06/09/2022
ယနေ့ကာလစက်ဘီးစီးခြင်းနှင့်စိတ်အခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အကျတွေပဲရှိတဲ့နေရက်တွေမှာ အခက်အခဲတွေက အတက်ဖက်ကိုပဲရင်ဆိုင်နေရတာက တကယ်စိတ်ပျတ်စရာပါပဲ။အားတင်းရင် ဆက်လျှောက် ဆက်လျှောက်ရင်း အားတင်းနေရတယ်ဆိုပေမယ့် တာဝေး မာရသွန်ပြေးပွဲလိုပဲ သက်လုံကောင်းတဲ့လူနဲ့ မကောင်းတဲ့လူက ဒီနေရာမှာသိသာလာပါတယ် ဒီနေရာမှာတော့ မြင်ရတဲ့သက်လုံမဟုတ်ဘဲ မမြင်ရတဲ့ စိတ်သက်လုံကိုပဲပြောချင်တာပါ။စိတ်သက်လုံနည်းလာတာ အားပျော့သွားတာက လူကို ပူလောင်စေပါတယ် တခါတစ်လေ ပူလောင်နေတာက အဆင်ပြေနေသေးပေမယ့် နေ့စဉ်ရက်ဆက် ပူလောင်လာရတဲ့အခါ စိတ်ဓာတ်ကျတဲ့ အရာကိုဖြစ်လာစေပါတယ် ထက်ပြီးရောဂါပြင်းထန်ရင်တော့ စိတ်တ်ကျဝေဒနာအထိ ဒါကနေ Su***de လုပ်တဲ့အထိတောင်စဉ်းစားတက်ကြပါတယ်။
ဒီနေရာမှာဝန်ခံရမှာက ကျနော်က စိတ်ဆရာဝန်လဲမဟုတ်သလို စိတ်ရောဂါကိုလဲ ဘာမှမသိနားမလည်ပါဘူး။ကျနော်သိတာက တစ်ခုပါပဲ စက်ဘီးပါပဲ စက်ဘီးနဲ့ စိတ်ကို ပေါင်းပြီးရေးလိုက်တဲ့အရာမို့လို့ လိုအပ်တာတွေရှိလဲဖြည့်စွက်နားလည်ဝေဖန်ပေးကြပါလို့ပဲတောင်းဆိုပါတယ်။
စက်ဘီးစီးပါ
~~~~~~~~~
စက်ဘီးစီးပါ တကယ်ပြောတာပါ စက်ဘီးစီးတာကနေ စိတ်ကိုကုစားလို့ရနိုင်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ စက်ဘီးနဲ့ပတ်သတ်လာရတဲ့အကြောင်းတရားတွေရှိလာပါတယ် ဆီဈေးတွေတက်လာတာ public Transport တွေက စိတ်မချရတော့တာ စတဲ့အကြောင်းတွေအများကြီးလဲရှိနေပါတယ်။ဒီနေရာမှာ စက်ဘီးစီးဖို့တိုက်တွန်းတာက အပျော်လွန်ဖို့ ပျော်ပြဖို့ တိုက်တွန်းတာမဟုတ်ပါဘူး ပျော်ပြနေတယ် ဆိုတာကတော့ အဲ့ဒါသူ့တို့အပိုင်းနဲ့သူပါပဲ။မလိုအပ်ဘဲ စီးတာကိုပြောတာမဟုတ်ဘဲ စီးသင့်လို့စီးတာ လုပ်မှရမှာမို့စီးတာ အခြား နေ့စဉ်အသုံးပြုခြင်းတွေကိုပြောတာပါ။နေ့တိုင်းစီးစရာလဲမလိုပါဘူး နေ့တိုင်းစီးနိုင်ရင်တော့ပိုကောင်းပေမယ့် နေ့တိုင်းလဲစီးနိုင်ဖို့က လွယ်ကူမယ်မထင်ပါ။နေ့စဉ်စီးနိုင်တဲ့လူတွေက မနက်ပိုင်းဖြစ်ဖြစ် ညဖြစ်ဖြစ် နာရီဝက်လောက်စီးတာက သွေးပူစေပြီးတော့ ခန္ဓာကိုယ်ကိုလဲ လန်းဆန်းနေစေပါတယ်။နေ့တိုင်းမစီးနိုင်တဲ့ ကျနော်တို့လိုလူတွေကတော့ အားလပ်ရက် ပိတ်ရက်တွေကသာ အားကိုးလို့ရတဲ့အရာဖြစ်ပါတယ်။ပိတ်ရက်တွေက အဖိုးတန်တာမို့ အလဟဿ မဖြုန်းတီးဘဲ တကယ် နင်းလို့ရမယ် လမ်းကြောင်းတွေကို ကြို plan ထားသင့်ပါတယ်။
ဘယ်လိုစီးမလဲ
~~~~~~~~~~
ဒါကတော့ ကျနော်အကြံပြုလို့ပဲရတဲ့အပိုင်းပါ ကျန်တာက စာဖတ်သူ နဲ့ပဲဆိုင်တဲ့ကိစ္စပါ။သင်က ဘယ်လို စက်ဘီးသမားလဲဆိုတဲ့အပေါ်လဲ အနည်းငယ်မှုတည်ပါတယ်။အပေါ်မှာ ရေးထားခဲ့သလို နေ့တိုင်းစီးနိုင်တဲ့လူလား ပိတ်ရက်မှ စီးရတဲ့လူလားဆိုတဲ့အပေါ်လဲမှုတည်ပါတယ်။သာမန်ရပ်ကွက်ထဲပဲ သွေးပူစီးတာလား တကယ်ဝါသနာ ပါလို့ အပြင်တွေပါ ထွတ်စီးတာလား ဝါသနာရှင်အဆင့်ထက်ကျော်လွန်ပြီးစီးတဲ့လူလား စတဲ့အရာတွေလဲကွာနိုင်ပါသေးတယ်။သွေးပူစီးတဲ့လူတွေက အနည်းဆုံး နာရီဝတ်ကနေ ၄၅ မိနစ်လောက်နင်းသင့်ပါတယ် နင်းတဲ့အခါလဲ လူသိတ်မပြတ်တဲ့နေရာတွေ ကားသိတ်မရူပ်တဲ့နေရာမျိုးတွေကိုရွေးထားသင့်ပါတယ်။စက်ဘီးကြီးတော့ သွေးပူနင်းပါရဲ့ ချွေးလဲမထွတ် သင့်တင့်တဲ့ speed လဲမရရင် ဘာမှသိတ်မထူးပါဘူး။စက်ဘီးနင်းတာ်ဆိုတာ နှလုံးကအလုပ်လုပ်တာလဲပါတာမို့ သင့်တင့်မျှတတဲ့ ခြေထောက်လည်ပတ်မှုရှိမှပဲ နှလုံးက သွေးခုန်နှုန်းကနေတစ်ဆင့် သွေးတွေကိုစီးစေနိုင်မှာပါ။ဝါသနာရှင် နဲ့ ပါရမီရှင်အဆင့်တွေက ဒါတွေသိတ်ပြောစရာမလိုတာကြောင့် ကျော်ခဲ့လိုက်ပါတယ်။သူတို့လုပ် မှာက တစ်ခုပါပဲ လုပ်စရာရှိတာကိုလုပ်ပြီး အိမ်ပြန်ဖို့ပါပဲ ပျော်ပြနေဖို့ ဟေးလားဝါးလားလုပ်ဖို့ မသင့်တဲ့ကာလမို့ စဉ်းစားဆင်ခြင်တုံတရားလေးနဲ့ပဲ လုပ်ကြကိုင်ကြဖို့တိုက်တွန်းပါတယ်။
ရင်ဖွင့်ပါ
~~~~~~
စက်ဘီးစီးတယ်ဆိုတာ အသိုင်းအဝိုင်းတစ်ခုတည်ဆောက်တာပါပဲ အိမ်ပြီးရင် ဒီအသိုင်းအဝိုင်းက ဒုတိယ မိသားစုဖြစ်လာနိုင်ပါတယ်။နေ့စဉ်ကြုံတွေလာရတဲ့ စိတ်ပျတ်စရာ ဒေါသဖြစ်စရာတွေကို ပြောပြလို့ရတဲ့ မိတ်ဆွေတွေကို ဟာသလုပ်ပြီးဖြစ်ဖြစ် ပြောပြတာပဲဖြစ်ဖြစ်လုပ်ပါ။တစ်ခါတလေ ကိုယ်တစ်ယောက်တည်းခံစားနေရတဲ့ဟာထက်အခြားသူတွေကို ကိုယ်ခံစားနေရတဲ့အခက်အခဲတွေကို ရင်ဖွင့်ပြောပြလိုက်တာက ခံစားချက်သက်သာစေပြီးတော့ သူတို့ဆီကနေလဲ အကြံညဏ်ကောင်းတွေရရှိနိုင်ပါတယ်။စိတ်ဆိုတာ ဆည်ကြီးတစ်ခုလိုပါပဲ ထိန်းထားထိန်းထားရင် မနိုင်တဲ့အခါ ဆည်ကျိုးသလိုကျိုးကျသွားနိုင်ပါတယ်။ရေများလာရင် ဖွင့်ချ ဖွင့်ချ လုပ်ပြီးထိန်းထားမှ ဆည်ကျိုးကျတဲ့ဒဏ်ကကင်းနိုင်မှာဖြစ်ပါတယ်။
ကောင်းကောင်:အနားယူပါ
~~~~~~~~~~~~~~~~~~~
တစ်ချို့လူတွေက တော်ရုံနဲ့အိပ့်မပျော်တာ အသံတစ်ခုခုကြားတာနဲ့နိုးတာ ပြန်အိပ့်မရတာ စတဲ့အရာတွေဖြစ်တက်ပါတယ်အိပ်ဆေးသောက်တာကလဲမကောင်းတဲ့အရာမို့ ရှောင်သင့်ပါတယ်။စက်ဘီးစီးတာက လူကိုပင်ပန်းစေနိုင်ပြီးတော့ ကောင်းကောင်း အိပ့်ပျော်စေနိုင်ပါတယ်။စက်ဘီးနင်းပြီးတဲ့အခါလဲ ကောင်းကောင်းနားပလိုက်တာက စိတ်သစ် လူသစ်ကို ဖြစ်စေနိုင်တာမို့ ကောင်းကောင်းအနားယူဖိူ့လဲမမေ့ပါနဲ့။
ကျန်တာတွေက အောက်မှာသာဝင်ပြီးရေးပေးသွားကြပါဦး။အရမ်းရှည်သွားမှာစိုးလို့ဒီမှာပဲရပ်ထားလိုက်ပါတယ်။
(Holibike)
#စက်ဘီးအကြောင်း
#စက်ဘီးဗဟုသုတ
#စက်ဘီး
#ဗဟုသုတ