09/11/2022
ဆီးချိုတိုင်းစက်ရဲ့ Error များ
စက်မှာ -
E - b လို့ပြနေရင် စက်ရဲ့ဓာတ်ခဲအားနည်းနေတာပါ။ ဓာတ်ခဲအသစ်လဲပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်။
E - U လို့ပြနေရင် Stick မကောင်းတာဖြစ်ပါတယ်။ Stick ကိုရေစိုလက်နဲ့ကိုင်မိတာတို့ သွေးထည့်ပြီးမှ Stick ထည့်မိတာတို့ Stick ပျက်တာတို့ဆိုရင်ဖြစ်တတ်ပါတယ်။ Stick အသစ်လဲပြီးတိုင်းကြည့်ရမှာဖြစ်ပါတယါ။
E - t လို့ပြနေရင် ပတ်၀န်းကျင်အပူချိန်အရမ်းမြင့်လွန်း (သို့) အရမ်းနိမ့်လွန်းနေတာဖြစ်ပါတယ်။ ပုံမှန်စက်က 10°C နဲ့ 40°C (50°F နဲ့ 104°F) ကြားမှာအလုပ်လုပ်မှာဖြစ်ပြီး ထိုထက်ကျော်လွန် (သို့) နိမ့်ကျတဲ့အပူချိန်မှာဆို Error ပြနေမှာဖြစ်ပါတယ်။
E - F လို့ပြနေရင် စက်ကစစ်ဆေးနေတဲ့အချိန် နံပတ်ရေတွက်နေတဲ့အချိန် Stick ကိုဆွဲဖြုတ်လိုက်ရင် (သို့) သွေးထည့်တာနည်းသွားရင်ပေါ်လာတတ်ပါတယ်။ Stick အသစ်ထည့်ပြီး ပြန်တိုင်းရမှာဖြစ်ပါတယ်။
E -0 , E - A , E - E သုံးခုထဲကတစ်ခုခုပြနေပြီဆိုရင်တော့ စက်မှာ Error ဖြစ်နေတာ (သို့) စက်ပျက်နေတာဖြစ်ပါတယ်။ Stick အသစ်ထည့်ပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပြီး မရရင်တော့စက်ပျက်တာဖြစ်ပါတယ်။
E - C လို့ပြနေရင်တော့ Coding Error ဖြစ်ပြီး အသုံးပြုသူတွေမပြင်တတ်တဲ့ Error ပဲဖြစ်ပါတယ်။
# Lamin Pharmacy တိုက်ကြီး
ပြန်လည်မျှဝေပါသည်
KoAungMyatKo