14/05/2026
Tamiya 1/10 Scale R/C 4WD Toyota 4×4 Pick-Up Bruiser (RN36) သည် သာမန် RC ကားတစ်စီး မဟုတ်ဘဲ RC လောက၏ ဂန္ထဝင်မြောက် Premium အဆင့်မြင့် စုဆောင်းရမည့် Masterpiece တစ်စီး ဖြစ်ပါတယ်။ အပြင်က တကယ့် Toyota Hilux (RN36) ကားအစစ်အတိုင်း စက်မှုပိုင်းဆိုင်ရာ တည်ဆောက်ပုံကို အသေးစိတ် ပုံတူကူးချထားသည့် ကားအမျိုးအစား တစ်ခုပါ။
ပလတ်စတစ်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အပြင်က ကားကြီးများအတိုင်း ခိုင်ခံ့ပြီး လေးလံသည့် Black-Anodized Steel Frame အစစ်ကို အသုံးပြုထားပါတယ်။
အရှေ့၊ အလယ်၊ အနောက် ဂီယာများကို Remote Controller (Transmitter) မှတစ်ဆင့် မောင်းနှင်နေရင်း စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ Low, Medium, High ဟူ၍ ဂီယာချိန်းပြီး အကြမ်းမောင်းနှင်နိုင်ပါတယ်။
အရှေ့ရော အနောက်ပါ Die-Cast Axle Housing များအပြင် တကယ့်ထရပ်ကားကြီးများတွင် သုံးသည့် စပရိန်ပြား (Leaf Springs) စနစ်ကို အသုံးပြုထားသဖြင့် လမ်းကြမ်းတက်သည့်အခါ လက်တွေ့ဆန်သော ပုံစံကို ရရှိစေမှာပါ။
ဆေးသုတ်ရလွယ်ကူပြီး အသေးစိတ် ကားအစိတ်အပိုင်းများ၊ မီးခွက်များ၊ ကားအတွင်းခန်း (Interior) အထိ အပြင်ကားအတိုင်း အနုစိတ် ဖော်ပြပေးထားသည့် မာကျောသော ABS ပလတ်စတစ်ဖြင့် ပြုလုပ်ထားပါတယ်။
စကေး (Scale): 1/10 Scale
အလျား (Length): 520 mm
အကျယ် (Width): 278 mm
အမြင့် (Height): 244 mm
အလေးချိန် (Weight): 3.9 kg
မော်တာ (Motor): Type 540 Motor
မှတ်ချက် - ကားဆော့ကစားရန်အတွက် 4-Channel Remote System၊ ESC၊ Servo မော်တာ ၂ ခု၊ 7.2V ဘက်ထရီနှင့် အားသွင်းကြိုးတို့ကို သီးသန့် ထပ်မံဝယ်ယူရန် လိုအပ်မည် ဖြစ်ပါတယ်။
ော်တော်ကား