Blooms & Moons-Perfume

Blooms & Moons-Perfume PERFUME is always a great gift!🎁🎀

19/08/2026

Vibe နှစ်မျိုးနဲ့ အနံ့လုံးဝကွဲထွက်တဲ့ရေမွှေးနှစ်မျိုး 🖤🩷



ကုန်သွားတိုင်း အမြဲပြန်ပြန်လာမေးကြတဲ့ အမျိုးသမီးရေမွှေးတွေထဲမှာဆို Lancôme လေးက ထိပ်ဆုံးကပဲ 🤍နှင်းဆီပန်းနံ့ မွှေးမွှေးလေ...
19/08/2026

ကုန်သွားတိုင်း အမြဲပြန်ပြန်လာမေးကြတဲ့ အမျိုးသမီးရေမွှေးတွေထဲမှာဆို Lancôme လေးက ထိပ်ဆုံးကပဲ 🤍

နှင်းဆီပန်းနံ့ မွှေးမွှေးလေးကိုမှ Feminine Vibe အပြည့်ရစေတဲ့ ရေမွှေးလေးပါ 🌹

အစမှာ Pear နဲ့ Bergamot ရဲ့ fresh & juicy ဖြစ်တဲ့အနံ့လေးက စိတ်ကို လန်းဆန်းသွားစေပြီး
နောက်ပိုင်းမှာ Turkish Rose, Rose de Mai နဲ့ Jasmine တို့ရဲ့ ပန်းရနံ့နူးနူးလေးက တဖြည်းဖြည်း ပေါ်လာပါတယ် 🌸

အရမ်းချိုလွန်းတာမျိုးမဟုတ်ဘဲ
သန့်သန့်ရှင်းရှင်း၊ နူးနူးညံ့ညံ့နဲ့ မိန်းကလေးဆန်တဲ့ အငွေ့အသက်လေးရှိလို့
ရုံးသွားတဲ့နေ့ဖြစ်ဖြစ်၊ Date လေးသွားတဲ့နေ့ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ပိုပြီး feminine ဖြစ်ချင်တဲ့နေ့မျိုးမှာဆို အရမ်းလိုက်ဖက်ပါတယ် ✨

နောက်ဆုံး Dry Down မှာ White Musk နဲ့ Vanilla လေးက အနံ့ကို နူးညံ့ပြီး warm ဖြစ်သွားစေတော့
ကိုယ့်ဘေးနားက ဖြတ်သွားတဲ့သူတောင် “ဟယ်… ဘာရေမွှေးလေးလဲ” လို့ မေးချင်စရာမျိုး 🤍

🌹 Soft • Feminine • Elegant
“မိန်းကလေးဆန်ဆန်လေးနဲ့ သိမ်မွေ့တဲ့အလှကို ကြိုက်တယ်” ဆိုရင် 5ml,10ml,30ml Decant လေးတွေစမ်းလို့ရပါပြီရှင့်❤️

🌸 Full Bottle မဝယ်ခင် ဒါလေး အရင်ဖတ်ကြည့်နော်! 🌸"Full Bottle ကြီး ဝယ်ဖို့ နှောင့်အရမ်းစဉ်းစားနေရလား? 🤔💸ကိုယ်နဲ့တကယ် လိုက်...
18/08/2026

🌸 Full Bottle မဝယ်ခင် ဒါလေး အရင်ဖတ်ကြည့်နော်! 🌸
"Full Bottle ကြီး ဝယ်ဖို့ နှောင့်အရမ်းစဉ်းစားနေရလား? 🤔💸
ကိုယ်နဲ့တကယ် လိုက်ဖက်မယ့် Signature Scent ကို ရှာဖွေရတာ တစ်ခါတလေ ခေါင်းခဲစရာပဲလေနော်။

😵‍💫 အနံ့မသိဘဲ ဝယ်လိုက်လို့ ကိုယ်နဲ့မလိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့။ 😭

ဒါကြောင့်... နာမည်ကြီး Brand တွေကို စျေးနှုန်းသက်သက်သာသာနဲ့ အဝတ်အစားလဲသလို နေ့တိုင်းပြောင်းဆွတ်လို့ရအောင် Blooms & Moons ကနေ Decant လေးတွေ စီစဉ်ပေးထားပါတယ်ရှင်။ 💖✨

✅ Authentic 100% ဖြစ်ကြောင်း အပြည့်အဝအာမခံသလို၊ Packaging ကိုလည်း စနစ်တကျလေး ထုတ်ပိုးပေးထားလို့ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ချစ်ရသူကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတယ်နော်။ 🎁🎀
ဘယ်အနံ့လေးက ကိုယ်နဲ့လိုက်မလဲဆိုတာ သိချင်ရင်တော့ အခုပဲ Messenger မှာ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။ 💬👇

ပိုစ့်မတင်ဖြစ်တာကြာလို့မေ့နေကြပြီလား အသစ်လေးရောက်တာနဲ့ အရင်ဆုံး လာပြပေးချငိတာကတော့ …2026 မှာမှအသစ်စက်စက်ထွက်ထားတဲ့အရောင်...
18/08/2026

ပိုစ့်မတင်ဖြစ်တာကြာလို့မေ့နေကြပြီလား

အသစ်လေးရောက်တာနဲ့ အရင်ဆုံး လာပြပေးချငိတာကတော့ …

2026 မှာမှအသစ်စက်စက်ထွက်ထားတဲ့
အရောင်လှလှလေးနဲ့ Juicy ရေမွှေးလေး Purple Melancholia 🍇
ခုလိုမိုးရာသီမှာ အရမ်း strong ဖြစ်တာမျိုးမသုံးချင်ပဲ sweet & warm vibe လေးရတဲ့အနံ့မျိုးလေးရှာနေတယ်ဆို Purple လေး စမ်းကြည့်ဖို့ Recommend ပေးတယ်နော်💜

🍇 Top Note — Plum
ချိုချို juicy ဖြစ်တဲ့ plum ရနံ့လေးနဲ့ စဖွင့်ပေးတယ်။

🌸 Middle Note — Osmanthus
နူးညံ့တဲ့ floral touch လေးဝင်လာပြီး feminine ဖြစ်စေတယ်။

🍦 Base Note — Vanilla
နောက်ဆုံးမှာ creamy & sweet vanilla ရနံ့လေးကျန်ခဲ့ပြီး cozy ဖြစ်စေတယ်။

💜 Scent Vibe:
Fruity • Sweet • Floral • Powdery • Vanilla

Sweet scent ကြိုက်တဲ့သူတွေဆို definitely try ကြည့်သင့်တယ် 🤍

Decant Price-
5ml-33000
10ml-63000
30ml-185000

ခရီးကပြန်ရောက်ရောက်ချင်း လာရောက်အားပေးကြတဲ့ customer တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်🥰😘
15/08/2026

ခရီးကပြန်ရောက်ရောက်ချင်း လာရောက်အားပေးကြတဲ့ customer တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်🥰😘



Blooms & Moons Perfume မှ Update List  လေးတွေပါရှင့်😍5ml,10ml,30ml decant စိတ်ကြိုက်မှာယူလို့ရပါပြီရှင့်☺️ဘာရေမွှေးသုံးရ...
06/08/2026

Blooms & Moons Perfume မှ Update List လေးတွေပါရှင့်😍

5ml,10ml,30ml decant စိတ်ကြိုက်မှာယူလို့ရပါပြီရှင့်☺️

ဘာရေမွှေးသုံးရမလဲမသိဘူး မရွေးတတ်ဘူးဆိုရင်လဲ မင်မင့်ကို cb မှာစိတ်ကြိုက်မေးပြီး ကူရွေးခိုင်းလို့ရပါတယ်ရှင့် 🥰

💯 authentic စစ်စစ်တွေပဲရောင်းပေးတာမို့ စိတ်ချလက်ချ ဝယ်လို့ရပါတယ်နော်😉

Myanmar Fast express ရောက်တဲ့မြို့တိုင်းအိမ်အရောက်ငွေချေရပါတယ်ရှင့်🚚



&moons

J’adore လေး decant ရပါမယ်နော်🤍
21/07/2026

J’adore လေး decant ရပါမယ်နော်🤍

ရေမွှေးတွေအကြောင်းပြောတာကို ခဏတဖြုတ်နားဦးမယ်တွေးထားပေမဲ့ သဘောကျရတဲ့အနံ့ ထပ်တွေ့တော့လည်း မပြောဘဲ မနေနိုင်ပြန်ဘူး။ 🤍

ဒီကောင်မလေးက သူ့ပုလင်းအရောင်လေးအတိုင်းပဲ တကယ်ကို နူးနူးညံ့ညံ့ဖြူဖြူစင်စင်နဲ့ လှတဲ့ စံပယ်နံ့လေး။ မိုးရေစိုစွတ်နေတဲ့ စံပယ်ပွင့်လေးတွေလို သန့်စင်ကြည်လင်ပြီး အေးချမ်းတဲ့ အနံ့။ ဖြူလွတဲ့စံပယ်ပွင့်ချပ်ရယ်၊ မိုးရေပေါက်ကြည်လင်လင်ရယ်၊ စိမ်းမြမြသစ်ရွက်လေးတွေကို တစ်ခုချင်း ခံစားတို့ထိနေရသလိုမျိုး သိပ်ကိုမှ အေးမြလှပသောပါရှင်။ 🌿

ကျော့ရှင်းသိမ်မွေ့တဲ့ အမျိုးသမီးလေးတစ်ယောက် ရဲ့ Signature Scent တစ်ခုလို့ ခံစားရတယ်။
နောက်ပြီး သူ့ရဲ့ ရနံ့ပုံစံရော၊ တိုးတိတ်ငြင်သာတဲ့ performance ရောက လုံးဝ quite luxury - coded ပဲ။

J'adore Parfum d'Eau က က Dior ထဲ ကိုယ်ဒုတိယမြောက်စမ်းဖြစ်တဲ့ စံပယ်ရနံ့ပါ။ ပထမတစ်ခုကတော့ Private Line ထဲက Jasmin Des Anges ။ သူ့ကိုလည်း ကြိုက်ခဲ့တယ်။ စံပယ်ပန်းစစ်စစ်ရနံ့ကို တအားကြိုက်ပေမဲ့ စံပယ်နံ့ရေမွှေးတွေနဲ့ဆို သိပ်အဆင်ပြေလေ့မရှိတဲ့ ကိုယ့်အတွက် Dior ရဲ့ စံပယ်တွေနဲ့ အဆင်ပြေနေဝာာကလည်း ထူးခြားပါတယ်။ ထူးခြားဆို သူတို့ကလည်း တကယ်ကို ထူးထူးခြားခြားလှကြတာကိုးလေ။ 🤍

‼️Instock Sales‼️Dipty*que ထဲက နာမည်ကြီး Papier EDT လေး Instock ရပါမယ်ရှင့် 🥰100 ml Full Pack ကို 6***** နဲ့ ရပါမယ်နော် ...
19/07/2026

‼️Instock Sales‼️

Dipty*que ထဲက နာမည်ကြီး Papier EDT လေး Instock ရပါမယ်ရှင့် 🥰

100 ml Full Pack ကို 6***** နဲ့ ရပါမယ်နော် 🥰

Papier လေးက စာရွက်၊ မင်နှင့် musk အနံ့ကို အခြေခံထားတဲ့ perfume တစ်မျိုးပါ။ First Note မှာ white musk နဲ့ ထမင်းပူပူလေးအနံ့လို နူးညံ့သန့်ရှင်းတဲ့ feeling ပေးပြီး၊ နောက်ပိုင်းမှာ mimosa ပန်းနံ့နဲ့ wood note တွေ ပေါင်းစပ်ထားတာကြောင့် နွေးထွေးပြီး sophisticated ဖြစ်တဲ့ mood ကို ဖန်တီးပေးပါတယ်။

အနံ့က မပြင်းဘဲ longevity နဲ့ Projection ကလည်း သင့်တင့်ပါတယ်။ Office သုံးဖို့၊ မိုးအေးတဲ့နေ့တွေ၊ café သို့မဟုတ် bookstore vibe ကြိုက်သူတွေအတွက် အထူးလိုက်ဖက်ပါတယ်။

“Your skin but better” ဆိုတဲ့ style မျိုးဖြစ်ပြီး clean musk perfume ကြိုက်သူတွေအတွက် elegant နဲ့ comforting feeling ပေးတဲ့ fragrance တစ်မျိုးလို့ ပြောနိုင်ပါတယ်။

အနံ့ရတာနဲ့ရင်အေးစေတဲ့အနံ့လေးမို့ ယူထားတော့ရှင်☺️☺️☺️

အခုတလောနာမည်ကြီးနေတဲ့ Valaya EDP နဲ့ Valaya Exclusif Perfume လေးတွေ Tester and Retail Pack စျေးတန်တန်လေးတွေနဲ့ မှာရပါမယ်...
19/07/2026

အခုတလောနာမည်ကြီးနေတဲ့ Valaya EDP နဲ့ Valaya Exclusif Perfume လေးတွေ Tester and Retail Pack စျေးတန်တန်လေးတွေနဲ့ မှာရပါမယ်ရှင့် 😍😍😍

✅ EDP 75 ml Tester
✅ EDP 75 ml Retail
✅ Exclusif Parfum 75 ml Retail

✅Preorder/Half Prepaid
စျေးနှုန်းလေးတွေကို cb မှာ အားမနာတန်းမေးလို့ရပါတယ်ရှင့်

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Blooms & Moons-Perfume posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share