06/09/2026
*ဆန်နီကို ဘယ်လိုချက်ရသလဲ မေးနေကြသူတွေအတွက် *
***********************************************
ဆန်လုံးညို ခေါ် တောင်ယာဆန်နီ
အာဟာရဓာတ်တွေလည်း ပိုပြည့်ဝအောင်လို့
ရေဆေးရင် တအားဖိပွတ်မပစ်ပါနဲ့နော် 😊
သဘာဝ organic ဆန်မို့ တအားပွတ်ဆေးစရာမလိုပါဘူးး
အာဟာရဓာတ်တွေ ဆုံးရှုံးကုန်ပါ့မယ် 😊
ကိုယ်လဲ ဆန်နီပဲ စားတာမို့
စားတဲ့ အချိုးပြောပြပါမယ်😊
ဆန် နို့ဆီဗူး ၂လုံးဆို
ရေကို နို့ဆီဗူး ၄ဗူး
၂ဆနှုန်းဖြင့် ချက်ပါ
ဆန် ၂ - ရေ ၄ ဆ
ဆန် ၃ - ရေ ၆
၁:၂ အချိုးအတိုင်းပါနော်
ရေနဲရင် ဆန်ကြောတင်းတတ်ပါတယ်
အပျော့အမာ လိုသလောက်ကိုတော့
ရေကို ကြိုက်သလောက်
လိုသလောက် ထိန်းညှိ ထည့်ကြည့်ပါနော် ..
တောင်ယာဆန်ကတော့ သဘာဝဆန်ဖြစ်တော့
ဖွဲနုကျတာများတဲ့ ဆန်သားနုတဲ့ဆန်လဲ ဖြစ်ပါတယ်
ဆန်လတ်အဆင့်အမျိုးအစားပါပဲ
ဒေသဆန်စက် အသေးတွေပဲရှိတော့
လှအောင် စင်းအောင်တော့ ဖြစ်မနေပါဘူးး
အဆင်းမလှပေမဲ့ အချင်းလှတဲ့ဆန်ဖြစ်ပါတယ်
လုံးတီးအဆင့်ဆို မာတယ်ကြမ်းတာမို့ မစားနိုင်ကြပါဘူး
အမျှင်ဓာတ်လဲ မကုန်တဲ့
ဒုတိယ အကြိမ်ဖွတ်တဲ့
ပန်းရောင် အဆင့်ကိုပဲရောင်းချထားပေးပါတယ်
ပန်းရောင်ဆန်ဟာ ဆန်သားပျော့ပျောင်းတဲ့အတွက်
ပေါင်းအိုးနဲ့ ချက်လို့ရသလို
စားရတာ အရမ်းအဆင်ပြေပါတယ်
၃ ပြည် - ၂၂၀၀၀
၆ ပြည် - ၄၀၀၀၀
၁၂ ပြည် - ၈၀၀၀၀
၂၄ ပြည် - ၁၅၈၀၀၀