EQUAL-Law Book Shop - Pyay

EQUAL-Law Book Shop - Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EQUAL-Law Book Shop - Pyay, Book shop, ၂လမ်း၄ကွက, Pyay.

သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းဦးမြင့်အောင် ( ဘဏ် ) ၆၀၀၀ ကျပ်
19/08/2023

သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်း

ဦးမြင့်အောင် ( ဘဏ် )

၆၀၀၀ ကျပ်

27/01/2022

စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ တစ်ထွေးကြီးနဲ့ ရှင်းရတာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ဘဲ ပြီးပြီးရောဆိုတဲ့သဘော ချုပ်လိုက်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။

၁။ ပစ္စည်းနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုတယ်။
- ဘယ်သူတွေ စာချုပ်ချုပ်ကြတာလဲ။
- ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ (ပစ္စည်းဆိုင်ရာ အချက်အလက် အပြည့်အစုံ ဖော်ပြဖို့ လိုတယ်)။
- အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူချက်)။
- ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်တွေယူမှာလဲ။
- စည်းကမ်းချက်ကောထားမှာလား။
- ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
- လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ။
- တန်ဖိုးငွေ သတ်မှတ်ချက်ကောပါသလား။ ပါတယ် ဆိုရင် တန်ဖိုးငွေက ဘယ်လောက်လဲ။
- တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ။
- တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှာလဲ။
- အဲဒီလုပ်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း လုပ်ဆောင်ပေးမှုလား၊ ဒါမှမဟုတ် ကန့်သတ်ချက်ထားမှာလား။
- ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလ။
- သတ်မှတ်ချက် ဘယ်လိုသတ်မှတ်မလဲ။
- တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
- ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
- တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။
- စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ် မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ။
- ဘယ်သူတွေရဲ့ ရှေ့မှောက်မှာပြုလုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြတာလဲ။ ဒီမေးခွန်းတွေမေးပြီး မိမိစာချုပ်နဲ့ သက်ဆိုင်မယ့်အချက်တွေကို မေ့မကျန်ရစ်အောင် စေ့စေ့ငုငု ရေးသားတတ်ဖို့ လိုအပ်ပါတယ်။

၂။ ယခုဆက်လက်ပြီး ပစ္စည်းနဲ့ မသက်ဆိုင်တဲ့စာချုပ်မျိုးတွေမှာ ထည့်သွင်းချုပ်ဆိုဖို့လိုတဲ့ အချက်တွေကို တင်ပြပါ့မယ်။
- ဘယ်သူတွေ စာချုပ်ချုပ်ကြတာလဲ။
- ဘာကိစ္စအတွက် ချုပ်ဆိုကြတာလဲ။
- ဖော်ပြပါ ကိစ္စအပေါ် ပါဝင်ချုပ်ဆိုသူတွေ ဘယ်လို သဘောတူသလဲ။
- တစ်ဦးချင်းလုပ်ဆောင်ပေးရမယ့် အခန်းကဏ္ဍတွေ ပါသလား။ ပါရင်တစ်ဦးချင်းလုပ်ဆောင်ရမယ့် အချက်တွေက ဘာတွေလဲ။
- တစ်ဦးချင်း ကတိပြုချက်တွေပါသလား။ ပါရင် တစ်ဦးချင်း ကတိပြုချက်တွေက ဘာတွေလဲ။
- စည်းကမ်းချက်ကောပါသလား။ ပါတယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
- ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလသတ်မှတ်ချက်က ဘယ်လိုလဲ။
- တစ်ဖက်နဲ့ တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
- ပျက်ကွက်ရင် ပျက်သူရဲ့ တာဝန်တွေက ဘာလဲ။
- နစ်နာသူအတွက် သက်သာခွင့်က ဘာလဲ။
- စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ်မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ။
- ဘယ်သူတွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြတာလဲ ဆိုတဲ့ မေးခွန်းတွေမေးပြီး မိမိစာချုပ်နဲ့ သက်ဆိုင်မယ့် အချက်တွေကို ဖော်ပြချုပ်ဆိုကြရမှာဖြစ်တယ်။

၃။ စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေးသားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင် အဲဒီစာချုပ်မှတစ်ပါး အခြားသက်သေကို လက်ခံခွင့်မရလို့ဘဲ။

စာချုပ်မှာ ခု၊ လ၊ ရက်တို့ကို တိတိကျကျသေသေချာချာရေးဖို့လိုတယ်။ အင်္ဂလိပ်သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူတွဲပြီး ရေးသားသင့်တယ်။ ပစ္စည်းနဲ့ပတ်သက်ပြီး အကြောင်းအရာရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြရတယ်။

ချုပ်ဆိုတဲ့စာချုပ်ဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင်စာချုပ်ခေါင်းစဉ် ဖော်ပြရတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသူတွေရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေ ဖော်ပြရတယ်။

စာချုပ်ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာအသက်အရွယ် မပြည့်သူမဖြစ်ရဘူး။ တကယ်လို့ အသက်အရွယ်မပြည့်သေးတဲ့သူ ဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်မပြည့်သေးသူဟာ ပဋိညာဉ်ပြုပိုင်ခွင့် မရှိလို့ဘဲ။ စိတ်မနှံသူဖြစ်ရင်လည်း ပဋိညာဉ်ပြုပိုင်ခွင့် မရှိပါ။

တချို့ပုဂ္ဂိုလ်တွေဟာ စာချုပ်ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာလည်းရှိတယ်။ ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူဖြစ်ရပါမယ်။

စာချုပ်မှာ
- နိဒါန်း
- အဖိုးစားနား
- ပိုင်းခြားဝေငှခြင်း
- စည်းမျဉ်းနဲ့ သတ်မှတ်ချက်
- အကျိုးခံစားခွင့်ဆိုင်ရာ ဖော်ပြချက်
- ဖော်ထုတ်ပြုလုပ်တဲ့ သဘောတူမှုနဲ့တာဝန်ယူခြင်း
- နိဂုံး
- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း
- ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့ နောက်
ဆက်တွဲစာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစားလိုက်ပါရှိတယ်။

စာချုပ်တွေကို ရေးရာမှာ ဖျက်ရာမပါအောင် ရေးရပါတယ်။ အကယ်၍ဖျက်ရာရှိခဲ့ရင် ဖျက်ရာနေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရမယ်။

ငွေပမာဏကို ဂဏန်းနဲ့ရေးရမယ့်အပြင် စာနဲ့လည်းရေးရမယ်။

စာရေးရာမှာ နောက်ထပ်ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ်မရှိစေဘဲ မျဉ်းကြောင်းစိပ်စိပ် ရေးရပါမယ်။

တံဆိပ်ခေါင်းပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ်တစ်ချပ်တစ်ရွက်မှာ ရေးရပါမယ်။ တစ်မျက်နှာနဲ့မလုံလောက်တဲ့အတွက် စာချုပ်ကျောဘက်မှာ ရေးတာမျိုးမလုပ်သင့်ပါ။ စာချုပ်ခေါင်းပါတစ်ရွက်နဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ်။

စာရွက်တိုင်းမှာ စာမျက်နှာဖော်ပြရပါမယ်။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ်စာမျက်နှာသို့ လို့ စကားအဆုံးသတ်ရပါမယ်။

စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ကိစ္စဖြစ်တယ်။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေကိုယ်တိုင်ရေးထိုးကြရမှာ ဖြစ်တယ်။ စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုးသင့်တယ်။

စာချုပ်ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ်။ ရေးချုပ်ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယမကင်းစရာဖြစ်တတ်တယ်။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ဖို့လိုတယ်။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ်။

ချုပ်ဆိုတဲ့ စာချုပ်မှာတံဆိပ်ခေါင်း လုံလောက်ဖို့လိုတယ်။

ဆရာဦးကျော်ဇေယျ၏ အိမ်ခြံမြေနှင့် အရေးကြီးစာချုပ်များ စာအုပ်မှရယူပါသည်။
post

ကုန်ခါမှလာလာမေးနေကြတဲ့ဆရာဦးမြစိန်ရဲ့ " မြန်မာ့ဓလေ့ထုံးတမ်း " ဥပဒေ ဆိုင်မှာရောက်နေပြီနော် အမြန်လာဝယ်ထားကြ 😒
20/01/2022

ကုန်ခါမှလာလာမေးနေကြတဲ့

ဆရာဦးမြစိန်ရဲ့ " မြန်မာ့ဓလေ့ထုံးတမ်း " ဥပဒေ

ဆိုင်မှာရောက်နေပြီနော် အမြန်လာဝယ်ထားကြ 😒

" အေး နင်မသိရင် ငါရှင်းပြမယ် " ဆိုပြီး အထာကျကျရှင်းပြချင်တဲ့မမတွေအတွက် အရောင်လှလှလေးနဲ့ ရာဇသတ်ကြီး ရောက်နေပါပြီ....... ✌...
19/01/2022

" အေး နင်မသိရင် ငါရှင်းပြမယ် " ဆိုပြီး အထာကျကျရှင်းပြချင်တဲ့မမတွေအတွက် အရောင်လှလှလေးနဲ့ ရာဇသတ်ကြီး ရောက်နေပါပြီ....... ✌😁

စာအုပ်အသစ်လေးတွေရောက်ပါပြီခင်ဗျာ ⚖စီရင်ထုံး အသစ်တွေလဲထပ်ရောက်ဖို့ရှိပါတယ် 🤘ညီမျှခြင်းစာပေPh - 09751335227 , 09423680571​...
16/12/2021

စာအုပ်အသစ်လေးတွေရောက်ပါပြီခင်ဗျာ ⚖
စီရင်ထုံး အသစ်တွေလဲထပ်ရောက်ဖို့ရှိပါတယ် 🤘

ညီမျှခြင်းစာပေ
Ph - 09751335227 , 09423680571
​၂လမ်း၄ကွက် မြို့သစ် ပြည်မြို့
အောင်ချမ်းသာဘုရားအနီး

" ခင်ဗျားမှာ အသဲမရှိပါဘူး....... "" အို..... ငါ့မှာရှိတာပေါ့ကွ "ကျနော်၏အသဲနှလုံးဘက်မှ ခုခံကာကွယ်ပြောဆိုရန်၊ အင်အားကျန်သေ...
21/11/2021

" ခင်ဗျားမှာ အသဲမရှိပါဘူး....... "

" အို..... ငါ့မှာရှိတာပေါ့ကွ "

ကျနော်၏အသဲနှလုံးဘက်မှ ခုခံကာကွယ်ပြောဆိုရန်၊ အင်အားကျန်သေးသည်အတွက် ဂုဏ်ယူလိုက်မိပါသည်။

ဂျူးလိယက်(စ်)ဖူးချစ်
ကြိုးစင်အောက်မှ မှတ်စုများ

19/11/2021

It is the laws that make men good.
ဥပဒေများသည် လူတို့ကိုကောင်းမွန်အောင်ဖန်တီးပေးသည်။

( Niccolo Machiavelli ) (1469-1527)
( နီကိုလို မက်ခရာဗယ်လီ ) (၁၄၆၉-၁၅၂၇)

အီတလီလူမျိုးအတွေးအခေါ်ပညာရှင်/နိုင်ငံရေးသမား

Now.....🤘
14/11/2021

Now.....🤘

02/10/2021

လူကြီးမင်းတို့လေ့လာချင်သော ဥပဒေအကြောင်းများကို ညီမျှခြင်းစာအုပ်ဆိုင်တွင် ပြန်လည်ရရှိပါပြီ သိရှိချင်သောစာအုပ်များကိုလဲ page cb တွင်လာရောက်မေးမြန်းနိုင်ပါပြီ

ညီမျှခြင်းစာပေ ( ပြည် )

Address

၂လမ်း၄ကွက
Pyay

Telephone

+959751335227

Website

Alerts

Be the first to know and let us send you an email when EQUAL-Law Book Shop - Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category