ဆရာတာ-ေတာင္ငူ

Call

ဆရာတာ-တောင်ငူ စာအုပ်ဖြန့်ဖြူးရေး

နင်ငါ့ကိုသတ်ခဲ့တယ်(စ/ဆုံး)————————————အချိန်ကားညနေစောင်း နေဝင်မိုးချုပ်သည့်အချိန် တရွက်ငယ်ရွာလေးမှ နေ့ပြန်တိုးပေးသူမတင်ဌ...
27/04/2024

နင်ငါ့ကိုသတ်ခဲ့တယ်(စ/ဆုံး)
————————————
အချိန်ကားညနေစောင်း နေဝင်မိုးချုပ်သည့်
အချိန် တရွက်ငယ်ရွာလေးမှ နေ့ပြန်တိုးပေးသူ
မတင်ဌေး တစ်ယောက် တစ်ဖက်ရွာမှ ရစရာရှိသည့် ငွေများအားတောင်းယူကာ
အိမ်သို့ ပြန်လာခဲ့လေသည်။
ရွာနှစ်ရွာအကြား တောလမ်းခရီးလေးတွင်
လူခြေပြတ်နေပြီဖြစ်သည်။
မတင်ဌေးတစ်ယောက်သာ ခပ်သွက်သွက်လျှောက်လှမ်းလာနေသည်။
ထိုစဉ်နောက်မှ ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ
ဖဲသမားဖြစ်သူ ကိုသက်ဖေဖြစ်နေသည်။
“ဟာ မတင်ဌေးပါလား တစ်ယောက်တည်းလား
ဘယ်သူမှမပါဘူးလား အေ့ ဂေ့
ကျုပ်တောင် ဒီရွာကအိမ်မှာဖဲရိုက်နေတာ
အခုပါသမျှအကုန်ပြောင်သွားလို့ ပြန်လာခဲ့တာပဲ”
“နင်မျက်လုံးမပါဘူးလား သက်ဖေ
ငါတစ်ယောက်တည်းမလာလို့
ဘယ်သူပါလာလို့လဲ ဟင် အရက်စော်ကလည်း
နံဟောင်နေတာပဲ ”
မတင်ဌေးက ဖဲသမားကိုသက်အောင်အား
နှာခေါင်းရှုံကာပြောလိုက်လေသည်။
“မျက်လုံးတော့ပါတာပေါ့ဗျ
ဒါနဲ့လက်ထဲမှာလည်း ပိုက်ဆံအိတ်ကြီးနဲ့
အကြွေးတောင်းပြီးပြန်လာတာထင်တယ်
မတင်ဌေး ကျွန်တော့်ကို ပိုက်ဆံချေးပါလား
ကျွန်တော်ဖဲရိုက်ဖို့ ငွေလိုနေလို့”
“နင့်လိုကောင်မျိုးကို ငါကပိုက်ဆံချေးလိုက်ရင်
ပြန်ရပါ့မလား သွား သွား နင်နင့်လမ်းနင်သွားစမ်းပါ သက်ဖေရယ်
ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ”
မတင်ဌေးလည်းခပ်ပြတ်ပြတ်ပြောလိုက်မိ
လေသည်။
“မတင်ဌေး ခင်ဗျား အသာတကြည်
ပြောလို့မရရင် ကျုပ်အကြောင်းသိတယ်မလား
ဒီမယ် ကြည့်”
ဖဲသမား သက်ဖေက ခါးကြား၌ဖွက်ထားသောဓါးမြှောင်အား
ထုတ်ပြလိုက်သည်။
“ဟင်…သက်ဖေ နင်ငါ့ကိုမတရားမလုပ်နဲ့နော်
ငါငြိမ်ခံနေမှာမဟုတ်ဘူး သိထား”
“ဟား ဟား မတင်ဌေး ခင်ဗျားက
စွာလှချေလား ဟမ်
သူများဆီကနေအမြတ်ကြီးစားထားတဲ့
ပိုက်ဆံတွေ ဘယ်မလဲ အခုထုတ်ပေး
ကြာတယ်ကွာ”
ပြောရင်းဆိုရင်း မတင်ဌေးလက်ထဲမှ
ငွေအိတ်အား လုယူတော့သည်။
“နင်လွှတ်နော် သက်ဖေ ကဲဟယ်”
“အား…”
မတင်ဌေးလည်း သက်ဖေ၏လက်အား
ကိုက်ဆွဲပစ်လိုက်သည့်အတွက် သက်ဖေ
အလွန်ဒေါသဖြစ်သွားပြီး
“တောက်”
“ခွေးမ နင်သေစမ်း”
“စွပ် စွပ် ”
“အင့်…”
“အောင်မယ်လေး အ အား”
“ကဲ မှတ်ပြီလား နင်လိုကောင်မဆီက
ငွေကိုဟောဒီလို ယူပစ်လိုက်လို့ရတယ်ဆိုတာ
သိထား”
မတင်ဌေးလက်ထဲမှလွတ်ကျသွားသော
ပိုက်ဆံအိတ်အား သက်ဖေကခြေထောက်ဖြင့်
ညှပ်ကာယူလိုက်ပြီး ထိုနေရာမှ
ထွက်သွားတော့သည်။
တောလမ်းနံဘေး၌ မတင်ဌေး၏ ခန္ဓာကိုယ်မှာ
သွေးအလိမ်းလိမ်းထွက်ကာ အသက်မဲ့စွာ
ကျန်နေခဲ့တော့သည်။
================
နောက်တစ်နေ့ မိုးလင်သည်နှင့်
တရွက်ငယ်ရွာလေး၌ လှုပ်လှုပ်ရှားရှား
ဖြစ်သွားလေသည်။
“ဟဲ့ မြင့်မေ မနေ့က နေ့ပြန်တိုးပေးတဲ့
မိတင်ဌေး အသတ်ခံရလို့တဲ့ ”
“ဟင်…ဟုတ်လား မစိုးရဲ့ ဘယ်သူက
သတ်သွားတာတုန်းတော့”
“ဒါတော့ ငါလည်းမသိဘူးအေ့
ရွာထဲကလူတွေ မနက်အစောပိုင်းက
အလောင်းကိုသွားကြည့်ကြတာ
လူတွေမှမနည်းကြဘူး သွားကြည့်ကြတာ”
“ဟုတ်လားဘယ်နားမှာအသတ်ခံရတာလဲ
မစိုးရဲ့”
“တို့ရွာ ကနေဟိုဘက်ရွာကို သွားတဲ့
တောလမ်းလေးလေ အဲ့အနားမှာ
အသတ်ခံရတာအေ့”
“အင်း စိတ်မကောင်းစရာပါ မစိုးရယ်
သူ့အမေ ဒေါ်တင်မေ တော့ရင်ကွဲနေရှာမှာပဲ”
“အေးဟဲ့ ငါသွားဦးမယ် နင်လည်း
သွားကြည့်မနေနဲ့ ဦး”
“စိတ်ချပါ မစိုးရယ် ကျွန်မမကြည့်ရဲပါဘူး”
မစိုးလည်း မြင့်မေအားနှုတ်ဆက်ပြီး
ထွက်သွားလေသည်။
==============
“အောင်မယ်လေး သမီးရဲ့
အဖြစ်ဆိုးလိုက်တာ ငါ့သမီးလေးရယ်
ငါ့သမီးကိုဘယ်လိုလူကများ ရက်ရက်စက်စက် အခုလို လုပ်ရက်ကြတာလဲ သမီးလေးရဲ့
အီး ဟီး ဟီး”
“စိတ်ကိုလျှော့ဦးမှပေါ့ ဒေါ်တင်မေရယ်
သေတဲ့သူကသေပြီပဲ မလား”
“ကျွန်မဝမ်းနည်းလွန်းလို့ပါတော်
ကျွန်မတို့မှာ ဒီသားအမိ၂ယောက်ပဲ
ရှိကြတာမလား အခုတော့ သမီးလေးက
ကျွန်မကိုတစ်ယောက်တည်းထားခဲ့ပြီလေ
သမီးလေးရေ ထကြည့်ပါဦး သမီးလေးရဲ့”
“ဒေါ်တင်မေ စိတ်ထိန်းပါဗျာ
ခင်ဗျားသမီးကိုသတ်တဲ့သူကို
ကျုပ်ကိုယ်တိုင်ဖမ်းပေးပါ့မယ်
စိတ်ချ ”
“သူကြီးရယ် ကျွန်မသမီးကိုသ_တ်သွားတဲ့သူကို
ကျွန်မလုံးဝမကျေနပ်ဘူး ဒင်းကိုမိလို့ကတော့
ကျွန်မကိုယ်တိုင် သ_တ်ရမှကျေနပ်မယ်တော့်
အီး ဟီး ဟီး”
================
မတင်ဌေး ၏နာရေးအားအဆင်ပြေစွာဖြင့်
ချနိုင်ခဲ့လေသည်။
သူကြီးဖြစ်သူလည်း ရွာထဲမှ ဆိုးပေ့မိုက်ပေ့ဆိုသော လူမိုက်များအား ခေါ်ယူစစ်ဆေးလေသည်။
“ဟေ့ကောင် သက်ဖေ မင်းမနေ့က
ဘယ်တွေသွားသေးလဲ ”
“ကျုပ် ဟိုဘက်ရွာကဖဲဝိုင်းသွားပြီးဖဲရိုက်တယ်
ဖဲဝိုင်းက
တိုက်တဲ့အရက်ကိုသောက်တယ်
ပြီးတော့အိမ်ကို ပြန်လာတယ် ဒါပဲ
ဒါနဲ့သူကြီးကဘာလို့ ကျုပ်ကိုဒီလိုတွေမေးနေတာလဲဗျ
ကျုပ်နားမရှင်းဘူး”
“အေး မင်းနားရှင်းအောင်ပြောရရင်
မနေ့က မတင်ဌေးအသ-တ်ခံရတာ မင်းလည်း
သိမှာပါ
မင်းမနေ့က ဟိုဘက်ရွာကို ဖဲသွားရိုက်တယ်
ပြီးတော့ မတင်ဌေးလည်း ဟိုဘက်ရွာကို
အကြွေးသွားတောင်းသေးတယ်ဆိုတော့
ငါမင်းကို မတင်ဌေးအသ-တ်ခံရတဲ့ ကိစ္စနဲ့
မင်းကိုသံသယဖြစ်နေမိတယ် သက်ဖေ”
“ဒီမယ် သူကြီး သူကြီးကကျုပ်ကို
လူသ-တ်တရားခံလို့ စွပ်စွဲနေတာလား
ဘယ်မလဲ သက်သေ သက်သေမရှိပဲ
လာစွပ်စွဲလို့ ဘယ်ရမလဲ မဟုတ်ဘူးလား
သူကြီး”
“ဟုတ်ပါတယ် ဒါပေမယ့် ငါက
ဒီရွာကိုအုပ်ချုပ်နေတဲ့ သူကြီး
ဒီရွာရဲ့ လူဆိုးလူမိုက်တွေကို
တာဝန်အရစစ်ဆေးမေးမြန်းရမှာ
ငါ့တာဝန်ပဲ မင်းပြောသလိုသက်သေမရှိသေးတော့ မင်းလို့ငါ အတတ်မပြောနိုင်သေးဘူး
ဒါပေမယ့် ငါစောင့်ကြည့်နေမယ်
မင်းသွားလို့ရပြီ”
“ကောင်းပါပြီ သူကြီး”
သက်ဖေလည်း စားပွဲခုံးအား လက်ထောက်လိုက်ပြီး ထလိုက်လေသည်။
ထိုစဉ် သက်ဖေ လက်မှ အကိုက်ခံရသည့်
သွားရာအား အမှတ်မထင် သူကြီးမြင်လိုက်လေသည်။
“ဒါနဲ့ သက်ဖေ မင်းလက်က ဒဏ်ရာက
ဘယ်လိုဖြစ်တာလဲ”
သူကြီးကမေးလိုက်သဖြင့် သက်ဖေတစ်ယောက်
အနည်းငယ်တုန်လှုပ်သွားလေသည်။
ထိုအမူအရာကို သူကြီးကောင်းစွာမြင်လိုက်ပါသည်။
“သြော် ဒါလား ဒီဒဏ်ရာက ကျုပ်အစ်ကိုကမွေးတဲ့ ကျုပ်တူမက ကိုက်တာ သူ့ကိုမုန့်ဝယ်
မကျွေးလို့တဲ့ဗျာ ”
“သြော် ဒီလိုလား အေးပါ ကောင်းပါပြီ”
သူကြီးလည်း အံ့သြသည့်အမူအရာဖြင့်
နေလိုက်လေသည်။
===============
“မိတုတ်ရေ မိတုတ်”
“ရှင် သူကြီးပါလား မိတုတ်ကိုခေါ်တာ
ဘာပြောမလို့လဲဟင် ”
“သြော် ဒီလိုပါ မိတုတ်ကို ဦးဦးက
မုန့်ကျွေးမလို့လေ ဟောဒီမှာ”
“ဟာ ဒါမိတုတ်စားချင်နေတဲ့ မုန့်ပဲ
ကျေးဇူးပါနော် မိတုတ်ကိုကျွေးလို့”
“ဒါနဲ့ မိတုတ်ကိုမေးရဦးမယ်
မိတုတ်အမှန်အတိုင်းပြောမှာလား”
“မိတုတ် အမှန်အတိုင်းပြောမှာပေါ့
လိမ်ရင် ငရဲကြီးတတ်တယ်တဲ့ အမေက
သင်ထားတယ်”
“ဒါဆို ဦးဦး မေးမယ် မိတုတ် မနေ့က
သမီး ဦးဦး ဦးသက်ဖေကို သွားနဲ့ကိုက်လိုက်သေးလား ”
“ဟင့်အင်း…မိတုတ်မကိုက်ပါဘူး
ဦးဦးသက်ဖေနဲ့ တွေ့တောင်မတွေ့ဘူး”
“အေးအေး ဘာရယ်မဟုတ်ပါဘူး
ဦးကဒီအတိုင်းသိချင်လို့မေးတာ
ဒီအကြောင်းကို မိတုတ်ဘယ်သူ့ကိုမှ
မပြောရဘူးနော် လိမ္မာတယ် နောက်လည်း
မုန့်ကျွေးဦးမယ် ဦးက”
“မိတုတ် ဘယ်သူ့ကိုမှမပြောပါဘူး ”
သူကြီးလည်း သက်ဖေ၏ တူမမိတုတ်အား သိလိုသမျှမေးပြီး ပြန်လာခဲ့တော့သည်။
==============
“အူ ဝူး ဝူး ဝူး”
“အူ ဝူ ဝူး”
“ဒီနေ့ညမှပဲ ခွေးတွေကအူလိုက်တာ လှမြိုင်ရာ”
“ခွေးတွေရဲ့ သဘာဝကိုက အူမယ် ဟောင်မယ်
မလား အထူးအဆန်းလုပ်လို့ ဖိုးတွတ်ရာ”
“ထူးဆန်းတာပေါ့ကွ မင်းနဲ့ငါ ရွာကင်းတဲ
စောင့်လာတာကြာပေါ့ ဒီနေ့ ညလောက်
ခွေးအူတာမင်းကြားဖူးလို့လားကွ”
“အေး အဲ့ဒါတော့ ဟုတ်တယ်ကွ
ဟူး ချမ်းလိုက်တာ ဖိုးတွတ်ရာ
အရက်လေးဘာလေး မပါဘူးလား”
“ဟ ကင်းစောင့်ပါတယ်ဆိုမှ ဘယ်ကအရက်ပါပါ့မလဲ လှမြိုင်ရ”
“ဒါဆို မင်းရွာထဲပြန်ပြီး အရက်တစ်ပုလင်း
လောက်သွားဝယ်ချေကွာ
ဒီပုံအတိုင်းဆို အတော်အေးမှာကွ
နည်းနည်းပါးပါး သောက်လိုက်မှ
နွေးသွားမှာ ဖိုးတွတ်ရ ”
“ဖြစ်ပါ့မလား သူကြီးသိရင် မင်းရောငါရော
မလွယ်ဘူး ”
“မင်းကလည်း လုပ်စမ်းပါကွာ ရှည်ကိုရှည်တယ်”
“ဒါဆို ခဏစောင့် ငါရွာထဲပြန်ပြီး
သွားဝယ်လိုက်ဦးမယ် ”
“အေးအေး မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”
“အေးပါ ငါသိပါတယ်”
ဖိုးတွတ်လည်း ကင်းတဲပေါ်မှဆင်းကာ
ရွာထဲထွက်သွားလေတော့သည်။
လှမြိုင်လည်း ကင်းတဲပေါ်၌ တစ်ယောက်တည်း
စောင့်ကာကျန်ခဲ့တော့လေသည်။
“အူ ဝူး ဝူး ဝူ ဝူး”
“တောက် ဘယ်ကသောက်ခွေးတွေက
ထထအူနေသလည်း မသိဘူး
အောင်မယ်လေး ကြက်သီးတောင်ထတယ်”
ထိုစဉ် ခပ်လှမ်းလှမ်းအမှောင်ရိပ်ဆီမှ
တရွေ့ရွေ့ လာနေသော လူတစ်ဦးအား
ကင်းတဲ့ပေါ်မှ လှမ်းမြင်လိုက်လေသည်။
“ဟင် ဒီအချိန်ကြီး ဘယ်သူများပါလိမ့်
တို့ရွာက လူတော့ဟုတ်ပါ့မလား ”
လှမြိုင်လည်း ဓာတ်မီးကို လက်တစ်ဖက်ကိုင်ပြီး
ကျန်လက်တစ်ဖက်မှ တုတ်ကိုကိုင်ထားပြီး
ကင်းတဲပေါ်မှကြည့်နေလိုက်သည်။
ထိုလူက တဖြည်းဖြည်းနှင့် ကင်းတဲ့အနီးသို့
ရောက်လာမှ အမျိုးသမီးဖြစ်မှန်း သိလိုက်ရလေသည်။
ထိုအမျိုးသမီး၏ သွားလာသောပုံစံမှာ
တစ်ခုခုကို အသည်းအသန်လိုက်လံရှာဖွေနေသည့်ပုံစံဖြစ်
သည်။
ကင်းတဲ့ပေါ်၌ ထိုင်နေသော လှမြိုင်ကိုလည်း
အာရုံမထားပဲ သွားလာလှုပ်ရှားနေပေသည်။
ထို့ကြောင့် လှမြိုင်လည်း မနေသာတော့ပဲ
ကင်းတဲပေါ်မှဆင်းလာပြီး
“ဟေ့ မင်းဘယ်သူလဲ ဘယ်ကလဲ
ဘာကြောင့်ဒီကင်းတဲအနားမှာ တဝဲလည်လည်လုပ်နေရတာလဲ”
လှမြိုင်၏ ပြောစကားကို ဂရုမစိုက်
လှမြိုင်ကိုလှည့်မကြည့်ပါပဲ
ရွာဘက်ကိုသာ မျက်နှာမူပြီး ရပ်ကြည့်နေလေသည်။
လှမြိုင်လည်း ကျွဲမြှီးတိုသွာကာ
“ဟေ့ ငါပြောနေတာမကြားဘူးလား
မင်းဘယ်သူလဲ”
လှမြိုင် စိတ်တိုကာ အော်ပြီးမေးလိုက်တော့သည်။
ထိုအခါမှ အမျိုးသမီးက လှမြိုင်ဘက်သို့
တဖြည်းဖြည်းလှည့်လာပြီး
“ငါ့နာမည် တင်ဌေး ငါ့ကိုသတ်သွားတဲ့ကောင်ကိုငါလာရှာတာဟဲ့”
“ဟင်…”
“တင် တင် တင်ဌေး သ သ သရဲ ”
“အား သရဲ သရဲ ”
သွေးအလိမ်းလိမ်းထွက်ကျနေသော
ကိုယ်ခန္ဓာ ရဲရဲတောက်နေသော မျက်လုံး
တစ်စုံ၏အကြည့်ကြောင့် လှမြိုင် အကြောက်လွန်ပြီး ထိုနေရာမှ ထွက်ပြေးကာ
ရွာထဲသို့ပြေးလာခဲ့လေသည်။
=============
“သရဲ သရဲ”
“ဟဲ့ လှမြိုင် ဘာဖြစ်လို့ အတင်းပြေးလာတာလဲ
ဘာဖြစ်လို့လဲ ”
ရွာထဲမှ လူများလှမြိုင်၏အော်သံကြောင့်
အိမ်အပြင်ထွက်လာကြပြီးမေးကြလေသည်။
“ဘာဖြစ်တာလည်း ဘယ်ကသရဲလဲ”
“ကျုပ် ကျုပ်ကို တင် တင်ဌေးခြောက်လို့ဗျ”
“ဟင်…တင်ဌေးဟုတ်လား ဘယ်မှာအခြောက်ခံရတာလဲ လှမြိုင်”
“ကျုပ်ရွာထိပ်မှာ ကင်းစောင့်နေတုန်း
ကင်းတဲနားမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတဲ့ မိန်းကလေးကိုမြင်တော့
ကျုပ်က ဘယ်သူလဲ ဘယ်ကလဲ မေးမိတယ်
ပထမတော့ သူကဘာမှပြန်မပြောဘူး
ရွာထဲကိုပဲ စိုက်ကြည့်နေတယ်
ဒါနဲ့ ကျုပ်လည်း စိတ်မရှည်တာနဲ့ ဒေါသနဲ့အော်ပြီးမေးလိုက်တော့
သူ့မျက်နှာက ကျုပ်ဘက်ကို လှည့်လာပြီး
ပြောတယ်ဗျ ငါ့ကိုသတ်သွားတဲ့ကောင်ကို
ငါလာရှာတာတဲ့ ငါ့နာမည် တင်ဌေး ဆိုပြီး
ပြောတယ်ဗျာ အသံကြီးကလည်း ဒေါသဖြစ်နေတဲ့အသံဗျ သူ့မျက်လုံးကြီးနှစ်လုံးကလည်း ရဲရဲတောက်နေတာပဲ ဒါနဲ့ ကျုပ်လည်း ကြောက်ပြီး ရွာထဲပြေးလာခဲ့တာပဲ”
“မင်းပြောပုံအရဆို တင်ဌေးက ရွာထဲဝင်ချင်နေပုံပဲ
ဝင်လို့မရလို့ ရွာပြင်မှာပဲ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေတာဖြစ်မယ်
ပြီးတော့ သူ့ကိုသတ်သွားတဲ့ကောင်ကို
လာရှာတာဆိုတော့ တို့ရွာထဲက
လူတစ်ယောက်ယောက်က သူ့ကိုသတ်သွားလို့
မကျေမနပ်ဖြစ်ပြီး ရွာထဲဝင်ချင်ပုံပဲ”
“ဘာတွေဖြစ်ကြတာလဲ”
“ဟာ သူကြီးလာတယ်ဟေ့ ”
“သူကြီး ရောက်လာပြီဟ”
“လှမြိုင် မင်းဘာဖြစ်လာတာလဲ”
“ဟို ဟို ”
“ဘာလဲ တဟိုဟိုနဲ့ လိုရင်းကိုပြောစမ်း”
“ဒီ ဒီလိုပါ သူကြီး”
လှမြိုင်လည်း သူကြီးအားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်
လေသည်။
“အေး မင်းပြောတဲ့ပုံအရဆို
တင်ဌေးကိုသတ်တာ တို့ရွာထဲကဆိုတာတော့
သေချာသွားပြီ ပြီးတော့ တင်ဌေးက
ရွာထဲကိုဝင်ချင်နေတာ ဝင်မရဖြစ်နေပုံပဲ
တင်ဌေးကိုသတ်သွားတဲ့သူကို
တင်ဌေးသာအသိဆုံးဆိုတော့
တင်ဌေးကို မေးရမယ် ဟုတ်ပြီ ဟုတ်ပြီ”
“သူကြီးက တင်ဌေးကိုဘယ်လိုမေးမှာလဲ
သူကသေပြီးသွားပြီလေ ”
“ငါ့မှာ နည်းလမ်းရှိပါတယ် မကြာခင်
သိရမှာပါကွာ”
ထိုသို့ပြောပြီး သူကြီးလည်းလှည့်ပြန်သွားလေသည်။
===============
နောက်တစ်နေ့ ရောက်တော့
“စိုးမောင်ရေ စိုးမောင်”
“ဗျာ သူကြီး ဘာခိုင်းချင်လို့လဲ သူကြီး”
“အေး ဒီကနေ့ပဲ ငါခရီးသွားစရာရှိတယ်
မင်းပါလိုက်ခဲ့ရမယ် ကြားလား
သွားပြင်စရာရှိတာပြင်တော့”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်လည်း သူကြီးခိုင်း၍သာ
ပြင်ဆင်လိုက်ရပေမယ့် ဘာမှနားမလည်ပဲရှိ
နေသည်။
“သူကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ”
“အေး ဒါဖြင့် သွားကြစို့ ရှင်မရေ
အိမ်ကိုသေချာကြည့်ဦး အပြင်တွေပဲ
ထွက်မနေနဲ့ မင်းခိုင်းချင်ရင် လှမြိုင်တို့ကို
ခေါ်ခိုင်းကြားလား”
“ကျုပ်သိပါတယ်တော့ ရှင်သာဂရုစိုက်ပြီးသွား”
“အေးပါ ကဲ ငါသွားပြီဟေ့”
ဤသို့ဖြင့် သူကြီးလည်း စိုးမောင်နှင့်အတူ ရွာမှထွက်ခဲ့ကြလေသည်။
============
သူကြီးနှင့်ကိုစိုးမောင် တို့ရွာသို့၂ရက်ခန့်
ကြာမှပြန်ရောက်လာကြလေသည်။
“ဟာ သူကြီးပြန်လာပြီ ဧည့်သည်လည်းပါလာတယ်”
လှမြိုင်မှ တအံ့တသြပြောလိုက်ခြင်းပင်။
“လာဦး လှမြိုင် ပစ္စည်းတွေကူချပေးဦး”
“ဟုတ်ကဲ့ လာပါပြီ သူကြီး”
“ဆရာ လှည်းပေါ်ကဖြည်းဖြည်းဆင်း”
ယောင်ထုံးအား ပုဝါ အဖြူလေးပေါင်းထားသည့်
အသက်၆၀ခန့် လူကြီးအား
သူကြီးမှ လှည်းပေါ်ကနေ ဆင်းရန်
ကူပေးလိုက်ကြလေသည်။
“ထိုင်ပါဦးရှင့် ဆရာလည်းပါလာတာပဲ”
“ရှင်မရေ ဒါ ငါ့အသိဆရာကြီး ဦးမင်းခိုင်တဲ့
စုန်း၊ကဝေ၊နာနာဘာဝ၊အောက်လမ်း
ဒါတွေကို ကုသပေးနေတဲ့ ဆရာကြီးလေ”
“သြော် ဟုတ်ကဲ့ ဆရာကြီးမင်္ဂလာပါ”
“မင်္ဂလာပါ ခင်ဗျာ”
“ဒါနဲ့ သူကြီး သူကြီးကပယောဂဆရာကြီးကို
ပင့်လာတယ်ဆိုတော့ ကိစ္စအထူးရှိလို့လား
သူကြီး”
“ဟ ရှိတာပေါ့ လှမြိုင်ရ ”
“ဘာကိစ္စများတုံး သူကြီးရ”
“နောက်တော့ မင်းသိမှာပါ လှမြိုင်ရာ”
“ဟုတ်ကဲ့ သူကြီး”
“ဒါနဲ့ သူကြီးပြောတဲ့ ကလေးမက
အသတ်ခံရတာ ဘယ်နှရက်လောက်ရှိနေပြီလဲ”
“ဒီကနေ့နဲ့ဆို ၄ရက်လောက်တော့ရှိပါပြီဆရာကြီး”
“ဒါဆိုရင် ဒီကနေ့ညပဲ အစီအစဉ်ကို
အကောင်အထည်ဖော်ကြတာပေါ့
သူကြီး”
“ဟုတ်ကဲ့ ဆရာကြီး ဆရာကြီးလိုတာအကုန်ပြောပါကျွန်တော်
အားလုံးစီစဉ်ပေးပါ့မယ်ခင်ဗျာ”
“ဘာတွေလိုအပ်လည်းဆိုတော့
ကန်တော့ပွဲအတွက်လိုအပ်တာအားလုံးစီစဉ်ပေးပါ ပြီးတော့ သတ္တိရှိတဲ့လူ သုံးလေးယောက်လောက်
လိုချင်တယ်ပြီးတော့ နတ်ဝင်သည်တစ်ယောက်ကိုပါ ခေါ်ပေးနိုင်မလား သူကြီး”
“သိပ်ဖြစ်တာပေါ့ ဆရာရယ် အားလုံးဖြစ်စေရပါ့မယ်
စိုးမောင် မင်းက ကန်တော့ပွဲအတွက်လိုအပ်တာမှန်သမျှအားလုံး
ဝယ်ထား လှမြိုင် မင်းက ရွာတောင်ပိုင်းက
နတ်ဝင်သည် မိမျိုးကို သူကြီးကညနေစောင်းရောက်အောင်လာခဲ့
လို့ပြောကြားလား”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်နှင့်လှမြိုင်တို့၂ယောက်သား
ပြိုင်တူဖြေလိုက်ကြလေသည်။
===============
“သူကြီးရေ သူကြီး”
“ဟာ လာဟေ့ မိမျိုး လာလာ”
“ထိုင် မိမျိုး”
“သူကြီးကျွန်မကိုခေါ်တယ်ဆိုလို့ ”
“အေး ဟုတ်တယ်ဟ ငါနင့်ကိုအကူအညီ
တောင်းချင်လို့ဟ”
“ဘာများတုန်း သူကြီးရဲ့ ကျွန်မကူညီနိုင်တာဆိုရင်
ကူညီတာပေါ့ရှင်”
“အေး ကျေးဇူးပါဟာ နင်ဘာလုပ်ရမလဲဆိုတာ
ဟောဒီကဆရာကြီး ဦးမင်းခိုင်က
ပြောပါလိမ့်မယ်”
“အင်း ဒီလိုပါ တူမကြီးရဲ့ ညကြရင်
အစီအရင်တစ်ခုအတွက် တူမကြီးက
ကြားခံအနေနဲ့ ဝင်ရောက်ပူးကပ်ခြင်း
ခံပေးရမှာပါ ဆရာတို့ကိုကူညီနိုင်မလားကွယ်”
“သြော် ရပါတယ်ရှင် မိမျိုး ကူညီနိုင်ပါတယ်
ဒါမျိုးတွေက မိမျိုး လုပ်နေကြပဲဟာကို”
“ကျေးဇူးတင်ပါတယ် မိမျိုးရယ်”
“ရပါတယ် သူကြီးရယ် မလိုပါဘူး
ဒါနဲ့ဘာအတွက်ကြောင့် ဒီလိုလုပ်တာလည်း
သူကြီးရှင့်”
“ဒါတွေညကြသိရမှာပါ မိမျိုး အဲ့အခါကြမှ
နင်အားလုံးနားလည်သွားပါလိမ့်မယ်”
“သြော် ဟုတ်ကဲ့ သူကြီး ဒါဆိုကျွန်မပြန်ဦးမယ်
အိမ်မှာလုပ်စရာလေးတွေရှိသေးလို့
ညမှတစ်ခေါက်ပြန်လာခဲ့မယ်နော် သူကြီး”
“အေးအေး နင်သာရောက်အောင်လာခဲ့”
“စိတ်ချ သူကြီး စိတ်ချ”
===============
ည၇နာရီခန့်ရောက်တော့ သူကြီး
ဆရာကြီးဦးမင်းခိုင်။စိုးမောင်၊လှမြိုင်နှင့်
နတ်ဝင်သည် မိမျိုးတို့ ရွာအပြင်သို့ထွက်လာခဲ့ကြလေသည်။
“ကိုင်း ကန်တော့ပွဲကို ယူလာတဲ့စားပွဲခုံပေါ်ကိုတင်ထားလိုက်
ဖယောင်းတိုင်နဲ့အမွှေးတိုင်းကိုထွန်းလိုက်ကြ”
“ဟုတ်ကဲ့ ဆရာကြီး”
စိုးမောင်နှင့်လှမြိုင်လည်း ဆရာကြီးဦးမင်းခိုင်
ခိုင်းသည့်အတိုင်းလုပ်ပေးကြလေသည်။
“ငါ့တူမကြီး စတော့မယ် အဆင်သင့်ပြင်ထားပါ”
“ဟုတ်ကဲ့ ဆရာကြီး”
မမိမျိုးလည်း ဆံပင်အားဖားလျားချထားလိုက်ပြီးစိတ်ကို
လျှော့ထားလိုက်လေသည်။
ထို့နောက်တွင်ဆရာကြီးက အောင်မြင်သော
လေသံဖြင့် ရွတ်ဆိုလိုက်လေသည်။
“အထက်ဆရာကြီးများရဲ့ အမိန့်
ငါဆရာ၏အမိန့်ဖြင့် ကွယ်လွန်သူ မတင်ဌေး၏
ဝိညာဉ်အား ဆင့်ခေါ်တယ် မဆိုင်သူ တစ်ဦးတစ်ယောက်မှ မနှောင့်ယှက်စေရ အမိန့်
ရွာတော်များလည်း တားဆီးခြင်းမပြုစေရ
ငါဆရာ ၏စေခိုင်းချက်အရ မတင်ဌေး၏
ဝိညာဉ်အားတားဆီးခြင်းမပြုရ ”
သူကြီးနှင့်စိုးမောင်၊လှမြိုင်တို့ မျက်လုံးအဝိုင်းသားဖြင့် ဟိုကြည့်သည်ကြည့်
လိုက်လံရှာဖွေကြည့်ရှုနေကြလေသည်။
“ဝူး ဝူး ရွဲ ရွဲ ရွဲ”
ရုတ်တရက် လေပြင်းခပ်သဲ့သဲ့တိုက်ခက်သွားပြီးနောက်
နတ်ဝင်သည်မမိမျိုး ၏ကိုယ်ခန္ဓာတစ်ခုလုံး
တုန်ရင်လာကာ
“မကျေနပ်ဘူး မကျေနပ်ဘူးဟေ့”
“ဟာ”
“အလိုလေး”
“ဗုဒ္ဓေါ”
သူကြီးတို့၃ဦးသား ပါးစပ်အဟောင်းသားဖြင့်
တအံ့တသြကြည့်နေမိသည်။
“အခုဝင်ရောလာတာ ဘယ်သူလဲဟေ့
မတင်ဌေးဟုတ်သလား”
ဆရာကြီးဦးမင်းခိုင်က လေသံခပ်ပြတ်ပြတ်မေး
လိုက်လေသည်။
“အင်း…”
ဆရာကြီး၏မေးခွန်းအား ဝင်ရောက်ပူးကပ်ခြင်းကို
ခံနေရသော မိမျိုးက ခေါင်းညှိတ်ပြရင်း
“အင်း” ဟုတစ်ခွန်းတည်းဖြေလိုက်လေသည်။
“ဒါဆို ဆရာမေးမယ် မင်းကိုသတ်တာဘယ်သူလဲ
မင်းကိုသတ်တဲ့သူကို ဆရာတို့ကိုပြပေးနိုင်မလား”
“အင်း ဟင်း ဟင်း”
ဆရာကြီး၏အမေးအား “အင်း ဟင်းဟင်း”ဟု
ဖြေကာရွာထဲသို့ ကြောက်စရာကောင်းသော
မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပေသည်။
“ဒါဖြင့် ကောင်းပြီ မင်းကိုသတ်တဲ့သူကို
ဆရာကြီးတို့ကို လိုက်ပြပါ”
“ဟား ဟား ဟား ဟား ”
“အီး ဟီး ဟီး”
“ဘုတ် ဘုတ် ဘုတ်”
“ဟာပြေးပြီ ဆရာကြီး ပြေးပြီ”
မတင်ဌေးဝင်ရောက်ပူးကပ်ခြင်းအား
ခံနေရသော နတ်ဝင်သည်မမိမျိုးတစ်ယောက်
ဒေါသတကြီးဖြစ်ကာ တရွက်ငယ်ရွာလေးထဲသို့
သုတ်ခြေတင်ပြေးဝင်သွားလေတော့သည်။
“လာ ဆရာကြီးတို့ သူ့နောက်ကိုလိုက်ရမယ်”
“ဟုတ်ကဲ့ ဆရာကြီး”
သူကြီးနှင့်လှမြိုင်၊စိုးမောင် တို့တပြိုင်နက်
ဖြေလိုက်ကြပြီး ရွာထဲသို့ပြေးဝင်သွားသော
နတ်ဝင်သည်မိမျိုးနောက် လိုက်လာကြလေသည်။
မတင်ဌေးဝင်ပူးခြင်းအားခံနေရသော
မိမျိုးတစ်ယောက် ရွာထဲဆီသို့ပြေးလာပြီး
တစ်အိမ်ပြီးတစ်အိမ် ကျော်လာခဲ့ပြီးနောက်
ကိုသက်ဖေ၏အိမ်ရှေ့ရောက်မှ ရပ်တန့်သွားလေတော့သည်။
“သူကြီး သူသက်ဖေတို့အိမ်ရှေ့မှာ
ရပ်နေတယ်”
“အေး ဟုတ်တယ်ကွ လာလာခပ်မြန်မြန်”
ရွာထဲမှ လူများလည်း သူကြီးနှင့်သူ၏တပည့်များ
ဆရာကြီးဦးမင်းခိုင် နတ်ဝင်သည်မမိမျိုးတို့အား မြင်ပြီးစူးစမ်းလိုစိတ်များကြောင့်
အိမ်ထဲမှ ကိုယ်စီကိုယ်စီအပြင်ထွက်
ကြည့်နေကြလေသည်။
…………………………
“သက်ဖေ နင်ထွက်လာခဲ့စမ်း သက်ဖေ”
“ဟေ့ဘယ်သူလဲ ငါ့အိမ်ရှေ့လာပြီး
အော်ဟစ်နေတာ”
ကိုသက်ဖေလည်း အိမ်ထဲမှထွက်လာပြီး
သူ့အားရန်တွေ့နေသော သူအားသိရန်
အိမ်အပြင်သို့ထွက်လာခဲ့သည်။
“ဟင်…နတ်ကတော် မိမျိုးပါလား
ဘာကိစ္စ ငါ့အိမ်ရှေ့လာပြီး အော်နေတာလဲ
ဒါနင့်လင်အိမ်မဟုတ်ဘူး နားလည်လား”
“ဟား ဟား ဟား ငါမိမျိုးမဟုတ်ဘူး
ကောင်စုတ်ရဲ့ ငါဘယ်သူလည်း နင်သိလား”
“နင်က မိမျိုးမဟုတ်လို့ ဘာလဲ
ဘယ်သူလဲပြောလေ ”
“ငါ့နာမည် တင်ဌေးဟေ့ တင်ဌေး”
“ဟင်…”
“နင်ငါ့ကိုသတ်ခဲ့တယ် နင်ငါ့ကိုသတ်ခဲ့တာလေ
နင်မေ့နေပြီလား”
“မ မ မဟုတ်ဘူး နင့်ကိုဘယ်မှာ
ငါသတ်လို့လဲ ငါ့ကိုမဟုတ်တာတွေ
လာမပြောနဲ့ ”
နတ်ဝင်သည်မိမျိုးနှင့်ကိုသက်ဖေတို့
ပြောဆိုနေသောစကားများအား
ရွာထဲမှလူများ သူကြီးနှင့်တပည့်များ
ဆရာကြီးဦးမင်းခိုင်တို့ စိတ်ဝင်တစား
ကြည့်နေကြလေသည်။
“နင်ငါ့ကိုရွာအစပ်တောရိုးနားမှာ
ဓါးနဲ့_ထိုး_သ_တ်ခဲ့တာနင်မေ့နေပြီလား”
“မ မဟုတ်ဘူးနော် မိမျိုး နင်လျှောက်မပြောနဲ့”
“ဘာမိမျိုးလဲ ငါတင်ဌေးပဲ နင်ငါ့ဆီက
ငွေတွေလုနေတုန်း ငါနင့်လက်ကို
ကိုက်ခဲ့တာနင်သိတယ်မလား
နင့်လက်မှာ သွားကိုက်ရာအခုထိ ရှိနေတယ်မဟုတ်လား သက်ဖေ”
“မောင်သက်ဖေ မင်းမလိမ်ချင်ပါနဲ့တော့
မင်းလက်ကသွားကိုက်ရာက သက်သေပဲ
မင်းတူမ မိတုတ်ကိုလည်း ငါမေးပြီးပြီ
သူကိုက်တာမဟုတ်ပါဘူးတဲ့
မင်းထပ်မလိမ်ပါနဲ့တော့ ဝန်ခံလိုက်တာ
မင်းအတွက်အပြစ်လျော့စေမှာပါ
မောင်သက်ဖေ မင်း မတင်ဌေးကို
သတ္ခဲ့တာမလား”
“နင်ငါ့ကိုသ-တ်ခဲ့တယ် သက်ဖေ ငါ့ကိုနင်
သ-တ်တာ”
ထိုသို့ပြောပြီး နတ်ဝင်သည်မိမျိုးအား
ဝင်ရောက်ပူးကပ်နေသော မတင်ဌေးလည်း
ထွက်ခွာသွားတော့သည်။
“သတိရအောင် လုပ်လိုက်ကြဦး လဲသွားပြီ”
“မိမျိုး ဟဲ့မိမျိုး ”
“ရော့ ရေမန်းလေးတောက်လိုက်”
လူတစ်ယောက်မှရေမန်းခွက်အား
ပေးသဖြင့် မိမျိုး၏မျက်နှာအားတောက်လိုက်ကာမှ
“အင်း ဟင်း ‘
“သတိရလာပြီ သတိရလာပြီ”
“ဘာဖြစ်နေကြတာလဲဟင်”
မိမျိုးတစ်ယောက် လူတွေဝိုင်းအုံနေ၍ဘာဖြစ်မှန်းမသိ၍
မေးလိုက်လေသည်။
“နင့်ကို တင်ဌေးဝင်ပူးတာဟဲ့ ”
“ဟုတ်တယ်ဟဲ့ နင့်ကိုတင်ဌေးဝင်ပူးသွားတာ
သက်ဖေက တင်ဌေးကိုသတ်လိုက်တာလို့
ပြောသွားတယ်”
“သြော် ဒီလိုလား”
“ဝန်ခံလိုက်ပါ သက်ဖေ မင်းမသတ်ပဲ
မတင်ဌေးကဝင်ပူးပြီးပြောပါ့မလားကွ”
“ဟုတ်တယ် ဟုတ်တယ် မင်းသ-တ်တာပဲ
မဟုတ်လား”
“အခုကတည်းကဝန်ခံလိုက်တာ
အကောင်းဆုံးပဲ မောင်သက်ဖေ”
ရွာထဲမှလူများက တစ်ယောက်တစ်ခွန်း
ဝိုင်းပြောနေကြလေသည်။
ထိုအခါမှ ကိုသက်ဖေက
“ဟုတ် ဟုတ်ပါတယ်သူကြီး ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော် မတင်ဌေးကိုသတ်ခဲ့မိပါတယ်
ကျွန်တော့်ရဲ့အမှားတွေပါ
ဖဲကြွေးတွေနစ်ပြီး ကြံရာမရတဲ့အဆုံး
အခုလိုလုပ်ခဲ့မိတာပါ သူကြီး”
“ဟင်”
“ထင်တော့ထင်သားပဲ သူမသ-တ်လို့
ဘယ်သူကသ-တ်မှာလဲအေ”
ရွာထဲမှအမျိုးသမီးများ တစ်ယောက်တပေါက်
ပြောဆိုနေကြလေသည်။
“ကိုင်း မင်းလည်းမင်းအပြစ်ကို
ဝန်ခံပြီးပြီဆိုတော့ ငါလည်းလုပ်စရာရှိတာ
လုပ်ရမှာပဲ သက်ဖေ လာငါ့အိမ်ကို
မင်းလိုက်ခဲ့ရမယ် ဟေ့ကောင်တွေ
သက်ဖေကိုခေါ်ခဲ့ကြ”
“ဟုတ်ကဲ့ သူကြီး”
ကိုသက်ဖေအား စိုးမောင်နှင့်လှမြိုင်တို့က
လက်မှချုပ်ကိုင်ပြီး သူကြီးအိမ်သို့ခေါ်လာခဲ့ကြလေသည်။
…………………………
“သူ့ကိုထိပ်တုံး ခက်လိုက်ကြ မနက်လင်းမှ
သူ့ကိုမြို့ ကစခန်းကိုပို့ပြီးအရေးယူ ထောင်ချခိုင်းမယ်”
“ဟုတ်ကဲ့ သူကြီး လာသက်ဖေ”
“အင်း သက်ဖေ သက်ဖေ ဖဲလောင်းကစားကြောင့်
မင်းမလုပ်သင့်တာလုပ်ပြီး
မဖြစ်သင့်တာတွေဖြစ်ရပြီမဟုတ်လား”
“ဟုတ်တယ် သူကြီးရေ လူတွေက
မလုပ်သင့်တာတွေလုပ် မကြံကောင်းတာတွေကြံပြီး
အခုလိုမဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပေါ့ဗျာ”
“ဆရာကြီး ကူညီလို့ အခုလိုအဖြစ်မှန်ပေါ်ပေါက်သွားရတဲ့အတွက်
ဆရာကြီးကိုကျေးဇူးတင်ပါတယ်ဗျာ”
“မလိုပါဘူး သူကြီးရယ် ဒါတွေက
အမှန်တရားတွေပဲလေ အမှန်တရားကို
ဘယ်သူမှကြာကြာဖုံးဖိမထားနိုင်ကြပါဘူးလေ”
“ဒါနဲ့ ဆရာကြီးရေ အခုအားလုံးလည်း
့ပြီးသွားပြီဆိုတော့ ဆရာကြီး ဘယ်နေ့လောက်
ပြန်ဖို့စဉ်းစားထားလည်းခင်ဗျ”
“သူကြီးက ဆရာ့ကိုပြန်စေချင်နေပြီလား”
“ဟား ဟား ဟား မဟုတ်ရပါဘူး
ဆရာကြီးရယ် ကျွန်တော်ကမေးကြည့်ရုံပါ
ဆရာကြီးသာနေမယ်ဆိုရင် တစ်သက်လုံးလည်း
နေလို့ရပါတယ်ဗျာ”
“စတာပါဗျာ ဆရာလည်း သန်ဘက်ခါ
ပြန်မယ်လို့စိတ်ကူးထားတယ်
ဟိုမှာလည်း လုပ်စရာလေးတွေကရှိနေသေး
တယ်မလား”
“ဆရာကြီးပြန်ရင် လိုက်ပို့ပါရစေဗျာ”
“ကောင်းပါပြီဗျာ ကောင်းပါပြီ”
================
နောက်တစ်နေ့ ရောက်သည်နှင့်
တရွက်ငယ်ရွာသူကြီးနှင့်ရွာမှ လူများက
မတင်ဌေးအားရက်ရက်စက်စက်
သ_တ်ခဲ့သော ဖဲသမားကိုသက်ဖေအား
မြို့ မှ စခန်းသို့ပို့ကာ လူသ-တ်မှုဖြင့်
အရေးယူစေခဲ့ကြလေသည်။
================
“သာဓု သာဓု သာဓု စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဆရာကြီးရှင်
ဆရာကြီးကူညီလို့ ကျွန်မသမီးလေးကို
သ-တ်သွားတဲ့ သူကိုလည်း ဖမ်းမိခဲ့ပါပြီ
ဆရာကြီးကိုကျေးဇူးအထူးတင်လို့ ဒီပစ္စည်းလေးတွေနဲ့လာကန်တော့ရတာပါ
ဆရာကြီးရှင် ”
“ရပါတယ်ဗျာ ရပါတယ်
ဒီရွာရဲ့ နွေးထွေးတဲ့စေတနာမေတ္တာတွေနဲ့တင်
လုံလောက်ပါပြီ”
“လှမြိုင်ရေ ဆရာကြီးကိုလိုက်ပို့ဖို့ လှည်းအဆင်သင့်လုပ်ထားကွာ”
“လုပ်ထားပြီးပါပြီ သူကြီး အားလုံးအဆင်သင့်ပါပဲ”
“အေးအေး”
“ကဲ ပြန်ဦးမယ် သူကြီးရေ ကံမကုန်ရင်ပြန်ဆုံကြဦးစို့ ”
“ဆုံနိုင်ပါစေဗျာ ဆုံနိုင်ပါစေ”
ဆရာကြီးဦးမင်းခိုင်လည်း တရွက်ငယ်ရွာမှ
နှုတ်ဆက်ကာပြန်သွားတော့လေသည်။
သူကြီးလည်း ဆရာကြီး၏အကူအညီဖြင့်
သူဖော်ထုတ်ချင်နေသော လူသတ်တရားခံကို
လည်းအမြန်ဆုံးဖော်ထုတ်နိုင်ခဲ့ပေပြီဖြစ်သည်။
အသ-တ်ခံရသည့် မတင်ဌေးတစ်ယောက်လည်း
ဆရာကြီးအကူအညီကြောင့် အမှန်တရားကို
ပြောပြနိုင်ခဲ့ကာ တမလွန်ဘဝ၌ အေးချမ်းစွာနေနိုင်ခဲ့ပြီဖြစ်လေသည်။
ပြီးပါပြီ…

Crd to-အောင်ဓူဝံ

ညစောင့်ကြီး (စဆုံး)(၁)"တောင်းပန်ပါတယ်ကွာ၊ မင်းကိုငါတို့ဆီမှာ အလုပ်မခန့်နိုင်ဘူး"သားကြီးတစ်ယောက်ထိုစကားကိုကြားသည့်အခါ အလွ...
27/04/2024

ညစောင့်ကြီး (စဆုံး)

(၁)

"တောင်းပန်ပါတယ်ကွာ၊ မင်းကိုငါတို့ဆီမှာ အလုပ်မခန့်နိုင်ဘူး"

သားကြီးတစ်ယောက်ထိုစကားကိုကြားသည့်အခါ အလွန်စိတ်ဓါတ်ကျသွားလေသည်။

"ဘာဖြစ်လို့လဲဦးလေး၊ အလုပ်ခေါ်စာမှာရေးထားတဲ့ အချက်အလက်တွေအကုန်လုံးနဲ့ ကျုပ်နဲ့က ပြည့်စုံနေပါတယ်၊ ကျုပ်ကိုဘာဖြစ်လို့ အလုပ်မခန့်ရတာလဲဆိုတာကို ဦးလေးပြောပြနိုင်မလား"

စက်ရုံမှူးက သားကြီးအားတစ်ချက်ကြည့်လိုက်ပြီး

"ငါတို့စက်ရုံမှာ သူခိုးတွေကိုအလုပ်မခန့်ဘူး"

သားကြီးတစ်ယောက် စိတ်ထဲထောင်းခနဲဒေါသထွက်သွားသည်။

"ဘာရယ်ဗျ"

"မင်း ခိုးမှုကျူးလွန်ပြီးတော့ ထောင်ကထွက်လာတာ ငါတို့သိပါတယ်ကွ၊ ဒါကြောင့်မင်းကိုတို့စက်ရုံမှာ မင်းကိုအလုပ်မခန့်နိုင်ဘူး၊ ကဲကဲ ငါတို့လည်းမအားသေးဘူး၊ မင်းပြန်ပါတော့"

သားကြီးတစ်ယောက်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီးနောက် ထိုင်ခုံမှငေါက်ခနဲထကာ အခန်းအတွင်းမှထွက်လာခဲ့တော့သည်။ စက်ရုံမှထွက်လာရင်း အပြင်သို့ေရောက်သည့်အခါ မိမိဘဝကိုယ်မိမိ အလွန်စိတ်ပျက်လျှက် ခေါင်းငိုက်စိုက်ချကာ လမ်းလျေျာက်လာခဲ့မိသည်။ သားကြီးလက်ထဲတွင် ဖိုင်တစ်တွဲရှိပြီး ထိုဖိုင်တွဲအတွင်းတွင်တော့ အလုပ်လျှောက်ရန်အတွက် ကိုယ်ရေးရာဇဝင်နှင့် အချက်အလက်များကို သုံးလေးစုံအပိုထည့်ထားသေးသည်။

"ဝန်ထမ်းအလိုရှိသည်"

ဆိုင်းဘုတ်တစ်ခုတွေ့သဖြင့် သားကြီးတစ်ယောက် ထိုဆိုင်အတွင်းသို့ဝင်လိုက်တော့သည်။ ဆိုင်မှာ ကားအပိုပစ္စည်းများရောင်းချသည့်ဆိုင်ကြီးတစ်ဆိုင်ဖြစ်နေလေသည်။ သားကြီးလည်း ဆိုင်မန်နေဂျာထံသို့သွားပြီး အလုပ်လျှောက်ချင်ကြောင်းပြောဆိုကာ ကိုယ်ရေးအချက်အလက်ဖောင်တစ်စောင်ထုတ်ပေးလိုက်လေသည်။ ဆိုင်မန်နေဂျာက သားကြိးအား စူးစူးစိုက်စိုက်ကြည့်ရင်း

"မင်းကိုငါတို့အလုပ်မခန့်ဘူး၊ မင်းရဲ့ အလုပ်လျှောက်တဲ့ဖောင်ကို ပြန်ယူသွားပါ"

သားကြီးမှာ လက်ထဲတွင် စာရွက်စာတမ်းများကိုင်ကာ ငေးကြောင်နေမိသည်။ မန်နေဂျာမှာ သူ၏အချက်အလက်များကို မကြည့်ရသေးခင်မှာပင် သူ့အားငြင်းပယ်လိုက်သည်ကို အလွန်အံ့သြနေမိသည်။

"ကျုပ်ကိုပေးတဲ့တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်မှာပါဗျာ၊ ကျုပ်အလုပ်မှာလည်း မခိုမကပ်ပါဘူး၊ နောက်ပြီးတော့ ခင်ဗျားတို့ခိုင်းတာအကုန်လုံးကိုလုပ်ပါ့မယ်"

မန်နေဂျာက တစ်ချက်ညည်းတွားလိုက်ကာ

"ဒီမှာ အောင်မျိုး၊ မင်းကိုငါတို့အလုပ်မခန့်ပါဘူးဆိုနေမှကွာ"

"ခင်၊ ခင်ဗျားက ကျုပ်ကိုသိတယ်တဲ့လား"

မန်နေဂျာက သူ့အားစိုက်ကြည့်လိုက်ရင်း

"ဒီမှာ၊ မင်းက ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ထောင်ကျပြီး အခုမှပြန်လွတ်လာတာကို ငါတင်မကဘူး တစ်မြို့လုံးသိတယ်ကွ၊ မင်းလိုလက်ဆော့ခြေဆော့ရှိတဲ့ကောင်ကို ငါ့အလုပ်မှာခန့်စရာလား"

သားကြီးတစ်ယောက် ခေါင်းကိုဆတ်ခနဲညိတ်လိုက်ပြီးနောက် စာရွက်စာတမ်းများကိုဖိုင်အတွင်းသို့ပြန်ယူထည့်လိုက်ကာ ထိုနေရာမှ လှမ်းထွက်လာခဲ့သည်။ ကားများ၊ ဆိုင်ကယ်များ တဝီဝီသွားနေသည့် လမ်းမဘေးတွင် တစ်ယောက်တည်း ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေမိသည်။ မြောင်းကူးတံတားကလေးတစ်ခုအနီးအရောက်တွင် ရေအပြည့်နှင့်စီးဆင်းနေသည့် မြောင်းကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လက်ထဲတွင်ကိုင်ထားသည့် ဖိုင်တွဲအား ထိုမြောင်းအတွင်းသို့ပစ်ချလိုက်လေတော့သည်။ စာရွက်စာတမ်းများက ဖိုင်အတွင်းမှ တိုးထွက်သွားကြကာ မြောင်းရေပြင်တွင်ပြန့်ကျဲကုန်လေသည်။

သို့နှင့်သားကြီးတစ်ယောက် မိမိနေထိုင်ရာ ရပ်ကွက်ကလေးဆီသို့ပြန်လာခဲ့သည်။ အိမ်သို့မရောက်မီ တစ်လမ်းကျော်လမ်းထိပ်သို့ရောက်သည့်အခါ ဆိုင်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုဆိုင်မှာ သံတိုသံစများ၊ ပုလင်းခွံများပြန်ဝယ်သည့် ဆိုင်ကြီးဖြစ်သည်။ ဆိုင်ကြီးမှာအတော်အတန်ကြီးမားကာ ဂိုထောင်ကြီးတမျှဖြစ်နေသည်။ ဆိုင်တွင်လည်း အလုပ်သမားလေးများအတော်များများရှိကာ ပုလင်းရွေးခြင်း၊ သံတိုသံစများကိုချိန်တွယ်နေကြရင်းနှင့် အလုပ်ရှုပ်နေကြသည်။ သားကြီးတစ်ယောက် တွေဝေငေးမောစွာနှင့် ဆိုင်နဖူးစီးတွင်တပ်ထားသည့် ဆိုင်းဘုတ်တစ်ခုကိုဖတ်ကြည့်လိုက်သည်။

"ဟေ့၊ သားကြီးပါလား"

ထိုအခါ ဆိုင်အတွင်းမှလူတစ်ယောက်က ပြုံးရွှင်ရယ်မောကာ ပြေးထွက်လာလေသည်။ ထိုလူမှာ ကုလားတစ်ယောက်ဖြစ်ပြီး ဆံပင်ကောက်ကောက်၊ မုတ်ဆိတ်မွှေးကောက်ကောက်များရှိကာ အပေါ်တွင် ရှပ်အကျီအကောင်းစားတစ်ထည်ကိုဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်တော့ ပလေကပ်ပုဆိုးအပြာရောင်ကွက်ကို ဝတ်ဆင်ထားသည်၊ သားကြီးက ထိုသူအား စိုက်ကြည့်လိုက်ပြီးနောက်

"ဘာလဲဆာမိ"

"မင်းပြန်လွတ်လာပြီလို့ကြားလို့ကွ၊ ငါလည်းအလုပ်များနေလို့ မင်းဆီကိုတောင်မလာဖြစ်ပါဘူးကွာ"

"မင်းလာစရာမလိုဘူးဆာမိ၊ ငါကလည်းမင်းကိုမတွေ့ချင်ဘူး"

ဆာမိဆိုသည့် ကုလားကြီးကရယ်မောကာ

"မင်းကလည်း စိတ်ကြီးပဲကွာ၊ ဒါနဲ့ မင်းအလုပ်ရှာနေတယ်ဆို၊ ဟိုတစ်နေ့က ရွှေခင်က ငါ့ကိုပြောပြတယ်၊ မင်းအတွက်အလုပ်တစ်နေရာများရှိမလားတဲ့"

သားကြီးက တောက်တစ်ချက်ခေါက်လိုက်လေသည်။

"မင်းဆီမှာ ငါသေတာတောင်မလုပ်ဘူးကွာ"

ဆာမိက သက်ပြင်းချလျှက်

"မင်းစိတ်ကူးမလွဲပါနဲ့ကွာ၊ မင်းလိုလူတစ်ယောက်ကို ဘယ်သူကအလုပ်ခန့်မှာလဲကွ၊ မင်းနောက်ဆုံးကြံရာမရရင်တော့ ငါ့ဆီကိုလာခဲ့ကွာ၊ ဒီမှာပုလင်းရွှေး၊ သံထုဝင်လုပ်ပေါ့၊ စားဖို့သောက်ဖို့တော့ ရတာပေ့ါကွာ၊ အေး၊ တစ်ခုရှိတာကတော့ အရင်လိုလက်ဆော့ခြေဆော့မလုပ်နဲ့တော့ပေါ့ကွာ"

သားကြီးမှာ ဒေါသထွက်ထွက်နှင့် ဆာမိ၏အင်္ကျီစအားလက်ဖြင့်ဆွဲလိုက်ကာ

"ဟေ့ကောင် ဆာမိ၊ မင်းငါ့ကိုဘာလို့ဒီလိုစကားတွေပြောနေတာလဲဆိုတာ ငါသိတယ်နော်၊ ငါ့သည်းခံနိုင်စွမ်းကို မင်းလာစမနဲ့"

"ဟား၊ ဟား စိတ်ထိန်းပါသားကြီးရာ၊ အခုမှ ထောင်ကထွက်လာတာတောင် တစ်လမပြည့်သေးဘူး၊ ငါ့ကိုရိုက်ပြီး ထောင်ထဲထပ်ဝင်ချင်သေးလို့လားကွာ"

သားကြီးတစ်ယောက်တွေဝေသွားကာ ဆာမိအကျီစကိုလွှတ်လိုက်တော့သည်။ ဆာမိက သူ့ရှပ်အကျီကိုလက်နှင့်ပွတ်သပ်ရင်း

"ဒါထက် မင်းမိန်းမက ရွှေခင်ကိုပြောလိုက်စမ်းပါအုံးကွာ၊ လကုန်ဆပ်ရမည့်အကြွေးတွေ လာဆပ်လို့ အရင်းမဆပ်နိုင်ရင်တောင်မှ အတိုးတော့လာသပ်ထားပါလို့၊ တော်ကြာ အတိုးရောအရင်းရောများနေမှ ငါသူ့ကိုသိမ်းနေရမယ်လို့၊ ဟား၊ ဟား"

သားကြီးမှာလက်သီးဖြင့်ထိုးနှက်ရန်ပြင်ဆင်လိုက်သည်။ ဆာမိကတော့ အေးအေးဆေးဆေး မထုံတတ်တေးမျက်နှာပေးလုပ်နေသည်။ ယခုအချိန်တွင် သားကြီးတစ်ယောက် ယခင်လိုမာ၍မရတော့သဖြင့် ခေါင်းငုံ့ကာ အသာလှည့်ထွက်လာခဲ့တော့သည်။ ဆာမိတစ်ယောက်ကတော့ အောင်နိုင်သူအပြုံးနှင့် ပြုံးနေလေသည်။

စိတ်ပျက်လက်ပျက်နှင့်် အိမ်ရှေ့တွင်ထိုင်ချလိုက်သော သားကြီးကို သူ့ဇနီးဖြစ်သူ မရွှေခင်က ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
်
"ဘယ်လိုလဲ ကိုအောင်၊ ဒီနေ့ရော အလုပ်ရှာမရပြန်ဘူးလား"

အောင်မျိုးကခေါင်းညိတ်လိုက်လေသည်။ မရွှေခင်က အိမ်ရှေ့တွင်ထိုင်နေကာ ဟင်းသီးဟင်းရွက်များကို နှီးကြိုးများဖြင့်ပြင်စီးကာ ခေါင်းရွက်ဗန်းကြီးတစ်ခုအတွင်းသို့ စီထည့်နေသည်မို့ သားကြီးလည်း မနေတတ်တော့ဘဲ မိန်းမဖြစ်သူအား ကူညီလုပ်ကိုင်ပေးလေသည်။

"ဟိုဘက်အိမ်က ဆိုက်ကားသမား ကိုညွှန့်ပြောတော့ မြို့ထဲမှာ အလုပ်တွေပေါတယ်ဆိုပဲ"

သားကြီးအလုပ်ရှာမရခြင်းကို မရွှေခင်က သိပ်မကျေနပ်ပုံရလေသည်။ သားကြီးလည်း ခေါင်းကုပ်လိုက်ရင်း

"အေးကွာ၊ အလုပ်တွေက ပေါတယ်ဆိုပေမယ့် ငါ့ကိုဘယ်သူမှမခန့်ကြဘူးကွ"

"ရှင့်သူငယ်ချင်းဆာမိကိုတောင် ကျုပ်ဟိုတစ်နေ့က ဝင်ပြောခဲ့သေးတယ်၊ ဒီလုပ်ငန်းက ရှင်ကျွမ်းကျင်တဲ့လုပ်ငန်းဆိုတော့ ရှင့်ကိုလက်ခွဲလေးဘာလေးများ ပေးမလားလို့"

"တော်စမ်းရွှေခင်"

သားကြိးက အသံအကျယ်ကြီးနှင့်အော်ထည့်လိုက်ရာ မရွှေခင်တစ်ယောက်လန့်ဖျပ်သွားတော့သည်။

"ဒီကောင့်အကြောင်းကို ငါအသိဆုံးပဲ၊ ဒီကောင်က မိတ်ဆွေမဟုတ်ဘူး၊ ရန်သူကွ၊ ငါ့အတွက်ရန်သူပဲ၊ ငါဒီကောင်နဲ့ နောက်ထပ်လုံးဝမပတ်သက်တော့ဘူး"

မရွှေခင်က နှုတ်ဆိတ်နေပြီး အသီးအရွက်များကို ဈေးဗန်းအတွင်းသို့ ဖြန့်ထည့်နေလေသည်။

"ဒါနဲ့ နင်ဆာမိဆီက အကြွေးယူထားတယ်ဆို"

မရွှေခင်က တစ်ချက်တွေဝေသွားပြီး ခေါင်းညိတ်လိုက်လေသည်။

"နင်ဘာလို့ဒီကောင်နဲ့ ပတ်သက်ရတာလဲ၊ ဒီကောင်နဲ့မပတ်သက်ပါနဲ့လို့ ငါနင့်ကိုထောင်ဝင်စာတွေ့တုန်းက အတန်တန်မှာထားတယ်မဟုတ်လား၊ ဘာလဲရွှေခင်၊ နင်က သူ့မယားဖြစ်ချင်နေလို့လား"

"တော်တော့ ကိုအောင်၊ ရှင့်စကားတွေက ကျုပ်ကိုစော်ကားနေပြီ၊ ဒီမှာကျုပ်ပြောမယ်၊ ဆွေမရှိမျိုးမရှိ၊ ကလေးတစ်ယောက်နဲ့ ထောင်အပြင်မှာကျန်ခဲ့တဲ့ကျုပ်က ဘာလုပ်စားနိုင်မှာမို့လို့လဲ၊ ပြီးတော့ ရှင့်ရဲ့ရုံးချိန်းအတွက်၊ ရှေ့နေကြေးတွေအတွက် ကျွန်မဘယ်ကရခဲ့တာလို့ရှင်ထင်တာလဲ၊ ကိုဆာမိသာ ရှင့်ကိုခင်မင်လို့ ကျွန်မကိုယုံယုံကြည်ကြည်နဲ့ ထုတ်ချေးပေးခဲ့တာ၊ ဒီရပ်ကွက်ထဲမှာ ဘယ်သူက ကျွန်မကိုငွေချေးပေးမှာလဲ"

သားကြီးဘာမှမပြောနိုင်တော့ဘဲ အိမ်တိုင်ကိုသာ လက်သီးနှင့်ထိုးနေမိတော့သည်။

"ဒါတွေအားလုံးက ရှင့်အပြစ်တွေပဲ၊ ရှင်သာ လက်ဆော့ခြေဆော့မလုပ်ခဲ့ရင်"

"တော်စမ်း ရွှေခင်၊ ငါလုပ်တာမဟုတ်ပါဘူးလို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ"

"ကဲပါတော်၊ ဒါတွေကျုပ်စိတ်မဝင်စားဘူး၊ ကျုပ်ရှင်နဲ့လည်း ဖက်ပြီးရန်မဖြစ်ချင်ဘူး၊ ကျုပ်ဈေးရောင်းထွက်တော့မယ်၊ ကျုပ်ကိုဈေးဗန်းမပေးအုံး၊ ရှင်ထမင်းမစားရသေးဘူးဆိုရင် အုပ်ဆောင်းအောက်မှာ ထမင်းဟင်းတွေခူးထားတယ်၊ ဒါနဲ့ တော်ဟင်းတွေအကုန်မစားပစ်နဲ့အုံးနော်၊ ခနနေသမီးကျောင်းကပြန်လာတော့မယ်၊ သူစားဖို့လည်း ဟင်းတွေချန်ထားအုံး"

သားကြီးတစ်ယောက် မရွှေခင်၏ ဈေးဗန်းကြီးကို တစ်ဖက်မှကိုင်ကာ မြှောက်တင်လိုက်သည်။ မရွှေခင်ကတော့ နေ့တိုင်းဈေးထွက်ရောင်းနေရသဖြင့် သိသာမည်မဟုတ်သော်လည်း ထိုဈေးဗန်းကြီးမှာ ယောက်ျားတစ်ယောက်ပင်လျှင် အားအတန်စိုက်ကာ မယူရလေသည်။ ဈေးဗန်းထဲတွင်တော့ ဟင်းသီးဟင်းရွက်၊ ရာသီပေါ်သီးနှံများအစုံပါလေသည်။ ထိုမျှလေးလံလှသည့် ဈေးဗန်းကြီးကို မရွှေခင်က စွေ့ခနဲခေါင်းပေါ်ကောက်တင်လိုက်လေသည်။ ထို့နောက် ငါးခြောက်ငါးခြမ်းများထည့်ထားသည့် လက်ဆွဲခြင်းကြီးတစ်လုံးဆွဲကာ လမ်းမအတိုင်းထွက်ခွာသွားလေတော့သည်။

"ဟောဒီက ဟင်းရွက်စုံ"

မရွှေခင်အသံစာစာက လမ်းထိပ်ရောက်သွားသည့်တိုင်အောင် အတိုင်းသားကြားနေရလေသည်။ သားကြီးတစ်ယောက် ဇနီးဖြစ်သူ၏ နောက်ကျောကုန်းကိုလှမ်းကြည့်ကာ သက်ပြင်းတစ်ချက်ချမိသည်။

"သြော်၊ ရွှေခင်၊ ရွှေခင်၊ မင်းငါမရှိတဲ့အချိန်တွေမှာ ဒီလိုပဲ ခက်ခက်ခဲခဲရှာစားနေရတယ်ထင်ပါရဲ့"

သားကြီးတစ်ယောက် လက်ဆေးပြီး ထမင်းဝိုင်းနံဘေးသို့ထိုင်လိုက်မိသည်။ ထမင်းဝိုင်းတွင်အုပ်ထားသည့် အုပ်ဆောင်းကိုဖွင့်လိုက်သည့်အခါတွင်တော့ ထမင်းအိုးတစ်အိုး၊ ငါးပိရည်၊ တို့စရာများနှင့် ငါးတုံးနှစ်တုံးကိုတွေ့ရသည်။ သားကြီးတစ်ယောက်ဆာလောင်နေပြီဖြစ်သော်လည်း ငါးဟင်းကိုမစားတော့ဘဲ ထမင်းခူးလိုက်ကာ ငါးပိရယ်ဆမ်းလိုက်ပြီး ခရမ်းကျွတ်သီးများကိုက်ကာ ထမင်းစားနေလေသည်။ ထမင်းစားပြီးနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်လိုက်ကာ အိမ်ရှေ့တွင်ဖွာရှိုက်ရင်း စဥ်းစားနေမိသည်။

"ဒါတွေ အားလုံးက ငါ့ကြောင့်ပါ၊ ငါ့အပြစ်တွေပါ ရွှေခင်ရာ"

သားကြီးတစ်ယောက် အတိတ်ဘဝအကြောင်းအရာများဆီသို့ ပြန်လည်တွေးတောနေမိလေသည်။

(၂)

သားကြီးမှာ ယခုနေထိုင်သည့် နယ်မြို့ကလေးဇာတိပင်ဖြစ်သည်။ နယ်မြို့ကလေး၏ ဆင်ခြေဖုံးရပ်ကွက်ကလေးတွင်နေထိုင်သည်။ သားကြီး၏အလုပ်မှာတော့ ဒန်အိုးဒန်ခွက်များ၊ သံတိုသံစများဝယ်ယူခြင်းဖြစ်သည်။ ထိုအလုပ်မှာ သေးနုပ်သော်လည်း အမြတ်ကျန်လှပေသည်။ သားကြီးတစ်ယောက် မနက်မိုးလင်းလျှင် သစ်သားလက်တွန်းလှည်းကလေးဖြင့် တစ်လမ်းဝင်တစ်လမ်းထွက်၊ တစ်ရွာဝင်တစ်ရွာထွက်တွန်းကာ ဒန်အိုးဒန်ခွက်အဟောင်းများ၊ သံတိုသံစများနှင့် ပုလင်းများကိုလိုက်လံဝယ်ယူလေသည်။

သားကြီးနှင့် ခင်မင်သူမှာ ဆာမိဖြစ်သည်။ ဆာမိမှာ အလွန်ဆင်းရဲလှသည်။ ကလေးပင်လေးယောက်ရှိသည်။ သားကြီးမှာ ငယ်သူငယ်ချင်းဖြစ်သူအား သနားသွားပြီး လုပ်ငန်းကိုခွဲပေးခဲ့သည်။ ဆာမိမှာ အစပိုင်းတွင်လှည်းပင်မရှိဘဲ ဂုန်နီအိတ်ထမ်းကာ အတိုအစများကို လိုက်လံဝယ်ယူလေသည်။

ထိုလုပ်ငန်းမှာအဆင်ပြေသဖြင့် သားကြီးတစ်ယောက် စုမိဆောင်းမိရှိခဲ့ပြီး မရွှေခင်နှင့်ပင် အိမ်ထောင်ရက်သားကျခဲ့သည်။ ဆာမိမှာလည်း အခြေအနေမဆိုးပေ၊ ယခုဆိုလျှင် ဆာမိတစ်ယောက် လှည်းကလေးတစ်စီးပင် ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။ ဆာမိမှာ သားကြီးတို့နှင့် တစ်လမ်းကျော်တွင်နေထိုင်ပြိး သူ့အိမ်တွင် အတိုအစဝယ်ယူသည့် ဆိုင်ကလေးဖွင့်ထားသလို သားကြီးမှာလည်း အိမ်တွင် အတိုအစပစ္စည်းများဝယ်ယူသည့် ဒိုင်သဘောမျိုးဖွင့်ထားသည်။

သူငယ်ချင်းဖြစ်သူ ဆာမိမှာ တစ်ဖြည်းဖြည်းနှင့်စီးပွားပြိုင်ဘက်ဖြစ်လာသည်။ သို့သော်လည်း သားကြီးမှာ မနာလိုဝန်တိုခြင်းမရှိပေ၊ သူငယ်ချင်းအဆင်ပြေရေးအတွက်ပင် တစ်ခါတလေ သူငယ်ချင်းအား အလျော့ပေးလိုက်ရသည်များရှိသည်။ ဆာမိမှာလည်း သားကြီးအား သူငယ်ချင်းတစ်ယောက်အပြင် ဆရာတစ်ယောက်၊ ကျေးဇူးရှင်တစ်ယောက်အလား ရိုသေလေးစားသည်။

တစ်ရက် သားကြီးတစ်ယောက် တွန်းလှည်းကလေးတွန်းလာခဲ့ပြီး လမ်းတစ်ခုတွင် အမှတ်မထင်ဘဲ ဆာမိနှင့်တွေ့ဆုံလေတော့သည်။ ဆာမိကလည်း တွန်းလှည်းကလေးနှင့်ပင်ဖြစ်သည်။

"သားကြီး၊ မင်းအခြေအနေဘယ်လိုလဲကွ"

"ပုလင်းတွေလည်းအများကြီးရတယ်၊ နောက်ပြိး သံတွေလည်းတော်တော်ရခဲ့တယ်ကွ၊ အခုတောင် လှည်းပြည့်နေလို့ အိမ်ပြန်လာခဲ့တာ၊ ဒါနဲ့မင်းက အခုမှထွက်မှာလား၊ နေတောင်မြင့်နေပြီနော်"

"အေးကွာ၊ ငါ့သမီးကလေးနေမကောင်းဘူးကွ၊ ငါလည်း သူ့ကိုပြုစုရင်း စောစောစီးစီးမထွက်ဖြစ်ဘူးပေါ့ကွာ၊ ဒါပေမယ့် မထွက်လို့ကလည်းရတာမဟုတ်ဘူး၊ ငါတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာမဟုတ်လား၊ ငါကတော့ မင်းကျန်ခဲ့တဲ့ အကြွင်းအကျန်လေးတွေ လိုက်ကောက်လိုက်တော့မယ်ကွာ"

သနားစိတ်ရှိသည့် သားကြီးမှာ ဆာမိအားကြည့်ရင်း သနားမိသွားသည်။

"ကဲ ဆာမိရာ၊ ပူမနေစမ်းပါနဲ့၊ အခုငါဝယ်လာတဲ့ပစ္စည်းတွေမင်းယူလိုက်၊ ငွေကိုလည်း နောက်မှပဲပေးတော့ပေါ့ကွာ၊ မြန်မြန်ရောင်းပြီးတော့ မင်းလည်း မင်းရဲ့သမီးကို ပြုစုနိုင်တာပေါ့"

ဆာမိမှာအလွန်ပျော်ရွှင်သွားပြီး

"ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ၊ ဒါဆို ငါယူသွားတော့မယ်နော်"

သံထည်နှင့်ပုလင်းများကို အားရပါးရကျုံးထည့်နေသည့် ဆာမိအားကြည့်ပြီး သားကြီးတစ်ယောက် ပီတိများဖြစ်နေမိသည်။ သူငယ်ချင်းလိုအပ်နေသည့်အချိန်တွင် ကူညီရသည့်အတွက် ပျော်ရွှင်ပီတိကိုလည်းခံစားမိသည်။ ဆာမိမှာ သားကြီး၏လှည်းကို ပြောင်သလင်းခါအောင်ယူသွားပြိးတော့မှ ပြန်သွားလေတော့သည်။ သားကြီးလည်း နောက်တစ်ခေါက်အဝယ်ထွက်ရန်အတွက် မြို့ထဲသို့ဆင်းလာခဲ့ပြန်သည်။

"ကိုအောင်၊ ရှင်ဒီနေ့နည်းလှချည်လား"

ညနေပြန်သည့်အခါ အိမ်တွင်အဝယ်ဒိုင်ဖွင့်ကာ အလုပ်လုပ်သည့် မရွှေခင်က ပြောဆိုပြန်သည်။ သားကြီးက ခြေလက်များကိုဆေးကြောရင်း ထိုအဖြစ်အပျက်များကို ပြန်လည်ပြောပြလိုက်တော့သည်။

"အောင်မယ်လေး၊ ကိုအောင် ရှင်က အခုတော့ကယ်တင်ရှင်ကြီးလုပ်လာတယ်ပေါ့၊ ကြည့်လည်းလုပ်အုံးနော်၊ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်ဖြစ်နေအုံးမယ်"

"ရွှေခင်၊ မင်းကလည်းကွာ၊ ငါက သူ့ကိုစေတနာသန့်သန့်နဲ့ကူညီခဲ့တာပါကွ၊ သူများကိုကူညီရင် ငါတို့ကိုလည်း ကူညီမယ့်သူပေါ်မှာပါကွ"

မရွှေခင်က ဘာမှမပြောတော့ဘဲ တစ်ချက်မဲ့လိုက်လေသည်။

သို့နှင့်မရွှေခင်တစ်ယောက် ကိုယ်ဝန်ရလာခဲ့သည်။ ကိုယ်ဝန်ရင့်သည့်အချိန်တွင် မရွှေခင်က ရွာကိုပြန်ချင်သည်ဟုဆိုကာ ရွာသို့တစ်ပတ်ဆယ်ရက်ခန့်ပြန်သွားတော့သည်။ သားကြီးက လိုက်ချင်သော်လည်း လက်ရှိစိးပွားရေးကို ပစ်ထား၍မရပေ၊ သို့နှင့် မလိုက်သွားတော့ဘဲ အိမ်တွင်သာ ဒိုင်ဖွင့်လျှက် အရောင်းအဝယ်များကိုပြုလုပ်နေတော့သည်။

ထိုညတွင် မိုးကသည်းထန်စွာရွာလေသည်။ မိုးရွာလျှင် ဈေးကွက်အေးတတ်သည်မို့ သားကြီးတစ်ယောက်ဆိုင်ကို ညခုနစ်နာရီမှာပင် ပိတ်လိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အောက်စက်တွင် မြန်မာကားတစ်ခွေထိုးကြည့်နေရင်း အရက်တစ်လုံးကို အမဲသားကြော်နှင့်မြည်းကာ ဇိမ်ခံနေစဉ် အိမ်ရှေ့တွင်ခေါ်သံသဲ့သဲ့ကိုကြားရသည်။

"သားကြီးရေ၊ သားကြီး မင်းအိပ်ပြီလား"

အသံမှာဆာမိအသံဖြစ်နေသဖြင့် သားကြီးက တံခါးထဖွင့်ပေးလိုက်ရသည်။ ဆာမိမှာ လှည်းကိုတွန်းလာပြီး ခြံအတွင်းသို့ဝင်ခဲ့သည်။ လမ်းမကြီးတွင် လူသူရှင်းလင်းနေသည်။ ဆာမိက ခြံထဲရောက်သည့်အခါ သူခြုံထားသည့် ပီနံအိတ်အခွံကိုချွတ်ချလိုက်လေသည်။

"ဆာမိ၊ မင်းဘာဖြစ်လာတာလဲကွ"

"ပစ္စည်းနည်းနည်းထွက်ဝယ်တာပါကွာ"

ဆာမိက လှည်းအတွင်းသို့ပြလိုက်ရာ ကြေးကြိုးအခွေအလိပ်ကြီးများကိုတွေ့လိုက်ရလေသည်။

"ဆာမိ၊ ကြေးကြိုးတွေပါလားကွ၊ မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား၊ ဥပဒေနဲ့ညီရဲ့လား"

"ညီပါတယ်ကွာ၊ မြို့ပြင်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကနေ ငါဝယ်ခဲ့တာပါ"

"ဒါဖြင့်ရင် မင်းအိမ်ကိုမင်းသယ်ပေါ့ကွ၊ ဘာလို့ငါ့ဆီရောက်လာတာလဲ"

"ဟိုလေကွာ၊ ငါက ဘောလုံးကွင်းထိပ်နားက အသည်းလေးနဲ့ ညိနေကြသကွ"

သားကြီးမျက်လုံးများပြူးသွားသည်။

"ဟေ၊ အသည်းလေးဆိုတာ ကွမ်းယာဆိုင်က ကောင်မလေးမဟုတ်လား"

"ဟုတ်တယ်၊ အခုလည်း သူ့ကိုနည်းနည်းပါးပါးပေးကမ်းချင်လို့ ဒီကြေးကြိုးခွေကိုရောင်းမလို့ကွ၊ ဒါပေမယ့် အိမ်ကိုသယ်သွားရင် ငါ့မိန်းမက သိသွားမှာကွ"

"မင်းက တော်တော်မလွယ်တဲ့ကောင်ပဲ၊ အခုတောင် မိန်းမနဲ့ ကလေးလေးယောက်မဟုတ်လားကွာ"

ဆာမိက ရယ်မောရင်း

"စကားပုံတစ်ခုရှိတယ်လေ သားကြီးရ၊ ယောက်ျားတစ်ယောက်ရဲ့ဘဝက မိန်းမတစ်ယောက်ရဲ့လက်ထဲမှာပဲ မကုန်ဆုံးသွားသင့်ဘူးတဲ့ကွ၊ ဟဲ ဟဲ"

"မင်းစကားပုံကို ငါမကြားဖူးပါဘူးကွာ၊ ကဲကဲ အခုငါဘာလုပ်ပေးရမလဲ"

"ဒီကြေးကြိုးကို ဝယ်ရင်ဝယ်ကွာ၊ မင်းမဝယ်ရင်လည်း ငါဒီမှာခဏထားခဲ့မယ်ကွ၊ အိမ်ကမိန်းမသိရင် ပြဿနာတွေဖြစ်မှာစိုးလို့"

"ဝယ်တော့မဝယ်ဘူးကွာ၊ ငါက သံအပိုင်းပဲလုပ်တာကိုးကွ၊ မင်းထားချင်ရင်တော့ ဒီမှာထားခဲ့၊ မနက်ကျတော့ လာပြန်ယူပေါ့"

"အေးပါသူငယ်ချင်းရာ"

ဆာမိက ကြေးကြိုးအခွေကြီးများကိုသယ်ကာ အိမ်ရှေ့သံတိုသံစများထားသည့်ချောင်တစ်နေရာတွင် ထားခဲ့လိုက်သည်။ ထို့နောက် ပီနံအိတ်ခွံစဖြင့် အုပ်လိုက်တော့သည်။

"ဒါနဲ့ သားကြီး၊ မင်းကိုငါ ကတိတစ်ခုတောင်းချင်ပါတယ်ကွာ၊ မင်းဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူးနော်ကွ"

"အေးပါကွာ၊ မပြောပါဘူး၊ စိတ်ချစမ်းပါ"

ဆာမိတစ်ယောက် သားကြီးအား ပြုံးပြလျှက် မိုးထဲရေထဲမှာပင် လှည်းကိုတွန်းပြီးပြန်သွားလေသည်။ သားကြီးလည်း အတော်မူးနေပြီမို့ အိမ်ပေါ်တက်ကာ အိပ်လိုက်တော့သည်။ မိုးအေးအေးနှင့်မို့ အိပ်ရတာအလွန်ဇိမ်ရှိလှသည်။

မနက်မိုးမလင်းသေးခင်မှာပင် ခြံရှေ့မှ အော်ခေါ်သံကိုကြားရသဖြင့် သားကြီးလည်းအိပ်နေရာမှထလာခဲ့သည်။ ခြံတံခါးကိုဖွင့်လိုက်သည့်အခါတွင်တော့ ရဲများနှင့် ရပ်ကွက်လူကြီးအချို့ကိုတွေ့လိုက်ရသည်။

"ဘာကိစ္စရှိလို့လဲဗျ"

"ညက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူပိုင်ပစ္စည်းတွေပျောက်သွားတယ်၊ အဲဒါ မင်းဆီမှာများရှိမလားဆိုပြီး လာရှာတာ"

"အိုဗျာ၊ သူ့ဖာသာပစ္စည်းပျောက်တာ ကျုပ်နဲ့ဘာဆိုင်သလဲဗျ"

ထိုအခါ ဒုရဲအုပ်တစ်ဦးက

"ပျောက်တဲ့ပစ္စည်းက ခင်ဗျားတို့ဝယ်ရောင်းလုပ်နေတဲ့ ပစ္စည်းမို့လို့ပါ၊ ခင်ဗျားကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ"

သားကြီးလည်း ခြံတံခါးဖွင့်ပေးလိုက်ပြီး

"ကဲ၊ ကြည့်ပါဗျာ၊ ကြည့်ပါ"

ရဲနှင့် ရပ်ကွက်လူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိုင်အတွင်းလှည့်ပတ်ကြည့်ကြရာ ဆိုင်ထောင့်တစ်နေရာတွင် ပီနံအိတ်ဖြင့်အုပ်ထားသည့် ကြေးကြိုးများကို ရဲများကတွေ့သွားလေတော့သည်။

"ဟာ၊ ဒီပစ္စည်းတွေပဲ ဆရာကြီးတို့"

"ကဲ သူ့ကိုဖမ်းလိုက်ကြတော့"

သားကြီးတစ်ယောက် အလွန်ထိတ်လန့်သွားသည်။ ရဲတပ်သားများက သားကြီးအားဝန်းရံလိုက်ကြစဉ်

"မဟုတ်ဘူး၊ အဲဒါ ကျုပ်ပစ္စည်းမဟုတ်ဘူးဗျ"

"ခင်ဗျားဆီမှာ လက်ပူးလက်ကြပ်မိနေပြီပဲဗျာ"

"မဟုတ်တာဗျာ၊ ဒီပစ္စည်းက ကျုပ်ဟာမဟုတ်ဘူး၊ ကျုပ်ကို ကျုပ်သူငယ်ချင်းဆာမိက ပေးထားခဲ့တာဗျ"

သို့နှင့် ဆာမိထံသို့သွားကာ ရှင်းကြလင်းကြလေသည်။ ဆာမိမှာ ထိုအကြောင်းကိုကြားသည့်အခါ အလွန်အံ့သြစွာဖြစ်နေလေသည်။

"ဆာမိ၊ ဒီကြေးကြိုးတွေက မင်းငါ့ကိုညကပေးသွားတာလေကွာ"

ဆာမိက ပြူးကြောင်သည့်မျက်လုံးများဖြင့်

"ဟာ၊ သားကြီး မင်းဘာပြောတာလဲကွ၊ ငါဖြင့် အဲဒီကြေးကြိုးတွေကို မြင်တောင်မမြင်ဖူးပါဘူးကွာ"

သားကြီးတစ်ယောက် ခေါင်းမီးတောက်သွားသည်။ ဆာမိမှာ သူမသိဟုဆိုကာ ဘူးခံငြင်းနေလေသည်။

"ကဲ သက်သေပစ္စည်းနဲ့အတူ လက်ပူးလက်ကြပ်မိနေပြီဆိုမှတော့ ကိုအောင်မျိုးငြင်းမနေပါနဲ့တော့ဗျာ၊ ကျန်တာ ရုံးရောက်မှ ဆက်ရှင်းကြတာပေါ့"

သို့နှင့် သားကြီးတစ်ယောက်အဖမ်းခံရတော့သည်။ အတိုချုပ်ပြောရလျှင် ပြည်သူပိုင်ပစ္စည်းလက်ဝယ်တွေ့ရှိမှုဖြင့် သားကြီးတစ်ယောက် ထောင်ခုနစ်နှစ်ကျတော့သည်။ သားကြီးအပြောအဆိုကို မည်သူမှလည်းမယုံကြည်ကြပေ၊ သို့နှင့်အမှုအခင်းဖြစ်သည့်အခါ သားကြီး၏လုပ်ငန်းကိုပစ်ပြီး ရုံးလိုက်၊ ဂတ်လိုက် လိုက်ရသဖြင့် စီးပွားရေးလုပ်ငန်းလည်းပျက်စီးသွားတော့သည်။ တစ်ဖက်တွင်ဆာမိမှာမူ သားကြီးလုပ်ငန်းမရှိတော့သဖြင့် လုပ်ငန်းမှာပိုမိုကျယ်ပြန့်လာကာ ဆိုင်ကြီးကန္နားနှင့်ပင်ဖြစ်၍ ကြီးပွားသွားတော့သည်။

"တောက်၊ ဆာမိ၊ ဆာမိ ငါကတော့ မင်းကိုသူငယ်ချင်းဆိုပြီးတော့ အရင်က ခင်လိုက်မင်လိုက်ရတာ၊ မင်းကအခုတော့ ငါ့ကို နောက်ကျောကိုဓါးနဲ့ထိုးတာပေါ့"

(၃)

သားကြီးတစ်ယောက် ယခုရက်ပိုင်းတွင် အလုပ်မည်မည်ရရမရှိဘဲ အိမ်တွင်သာအောင်းနေတော့သည်။ ဆာမိ၏ ဆိုင်ခန်းရှေ့သို့မဖြတ်သွားချင်သောကြောင့်ဖြစ်သည်။ ညနေဘက်တွင်တော့ ဈေးထွက်သွားသည့် မရွှေခင်မှာ အမောတကောနှင့်ပြေးလာလေသည်။

"ရွှေခင်၊ ဘယ်လိုဖြစ်တာလဲ ဈေးဗန်းထဲမှာလည်း ရောင်းလို့မကုန်သေးပါလားကွ"

"မဟုတ်ဘူး ကိုအောင်၊ ဆိုက်ကားဆရာ ကိုညွန့်က အလုပ်တစ်ခုရှိတယ်၊ လူအမြန်လိုနေတယ်ပြောလို့ အိမ်ကိုအမြန်ပြေးလာခဲ့တာ တော့"

"ဘာအလုပ်မို့လို့လဲ ရွှေခင်ရာ"

"စက်ရုံတစ်ခုမှာ ညစောင့်တဲ့တော်"

"ဟာကွာ၊ ဖြစ်ပါ့မလားကွ"

"ကိုညွန့်ပြောတာကတော့ ဘယ်လိုလူကိုမဆို ညစောင့်ခန့်မယ်လို့ပြောတယ်၊ ရှင်သွားမေးကြည့်ပါလားတော်၊ လူက ချက်ချင်းလိုနေတာတဲ့"

သားကြီးတစ်ယောက် တွေဝေငေးမောနေမိသည်။ ထိုအချိန် မရွှေခင်က

"သွားကြည့်တာ မမှားပါဘူးတော်၊ မရတော့လည်း အရင်း၊ ရတော့လည်း အမြတ်ပေါ့တော်"

နောက်ဆုံးမရွှေခင်၏ တိုက်တွန်းမှုကြောင့် သားကြီးခေါင်းညိတ်လိုက်တော့သည်။ သို့နှင့်အဝတ်အစားလဲ ပြင်ဆင်ပြီးနောက် ဆိုက်ကားတစ်စီးဖြင့်ထွက်လာခဲ့သည်။ ဆိုက်ကားဆရာကိုညွန့်က သားကြီးအားလိုက်ပို့ပေးသည်။

"ဟုတ်ရောဟုတ်ရဲ့လား ကိုညွန့်ရာ၊ ကျုပ်တို့မြို့က ကျဉ်းကျဉ်းလေးဗျ၊ ကျုပ်အကြောင်းကိုတစ်မြို့လုံးကလူတွေသိပြီးသား၊ ကျုပ်ကိုဘယ်သူကမှ အလုပ်ခန့်ချင်တာမဟုတ်ဘူး"

"ခန့်ရင်ခန့်မှာပေါ့ကွာ၊ ဒါနဲ့ သားကြီး၊ မင်းသရဲမကြောက်တတ်ဘူးမဟုတ်လား"

သားကြီးက ခေါင်းခါလိုက်သည်။

"သရဲမကြောက်တတ်ရင်တော့ မင်းအလုပ်ရမှာပါကွာ"

"ဘာဆိုင်လို့လဲဗျ"

"အဲဒီစက်ရုံကြီးက သရဲတော်တော်ကြမ်းတယ်ဆိုပဲကွ၊ သူခိုးသူဝှက်တွေတောင်မှ သရဲခြောက်ခံရမှာစိုးလို့ စက်ရုံတွေဆီမသွားဝံ့ဘူးဆိုပဲကွာ၊ ဒါပေမယ့်လည်း ညစောင့်ကမထားလို့မရဘူးမဟုတ်လား"

သရဲဆိုသည့်အသံကြားသဖြင့် သားကြီးဘာရယ်မဟုတ်ဘဲ ကျောချမ်းမိသွားသည်။ သို့သော်လည်း သားကြီးမှာ သရဲတစ္ဆေကို ငယ်စဉ်ကတည်းပင် အယုံအကြည်မရှိသလို ကြောက်လည်းမကြောက်တတ်ခဲ့။ အကျဉ်းကျနေစဉ်က နေခဲ့ရသည့် ရဲဘက်စခန်းပင်လျှင် သရဲအလွန်ခြောက်သည်ဟု သတင်းကြီးသော်လည်း သားကြီးမှာ သရဲကိုအကောင်အထည်မပြောနှင့် အနံ့အသက်ပင်မကြုံဖူးခဲ့ပေ။

မကြာမီ ကုမ္ပဏီတစ်ခုထံသို့ ရောက်လာခဲ့သည်၊ ကုမ္ပဏီအဆောက်အဦပေါ်သို့မေးစမ်း၍တက်သွားရာ မကြာခင် ဝန်ထမ်းများနှင့်တွေ့ဆုံတော့သည်။ သားကြီးလည်း လစ်လပ်နေသည့် ညစောင့်ရာထူးအတွက် အလုပ်လာလျှောက်ခြင်းဖြစ်ကြောင်း တာဝန်ကျအရာရှိထံ သတင်းပို့လိုက်တော့သည်။ တာဝန်ကျအရာရှိက မကြာခင် ရာထူးကြီးကြီးလူကြီးတစ်ဦးထံသို့ခေါ်သွားလေသည်။ ထိုလူကြီးက သားကြီး၏ ကိုယ်ရေးအချက်အလက်များကိုကြည့်ကာ

"မဆိုးပါဘူး၊ မင်းအရင်က ညစောင့်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ဖူးလား"

"မရှိပါဘူးဆရာ၊ ဒါပေမယ့် ကျုပ်အခုအလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ့မယ်လို့ ကတိပေးပါတယ်"

"မင်းသတ္တိကောင်းရဲ့လား"

အရာရှိမေးသည့်စကားကြောင့် သားကြီးတစ်ယောက်မျက်မှောင်ကြုတ်လိုက်မိသည်။ အရာရှိကလည်း ခေါင်းညိတ်လျှက်

"ငါဆိုလိုချင်တာဒီလိုမဟုတ်ပါဘူး"

"ကျုပ်သိပြီးပါပြီ၊ ကျုပ်သရဲမကြောက်တတ်ပါဘူး"

"ကောင်းပြီ၊ မင်းနာမည် အောင်မျိုးနော်"

"ကျုပ်ကို သားကြီးလို့တော့ လူတွေခေါ်ကြပါတယ်ဆရာ"

"အေး၊ သားကြီးဆိုရင်လည်း သားကြီးပေါ့ကွာ၊ ဒါနဲ့ ဒီညစပြီး အလုပ်ဆင်းနိုင်မလား၊ မင်းကိုနေ့စားအဖြစ်နဲ့အရင်ခန့်ထားမယ်၊ လုပ်ရည်ကိုင်ရည်ကြည့်ပြီး နောက်တော့ ရာထူးတိုးပေးတာပေါ့ကွာ"

"ဒါနဲ့ဆရာ ကျုပ်တစ်ခုပြောချင်ပါတယ်၊ ကျုပ်အရင်က ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်"

အရာရှိက တစ်ချက်စဉ်းစားသွားသည်။

"ရပါတယ်၊ ထောင်ကထွက်လာတာဆိုတော့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ခါးခါးသီးသီး ခံခဲ့ရမလဲဆိုတာ မင်းကိုယ်မင်းအသိဆုံးဖြစ်မှာပါသားကြီး၊ လူမှန်ရင်တော့ တစ်ခါမှားဖူးတဲ့အမှားကို နောက်တစ်ခါထပ်မမှားမိစေနဲ့ကွာ"

သားကြီးတစ်ယောက် အလွန်ပျော်ရွှင်သွားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။

"စိတ်ချပါဆရာ၊ ကျုပ်တာဝန်ကျေကျေနဲ့လုပ်ပါ့မယ်"

"အေးအေး၊ ညစောင့်ဆိုတော့ ယူနီဖောင်းတော့ ဝတ်စရာမလိုပါဘူးကွာ၊ စက်ရုံကိုသွားရင် တခြားညစောင့်တွေလည်းရှိတယ်၊ မင်းကိုသူတို့က ကူညီမှာပါ"

သားကြီးခေါင်းညိတ်လိုက်ကာ အပြင်သို့ပြေးထွက်ခဲ့သည်။ ဆိုက်ကားဆရာ ကိုညွန့်နှင့်အတူတူအိမ်သို့ပြန်လာခဲ့တော့သည်။ ညနေငါးနာရီတွင် အလုပ်ခွင်ဝင်ရမည်မို့ အိမ်တွင်ပြင်ဆင်ဆရာရှိတာများကိုပြင်ဆင်နေသည်။ မရွှေခင်လည်း မကြာခင် ဈေးရောင်းရာမှ ပြန်လာတော့သည်။

"ရွှေခင်၊ မိန်းမရေ၊ ငါအလုပ်ရပြီကွ"

မရွှေခင်က အတိုင်းမသိပျော်ရွှင်သွားလေသည်။

"ရှင်ရတဲ့အလုပ်ကို သေသေချာချာလုပ်နော်"

"စိတ်ချပါရွှေခင်ရာ၊ ငါကအခုနေ့စားဆိုပေမယ့် နောက်တော့ ရာထူးတွေဘာတွေတိုးမှာကွ"

ညနေရောက်သည့်အခါ သားကြီးတစ်ယောက် ထမင်းချိုင့်ဆွဲကာထွက်လာခဲ့တော့သည်။ ဆိုက်ကားဆရာကိုညွန့်က သားကြီးအား ထိုစက်ရုံဆီသို့ လိုက်လံပို့ဆောင်ပေးသည်။ စက်ရုံမှာ စက်မှုဇုန်အတွင်းဖြစ်ပြီး သူတို့နေရာနှင့် မိနစ်နစ်ဆယ်ခန့်မောင်းနှင်ရပြီး မြို့ပြင်ဘက်တွင်ဖြစ်သည်။ အခြားစက်ရုံကြီးများ၊ မီးခိုးခေါင်းတိုင်ကြီးများကိုကြည့်ကာ ဆိုက်ကားဖြတ်နင်းလာရင်း မကြာခင်အချိန်တွင် စက်ရုံကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ခြံဝန်းအကျယ်ကြီးအတွင်းဖြစ်ကာ အတွင်းတွင်အဆောက်အဦများစွာရှိသည် ဂိုထောင်ကြီးပင် ငါးလုံးတိတိရှိသည်၊ စက်ရုံကြီးပတ်ပတ်လည်ကို အုတ်တံတိုင်းအမြင့်ကြီးခတ်ထားလေသည်၊ စက်ရုံဝင်ပေါက်ဘေးတွင်တော့ ဂိတ်ပေါက်စောင့်သည့် အဆောက်အဦတစ်ခုရှိသည်။

"ကဲ သားကြီးရေ၊ ကံကောင်းပါစေကွာ"

ကိုညွန့်က ပြောဆိုပြီးနောက် ဆိုက်ကားပြန်နင်းသွားတော့သည်။ သားကြီးလည်း စက်ရုံအဝင်ဝသို့လျှောက်လမ်းလာခဲ့ရာ တံခါးတစ်ဖက်မှ အစောင့်တစ်ဦးက ပြေးဆင်းလာလေသည်။

"အောင်မျိုးဆိုတာ မင်းမဟုတ်လား"

"ဟုတ်ပါတယ်၊ ကျုပ်ကိုညစောင့်အဖြစ်တာဝန်ချထားတာပါ"

သားကြီးလည်း လူသူရှင်းကာ တိတ်ဆိတ်နေသည့်် စက်ရုံကြီးအားတစ်ချက်ကြည့်လိုက်ကာ

"ဒါနဲ့ စက်ရုံမှာလူမရှိဘူးလားဗျ"

"အခုလောလောဆယ်တော့ စက်ရုံကိုပိတ်ထားတယ်၊ ဒါပေမယ့် အထဲမှာတော့ စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေရှိနေသေးလို့ ဒီပစ္စည်းတွေကို သေချာစောင့်ရှောက်ဖို့အတွက် နေ့ဆိုင်းညဆိုင်းနဲ့ အစောင့်ချထားတာပဲ၊ ငါကတော့ နေ့ဆိုင်းပေါ့ကွာ"

"ဒါဆို ကျုပ်ဘယ်လိုလုပ်ရမှာလဲ"

"ဟောဒီမှာဓါတ်မီးရှိတယ်၊ မင်းရဲ့တာဝန်က ညဘက်တစ်ခါတလေစက်ရုံကိုပတ်ကြည့်ရမယ်၊ ပြီးရင်တော့ မနက်အလုပ်မပြန်ခင်မှာ စက်ရုံထဲမှာရှိတဲ့ပစ္စည်းတွေ၊ စက်တွေ နေရာတကျရှိရဲ့လားဆိုတာကို လိုက်စစ်ဆေးပြီးတာနဲ့ ပြန်လို့ရပြီ၊ ဟောဒီမှာ ကြိုးဖုန်းရှိတယ်၊ ဒီနံရံမှာတော့ ရဲစခန်း၊ မီးသတ်စခန်းနဲ့ တခြားဖုန်းနံပါတ်တွေရေးထားတယ်၊ တစ်ခုခုဆိုရင်ဖုန်းသာဆက်ပေါ့ကွာ"

"ဒါ၊ ဒါဆို သူခိုးသူဝှက်တွေဘာတွေ စက်ရုံကိုဝင်တယ်ဆိုရင်ရောဗျာ"

ထိုလူက ပြုံးလျှက်

"မလာပါဘူးဗျာ၊ သူတို့လာမှာမဟုတ်ပါဘူး"

ထိုလူက လက်တွင်ပတ်ထားသည့် နာရီအားကြည့်လိုက်ရင်း

"ညနေငါးနာရီတောင်ကျော်နေပြီပဲ၊ ငါအလုပ်ဆင်းတော့မယ်"

"ဟာ၊ ဟေ့လူ၊ ကျုပ်နားမလည်သေးဘူးဗျ၊ ပစ္စည်းတွေနေရာတကျရှိမရှိက ကျုပ်ဘယ်လိုလုပ်ပြီးသိမှာလဲ"

"ခင်ဗျားကိုမနက်ဖြန်မနက်မှ ကျုပ်ပြတော့မယ်ဗျာ၊ အခုတော့ တော်တော်နောက်ကျနေပြီမို့ ကျုပ်သွားပြီ"

နေ့ဆိုင်းစောင့်သူက သားကြီးအား သော့တွဲတစ်တွဲပေးပြီးနောက် ထိုဂိတ်ပေါက်ဝရှိအဆောက်အဦဘေးတွင်ကပ်ရပ်ထားသည့် စက်ဘီးကလေးကို ထုတ်ယူလိုက်ကာ စက်ရုံအပြင်သို့နင်းထွက်သွားသည်။ သားကြီးလည်း ထိုလူအားငေးကြည့်ပြီး

"ဘယ်လိုလူလဲဟ"

ဟုရေရွတ်လိုက်မိသည်။ ညနေငါးနာရီသာရှိသေးသော်လည်း ဆောင်းတွင်းမို့နေ့တာတိုသည်ဖြစ်ရာ ပတ်ဝန်းကျင်က အမှောင်ဖုံးလာခဲ့သည်။ သားကြီးလည်း ဂိတ်ပေါက်ရှိလုံခြုံရေးတဲကလေးအတွင်း လိုက်လံစူးစမ်းကြည့်နေမိသည်။ သို့နှင့်ညနေငါးနာရီခွဲလာခဲ့သည်။

"အင်း၊ စက်ရုံထဲမှာ ဘာတွေရှိတယ်ဆိုတာသိရအောင်လို့ နည်းနည်းလောက်တော့ ပတ်ကြည့််အုံးမှ၊ ဒါနဲ့ သေးကလည်းပေါက်ချင်လိုက်တာ"

သားကြီးလည်း ခြံတံခါးမအား သော့ဖြင့်အသေအချာခတ်လိုက်ကာ စက်ရုံဝင်းအတွင်းသို့ လှည့်ပတ်ကြည့်လိုက်တော့သည်။ စက်ရုံဝန်းမှာ အတော်အတန်ကျယ်ဝန်းကာ အတွင်းတွင်အဆောက်အဦများစွာရှိသည်။ သားကြီးတစ်ယောက်စက်ရုံကြီးကိုလှည့်ပတ်ကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ ကျက်သီးများတဖြင်းဖြင်းထလာခဲ့သည်။ ဤမျှကြီးမားလှသည့်နေရာတွင် တစ်ယောက်တည်းဆိုသည့််အတွေးကြောင့် ခြောက်ခြားနေမိသည်။ စက်ရုံကြီးအား ပတ်ကြည့်ရင်း စက်ရုံအနောက်ဘက် တစ်နေရာအရောက်တွင် အိမ်သာများကိုတွေ့လိုက်ရလေသည်။ ကျားသုံးခန်း၊ မသုံးခန်းရှိပြီး ကျားမအိမ်သာမှာ တစ်ခုနှင့်တစ်ခုအတန်ငယ်ကွာဝေးအောင် တည်ဆောက်ထားသည်။ အိမ်သာနှစ်ခု၏ အလယ်တွင်တော့ သပြေပင်ကြီးတစ်ပင်ရှိသည်။ သားကြီးလည်း အပေါ့သွားချင်လ

Address

2/65
Taung-Ngu
1983

Telephone

+959251090595

Website

Alerts

Be the first to know and let us send you an email when ဆရာတာ-ေတာင္ငူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category