30/06/2026
🌙 Welcome to Luna Grace Library 📚
မင်္ဂလာပါ... 🤍
ဒီနေ့ကစပြီး Page ရဲ့ နာမည်ကို Luna Grace Library လို့ ပြောင်းလဲလိုက်ပါတယ်။
ဒီပြောင်းလဲမှုက အကြောင်းမဲ့ မဟုတ်ပါဘူး။
အရင် Page နာမည်နဲ့ နာမည်တူ Page တွေရှိတာကြောင့် ဖုန်းမှားဆက်တာ၊ နားလည်မှုလွဲတာတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အမှတ်တံဆိပ် (Brand) တစ်ခုအဖြစ် ရေရှည်တည်ဆောက်နိုင်ဖို့ Luna Grace Library ဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့တာပါ။
ဒါ့အပြင် ဒီနာမည်မှာ ကျွန်မ တန်ဖိုးထားရတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။
🌙 Luna ဆိုတာ လကို ကိုယ်စားပြုပါတယ်။ လရောင်က အမှောင်ထဲမှာ လမ်းပြသလို၊ စာအုပ်တွေကလည်း ဘဝအတွက် အသိပညာ၊ အတွေးအမြင်နဲ့ လမ်းညွှန်မှုတွေ ပေးနိုင်ပါတယ်။
🤍 Grace ဆိုတာ နူးညံ့မှု၊ ကျက်သရေနဲ့ အေးချမ်းမှုကို ဆိုလိုပါတယ်။ စာဖတ်ခြင်းက အသိပညာရရုံသာမက စိတ်ကိုလည်း တဖြည်းဖြည်း ပြောင်းလဲစေပြီး ကြီးထွားစေတယ်လို့ ယုံကြည်ပါတယ်။
📚 Library ကတော့ စာအုပ်တွေ စုထားတဲ့နေရာတစ်ခုတည်း မဟုတ်ဘဲ... အတွေးအမြင်၊ သုတ၊ ရသ၊ ဘဝသင်ခန်းစာနဲ့ ခွန်အားတွေကို အတူမျှဝေတဲ့ နေရာလေး ဖြစ်စေချင်ပါတယ်။
ဒီ Page မှာတော့... ✨ စာအုပ်အနှစ်ချုပ်များ ✨ ရသ၊ သုတနဲ့ ဘဝအတွက် အတွေးအမြင်များ ✨ စာဖတ်ချင်စိတ်ကို နှိုးဆွပေးမယ့် အကြောင်းအရာများ
ကို အမြဲတမ်း မျှဝေပေးသွားပါမယ်။
အရင်ကတည်းက အားပေးခဲ့တဲ့ Followers တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်။
ဒီခရီးလေးမှာလည်း အတူတူ ဆက်လျှောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ 🤍🌙
"စာအုပ်တစ်အုပ်ဟာ ဇာတ်လမ်းတစ်ပုဒ်တည်း မဟုတ်ပါဘူး။ ဘဝကို ပြောင်းလဲနိုင်တဲ့ အတွေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။"
Welcome to Luna Grace Library. 📚🌙
"စာဖတ်ရတာကို နှစ်သက်တဲ့သူတိုင်းအတွက် ဒီနေရာလေးက အမြဲကြိုဆိုနေပါတယ်။" 🤍📖