HHW Book Shop

HHW Book Shop စာပေချစ်မြတ်နိုးသူများ မှာယူအားပေးနိုင်ပါပြီ

ဆရာမကြီးခင်စောတင့်ရဲ့အမှတ်ရစရာ အထင်ကရ စာအုပ်ကောင်းလေးတစ်အုပ်.. #ဘဝရဲ့စည်းမျဉ်းများ ပြန်လည်မှာယူနိုင်ပါပြီ  Richard Templ...
17/05/2023

ဆရာမကြီးခင်စောတင့်ရဲ့
အမှတ်ရစရာ အထင်ကရ
စာအုပ်ကောင်းလေးတစ်အုပ်..

#ဘဝရဲ့စည်းမျဉ်းများ
ပြန်လည်မှာယူနိုင်ပါပြီ

Richard Templer ရေးတဲ့ The Rules of Life ကမ္ဘာကျော်စာအုပ်ကို ဘာသာပြန်ဆိုထားတာဖြစ်ပြီး အခုဆိုရင် မြန်မာဘာသာပြန် တတိယအကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေထွက်ရှိတာ ဖြစ်ပါတယ်...

ဒီစာအုပ်လေးက သင့်ဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ကူညီရှာဖွေပေးမယ့် စာအုပ်လေးတစ်အုပ်ပါ။ လက်တွေ့နေထိုင် ကျင့်သုံးရမယ့် စည်းမျဉ်းတွေ လမ်းညွှန်ပြထားသလို အေးချမ်းပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝကို ရရှိစေမယ့် စိတ်နှလုံးထား အခြေခံစည်းမျဉ်းတွေကို ရေးသားထားပါတယ်။ ပြီးတော့ ဘ၀မှာ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့လည်း စာအုပ်လေးက ရိုးရှင်းစွာ လမ်းညွှန်ထားပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်ရတာ လွယ်ကူသလားလို့ မေးရင် မလွယ်ကူလှပါဘူး။ ထိုက်တန်တဲ့ ဘဝမျိုးရရှိအောင် ကြိုးစားဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တစ်ဦးချင်းအနေနဲ့ ကျင့်သုံးကြည့်မယ်ဆိုရင် ရိုးရှင်းပြီး အောင်မြင်တဲ့ဘဝကို ရနိုင်ပါလိမ့်မယ်...

ဘဝရဲ့စည်းမျဉ်းများ
တန်ဖိုး - 5000 ၊ စာမျက်နှာ 144

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

📙  #အရှေ့တောင်အာရှနိုင်ငံများသမိုင်း (ကိုကိုလေး)❗️ Pre Order Now❗️"စာအုပ်တစ်အုပ်တည်းဖြင့် အရှေ့တောင်အာရှသမိုင်းကို ပြည့်...
15/05/2023

📙 #အရှေ့တောင်အာရှနိုင်ငံများသမိုင်း (ကိုကိုလေး)
❗️ Pre Order Now❗️

"စာအုပ်တစ်အုပ်တည်းဖြင့်
အရှေ့တောင်အာရှသမိုင်းကို
ပြည့်စုံစွာဖော်ပြနိုင်သော စာအုပ်...

" အာဆီယံလို့ခေါ်တဲ့ နိုင်ငံငယ်လေးတွေက သိပ်ပြီး ရှုပ်ထွေးကြပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကွဲပြားကြပါတယ်။ ကိုးကွယ်ကြတဲ့ ဘာသာ ကွဲပြားကြတယ်။ ဒီတော့ စီးပွားရေးသမားတွေအနေနဲ့ အခက်ကြုံရပါတယ်။ ဒီစာအုပ်ထဲမှာ ဒါတွေကို ပြည့်စုံစွာ ဖော်ပြထားတာဆိုတော့၊ သမိုင်းကို လေ့လာသူတွေသာမက စီးပွားရေးလုပ်ကိုင်လိုသူတွေအတွက်လည်း အကျိုး များပါတယ်။"

" ဒီစာအုပ်ကို ဖတ်လိုက်တဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံတစ်ခုချင်းစီရဲ့ သမိုင်းတွေကို သိခွင့်ရတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကွဲပြားတဲဲ့ အချက်တွေကို သိခွင့်ရတယ်။ ရှေးဟောင်းသမိုင်းမှစပြီး ယနေ့ မျက်မှောက်ခေတ်ကာလ အခြေအနေတွေကို သိခွင့်ရနိုင်တယ်။"

• အရှေ့တောင်အာရှနိုင်ငံအသင်း (အာဆီယံ) ကို စစ်အေးတိုက်ပွဲကာလတွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများ ဖြစ်ကြသော စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံတို့ဖြင့် စတင်တည်ထောင်ခဲ့ကြသည်။ စတင် တည်ထောင်စဉ်က အဓိကရည်ရွယ်ချက်မှာ အရှေ့တောင်အာရှဒေသအတွင်းသို့ ဆိုဗီယက်ကွန်မြူနစ်ဝါဒနှင့် တရုတ်ကွန်မြူနစ်ဝါဒများ ပြန့်နှံ့လာခြင်းမရှိစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

• စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်ယု (Lee Kuan Yew) က အရှေ့တောင်အာရှနိုင်ငံအားလုံး 1999 ခုနှစ်တွင် အာဆီယံအဖွဲ့ထဲ ဝင်ရောက်ခဲ့ကြပြီဖြစ်သောကြောင့် အရှေ့တောင်အာရှနိုင်ငံအားလုံးရဲ့ သမိုင်းအကျဉ်းချုပ်ကို စုပေါင်းပြီး၊ စာအုပ်ရေးပါဟု တိုက်တွန်းသောကြောင့် ဤစာအုပ်ကို ရေးသားခြင်းဖြစ်ကြောင်း ယခုစာအုပ်အမှာစာတွင် ဖော်ပြထားပါသည်။

🍀 တန်ဖိုး - 8000 ၊ စာမျက်နှာ 286
🍀 ပုံနှိပ်ထုတ်ဝေမှု - ပထမအကြိမ်
🍀 စာအုပ်ထွက်မည့်ရက် - 20.5.2023.

#ကိုကိုလေး
#အရှေ့တောင်အာရှနိုင်ငံများသမိုင်း
ရွှင်သာချမ်းမြေ့ကြပါစေ❤️
====

💙အချိန်သိပ်မပေးနိုင်တဲ့ မိဘများနဲ့ သားသမီးတို့ကြားမေတ္တာ​နှောင်ကြိုးကို ပိုမိုခိုင်မြဲစေမယ့် နည်းလမ်းများကိုဖတ်ရှုရမယ့် ...
15/05/2023

💙အချိန်သိပ်မပေးနိုင်တဲ့ မိဘများနဲ့ သားသမီးတို့ကြား
မေတ္တာ​နှောင်ကြိုးကို ပိုမိုခိုင်မြဲစေမယ့် နည်းလမ်းများကို
ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ....

❤️Pre Order ကြိုတင်မှာယူသူများအတွက် စာရေးဆရာ အမှတ်တရလက်မှတ်ဖြင့် စာအုပ်လေးရရှိမှာဖြစ်ပါတယ် ❤️

• ဤစာအုပ်တွင် နေ့စဉ်နှင့်အမျှ မိဘများ ကြုံတွေ့နေရသော အခက်အခဲများကို အဓိကထား ပြောပြထားသည်။ အထူးသဖြင့် ယနေ့ခေတ် လုပ်ငန်းခွင်ဝင်နေရသည့် မအားမလပ်၊ အချိန်မပေးနိုင်သော မိဘများအတွက် အသုံးဝင်စေလိမ့်မည်။

စာအုပ်ထဲတွင် ဖော်ပြထားသော လုပ်ငန်းဆောင်တာများကို လိုက်ပါလုပ်ဆောင်ခြင်းအားဖြင့် စာဖတ်သူသည် –
• သင့်ရင်သွေး၏ ပြင်းထန်လှသော စိတ်ခံစားချက်များကို ကိုင်တွယ်နိုင်လာမည်။
• ခိုင်ကြည်သော စည်းကမ်းကလနား၊ ကောင်းမွန်သော အာရုံစိုက်မှု ပန်းတိုင်တို့ကို ထိန်းသိမ်းနိုင်လာမည်။
• ဒေါသထွက်သော ခံစားချက်ကို ထိခိုက်မှုမရှိဘဲ
ဖော်ပြလာနိုင်မည်။
• ကလေး၏ လိုက်ပါပူးပေါင်း ဆောင်ရွက်မှုကို
ဖော်ဆောင်လာနိုင်မည်။
• မိသားစုထဲမှ အငြင်းပွားဖွယ် ပြဿနာများကို ဖြေရှင်းနိုင်လာမည်။
ဖြစ်ရပ်မှန် ဇာတ်လမ်းပေါင်းများစွာ၊ ချစ်စရာ ကာတွန်းဇာတ်ကွက်လေးများနှင့် အမေးများသော မေးခွန်းများကို ဖြေကြားပေးထားသည့် အဖြေပေါင်းများစွာတို့နှင့်အတူ
ယခုစာအုပ်သည် အသက်အရွယ်မရွေး ကလေးငယ်များနှင့် ဆက်ဆံရာတွင် အခက်အခဲ ဖိစီးမှုမရှိဘဲ ရိုးရှင်းပြီး အကျိုးရလဒ်ကောင်းများ ထွက်ပေါ်စေမည့်စာအုပ်ဖြစ်ပါသည်။

🍀 တန်ဖိုး - 3000 ၊ စာမျက်နှာ 96
🍀 စာအုပ်ထွက်မည့်ရက် - 17.5.2023
#စံပြမိဘဖြစ်လိုသော်
#ဒေါက်တာအောင်(ဆေး-၂)

မျှော်လင့်ခြင်းမနက်ဖြန်⏹⏹⏹⏹⏹⏹⏹⏹⏹⏹မနက်ဖြန်တိုင်းမှာ...ငါတို့အိမ်မက်တွေရှိတယ်မနက်ဖြန်တိုင်းမှာ..ငါတို့မျှော်လင့်ချက်တွေရှိ...
15/05/2023

မျှော်လင့်ခြင်းမနက်ဖြန်
⏹⏹⏹⏹⏹⏹⏹⏹⏹⏹

မနက်ဖြန်တိုင်းမှာ...ငါတို့အိမ်မက်တွေရှိတယ်
မနက်ဖြန်တိုင်းမှာ..ငါတို့မျှော်လင့်ချက်တွေရှိတယ်
မနက်ဖြန်တိုင်းမှာ... ငါတို့ဘဝတွေရှိတယ်...

✅ ကျိန်စာတစ်ခုကြောင့် ဘဝအဆက်ဆက် ရေစက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြတဲ့ ပုဂံသမိုင်းနောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်...✅ အနှစ် ၃၀ မှ...
12/05/2023

✅ ကျိန်စာတစ်ခုကြောင့် ဘဝအဆက်ဆက် ရေစက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြတဲ့ ပုဂံသမိုင်းနောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်...

✅ အနှစ် ၃၀ မှာတစ်ကြိမ်ပြန်လည်အသက်ဝင်လေ့ရှိတဲ့ အမုန်းကျိန်စာတွေကြားက မြေစာပင်ဖြစ်ရတဲ့ဘဝတွေ၊ ပုဂံသမိုင်းကြောင်းတွေ၊ စာရေးသူရဲ့ စာအုပ်တိုင်းလိုလိုမှာ ပါဝင်လေ့ရှိတဲ့ သဘာဝပတ်‌ဝန်းကျင်နှင့်ဒေသတွင်း တိုးတက်မှုဆိုင်ရာ ဗဟုသုတရဖွယ်များ စတဲ့ သုတ ရသတွေ ရောပြွမ်းနေတဲ့ ရသဝတ္ထုစာအုပ်လေးပဲဖြစ်ပါတယ် ...

💙ဆရာမ ခေတ်ရှေးညိုရဲ့ အအောင်မြင်ဆုံး
စာအုပ်တွေထဲက တစ်အုပ်ဖြစ်သလို...
စာအုပ်အရောင်းဆိုင်တွေရဲ့
Bestseller စာရင်းမှာ လပေါင်းများစွာ
နေရာယူခဲ့တဲ့ စာအုပ်လေးပါ...

====
ဒီစာအုပ်က စာရေးဆရာမ ခေတ်ရှေးညို ရဲ့ တတိယမြောက် လုံးချင်းဝတ္ထုပဲ ဖြစ်ပါတယ်။
လင်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အသက် ၃၀ ပြည့်တဲ့ညမှာ ထူးဆန်းတဲ့ အိပ်မက်ကို မက်တယ်။ အဲ့ဒီ အိပ်မက်ကိုပဲ ရက်ပေါင်း ၃၀ တိတိ မက်ခဲ့တာကြောင့် အိပ်မက်ရဲ့ အဖြေကို ရှာဖို့ လင်း က ပုဂံကို တစ်ယောက်တည်း ထွက်လာခဲ့တယ်။

သူမ ရဲ့ အိပ်မက်ကို သူမ အဓိပ္ပါယ် ဖော်နိုင်မလား ဒါမှမဟုတ် အိပ်မက်ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝတွေကို တွေ့မြင်တဲ့အခါ သူမရဲ့ ဦးတည်ရာတွေ ပြောင်းသွားမလားဆိုတာကိုတော့ စာအုပ်ထဲမှာ ဖတ်ကြည့်စေချင်တယ်။

မတူညီတဲ့ ချစ်ခြင်းမေတ္တာတရားတွေ…
ချစ်ခြင်းမေတ္တာနဲ့ အပြိုင် လွန်ဆွဲနေတဲ့ ကျိန်စာတွေ…
ဘဝအဆက်ဆက် ချုပ်နှောင်ထားခံရတဲ့ ကြိုးတွေ…
ပုဂံပြည်ရဲ့ သမိုင်းကြောင်းတွေ… စတဲ့ အရာတွေကို စိတ်ဝင်တစားနဲ့ ဖတ်ရှုရမဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

❤️ နရသူ
🍀 တန်ဖိုး - 7000 ၊ စာမျက်နှာ 288
🍀 စာအုပ်မှာယူရန် 09750526203

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️အချစ်ရေ..သူကပြောသေးတယ်...အချစ်ဆိုတာ..လိပ်စာတပ်ထားလည်း မင်းဆီရောက်ချင်မှ ရောက်မှာ တဲ့.. 💛...
12/05/2023

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အချစ်ရေ..သူကပြောသေးတယ်...
အချစ်ဆိုတာ..လိပ်စာတပ်ထားလည်း မင်းဆီ
ရောက်ချင်မှ ရောက်မှာ တဲ့.. 💛

လူငယ်စာရေးဆရာမလေး လွန်း ရဲ့ ဒုတိယမြောက် စာအုပ်ကလေးဖြစ်ပါတယ်။ ဆရာမ လွန်းဟာ ပထမစာအုပ်ဖြစ်တဲ့ ချစ်သောနေကြာ စာအုပ်မှာကတည်းက လူငယ်ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လူငယ်ပီပီ အရေးအသားတွေ သစ်လွင်လတ်ဆတ်လှသလို စာဖတ်သူရင်ထဲကို တစိမ့်စိမ့်ခံစားရစေမယ့်
အတွေးရသတွေ၊ ချစ်စရာကောင်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ကဗျာတွေဟာ ထိရှလှပါတယ်။

ကဗျာတွေတင်မဟုတ်ဘဲ လွန်းဟာ ဝတ္ထုတို၊ အက်ဆေးအရေးအသားတွေမှာလည်း အဆင့်အတန်းတစ်ခုအထိ ပိုင်နိုင်လှတာကို တွေ့ရမှာဖြစ်ပါတယ်။

အကယ်၍
ရှင်သာ ကျွန်မအပိုင်လေးဖြစ်လာခဲ့မယ်ဆိုရင်

ဆိုးသွမ်းတဲ့ လောကဓံကို
ဒေါက်ဖိနပ်လေးတစ်ရံက အံတုလိမ့်မယ်

မနက်ဖြန်တွေမှာ ပြုံးဖို့
စိန်ပန်းနီနီတွေ ပွင့်ဝေလိမ့်မယ်

သစ္စာရှိကြောင်းပြဖို့
ဥဩတွေ တွန်မြည်လိမ့်မယ်

ရှင့် အချစ်ဆုံး ကြောင်ကလေး
ကျွန်မ လိုက်ချစ်ပေးမယ်

သဘောထားကြီးပါတယ် အချစ်ရယ်
ရှင့်ကို လုယူသွားမယ့် အမျိုးသမီးတွေကလွဲရင်
သဘာ၀တရားအားလုံးအပေါ်
ကျွန်မက သိပ်သဘောထားကြီးပါတယ်...။

လွန်း
📖 ချစ်စိတ် 📖
🖊 စာရေးသူ - လွန်း
💸 တန်ဖိုး - 4000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 112 မျက်နှာ
🎁လက်ဆောင် - စာမှတ်ကတ်

ကြာပန်းဆိုတာရွံ့နွံထဲမှာမှ ဝေဝေဆာဆာပွင့်နိုင်တာမလားအကိုဧည့်ခန်းဆောင်က ပန်းအိုးမှာ ကြာပန်းကို အလှထားချင်ပေမဲ့လည်း ဒီကြာပန...
12/05/2023

ကြာပန်းဆိုတာရွံ့နွံထဲမှာမှ ဝေဝေဆာဆာပွင့်နိုင်တာမလားအကို

ဧည့်ခန်းဆောင်က ပန်းအိုးမှာ ကြာပန်းကို အလှထားချင်ပေမဲ့လည်း ဒီကြာပန်းဟာ ရွှံနွံထဲမှာလို ကြာကြာမပွင့်နိုင်ဘူးအကို.....
မကြာခင်မှာပဲ ညိုးနွမ်းခြောက်သွေ့သွားမှာပဲ။

​ကြာပန်းဟာ အကိုတို့ရဲ့ ဧည့်ခန်းဆောင်နဲ့မလိုက်ဖတ်ပါဘူး...
တောမှာရှိတဲ့ ကြာကန်ဘေးက ရွံနွံထဲမှာသာ ပျော်ပိုက်နိုင်ပါတယ်

ပြီးတော့လည်းရန်ကုန်မှာ ကြာပန်းထက်အင်မတန်အဖိုးထိုက်တန်တဲ့ ပန်းတွေဟာလဲရှိတယ်မလားအကို......
🔼🔼🔼🔼🔼🔼🔼

ရိုးသားဖြူစင်ပြီး ဘဝနိမ့်ကျလွန်းပါတယ်ဆိုတဲ့
တောသူမလေးရဲ့(ဘဝနဲ့အချစ်)ကို ဂုဏ်သရေရှိ
အထက်တန်းလွှာခေတ်ပညာတက် လူကုံထံ ကြောင်သူတော်မျက်နှာဖုံးနဲ့အသိုင်းအဝိုင်းက ဘယ်လိုနင်းချေဖျက်စီးသွားလဲ ဆိုတာရယ်

အရိုးခံ ပညာမတက် တောသူမလေးရဲ့
ခွင့်လွှတ်အနစ်နာခံ ချစ်ခြင်းများနဲ့ မြင့်မားတဲ့စိတ်ဓာတ် အရည်အသွေးကို ရင်နင့်အောင်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်...

စာအုပ်တန်ဖိုး⏩8000ကျပ်
ရေးသူ⏩ဆရာသိန်းဖေမြင့်/ဆရာ မြသန်းတင့်

လ တစ်လရဲ့ 7 ရက်နေ့ ရောက်တိုင်း Give Away ရှိတဲ့အပြင်တနဂ်နွေနဲ့ဗုဒ္ဓဟူး Rs အတွဲများစာအုပ်မှာယူပါက 10% လျော့စျေးနဲ့မှာယူခွ...
12/05/2023

လ တစ်လရဲ့ 7 ရက်နေ့ ရောက်တိုင်း Give Away ရှိတဲ့အပြင်
တနဂ်နွေနဲ့ဗုဒ္ဓဟူး Rs အတွဲများ
စာအုပ်မှာယူပါက 10% လျော့စျေးနဲ့မှာယူခွင့်ရှိမဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်

Book Shop

စီးပွားပျက်တာ ရှာလို့ရတယ် ။ ပြန်ရှာလို့ ရနိုင်တယ် ။စာမေးပွဲကျတဲ့ဥစ္စာ ပြန်ဖြေလို့ရတယ် ။ အောင်နိုင်တယ် စာရိတ္တကျဆုံးသွားပ...
12/05/2023

စီးပွားပျက်တာ ရှာလို့ရတယ် ။ ပြန်ရှာလို့ ရနိုင်တယ် ။
စာမေးပွဲကျတဲ့ဥစ္စာ ပြန်ဖြေလို့ရတယ် ။ အောင်နိုင်တယ်
စာရိတ္တကျဆုံးသွားပြီဆိုရင် အဲဒါ မလွယ်တော့ဘူးလို့သာ အောက်မေ့လိုက်တော့...

#အောင်သင်း
#လူငယ်ရဲ့ဘဝနှင့်တန်ဖိုး

စာဖတ်သူတို့အနေဖြင့် ဖတ်ချင်သောစာအုပ်လေးများကိုစိတ်ကြိုက် မှာယူနိုင်ပါတယ်နော်.....

ရေးသူ⏩ဆရာအောင်သင်း
တန်ဖိုး⏩3500 ကျပ်

ဘ၀မှာ အချစ်ဆုံးတွေကိုပြောပါဆိုရင်​Tom & Jerry လို့ဖြေမယ်ဘယ်တုန်းကများကိုယ့်ကို ငိုစေခဲ့ဖူးလို့လဲပြီးရင် "မင်း"  လို့   ထ...
12/05/2023

ဘ၀မှာ အချစ်ဆုံးတွေကိုပြောပါဆိုရင်

Tom & Jerry လို့ဖြေမယ်

ဘယ်တုန်းကများကိုယ့်ကို ငိုစေခဲ့ဖူးလို့လဲ

ပြီးရင် "မင်း" လို့ ထပ်ဖြေမယ်

ဘယ်တုန်းကများ ရယ်စေခဲ့ဖူးလို့လဲ

#ကမ္ဘာဟာခင်ဗျားဖြစ်ကြောင်း 🌻
စာအုပ်တန်ဖိုး-3000ကျပ်
ph-09750526203

 #ခင်ဗျားကိုကျွန်တော်ချစ်တယ်ကြယ်တွေကြွေတော့ ဘယ်သူငိုသလဲကွယ်..ခင်ဗျားငိုရင်တော့ သေချာတယ်..ကျွန်တော့်ကောင်းကင်က ကြယ်တွေအကု...
12/05/2023

#ခင်ဗျားကိုကျွန်တော်ချစ်တယ်
ကြယ်တွေကြွေတော့ ဘယ်သူငိုသလဲကွယ်..
ခင်ဗျားငိုရင်တော့ သေချာတယ်..
ကျွန်တော့်ကောင်းကင်က ကြယ်တွေအကုန်ကြွေမှာ..
ချစ်ခြင်းမေတ္တာက ကျွန်တော်နဲ့ပတ်သတ်ရင်
ကံမကောင်းရှာပါဘူးလေ ....။
ခင်ဗျားကတော့ ကျွန်တော်နဲ့ပတ်သတ်ရင်
ကံကောင်းမှာ သေချာပါတယ်

ခင်ဗျားကို ကျွန်တော် ချစ်တယ်လေ။

ခင်ဗျားကို ကျွန်တော်ချစ်တယ်...

#စဝ်ခွန်ဇ

#စပ်ခွန်ဇ ရဲ့ #ခင်ဗျားကိုကျွန်တော်ချစ်တယ် ဆိုတဲ့ စာအုပ်လေးထဲက စာသားလေးတစ်ချို့ပါ..
စာအုပ်တန်ဖိုး -3000ကျပ်
Ph-09750526203

Address

Paungde
Paungde

Telephone

+959750526203

Website

Alerts

Be the first to know and let us send you an email when HHW Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HHW Book Shop:

Share

Category