KOKO Candles Co.

KOKO Candles Co. KOKO Candles Co. is a luxury home fragrance brand founded in Yangon, Myanmar, by Ma Khin Swe.

Started in 2016 as a small business,being hand-poured in a private kitchen. Over time, it has grown into a well-known name in Myanmar’s fragrance market.

You are invited for good things to find , all in one place. Enjoy 10% off all KOKO products at our vendor. See you tomor...
11/09/2026

You are invited for good things to find , all in one place.

Enjoy 10% off all KOKO products at our vendor.

See you tomorrow morning !

🤎 အိမ်ပြန်ရောက်တိုင်း နွေးထွေးတဲ့ အေးချမ်းမှုကို အပြည့်အဝ ခံစားစေမယ့် "Warm Amber"  Home Mist. 🤎 တစ်နေ့တာလုံး ရုန်းကန်လှ...
09/09/2026

🤎 အိမ်ပြန်ရောက်တိုင်း နွေးထွေးတဲ့ အေးချမ်းမှုကို အပြည့်အဝ ခံစားစေမယ့် "Warm Amber" Home Mist.

🤎 တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားခဲ့ရလို့ ပင်ပန်းလာသမျှ အိမ်တံခါးဖွင့်လိုက်တာနဲ့ ရင်ထဲအေးချမ်းပြီး စိတ်လက်ပေါ့ပါးသွားစေဖို့ KOKO HOME ရဲ့ရနံ့သစ် "Warm Amber" လေးကို မိတ်ဆက်ပေးပါရစေ။

🌿 " Warm Amber " မှပေးစွမ်းမယ့် ခံစားချက်နဲ့ ကောင်းကျိုးများ။

✨ နွေးထွေးဆွဲဆောင်မှုရှိသော ရနံ့ - သစ်သားရနံ့သင်းသင်း (Woody) နဲ့ ချိုမြိန်နွေးထွေးတဲ့ အနံ့စွဲအနှစ်တို့ အချိုးကျ ပေါင်းစပ်ထားတာကြောင့် အခန်းတွင်း လေထုကို ဆန်းသစ်ဆွဲဆောင်မှုရှိစေပါတယ်။

✨ စိတ်ဖိစီးမှု သက်သာစေခြင်း: အလုပ်ပင်ပန်းသူများ၊ စိတ်ဖိစီးမှုများသူများအတွက် ဦးနှောက်နှင့် အာရုံကြောကို တည်ငြိမ်စေပြီး အပန်းဖြေဖို့ အကောင်းဆုံး ရနံ့အမျိုးအစားဖြစ်ပါတယ်။

✨ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း: အိပ်ခါနီး အိပ်ခန်းထဲမှာ အနည်းငယ် ဖျန်းပေးရုံနဲ့ စိတ်ကို အေးချမ်းစေပြီး ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

✨ ဧည့်ဝတ်ကျေပွန်သော ဝန်းကျင် ဖန်တီးပေးသောဧည့်ခန်း သို့မဟုတ် ဧည့်အကြိုနေရာမှာ ဖျန်းထားပါက အိမ်သို့ လာရောက်လည်ပတ်သူတိုင်းကို နွေးထွေးပျူငှာစွာ ကြိုဆိုလိုက်သလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။

✨ သင့်အိမ်လေးကို သက်တောင့်သက်သာရှိပြီး ရနွေးထွေးမှုတွေနဲ့ ပြည့်နှက်သွားစေဖို့ Warm Amber Home Mist လေးကို အခုပဲ ဆောင်ထားလိုက်ပါတော့နော်...

ဈေးနှုန်း။
🤎 100ml - 36,000Ks.
🤎 450ml - 95,000Ks.
🤎 500ml refill bag - 85,000Ks.






#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

💠 𝗛𝗘𝗥 𝟭 - 𝗪𝗵𝗶𝘁𝗲 𝗥𝗼𝘀𝗲.𝗧𝗵𝗲 𝗘𝘀𝘀𝗲𝗻𝗰𝗲 𝗼𝗳 𝗧𝗶𝗺𝗲𝗹𝗲𝘀𝘀 𝗘𝗹𝗲𝗴𝗮𝗻𝗰𝗲. ပြင်းရှလွန်းတဲ့ ရနံ့တွေကြားမှာ မတူညီတဲ့ခွဲထွက်မှုတစ်ခုအဖြစ် "အေးမ...
02/09/2026

💠 𝗛𝗘𝗥 𝟭 - 𝗪𝗵𝗶𝘁𝗲 𝗥𝗼𝘀𝗲.
𝗧𝗵𝗲 𝗘𝘀𝘀𝗲𝗻𝗰𝗲 𝗼𝗳 𝗧𝗶𝗺𝗲𝗹𝗲𝘀𝘀 𝗘𝗹𝗲𝗴𝗮𝗻𝗰𝗲.

ပြင်းရှလွန်းတဲ့ ရနံ့တွေကြားမှာ မတူညီတဲ့ခွဲထွက်မှုတစ်ခုအဖြစ် "အေးမြပြီး သန့်စင်တဲ့ နှင်းဆီဖြူ " တစ်ပွင့်ရဲ့နူးညံ့တည်ငြိမ်တဲ့ ဆွဲဆောင်မှုရနံ့ကို ရှာဖွေနေသူတွေအတွက် . . .

နှင်းဆီဖြူတပွင့်ရဲ့ရနံ့စစ်စစ်ကို တက်ကြွလန်းဆန်းတဲ့ 𝗰𝗶𝘁𝗿𝘂𝘀𝘆 အသီးရနံ့လေးတွေ စနစ်တကျ ပေါင်းစပ်ထားလို့ စိတ်ကို ကြည်လင်ရွှင်ပြမှုပေးစွမ်းနိုင်တဲ့အပြင် မိမိကိုယ်တိုင်လည်း ထူးခြားတဲ့ 𝗦𝗶𝗴𝗻𝗮𝘁𝘂𝗿𝗲 𝗦𝗰𝗲𝗻𝘁 တစ်ခုအဖြစ် ယုံကြည်မှုအပြည့်နဲ့ ခံစားဆွတ်ပျံ့စေမှာပါ။

𝗟𝗶𝗴𝗵𝘁, 𝗙𝗿𝗲𝘀𝗵 & 𝗔𝗶𝗿𝘆 ရနံ့များကိုတပြိုင်နက်ထဲ ခံစားစေပြီး မနက်ခင်းနှင်းစက်တွေကြားက နှင်းဆီဖြူလေးတွေအေးမြစိုပြေတဲ့ ခံစားချက်ကို 𝗛𝗘𝗥 𝟭 မှအပြည့်အဝ ဖော်ဆောင်ပေးထားပါတယ်။

ပြင်းရှလွန်းတဲ့ ရနံ့မျိုးမဟုတ်ဘဲ မိမိအနားကို ချဉ်းကပ်လာသူတိုင်း "ရနံ့လေးက သင်းပျံ့နေတာပဲ" လို့ တိတ်တဆိတ် သတိပြုမိသွားစေမယ့် 𝘀𝗼𝗽𝗵𝗶𝘀𝘁𝗶𝗰𝗮𝘁𝗲𝗱 ဖြစ်တဲ့ ဆွဲဆောင်မှုမျိုး ပေးစွမ်းပါတယ်။

ဒါဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ တည်ငြိမ်မှု 𝗚𝗿𝗮𝗰𝗲 𝗮𝗻𝗱 𝗖𝗹𝗮𝘀𝘀 ကို အကောင်းဆုံး ကိုယ်စားပြုပေးမယ့် ရနံ့တစ်ခုပဲ ဖြစ်ပါတယ်ရှင်။

ဈေးနှုန်း။
- traveller size 10ml : 33 ,000Ks.
- small size 30ml : 89,000Ks.
- regular size 50ml : 145,000Ks.








#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

🈹 🈹 🈹 ကိုကို့နံ့သာတိုင်ဘူးများကို ဝါတွင်းသုံးလပတ်လုံး သီတင်းကျွတ်လပြည့်နေ့အထိ အထူးလျော့ဈေး - 1️⃣1️⃣0️⃣0️⃣0️⃣ ကျပ်မျှသာ။
28/08/2026

🈹 🈹 🈹 ကိုကို့နံ့သာတိုင်ဘူးများကို ဝါတွင်းသုံးလပတ်လုံး သီတင်းကျွတ်လပြည့်နေ့အထိ အထူးလျော့ဈေး - 1️⃣1️⃣0️⃣0️⃣0️⃣ ကျပ်မျှသာ။

🌸 ဝါတွင်းသုံးလပတ်လုံး အမွှေးနံ့သာတွေမပြတ်ပူဇော်ဖို့ " KOKO HOME " မှာ စုံစုံလင်လင် ရနိုင်ပါပြီ! 🌸
28/08/2026

🌸 ဝါတွင်းသုံးလပတ်လုံး အမွှေးနံ့သာတွေမပြတ်ပူဇော်ဖို့ " KOKO HOME " မှာ စုံစုံလင်လင် ရနိုင်ပါပြီ! 🌸

" 𝗞𝗢𝗞𝗢'𝘀 𝗛𝗮𝗻𝗱𝗰𝗿𝗮𝗳𝘁𝗲𝗱 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗠𝗮𝘁𝗰𝗵𝗲𝘀."Scented Candle ချစ်သူများအတွက် အထူးသီးသန့် ဖန်တီးပေးထားတဲ့ KOKO ရဲ့ မီးခြစ်ဆံရှည်ဗ...
26/08/2026

" 𝗞𝗢𝗞𝗢'𝘀 𝗛𝗮𝗻𝗱𝗰𝗿𝗮𝗳𝘁𝗲𝗱 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗠𝗮𝘁𝗰𝗵𝗲𝘀."

Scented Candle ချစ်သူများအတွက် အထူးသီးသန့် ဖန်တီးပေးထားတဲ့ KOKO ရဲ့ မီးခြစ်ဆံရှည်ဗူးလေးပါ။

လုံခြုံစိတ်ချရသော မီးခြစ်ဆံအလျား 10 cm (၄ လက်မနီးပါး) ရှည်လျားတာကြောင့် Candle Jar အောက်ခြေအထိ နက်သွားတဲ့ ဖယောင်းတိုင်တွေကို ထွန်းညှိတဲ့အခါ လက်မီးလောင်မှာ ပူစရာမလိုဘေးကင်းစွာ သုံးစွဲနိုင်ပါတယ်။

သဘာဝသစ်သားနှင့် ဆန်းသစ်သောဒီဇိုင်း: အရည်အသွေးမြင့် သဘာဝသစ်သားကို အသုံးပြုထားပြီး၊ မီးခြစ်ခေါင်း အဖြူဒီဇိုင်းဆန်းလေးဖြင့် အလှဆင်ထားလို့ဖယောင်းတိုင်ဘေးမှာ အလှတင်ထားရုံနဲ့တင် 𝘼𝙚𝙨𝙩𝙝𝙚𝙩𝙞𝙘 𝙇𝙤𝙤𝙠ကို ရရှိစေပါတယ်။

ဗူးဘေးဘက်တွင် မီးခြစ်ခြစ်ရန် Stripping Pad ဖြည့်စွက်ပေးထားပြီး၊ မီးတောက်စွဲအား ကောင်းမွန်သည့်အတွက် ဖယောင်းတိုင်များကို လွယ်ကူလျင်မြန်စွာ ထွန်းညှိနိုင်ပါတယ်။

KOKO ရဲ့ Scented Candles များနှင့် တွဲဖက်၍ စည်းနှောင်ကာ ချစ်ခင်ရသူများကို " 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗚𝗶𝗳𝘁 𝗖𝗼𝗺𝗽𝗮𝗻𝗶𝗼𝗻 " အဖြစ်လည်း လက်ဆောင်ပေးရန်အလွန်သင့်တော်ပါသည်။

ဈေးနှုန်း - 15,000Ks.






#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

✨ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အဝေးဆုံးသို့ ရှေ့ပြောင်းပေးမယ့် " 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅  "✨ နိစ္စဓူဝ တနေ့တာ အလုပ်တွေ၊ စိတ...
16/08/2026

✨ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အဝေးဆုံးသို့ ရှေ့ပြောင်းပေးမယ့် " 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅 "

✨ နိစ္စဓူဝ တနေ့တာ အလုပ်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်ခဲ့ရပြီးတဲ့နောက် တကယ့်ကို အေးချမ်းပြီး လန်းဆန်းသွားစေမယ့် ဝန်းကျင်တစ်ခုကို ဖန်တီးချင်ပါသလား?

✨ ဒါဆိုရင်တော့ 𝐊𝐎𝐊𝐎 𝐇𝐎𝐌𝐄 - 𝐘𝐚𝐧𝐠𝐨𝐧 ရဲ့ In-House Perfumer ကဖန်တီးပုံဖော်ထားတဲ့ Aromatherapy Series ထဲက " 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅 "ရနံ့လေးက သင့်အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်လာမှာပါ။

✨ စိတ်အပန်းပြေစေမယ့် သဘာဝဆန်ဆန် ရနံ့ (၃) မျိုး၏ အချိုးကျ ပေါင်းစပ်မှုဖြင့် 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅 ရနံ့ကို Essential Oils များကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတာကြောင့် ပြင်းထန်စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ကျစေမှာ အမှန်ပါ။

𝐁𝐞𝐫𝐠𝐚𝐦𝐨𝐭 - တောရှောက်သံပရာရနံ့ကစိတ်ကျေနပ်မှုကို ဆောင်ကြဉ်းပေးပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို သက်သာစေသည့် လန်းဆန်းသော လိမ္မော်နွယ်ဝင် ရနံ့။

𝐂𝐞𝐝𝐚𝐫𝐰𝐨𝐨𝐝 - ထင်းရှူးသစ်သားနက်ရနံ့ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ခန္ဓာကိုယ်ရဲ့ တင်းမာမှုတွေကို လျှော့ချပေးသည့် သဘာဝသစ်သား ရနံ့။

𝐂𝐥𝐨𝐯𝐞 - လေးညှင်းရနံ့က စိတ်ကို နွေးထွေးဆန်းသစ်စေပြီး နာကျင်ပင်ပန်းမှုတွေကို ပြေပျောက်စေမည့် နွေးထွေးဆွဲဆောင်မှုရှိသော ရနံ့။

Aromatherapy နည်းပညာအရ ထိုသဘာဝရနံ့ဆီများ၏ ရနံ့မော်လီကျူးများသည် ဦးနှောက်၏ အာရုံကြောစနစ် (Limbic System) ကို တိုက်ရိုက်လှုံ့ဆော်ပေးနိုင်တာကြောင့်

🌿 စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ချက်ချင်း လျှော့ချပေးခြင်း၊

🌿 နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို တည်ငြိမ်စေပြီး အသက်ရှူရတာ ပိုမိုပေါ့ပါးစေခြင်း၊

🌿 ညဘက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်စေရန် ကူညီပေးခြင်း၊

🌿 စိတ်ရောခန္ဓာပါ လန်းဆန်းတက်ကြွပြီး အာရုံစူးစိုက်မှု အားကောင်းစေခြင်း စသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါတယ်။

✨ သင့်ရဲ့ ဧည့်ခန်း၊ အိပ်ခန်း ဒါမှမဟုတ် အလုပ်စားပွဲမှာ 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅 လေးကို ထွန်းညှိ/ဖျန်းပေးထားရုံနဲ့ သဘာဝတောအုပ်ထဲကရနံ့လေးကို ရှုရှိုက်မိသွားသလို ခံစားချက်ကို ပေးစွမ်းမှာပါ။

✨ စိတ်၏ ငြိမ်းချမ်းခြင်းနှင့် ကျန်းမာရေးအတွက် သဘာဝရဲ့ အစွမ်းသတ္တိဖြင့် ဖန်တီးထားသည့် 𝐊𝐎𝐊𝐎 𝐇𝐎𝐌𝐄 ရဲ့ 𝐒𝐓𝐑𝐄𝐒𝐒 𝐑𝐄𝐋𝐈𝐄𝐅 ကို အခုပဲ စမ်းသပ်ခံစားကြည့်လိုက်ပါ။ 🍃🏠

💰ဈေးနှုန်း ။
- Aroma Oil 30ml : 49,500Ks.
- Aroma Candle 8 Oz. : 49,500Ks.
- Aromatic Reeds Diffuser 120ml : 79,000Ks.
- Aromatic Home Mist 100ml : 36,000Ks.
- Detox Bath Soak 100g : 12,000Ks. / 250g : 25,000Ks.





#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

🌺 စိတ်ဖိစီးမှုတွေကို အဝေးဆုံး ပို့ဆောင်ပေးမယ့် " 𝐑𝐄𝐋𝐀𝐗𝐀𝐓𝐈𝐎𝐍 " (𝐋𝐚𝐯𝐞𝐧𝐝𝐞𝐫 & 𝐑𝐨𝐬𝐞𝐦𝐚𝐫𝐲)တစ်နေ့တာလုံး မောပန်းနွမ်းနယ်ခဲ့သမျှ စ...
14/08/2026

🌺 စိတ်ဖိစီးမှုတွေကို အဝေးဆုံး ပို့ဆောင်ပေးမယ့် " 𝐑𝐄𝐋𝐀𝐗𝐀𝐓𝐈𝐎𝐍 " (𝐋𝐚𝐯𝐞𝐧𝐝𝐞𝐫 & 𝐑𝐨𝐬𝐞𝐦𝐚𝐫𝐲)

တစ်နေ့တာလုံး မောပန်းနွမ်းနယ်ခဲ့သမျှ စိတ်ရောကိုယ်ပါ ချောမွေ့စွာ အနားရစေဖို့ ...
KOKO HOME - Yangon မှအထူးထုတ်လုပ်ထားတဲ့ Aromatherapy Series ထဲက "𝐑𝐄𝐋𝐀𝐗𝐀𝐓𝐈𝐎𝐍" ဆိုတဲ့ရနံ့လေးနဲ့ မိတ်ဆက်ပေးပါရစေ။

🌀 𝐑𝐄𝐋𝐀𝐗𝐀𝐓𝐈𝐎𝐍 ဟာ ရိုးရိုးရနံ့တစ်ခု မဟုတ်ဘဲ၊ သဘာဝတရားရဲ့ စွမ်းအားနဲ့ Aromatherapy နည်းပညာကို အခြေခံပြီး ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကျန်းမာရေးအတွက် ထိရောက်စွာ အထောက်အကူပြုနိုင်အောင် အချိုးကျကျ ဖန်တီးထားတာဖြစ်ပါတယ်။

🌀 Lavender ရနံ့ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပြီး ဦးနှောက်ရဲ့ အာရုံကြောတွေကို ငြိမ်သက်စေပါတယ်။ ညဘက် လှည့်ပတ်ပြီး အိပ်မပျော်ဖြစ်နေသူတွေအတွက် နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

🌀 Rosemary ရနံ့ဟာစိတ်ကို ကြည်လင်လန်းဆန်းစေပြီး ဦးနှောက်မှတ်ဉာဏ်ကို တက်ကြွစေပါတယ်။ Lavender ရဲ့ ငြိမ်းအေးမှုနဲ့ Rosemary ရဲ့ လန်းဆန်းမှုတို့ ပေါင်းစပ်သွားတဲ့အခါ စိတ်အပန်းပြေစေရုံတင်မကဘဲ စိတ်ရောကိုယ်ပါ ဟန်ချက်ညီညီ အနားရစေပါတယ်။

🍃 ဒီရနံ့ နှစ်ခုကို ဟန်ချက်ညီညီပေါင်းစပ်ပြီးဖေါ်စပ်ထားတဲ့ Relaxation ရနံ့ကတော့ Aromatherapy နည်းဖြင့်အောက်ပါအကျိုးရလဒ်များကို ခံစားရရှိစေနိုင်ပါတယ်။

1. စိတ်ဖိစီးမှု လျှော့ချပေးခြင်း (Stress Relief): Essential Oil ရနံ့မော်လီကျူးများက ဦးနှောက်ရဲ့ Limbic System ဖြစ်တဲ့ စိတ်ခံစားမှုဆိုင်ရာ ဗဟိုဌာနကို တိုက်ရိုက်လှုံ့ဆော်ပေးတာကြောင့် စိတ်ပင်ပန်းနွမ်းနယ်မှုကို ချက်ချင်းပြေပျောက်စေပါတယ်။

2. နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း (Better Sleep Quality): အိပ်စက်ခါနီးမှာ Relaxation ရနံ့လေးကို သုံးစွဲပေးခြင်းဖြင့် အိပ်စက်မှုစက်ဝန်း (Sleep Cycle) ကို မှန်ကန်စေပြီး မနက်ဖြန်အတွက် အင်အားသစ်တွေ ရရှိစေပါတယ်။

3. အသက်ရှူလမ်းကြောင်း ကြည်လင်စေခြင်း:။
Rosemary ပါဝင်မှုကြောင့် အသက်ရှူရတာ ပိုမိုပေါ့ပါး ကြည်လင်စေပြီး ခင်းကျင်းထားတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း သန့်ရှင်းလန်းဆန်းစေပါတယ်။

🏡 မိမိအိမ်မှာတင်ကိုယ်ပိုင် Spa cယ်အဖြစ် ပြောင်းလဲလိုက်ပါ။ စွမ်းအင်သစ်တွေကို KOKO HOME ရဲ့ "𝐑𝐄𝐋𝐀𝐗𝐀𝐓𝐈𝐎𝐍" ရနံ့လေးနဲ့အတူ ပြန်လည်ဖြည့်တင်းလိုက်ပါ ✨






#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

သင့်ရဲ့ရေမွှေးဆွတ်နည်းမှန်ရဲ့လား ❓" ကျတော်/ကျမ စွတ်ထားတဲ့ရေမွှေးက ကိုယ်ခန္ဓာပေါ်အချိန်ကြာကြာမစွဲဘူး ခံစားရပါတယ်။  ဘာကြော...
13/08/2026

သင့်ရဲ့ရေမွှေးဆွတ်နည်းမှန်ရဲ့လား ❓

" ကျတော်/ကျမ စွတ်ထားတဲ့ရေမွှေးက ကိုယ်ခန္ဓာပေါ်အချိန်ကြာကြာမစွဲဘူး ခံစားရပါတယ်။ ဘာကြောင့်လဲ❓"

ဒါဟာ ကျွန်မ ခဏခဏ ကြားနေရတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

အဖြေကတော့ ရေမွှေးရနံ့ မစွဲတာ၊ မပြင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရာသီဥတုအပူချိန်က Top Notes တွေကို ပိုမိုမြန်ဆန်စွာ သင်းပျံ့လာစေပြီး အနံ့ကို ပိုမိုစူးရှသွားစေနိုင်သလို၊ တစ်ဖက်မှာလည်း အဲဒီပေါ့ပါးတဲ့ အနံ့လေးတွေကို ပိုပြီး အငွေ့ပျံလွယ်သွားစေပါတယ်။

နောက်အချက်တခုကတော့ ရာသီဥတုစိုထိုင်းဆကလည်း ရေမွှေးရနံ့မည်မျှအထိ ပျံ့လွင့်မလဲဆိုတာကို သက်ရောက်မှုရှိပြီး Air-Con ခန်းထဲ ရောက်သွားတဲ့အခါ ပတ်ဝန်းကျင်အခြေအနေက တစ်မျိုး ပြောင်းလဲသွားပြန်ပါတယ်။ ဒါတင်မကသေးဘဲ သင့်အသားအရေရဲ့ ရေဓာတ်ပြည့်ဝမှုကလဲ အမွှေးရနံ့က သင့်အရေးပြားပေါ်မည်မျှကြာကြာ စွဲကျန်ရစ်မယ်ဆိုတာကလည်း အဓိကကျပြန်ပါသေးတယ်။

ကျမတို့ရဲ့ရာသီဥတုနဲ့ ကိုက်ညီပြီး ရေမွှေးရနံ့ကို ပိုမိုထိရောက်စွာ ဆွတ်ဖြန်းနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သန့်စင်ပြီး ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေပေါ်တွင်ဆွတ်ဖြန်းပါ။

- ခြောက်သွေ့တဲ့ အသားအရေထက် ရေဓာတ်ပြည့်ဝစိုစွတ်နေတဲ့ အသားအရေပေါ်မှာ ပိုပြီး အနံ့စွဲကျန်ရစ်လေ့ ရှိပါတယ်။

၂။ ရေမွှေးစွတ်ဖြန်းပြီး လက်ကောက်ဝတ်နှစ်ဖက်ကို ပွတ်တိုက်ခြင်း မပြုပါနဲ့ ။ရေမွှေးဆီကိုသူ့ရဲ့သဘာဝအတိုင်း အနံ့သင်းပျံ့သွားအောင် ဒီအတိုင်း ထားလိုက်ပါ။

၃။ ခန္ဓာကိုယ်တွင် မိမိလိုအပ်သည့်ထိရောက်သောနေများတွင်သာ စွတ်ဖြန်းပေးပါ။

- ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေအောင် ပက်ဖြန်းတာထက်စာရင် ခန္ဓာကိုယ်တွင်အဆီအိတ်ရှိတဲ့ အဓိကနေရာအချို့ကို သာသေချာရွေးချယ်ပြီး စွတ်ဖြန်းပေးတာက ပိုမိုထိရောက်ပါတယ်။

၄။ အဝတ်အစားတွေပေါ်သာ ပေါ့ပေါ့ပါးပါး စွတ်ဖြန်းပေးဖို့ စဉ်းစားပါ။

- သို့သော် ​ရေမွှေးဆီအမျိုးအစားလိုက် နုနယ်တဲ့ အထည်အမျိုးအစားတွေကို စွန်းထင်းစေနိုင်တာမို့ မစွတ်ဖြန်းမီ အထည်စပေါ်မှာ အရင်စမ်းသပ်ကြည့်ပါ။

၅။ လိုအပ်သလို သတိထားပြီး touch up အဖြစ် ထပ်မံစွတ်ဖြန်းပေးပါ။

- မနက်ပိုင်းမှာတင် အများကြီးစွတ်ဖြန်းထားတာထက်စာရင် Travel Size or Decant Size သေးလေးတွေဆောင်ထားပြီး လိုအပ်တဲ့အခါမှ ထပ်ဖြန်းပေးတာက ပိုမိုထိရောက်စေပါတယ်။

သို့သော်လည်း ရေမွှေးစွတ်ဖြန်းတဲ့နည်းလမ်းများက အဖြေတစ်ခုလုံးတော့ မဟုတ်သေးပါဘူး။ ရေမွှေးတွင်ပါဝင်တဲ့ ပစ္စည်း ဖော်စပ်မှု၊ အဆီပါဝင်မှု ပမာဏနဲ့ တည်ဆောက်ဖွဲ့စည်းပုံတို့ကလည်း အနံ့စွဲကျန်မှုနဲ့ ပျံ့လွင့်မှုကို အကျိုးသက်ရောက်မှု ရှိစေသလိုအနံ့စွဲကျန်မှု တစ်ခုတည်းနဲ့တင် အမွှေးဆီရဲ့ အရည်အသွေးကို တိုင်းတာလို့ မရနိုင်ပါဘူး။

ရေမွှေးအမျိုးအစားအများစုဖြစ်တဲ့ Eau de Toilette (EDT) ဒါမှမဟုတ် Citrus (ရှံသီး၊ သံပုရာစသည့် အနံ့ပေါ့) တွေဟာ မြန်မာပြည်ရဲ့ရာသီဥတုမှာ ၂ နာရီမှ ၃ နာရီထက် ပိုမခံပါဘူး။
ပူပြင်းစိုစွတ်တဲ့ရာသီဥတုမှာ ကြာကြာခံဖို့ဆိုရင် Eau de Parfum (EDP) သို့မဟုတ် Woody, Amber, Vanilla, Musk စတဲ့ Strong Base Notes များပါဝင်တဲ့ ရေမွှေးမျိုး လိုအပ်ပါကြောင်း အကြံပြုလိုက်ပါတယ်။

⚠️ မှတ်ချက်။ မိမိဖတ်မှတ် လေ့လာမိသော ဗဟုသုတများမှ ပြန်လည်ဝေငှခြင်းသာ ဖြစ်ပါတယ်ရှင်။

မခင်ဆွေ ( In - House Perfumer )
KOKO HOME - Yangon.





Address

No. 6-G/Kyaung Kone Street, Sanchaung Township, Yangon.
Sanchaung
11111

Alerts

Be the first to know and let us send you an email when KOKO Candles Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KOKO Candles Co.:

Shortcuts

Share