖို့ စဥ်းစားတာနဲ့ အသစ်စီးမှာလား? ဂျပန်ကွန်တိန်နာကျစီးမှာလား? ဆိုပြီး နှစ်ခုရွေးချယ်စရာ ထွက်လာပါမယ်။

‌အသစ်ဝယ်စီးကြမယ်။

အသစ်ဝယ်စီးမယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ ခေါင်းစားစရာတွေ သိပ်မရှိပါဘူး။ စဥ်းစားရွေးချယ်ရမဲ့ ကိစ္စလေးတွေတော့ရှိတာပေါ့။ ပထမဆုံးရွေးချယ်ရမှာက ကိုယ်ဝယ်မဲ့ ဆိုင်ပါပဲ။ Brand New ရောင်းတဲ့ဆိုင်တွေကတော့ အများကြီးရှိပါတယ် ဒါပေမဲ့ စိတ်ချရမဲ့ဆိုင်ကိုပဲရွေးဝယ်ပါ။ ပြီးရင်တော့ ကိုယ်စီးမဲ့ Brand ကိုရွေးရပါမယ်။နောက် အရေးကြီးတဲ့ အချက်က Frame Size ပါ။ Frame Size အရွေးမှားရင်တော့ နင်းရတာ သက်တောင့်သက်သာရှိမှာ မဟုတ်ပါဘူး။ (Frame size ကိုတော့ ကိုယ်ဝယ်မဲ့ ဘီး Brand ရဲ့ offical website နဲ့ရှာလို့ရပါတယ်) နောက်ပီးတော့ ဂွေ size. Road Bike ဝယ်မယ်ဆိုရင်တော့ ဂွေ size ထည့်တွက်စရာမလိုပါဘူး (တစ်မျိုးပဲလာလို့ပါ။) Mountain Bike မှာတော့ 26" 27.5" & 29" ဆိုပြီး ၃မျိုးရှိပါတယ်။ ဂွေ size ပေါ်လိုက်ပီး အားနည်းချက် အားသာချက်လေးတွေတော့ရှိကြတာပေါ့။ ဂွေ size သေးရင် အချိုးအကွေ့တွေမှာ သွက်ပြီး ဂွေ size ကြီးတော့ ခရီးဝေးတွေမှာသာတာပေါ့။ နောက် အဓိကကျတဲ့တစ်ချက်ကတော့ Group set ခေါ် Gear Set ပါ။ Road Bike တွေမှာဆိုရင် (2x7) ကနေစပြီး (2x10) ထိရှိကြပါတယ် တော်တော်များများတော့ Shimano Group Set တွေ့ရပါတယ်။ Mountain Bike တွေမှာဆိုရင် ရှေ့သုံးချက် နှစ်ချက် တစ်ချက် နဲ့ နောက်က ၇ချက်ကနေပြီး Power ချက်တွေဖြစ်တဲ့ ၁၁ချက် ၁၂ချက် အထိလာကြပါတယ်။ နာမည်ကြီးတဲ့ Group Set တွေဖြစ်တဲ့ Shimano, Sram တို့ ပါကြပါတယ်။ နောက်ပိုင်း သာကော Group Set ဖြစ်တဲ့ L-TWoo လဲတွေ့လာရပါတယ်။နောက်ပီး Hub တို့ Bottom Bracket တို့က ကားဘောတို့ Hollow BB ဆိုပိုကောင်းတာပေါ့။ နောက်ပြီး Fork ကို တစ်ချက်စဥ်းစားသင့်ပါတယ်။ Mountain တွေမှာ Fork Suspension တွေနဲ Oil, Air ဆိုပြီလာပါတယ်။ကြိုက်တာရွေးလို့ရပါတယ်။ အဲ့ဒါလေးတွေသိထားရင်တော့ အသစ်တွေ ရွေးဝယ်နိုင်မယ် ထင်ပါတယ်။ အာရုံနောက်သက်သာချင်ရင်တော့ ကိုယ်သုံးမဲ့ Budget နဲ့ချိန်ပြီး Complete Bike တစ်စီးဝယ်ဖို့ အကြံပေးပါတယ်။ Beginner တွေကိုတော့ စိတ်ကြိုက်တစ်ခုချင်း ဝယ်ဆင်ဖို့ ကျွန်တော်အားမပေးပါဘူး။ Complete Bike မှာပါတဲ့ဟာတွေမကြိုက်လို့ Upgrade လုပ်ရင်တော့ နားလည်တဲ့သူတွေရဲ့ အကြံဥာဏ်ယူပြီး စိတ်ချရတဲ့ဆိုင်မှာရွေးဝယ်ပါလို့ အကြံပေးချင်ပါတယ်။

‌ဂျပန်ကွန်တိန်နာကျပဲစီးမယ်။

ဂျပန်ကွန်တိန်နာကျဘီးပဲ စီးမယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ နည်းနည်းစိတ်ရှည်သည်းခံပြီး ရှာပါလို့ အကြံပေးချင်ပါတယ်။ ဂျပန်ကျဘီးတွေထဲမှာ စောက်ရမ်းတန်ပြီး သန့်တဲ့ဘီးတွေ အများကြီးရှိကြပါတယ်။ ဒါပေမဲ့ရှာရမှာပါ။ ဘယ်လိုရှာရမလဲဆိုရင်တော့ ဂျပန်ကျဘီးတွေရောင်းတဲ့ဆိုင်မှာရှာပါ။ Line ပေါ်မှာရှာပါ။ နံသာကုန်းစက်ဘီးဝန်းမှာရှာပါ။ (ဂျင်းတွေတော့ သတိပြုပါ။) ကြိုက်တဲ့ဘီးတွေ့ပြီဆိုရင်တော့ မဝယ်ခင်စစ်ရမဲ့ အချက်လေးတွေရှိပါတယ်။ ပထမဆုံး Frame size စစ်ပါ ကိုယ်နဲ့အဆင်ပြေမပြေပေါ့။နောက်ပြီး Frame ရဲ့ အနာအဆာ ဆေးတွေကို သေချာစစ်ပါ။ နောက်ပြီး Break System ကို စစ်ပါ။ (ဂျပန်ကျ ဘီးတွေမှာက Disc Break မဟုတ်တာတွေရှိကြတော့ Break တုံးတွေကို သေချာစစ်သင့်ပါတယ်။) Break တုံး စစ်ရင်းနဲ့ တခါထဲ ဂွေမှာရှိတဲ့ Break Line ကိုလဲကြည့်ပါ။ နောက်ပြီး တခါထဲ ဂွေရဲ့ Hub ကိုစစ်ပါ (Hub ရမ်း/မရမ်း ကားဘောလား? ဆီဘောလား? ဘာညာပေါ့။) နောက်ပြီးတော့ Cassette (နောက်ဂီယာပြား) အသွားတွေ Jockey Wheel အသွားတွေ Crank (ရှေ့ဂီယာပြား) အသွားတွေ ချွန်နေလား ဘာညာစစ်သင့်ပါတယ်။ နောက်ပြီးတော့ Group Set ပါ။ အဲ့ကောင်တွေက Model, ဒီဇိုင်းကာလာ အနေအထား နဲ့လိုက်ပြီး စျေးကွာကြပါတယ်။ Road တွေမှာဆို Shimano ရဲ့ Tournay, Claris ပုတ်တွေက Basic level ပုတ်တွေပါ။ အခြား Brand တွေလဲရှိကြပါတယ်။ Shimano ရဲ့ Sora, 105, Tiagra တွေကတော့ Mid Range Level တွေပေါ့။ ( အဓိကတော့ ကိုယ်ရဲ့ ပုတ်က ဘယ်နှစ်ချက်ပါလဲ ဂီယာချက် ကိုက်/မကိုက် စစ်ရမှာပါ။) Mountain ဘီးတွေမှာတော့ Shimano Series တွေအပြင် ဂျောက်ဂျက်တွေ လက်လှည့်တွေပါ လာတက်ကြပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဝယ်မဲ့ဘီးရဲ့ ဂီယာအတိုင်း ချိန်းပေးနိုင်တဲ့ဟာတော့ ဖြစ်ရပါမယ်။ နောက်တချက်က ရှေ့ Fork ပါ။ Road တွေမှာဆိုရင် Iron, Alloy, Carbon ဆိုပြီး သုံးမျိုးရှိကြပါတယ်။ ကျွန်တော်ကတော့ Iron, Alloy ကိုပဲရွေးစေချင်ပါတယ်။ Carbon တွေက စျေးကြီးပြီး ဘယ်လို အနေအထားနဲ့ ရောက်လာလဲ မသိတော့ စဥ်းစားစေချင်ပါတယ်။ Mountain Fork တွေမှာတော့ Coil, Oil, Air ဆိုပြီး သုံးမျိုးရှိပါတယ်။ အဲ့ကောင်တွေက ဘာမှထွေထွေထူးထူး ပြောစရာမလိုဘူးလို့ထင်ပါတယ် ( ဒီဇိုင်း ကာလာ ဘာညာ အလုပ် လုပ်/မလုပ် ဆိုတာလေးတွေတော့ စစ်​ဆေးပေါ့။) ဒီလောက်ဆိုရင် ဂျပန်ကျဘီးကို ဘယ်လိုစစ်ဆေးပြီးဝယ်ရမလဲဆိုတာ စဥ်းစားလို့ရလောက်မယ်ထင်ပါတယ်။ နောက်ပြီးတော့ ဂျပန်ကျဘီးဝယ်မယ်ဆိုရင် ကြည့်တက်တဲ့သူ နားလည်တဲ့သူတွေကို အကူအညီတောင်းယူပါ။ (ဂျင်းတွေ စောက်ရမ်းများလို့ပါ။)

(ကျွန်တော် စီးဖူးတဲ့ ဘီးတွေကိုပဲ အသားပေးပြောပြသွားတာဖြစ်ပါတယ်။ နောက်ပြီး တစ်ဦးတစ်ယောက်ထဲ အမြင်ဖြစ်လို့ သဘောထားကွဲလွဲ နိုင်ပါတယ်။ အဆင်မပြေတာများရှိရင် ပြောပြပေးနိုင်ပါတယ်။)

"စက်ဘီးနင်းပြီဆိုတာနဲ့ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့ ရှေ့မီး နောက်မီးတပ်ပါ။
Safety First"

12/07/2021

“ဒီအချိန် ကိုဗစ်မကူးအောင် စက်ဘီးဘယ်လို စီးသင့်ကြလဲ။ “
ဆိုတဲ့ပိုစ်လေး တွေ့လိုက်လို့ ကျွန်တော် စီးတဲ့ ပုံစံလေးကို မျှဝေပေးချင်ပါတယ်။ (ကျန်းမာရေး နှင့် လေ့ကျင့်ရေး စက်ဘီးစီးဖို့အတွက် ရေးခြင်းဖြစ်ပါသည်)

၁။ ဖြစ်နိုင်ရင် တစ်ယောက်စီးပါ။ အခြေအနေအရ အဖေါ်တွေပါမယ်ဆိုရင်တောင် စီးဖေါ်တွေနဲ့ ခတ်ခွာခွာလေး အကွာအဝေးကနေသာ ထိတွေ့ဆက်ဆံပါ။
၂။ လမ်းမှာတွေ့တဲ့ သူစိမ်း၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နှုတ်ဆက်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း မပြု့ရင်အကောင်ဆုံးဘဲ။ ဥပမာ ရေသန့်ဘူး တို့ စားစရာ တို့ကိုတောင် မဝယ်မိစေနဲ့ပေါ့ဗျာ။ အိမ်ကနေကြိုတင်ပြင်ဆင်သွားပေါ့။
၃။ Mask တပ်ပြီး စက်ဘီးစီးနိုင်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ စက်ဘီးနင်းနေစဉ်အတွင်း မောလို့ အသက်ရှုဖို့ခက်ခဲနေမယ်ဆိုရင် Mask ဖြုတ်ထားလို့ရလောက်ပါတယ်။ စက်ဘီးနင်းရင်း လေတိုက်နှုန်း က 15-20 km/h လောက်ရှိတယ်ဆိုတော့ ကိုဗစ်ပိုးက လွင့်သွားနိုင်ပါတယ်။ မကပ်တွယ်နိုင်လောက်ပါဘူး။
၄။ အိမ်ပြန်ရောက်လာလျှင် အိမ်ရှေ့မှာ ချွေးသိပ်သွားအောင် အနားယူပါ။ အိမ်သူအိမ်သားတွေနဲ့လုံး၀ ထိတွေ့ ဆက်ဆံမှုမပြုပါနဲ့အုံး။ ချွေးသိပ်သွားလို့ ရေချိုးဖို့ Ready အနေအထားရတာနဲ့ ရေချိုးလိုက်ပါတော့။ ရေချိုးပီးတာနဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့ဆက်ဆံလို့ရပါပြီ။

ဒီလောက်ဆိုလုံလောက်ပီထင်တယ်။ အားလုံးကျန်းမာကြပါစေ။
Crd.

ညနေခင်း ပုံမှန်ထရိမ်နင် 🚴🚴🚴
28/01/2021

ညနေခင်း ပုံမှန်ထရိမ်နင် 🚴🚴🚴

ယနေ့ trip လမ်းကြောင်း 75 မိုင် နီးပါး အသွားအပြန် ခရီး 🚴🚴🚴အမှတ် တရ (ဆေးကြဲဝောာင် ) အားလုံး သက်လုံကောင်းကောင်းနဲ့ အစ အဆုံး...
20/01/2021

ယနေ့ trip လမ်းကြောင်း 75 မိုင် နီးပါး အသွားအပြန် ခရီး 🚴🚴🚴အမှတ် တရ (ဆေးကြဲဝောာင် )
အားလုံး သက်လုံကောင်းကောင်းနဲ့ အစ အဆုံး အဆင်ပြေပြေ နဲ့ သွားရောက် ခဲ့ ပါပြီ ကူညီ ဆောင် ရွက်ပေး သူများကိုလည်း ကျေးဇူး အထူး တင်ပါတယ် 🙏🙏🙏
Pauk cycling group ရဲ့ အမှတ် တရတွေ အဖြစ် တည်ရှိ ခဲ့ပါပြီ
🚴🚴🚴
နောက်ဆုံး photo က အသက်ပါ 😀

ညနေ မထင်မှတ်ပဲ လူစုံ သလောက် ဖြစ်သွားတယ်   🚴🚴🚴  Trip အတွက်လည်း စကားပြော ကြရင်း ပေါ့ 💪💪💪
18/01/2021

ညနေ မထင်မှတ်ပဲ လူစုံ သလောက် ဖြစ်သွားတယ် 🚴🚴🚴
Trip အတွက်လည်း စကားပြော ကြရင်း ပေါ့ 💪💪💪

Pauk cycling group  မနက်ပိုင်း ပျောက်ပျောက် နေတာ အဲတွေ နင်းနေလို့ပါ လို့ 🚴🚴🚴😉😉😉
15/01/2021

Pauk cycling group မနက်ပိုင်း ပျောက်ပျောက် နေတာ အဲတွေ နင်းနေလို့ပါ လို့ 🚴🚴🚴😉😉😉

09/01/2021

Happy & relax

Good evening 🚴🚴🚴
07/01/2021

Good evening 🚴🚴🚴

Address

Pauk

Website

Alerts

Be the first to know and let us send you an email when PAUK cycling group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share