TGD Jewellery Online Shop

TGD Jewellery Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TGD Jewellery Online Shop, Shopping & retail, Taung Oo Chaung Street, Pauk.

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေမိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမ...
24/03/2022

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေမိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။
မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမာရေး သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲအ့ရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင် ။ ။

( ၁ ) အတွင်းခံဝတ်ပြီး အိပ်တာ ။
အတွင်းခံ ဆိုတာ မိန်းမကိုယ် ပိုးမဝင်အောင် တားဆီးတဲ့နေရာမှာအဓိက အကျဆုံးဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။ အတွင်းခံဝတ်အိပ်တဲ့အခါ အောက်ဆီဂျင်ထိတွေ့တာ နည်းသွားပြီး ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများသွားနိုင်ပါတယ်။

( ၂ ) gym မှာဆော့ထားတဲ့ ချွေးစို အတွင်းခံတွေကို အကြာကြီးဝတ်ထားတဲ့အခါ
တချို့ရှိပါတယ်။ gym မှာ ကစားပြီး ချွေးစိုတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်ထားတာမျိုးပေါ့။ ဒီလို ချွေးစိုနေတဲ့အတွင်းခံကို အချိန် အကြာကြီး ဝတ်ထားခြင်းဟာ အနံ့အသက်ကို မကောင်းစေတဲ့အပြင် မိန်းမကိုယ် မှိုစွဲတာ၊ ဘက်တီးရီးယားပိုးတွေဝင်တာနဲ့၊ ချွေးလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

( ၃ ) လစဉ်သုံးပစ္စည်းတစ်ခုတည်းကို တစ်နေ့လုံးသုံးတာ။
လစဉ်သုံးပစ္စည်းဆိုတာ သွေးတွေ အညစ်အကြေးတွေ ဘက်တီးရီးယားတွေ အများကြီးရှိတဲ့နေရာတစ်ခုဖြစ်တာကြောင့် ရာသီလာချိန် သူတို့ကို ၆ နာရီတစ်ခါ ပုံမှန်လဲပေးသင့်ပါတယ်။ မဟုတ်ရင် မိန်းမကိုယ်ထဲ ပိုးအလွယ်တကူဝင်သွားပါလိမ့်မယ်။

( ၄ ) ဆီးခုံမွေး မကြာခဏ ရိတ်ခြင်း။
ဆီးခုံမွေး မကြာခဏ ရိတ်တာ၊ ဖယောင်းနဲ့ အမွေးချွတ်တာတွေဟာ မွေးညှင်းအိတ်ရောင်ခြင်းကို ဖြစ်စေပြီး ဆီးခုံပတ်လည် ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။

( ၅ ) စိတ်ဖိစီးမှုများတာ
စိတ်ဖိစီးမှု များလွန်းတဲအ့ခါ ကိုယ်တွင်းဖြစ်စဉ်တွေ၊ ဟော်မုန်းတွေ အားလုံး ကမောက်ကမဖြစ်ကုန်တာကြောင့် မိန်းမကိုယ်တွင်းက ညီမျှတဲ့ pHတွေပါ လိုက်ပြောင်းလဲပြီး မိန်းမကိုယ်ယားယံတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

( ၆ ) သကြားအစားများတာ။
သကြားဟာ မိန်းမကိုယ်မှိုစွဲခြင်းကို အဓိကဖြစ်စေတဲ့ yeast infections တို့ အကြိုက်ပါ။ ဒါ့ကြောင့် အချိုများများစားလေလေ မိန်းမကိုယ်ပိုးဝင်ပြီး မှိုစွဲတဲ့ ပြဿနာ ပိုဖြစ်လေလေပါ။

( ၇ ) ဒိန်ချဉ်လိုမျိုး probiotics ကြွယ်ဝတဲ့ အစားအစာတွေ မစားတာ။
Probiotics ဆိုတာ မိန်းမကိုယ်အတွင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီယား prebiotics တွေကို အာဟာရဖြစ်စေတဲအရာပါ။ ဒါကြောင့် မိန်းမကိုယ်လေးကျန်းမာချင်ရင် ဒိန်ချဉ်လိုမျိုး probiotics ကြွယ်ဝတဲ့ အစားအစာတွေ စားကိုစားပေးရပါမယ်။ ။

crd..

🍏 အသီးစိမ်ထားတဲ့ရေကို ထမင်းစားပြီးလျှင် သောက်ကြည့်ပါ 🍋 အဆီအစိမ့်လဲပြေပြီး အသည်း နှင့်ကျောက်ကပ်ကိုလည်း သန့်စင်ပေးပါတယ်အခု...
13/12/2021

🍏 အသီးစိမ်ထားတဲ့ရေကို ထမင်းစားပြီးလျှင် သောက်ကြည့်ပါ

🍋 အဆီအစိမ့်လဲပြေပြီး အသည်း နှင့်ကျောက်ကပ်ကိုလည်း သန့်စင်ပေးပါတယ်
အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။

🍈Detox Water ဆိုတာ ဘာလဲ ???

🍍 Detox Water ဆိုတာ အသီးအရွက်တွေနဲ့ စိမ်ထားပြီးသောက်ရတဲ့ရေတစ်မျိုးပါ။

🥝 လူရဲ့ခန္ဓာကိုယ့်အတွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

🍑 Detox Water သောက်ခြင်းကနေ ရလာမယ့်
အကျိုးကျေးဇူးများ

🍇 Detox Water ကိုနေ့တိုင်း ရေအစားထိုးသောက်ပေးရင်တော့ ဝိတ်ကျစေနိုင်ပါတယ်။

🍓 အစားမစားခင် ဒီ Detox Water ကို သောက်ပေးလိုက်ရင် ဗိုက်ပြည့်သွားနိုင်တာကြောင့် အဆာခံပါတယ်။

🍒 နောက်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ မကောင်းသော ဓာတ်ပြုမှုများ ကို ဖယ်ရှားသန့်စင်ပေးပါတယ်။

🍏🍎🍐🍊🍋🍌🍉🥝🍍🍑🍒🍈🍓🍇🍅🥒
Detox Water ပြုလုပ်နည်း
Detox Water ကို မနက်ဖြန်သောက်မယ်ဆို ဒီနေ့ညမှာစိမ်ထားရပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းများ
--------------------
🍋 သံပုရိုသီး (၁)လုံး အကွင်းလေးတွေလှီးပါ။
🥒 သခွားသီးအလုံးသေး (၁)လုံး ပါးပါးလှီးပါ။

ဂျင်းလက် (၁)ဆစ် ပါးပါးလှီးပါ။
🍏 ပန်းသီး အသေး (၁)ခြမ်း အခွံနွှာပြီးအတုံးလေးတွေ တုံးပါ။
🍉 ဖရဲသီး အတုံးသေး (၅/၆)တုံးခန့် ထည့်ပါ။
ပူစီနံ (၅)ရွက် ထည့်ပါ။

Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။
(၁) Cucumber Lemon Mint Detox Water

ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အဝကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။
ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။
(၂) Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။
(၃) Apple Cider Vinegar Detox Water
ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။ (Apple Cider Vinegar ကို ကုန်တိုက်များမှာ ဝယ်ယူနိုင်ပါတယ်)
(၄) Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။
(၅) Simple Detox Water
သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။
(၆) Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ဝိတ်ကိုလည်း ကျစေပါတယ်။
(၇) Fruits Detox Water
ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။
သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။
ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။
အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။
ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။
စိမ်ထားသည့် ရေများကို (၂)ရက် (၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။
ဒီထက် ပိုကြာသွားလျှင် မလတ်ဆတ်တော့ပါဘူး။
စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။
ဝမ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံး၀ပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။
သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။
လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့် ဂက်စ်ပါတဲ့ဖျော်ရည်များရှောင်ပြီး
Detox Water စိမ်ထားပြီးသောက်ရင် ရေလည်းများများသောက်ဖြစ်တယ်၊ အဆီကျဝမ်းမှန်စေပြီး အသားအရည်လည်းစိုပြေ လာစေပါတယ်။



ရွှေ၀ယ်မယ်ဆို သိထားသင့်တဲ့ ပန်းထိမ်ဆရာရဲ့၀မ်းစာ(သို့)အလျော့တွက်လက်ခအကြောင်း================================ရွှေနဲ့ပြုလုပ...
22/10/2021

ရွှေ၀ယ်မယ်ဆို သိထားသင့်တဲ့ ပန်းထိမ်ဆရာရဲ့၀မ်းစာ(သို့)အလျော့တွက်လက်ခအကြောင်း
================================

ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို လူတိုင်းနီးပါးတန်ဖိုးထားဝတ်ဆင်ကြပါတယ်။ အထူးသဖြင့် ကျနော်တို့မြန်မာပြည်မှာပေါ့။ ဒါပေမဲ့ အဲဒီလက်ဝတ်ရတနာတွေကို ဖန်တီးပြုလုပ်ပေးရတဲ့ အဖိုးအခ(ဝါ) အလျော့တွက်လက်ခဆိုတာကိုတော့ လူတော်တော်များများ အမြင်မကြည်ကြပါဘူး။ ရွှေဆိုင်တွေ၊ ပန်းထိမ်တွေမှာ လက်ဝတ်ရတနာသွားဝယ်တာပဲဖြစ်ဖြစ်၊ သွားအပ်တာပဲဖြစ်ဖြစ် လူတော်တော်များများရဲ့ စကားသံတွေကတော့…..

“ အလျော့တွက်တွေ အလကားပေးလိုက်ရတယ်”

“လုပ်တော့လုပ်ချင်တယ်၊ ဒါပေမဲ့ အလျော့တွက်လက်ခပေးရမှာစိုးလို့”

“အလျော့တွက်ဆိုတာ အလကားသက်သက်ဝိုက်ဖို့ သုံးတဲ့စကားလုံး”

ဆိုတာမျိုးတွေဖြစ်ပါတယ်။ ဝမ်းနည်းစရာပါ။ ရွှေပန်းထိမ်လောကကို တကယ်မသိလို့ ပြောကြတဲ့ စကားရပ်တွေပါ။

ပရိဘောဂတိုက်တစ်ခုမှာ ကုတင်၊ဘီရို၊ဆက်တီတွေသွားအပ်တဲ့အခါ ပစ္စည်းဖိုးအပြင် ထိုက်သင့်တဲ့ လက်သမားခ ပေးရပါတယ်။ ပေးလည်းပေးကြပါတယ်။ အဝတ်အစားချုပ်တဲ့ စက်ချုပ်ဆိုင်မှာလည်း အထည်တွေသွားချုပ်ကြပါတယ်။ ကျသင့်တဲ့ ချုပ်လုပ်ခကို မငြီးမငြူဘဲပေးကြပါတယ်။ ဘယ်သူမှ ဝေဖန်တဲ့အသံမကြားရပါဘူး။

ဒါပေမဲ့ ပန်းထိမ်တွေ ရွှေဆိုင်တွေမှာ ရွှေထည်တစ်ခုခုသွားလုပ်ပြီဆိုရင်တော့ အထက်ကဖော်ပြခဲ့တဲ့ လေသံတွေ ကြားရပါတော့တယ်။ ဒါကြောင့် အလျော့တွက်လက်ခဆိုတာနဲ့ပတ်သက်ပြီး သေချာ ဂဃနဏ သိကြဖို့လိုတယ်ထင်လို့ ဒီပို့စ်လေးရေးလိုက်ပါတယ်။

အလျော့တွက်ဆိုတာ…
ကျနော်တို့ ရွှေပန်းထိမ်လောကမှာ ရွှေထည်ပြုလုပ်ခြင်းဟာ တခြား လက်မှုပညာသည်လောကတွေနဲ့ တူမယောင်နဲ့မတူပါဘူး။ အကြောင်းကတော့ သုံးတဲ့ သတ္တု(ရွှေ)ကြောင့်ပဲဖြစ်ပါတယ်။ ရွှေ ဆိုတာမျိုးဟာ ဘာမှမလုပ်ရသေးဘဲ နှစ်ခေါက်သုံးခောက် အရည်ကျိုတာလောက်နဲ့တင် မူလအလေးချိန်မရှိတော့ပါဘူး။ လေလွင့်မှုရှိတဲ့အတွက် လျော့ပါးသွားတတ်ပါတယ်။အထည်လုပ်တဲ့အခါ၊ အရည်ကျို၊နန်းဆွဲ၊ တူထု၊ တံဇဉ်းတိုက်စတဲ့ လုပ်ဆောင်မှုတွေကြောင့် ရွှေအမှုန်အစတွေဟာ လေလွင့်ကုန်ပါတယ်။ ဒါကြောင့် ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ခုပြုလုပ်ပြီးသွားပြီဆိုရင် ကျန်ရှိတဲ့ ရွှေအလေးချိန်ဟာ မူလအလေးချိန်ထက် လျော့နည်းသွားတဲ့အတွက် ရွှေပန်းထိမ်လောကမှာ အထည်ပြုလုပ်တဲ့ လက်ခကို အဲဒီလျော့နည်းသွားတဲ့ ရွှေတန်ဖိုးနဲ့ ခုနှိမ်ပြီးတွက်ချက်ပေးတဲ့စနစ်ကို ကျင့်သုံးခဲ့ကြပါတယ် ။

အဲဒီလို လုပ်တဲ့စနစ်ကြောင့် အလျော့တွက်လက်ခ ဆိုတဲ့ စကားရပ်ပေါ်ပေါက်ခဲ့ရတာပါ။ အဲဒီအလျော့တွက်ဆိုတာဟာ ပန်းထိမ်သမားရဲ့ ချွေးနဲစာပါ။ လက်ခပါ။ ပရိဘောဂပြုလုပ်ဖန်တီးတဲ့ လက်သမားတစ်ယောက်ရတဲ့ လက်ခမျိုးပဲ ရရှိတဲ့ လက်ခပါ။ အလကားသက်သက်ပေးလိုက်ရတဲ့ အချင်းအရာမဟုတ်ပါဘူး။

ဥပမာ.. ရွှေအလေးချိန်တစ်ကျပ်သားရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံးပြုလုပ်ဖို့အတွက် ပန်းထိမ်ဆရာ(သို့မဟုတ်) ရွှေဆိုင်ပိုင်ရှင်ဟာ အနည်းဆုံး တစ်မတ်သားထက်ပိုတဲ့ အပိုရွှေကိုထည့်သွင်းပြီးမှ ရွှေပန်းထိမ်သမားကို အထည်ချပေးရပါတယ်။ ဒါမှသာ ပိုတဲ့ ရွှေချိန်ကိုဖယ်ပြီး တစ်ကျပ်သားအသားတင်ရွှေဆွဲကြိုးကို ပြုလုပ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို စိုက်ရွှေအပိုပါတဲ့ရွှေတုံးကို လိုသလို အရည်ကျို၊ နန်းဆွဲ၊ တံဇဉ်းတိုက်စတာတွေပြုလုပ်ပြီး ပိုလျှံတဲ့ ရွှေမှုန်ရွှေစတွေကို အရည်ပြန်ကျိုပြီးမှ ပြုလုပ်ထားတဲ့ရွှေထည်နဲ့အတူ ပန်းထိမ်ဆရာ(သို့)ရွှေဆိုင်ပိုင်ရှင်သို့ ပြန်လည်အပ်နှံရပါတယ်။ လက်ခအနေနဲ့ မူလချပေးထားတဲ့ ရွှေငါးမတ်သားထဲက ခြောက်ရွေး(သို့)တစ်ပဲကိုနှုတ်ယူပြီးမှ ပိုတာကိုပြန်လည်အပ်နှံတာပါ။ အဲလိုနှုတ် ယူလိုက်ခြင်းကို အလျော့တွက်လက်ခပေးလိုက်တယ်လို့ခေါ်ပါတယ်။ ဒါကိုမှ ပန်းထိမ်ဆရာ (သို့) ရွှေဆိုင်ပိုင်ရှင်က ပန်းထိမ်သမားကိုပေးရတဲ့ အလျော့လက်ခအပေါ်မှာ တစ်ရွေးစ နှစ်ရွေးစ အမြတ်တင်ပြီး ပြန်လည်ရောင်းချတဲ့အဆင့်ကိုရောက်ရှိကြတာဖြစ်ကြောင်းပါ။

အခုရှင်းပြခဲ့တာကတော့ ပန်းထိမ်သမားတွေရဲ့ချွေးနဲစာ(ဝါ)ဝမ်းစာဖြစ်တဲ့အလျော့တွက်လက်ခဆိုတဲ့ အကြောင်းပါ ။ ဒါကြောင့် အလျော့တွက်ပေးရတာဟာ ပန်းထိမ်ပညာရှင်တွေကို ပညာရှင်ကြေးချီးမြှင့်တာပါ။ အလုပ်လုပ်တဲ့ လက်ခချီးမြှင့်နေတာပါဆိုတာကို သိရှိနားလည်စေချင်ပါတယ်၊ အလျော့တွက်အလကား ပေးလိုက်ရတယ်ဆိုတာထက် အလျော့တွက်လက်ခ စျေးကြီးတယ်ဆိုတာမျိုးကသာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စကားရပ်ဖြစ်ကြောင်းပါခင်ဗျား။

မိတ်ဆွေအချို့က စောဒကတက်ကြပါတယ်။ သူတို့တွေ နိုင်ငံခြားမှာရွှေဝယ်တဲ့အခါ အလျော့တွက် လက်ခဆိုတာမျိုးမပေးရကြောင်းဆိုတာပါ။ မှန်ပါတယ်။ ကျနော်တို့ဆီလည်း အဲဒီလိုစနစ်နဲ့ ရောင်းချပေး လို့ရပါတယ်။ မခက်ခဲပါဘူး။ အထည်တစ်ခုရဲ့ ရွှေအလေးချိန်မှာ အလျော့တွက်တန်ဖိုးပါသင့်ပြီး ကျသင့်တာကို ရွှေစျေးနှုန်းမှာပေါင်းထည့်တွက်ချက်ရောင်းချတာမျိုးပါ။ အခုလက်ရှိအခြေအနေမှာတောင် ရွှေထည်မဟုတ်ဘဲ ရွှေဖြူ၊ပလက်တီနမ်ထည်တွေ ရောင်းချတဲ့စနစ်မှာ တစ်ဂရမ်ကိုဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ နိုင်ငံခြားက ပုံစံ ရောင်းချတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အလျော့တွက်လက်ခ မပါတာမဟုတ်ပါ။ ပေးရမယ့်အလျော့တွက်ကို ရွှေစျေးနှုန်းထဲမှာ စျေးတင်ပြီးထည့်တွက်ထားပြီးသား ဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။

လုပ်ကွက်၊အလေအလွင့်နှင့် အလျော့လက်ခ
×××××××××××××××××××××××××××××
မေး ။ ။ ရွှေပန်းထိမ်တွေက တစ်ကျပ်သားကို အလျော့လက်ခဘယ်လောက်ယူတာလဲ? ဟိုတလောက ရွှေပန်းထိမ်တစ်ခုမှာ ဆွဲကြိုးတစ်ကျပ်သားတစ်ကုံးသွားအပ်တာ အလျော့လက်ခ ခြောက်ရွေး ပဲပေးခဲ့ရပေမယ့် အခု စိန်ခြယ်နားကပ်တစ်ရန် တစ်မတ်သားလောက်အတင်သွားအပ်တာ အလျော့လက်ခ တစ်ပဲနှစ်ရွေးတောင် ယူလိုက်တာမျိုးကြုံခဲ့ရတယ် ဘာကြောင့်အဲဒီလိုကွာတာလဲ သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့။ ပထမဆုံးရှင်းပြချင်တာက ရွှေပန်းထိမ်တွေဟာ အလျော့လက်ခယူတဲ့နေရာမှာ တစ်ကျပ်သားကို ဘယ်လောက်ဆိုတဲ့ နှုန်းမျိုးနဲ့တွက်ချက်ယူတာမျိုးမဟုတ်ပါဘူး။ လုပ်ရတဲ့ လုပ်ကွက်ပေါ်မှာ အလျော့လက်ခနှုန်းထားတွေကွာခြားသွားရတာပါ။ ဒါကတော့ ရွှေပန်းထိမ်မှမဟုတ်ပါဘူး လက်မှုပညာလုပ်ငန်း တွေရဲ့ သဘောသဘာဝအတိုင်းပါပဲ။ လုပ်ရတာလက်မဝင်ဘူး။လွယ်ကူတယ်၊ အချိန်တိုတိုနဲ့ပြီးစီးနိုင်တယ်။ အလေအလွင့်လည်းနည်းမယ်ဆိုရင် အဲဒီလို အပ်ထည်မျိုးဟာ အလျော့နှုန်းထား ချိုသာပါတယ်။ လုပ်ပေးရတဲ့ ပညာရှင်ကိုယ်တိုင်လည်း ပင်ပင်ပန်းပန်းအားမစိုက်ရပါဘူး။ အဲဒီလိုအပ်ထည်မျိုးမဟုတ်ဘဲ ပုံစံဒီဇိုင်းလည်းဆန်းတယ်။ လုပ်ရတာလည်း လက်ဝင်တယ်။ အချိန်လည်းပေးရတယ်။ ရွှေအလေအလွင့်လည်းများမယ်ဆိုတဲ့ အပ်ထည်မျိုး (ဥပမာ၊ စိန်ထည်၊ ကျောက်ထည်) တွေဟာ အလျော့လက်ခမြင့်ပါတယ်။

အထက်ကမေးခဲ့သလို တစ်ကျပ်သားကိုဘယ်လောက်နှုန်းဆိုပြီး အလေးချိန်ပေါ်တွက်ချက်ယူခြင်းမျိုးမဟုတ်ပါဘူး။ အလေးချိန်အရပိုယူတယ်ဆိုတာမျိုးက အစ်မသွားအပ်ခဲ့တဲ့ ဆွဲကြိုးပုံစံကို တစ်ကျပ်သားအစား နှစ်ကျပ်သား(သို့) သုံးကျပ်သား လုပ်ခိုင်းရင်တော့ သူတို့အခုနယူတဲ့ ခြောက်ရွေးထက် အနည်းငယ်ပိုပေးရပါလိမ့်မယ်။ အကြောင်းကတော့ ရွှေအလေးချိန်များသလောက် လေလွင့်နှုန်းလည်းပိုလာလို့ပါ။ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ အစ်မမေးခဲ့သလိုပဲ တစ်ကျပ်သား ဆွဲကြိုးတစ်ကုံးလုပ်တာ အလျော့လက်ခ ခြောက်ရွေးပဲပေးရပြီး တစ်မတ်သားလောက်ပဲတင်တဲ့ စိန်နားကပ်ကျမှ အလျော့လက်ခ တစ်ပဲနှစ်ရွေးပေးရသလဲဆိုတာ မေးသင့်တဲ့မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ ဆွဲကြိုး(ရွှေသားထည်)လုပ်ရတာနဲ့ ကျောက်ထည်(စိန်ထည်)လုပ်ရတဲ့လုပ်ကွက်တွေမတူပါဘူး။ စိန်ထည်ကျောက်ထည်များလုပ်တဲ့အခါ လုပ်ကွက်ပိုများပါတယ်။ အလေအလွင့်ပိုများပါတယ်။ အချိန်လည်းပိုကြာပါတယ်။ ကျောက်များမပျက်စီးအောင်လည်း ထိန်းသိမ်ပြီးလုပ်ရပါတယ်။ ကျောက်ထည်တွေက အံကိုက်ဖြစ်အောင် ချိန်ဆပြီး တံစဉ်းတိုက်ဘာတိုက်လုပ်ရတာမျိုးလုပ်ကွက်များပြီး ဆွဲကြိုးလုပ်တာမျိုးကျတော့ ပုံစံတစ်မျိုးထဲကို အရှည်ရအောင်လုပ်ယူရတဲ့အတွက် လုပ်ကွက်ကျဉ်းပါတယ်။ ဒီလိုပြောလို့ ဆွဲကြိုးလုပ်တာပညာမပါဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ရခက်တဲ့ လက်ဝင်တဲ့ ဆွဲကြိုးမျိုးဆိုလည်း အလျော့လက်ခစျေးများမှာ အမှန်ပါပဲ။ လက်မှုပညာမှန်သမျှဟာ သူ့ဟာနဲ့သူ ပညာခန်းတွေရှိပြီးသားပါ။

ကျနော်ပြောပြချင်တဲ့အဓိကအကြောင်းက လုပ်ကွက်ပိုများသလောက် အလျော့လက်ခများမယ်ဆိုတာကိုပါ။

ဥပမာ- ဆံပင်ညှပ်ဆိုင်(ဆံသ)တစ်ဆိုင်မှာ ပုံမှန်ဆံပင်ညှပ်(ဘိုကေ၊ ဘာကေ၊ ညာကေ)စတဲ့ပုံစံတွေ သွားညှပ်တာနဲ့ ကတုံးတုံးတာ စျေးမတူပါဘူး။ ကတုံးတုံးတာက စျေးသက်သာပါတယ်။ အကြောင်းကတော့ လုပ်ကွက်ကြောင့်ပါပဲ။ ပုံဖော်ရတဲ့အနေအထားမျိုးမရှိတဲ့ ပြောင်ရှင်းနေအောင် ကတုံးတုံးခြင်းဟာ အချိန်လည်းမြန်သလို၊ ဆံပင်ညှပ်ပေးတဲ့သူလည်း ခက်ခက်ခဲခဲ ပုံဖော်စရာမလိုပါဘူး။ ဒါကြောင့်ညှပ်ခ စျေးနှုန်းလည်း သက်သာပါတယ်။ ပုံဖော်ပေးရတဲ့ (ဘိုကေ၊ ဟိုကေဒီကေ)တွေကတော့ ပညာပိုပါပြီး လိုချင်တဲ့ပုံစံရအောင် ညှပ်ပေးရတဲ့အတွက် လုပ်ကွက်ပိုများပါတယ်။ ကတုံးတုံးတာထက်စျေးပိုမြင့်ပါတယ်။ အဓိက ကတော့ လုပ်ကွက်ပါ။

ဒါကြောင့် ရွှေပန်းထိမ်တွေမှာ အထည်လက်ခံတဲ့အခါ အဓိက လုပ်ကွက်အလေးချိန်များခြင်းအပေါ်မှာတော့နဲ့အလေအလွင့်ကိုပဲ အဓိက ကြည့်ပြီး အလျော့နှုန်းထားများသတ်မှတ်လက်ခံကြတာပါ။ ပိုယူတယ်ဆိုတာ ဒုတိယအဆင့်ပါ။ ကျေးဇူးတင်ပါတယ်။

[Crd Ye Man Aung]

22/10/2021

ရွှေကို အတု / အစစ် ခွဲနည်းဗဟုသုတ
---------------------------
ရွှေကိုအတုလားအစစ်လားဆိုတာအမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး။

� သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း

သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို
ကြည့်ပြီး ခွဲခြားနိုင်ပါတယ်

�ရေ ကိုအသုံးပြုစမ်းသပ်ခြင်း

ရေဖြည့်ထားတဲ့ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့
အခါစစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့သတ္တုဖြစ်တဲ့ အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာ တွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။

တစ်ခုသတိထားရမှာကတော့သိပ်သည်းဆများတဲ့
သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့နစ်မြုပ်သွားနိုင်တာမို့ရေကိုအသုံးပြုစမ်းသပ်တဲ့အခါအထူးသတိပြုရန်လိုအပ်ပါတယ်။

�ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း

မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြု
ပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ
ခွဲခြားနိုင်ပါတယ် စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့ လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့
ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ် အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။

�နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း

ရွှေကို နိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ
ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်

ဒီနည်းလမ်းလေးတွေကတော ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်။
original uploadar

မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..ကိုယ်ရဲ့ကောင်းတဲ့အ...
13/10/2021

မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..
မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..

သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..
ကိုယ်ရဲ့ကောင်းတဲ့အကြံအစည်အပြောအဆိုတိုင်း
သူတပါးအား အောင်စေပါတယ်..

သတိရရင်ရသလို မေတ္တာသုတ်ရွတ်ပါ..
မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့ လုံခြုံနွေးထွေးစေပါတယ်..

တနေ့ ၂ ကြိမ် အနည်းဆုံး သောက်တော်ရေချမ်းကပ်လှူပါ...
ခုနစ်ရက်သားသမီးအေးချမ်းစေသလို မိမိကိုယ်တိုင်အရင်ဆုံးအေးချမ်းစေပါတယ်..

တနေ့တကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင်ရွတ်ပါ..
နတ်တို့ချစ်ခင်စောင်မပါတယ်

တနေ့တကြိမ် ပဠာန်းရွတ်ဖတ်ပူဇော်ပါ..
အကျိုးကျေးဇူး ဧကန်ထူးပါတယ်..

တနေ့တကြိမ် ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ရှိခိုးပါ..
အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ်..

ငါးပါးသီလ လုံအောင် အတတ်နိူင်ဆုံးစောင့်ထိန်းပါ..
သီလအကျိုးကြောင့် လူ့တန်ဖိုးတက်ပါတယ်..

မိဘကျေးဇူးအထူးသိတတ်ပါ..
ရောက်ရာအရပ်လူချစ်လူခင်ပေါပြီး ကူညီစောင်မသူတွေနဲ့ တွေ့ရတတ်ပါတယ်..

နေ့စဉ်စိတ်ကောင်းရှိဖို့ ပထမဆုံးဆုံးဖြတ်ပါ..
စိတ်နောက် ဘဝကလိုက်ပါတယ်..

နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုရှာပါ..
လူဖြစ်တဲ့အခိုက်အတန့် လူဖြစ်ရကျိုးနပ်စေပါတယ်..

တကယ့်စစ်မှန်သော အေးချမ်းသော ပြည့်စုံသောဘဝတွေပိုင်ဆိုင်နိုင်ဖို့ ဝိပ္ပသာနာတရားအားထုတ်ဖြစ်အောင် အားထုတ်ရင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ..

🙏🙏🙏

;✍️💬❤

ဟိတ်...😁😁😁
11/10/2021

ဟိတ်...😁😁😁

သင့်ဘဝ တသက်တာအဆောင်ကျောက်များ=====================မွေးဖွားရာမြန်မာခုနှစ်ကို ၇ နဲ့စားပြီးအကြွင်းကိုယူ   ၁၃၂၄ ÷၇ =၁ ကြွင်း...
11/10/2021

သင့်ဘဝ တသက်တာအဆောင်ကျောက်များ
=====================

မွေးဖွားရာမြန်မာခုနှစ်ကို ၇ နဲ့
စားပြီးအကြွင်းကိုယူ ၁၃၂၄ ÷၇ =၁ ကြွင်း

၁ ကြွင်း မဟာဘုတ်ပိုင်ရှင်များအတွက်

တနင်္ဂနွေ ပုလဲ
တနင်္လာ ပုလဲ
အင်္ဂါ နီလာ
ဗုဒ္ဓဟူး ပတ္တမြား
ကြာသပတေး ကျောက်စိမ်း
သောကြာ နီလာ
စနေ ပတ္တမြား

၂ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်

တနင်္ဂနွေ ပုလဲ
တနင်္လာ နီလာ
အင်္ဂါ နီလာ
ဗုဒ္ဓဟူး ဥဿ ဖရား
ကြာသပတေး ပုလဲ
သောကြာ ရွှေတွင်းဝါ
စနေ ကျောက်နီ မိုးကုတ်

၃ ကြွင်း မဟာဘုတ်ပိုင်ရှင်များ

တနင်္ဂနွေ ကြောင်ကျောက်
တနင်္လာ နီလာ
အင်္ဂါ ဥဿ ဖရား
ဗုဒ္ဓဟူး ကျောက်နီ
ကြာသပတေး ကြောင်ကျောက်
သောကြာ နီလာ
စနေ ပတ္တမြား

၄ ကြွင်းမဟာဘုတ်ပိုင်ရှင်များ

တနင်္ဂနွေ ပုလဲ
တနင်္လာ ကျောက်စိမ်း
အင်္ဂါ ကျောက်နီ
ဗုဒ္ဓဟူး ကြောင်ကျောက်
ကြာသပတေး ကြောင်ကျောက်
သောကြာ ကျောက်စိမ်း
စေန ဥႆ ဖရား

၅ ကြွင်းမဟာဘုတ်ပိုင်ရှင်များ

တနင်္ဂနွေ ကြောင်ကျောက်
တနင်္လာ နီလာ
အင်္ဂါ ရွှေတွင်းဝါ
ဗုဒ္ဓဟူး ကြောင်ကျောက်
ကြာသပတေး ကျောက်စိမ်း
သောကြာ ကျောက်စိမ်း
စနေ ရွှေတွင်းဝါ

၆ ကြွင်းမဟာဘုတ်ပိုင်ရှင်များ

တနင်္ဂနွေ ပတ္တမြား
တနင်္လာ ကျောက်စိမ်း
အင်္ဂါ ကျောက်င်္နီ
ဗုဒ္ဓဟူး ပတ္တမြား
ကြာသပတေး ကျောက်စိမ်း
သောကြာ ရွှေတွင်းဝါ
စနေ ရွှေတွင်းဝါ

ဝကြွင်း မဟာဘုတ်ပိုင်ရှင်များ

တနင်္ဂနွေ ပတ္တမြား
တနင်္လာ ပုလဲ
အင်္ဂါ ရွှေတွင်းဝါ
ဗုဒ္ဓဟူး ကြောင်ကျောက်
ကြာသပတေး ပုလဲ
သောကြာ ရွှေတွင်းဝါ
စနေ ပတ္တမြား

အထက်ပါ အဆောင်ကျောက်သည် တစ်ဘဝစာဖြစ်
ပြီးမိမိဘဝအတွက်ကံကောင်းစေသောကျောက်များ
ပင်ဖြစ်ပါသည်

ကျောက်မျက်တို့သည် ဓါတ် ၄ ပါးဖြင့်ဖွဲ့စည်းထားပါ
သဖြင့် ဓါတ်သက်ဝင်ပါသည် မိမိတို့၏ယုံကြည်မှု
သည် စိတ်တန်ခိုးမည်၏

ပတ္တမြားတပွင့်သည် ပြည်တန်၏ ကျောက်မျက်သည်
လူသားတို့၏ရတနာပင်ဖြစ်ပါသည်။

မူရင်း ဆရာမြတ်ထွဋ်ခေါင်အား လေးစားလျက်

Crd
ဆရာဇေယျတု

ကုသိုလ်ရနေဖို့ပါပဲ🙏🙏🙏🙏🙏ပုတီးတွေစိတ် ဘုရားစာတွေရွတ်ဖတ်နေပြီး စိတ်ကတစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါန...
10/10/2021

ကုသိုလ်ရနေဖို့ပါပဲ🙏🙏🙏🙏🙏

ပုတီးတွေစိတ် ဘုရားစာတွေရွတ်ဖတ်နေပြီး
စိတ်ကတစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ
မရဘူးလို့တော့ မပြောကြပါနဲ့။

ပုတီးဘဲစိတ်နိုင်လား စိတ်ပါ
ပရိတ်တွေ ပဋ္ဌာန်းတွေရော
ရွတ်နိုင်သေးလား ရွတ်ပါ
တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး
အလွန်ကိုကောင်းပါတယ်။

တရားလေးလည်း နာပါအုန်း
သီးသန့်မနာနိုင်ဘူးလား
မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန်
ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။
နောက်ဆို တရားသံလေးမှ မကြားရရင်
မနေနိုင် ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံထွက်နေတာ မကောင်းဘူးလား။
သူများကို ဆဲနေတာမဟုတ်တဲ့အတွက်
အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာဘဲ
မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ။
ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့
ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး
မြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့
စိတ်စွမ်းအင် မြင့်တက်လာတာပါ
ကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး
ဘဝမှာနေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့
ကုသိုလ် အလိုလိုရလာတယ်
ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ
ငါ့ရဲ့ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို
မအောင်မြင်သေးရင်လည်း စိတ်မှာ
ဖြေသိမ့်လာနိုင်ပြီး
ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ
နေပျော်လာမှာပါ။

အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး
ဘဝရဲ့အေးချမ်းမှုကိုရပါတယ်။
ဘဝရဲ့အေးချမ်းမှုဟာ
ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ
လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး
ဖြတ်သန်းရတဲ့ဘဝအဖုံဖုံကြောင့်
ပြုလုပ်ပုံ ပြုလုပ်နည်း
ပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ
ကွာနေမယ်။ အသိတွေ ကွာတန်သလောက် ကွာနေမယ်။
ဒါပေမဲ့ ဦးတည်ချက်က
အကုသိုလ်မလုပ်ဖြစ်တော့ဘဲ
ကုသိုလ်ရနေဖို့ပါဘဲ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ူရင်းရေးသားပူဇော်သူကိုဂါရဝပြုပါသည် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Address

Taung Oo Chaung Street
Pauk

Website

Alerts

Be the first to know and let us send you an email when TGD Jewellery Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share