10/09/2020
"White Heads (အဆီဖု)"
#အဆီဖုဆိုတာ
ဆဲလ်အသေတွေ , အဆီပိုတွေ,ဖုန်မှုန့်, အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ က မွှေးညှင်းပေါက်လေးတွေထဲ ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာတဲ့ ဝက်ခြံတစ်မျုိးပဲဖြစ်ပါတယ်။အစုလိုက်အပြုံလိုက် ဟိုတကွက် ဒီတကွက် ဖြစ်တတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် ။ သတင်းကောင်းအနေနဲ့ကတော့ မှန်ကန်တဲ့လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ထိရောက်တဲ့ ဆေးဝါးကုသမှု ကို အတူတကွ လုပ်ဆောငိခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါတယ် ။👍👌
#အဆီဖုဖြစ်ရခြင်းအကြောင်း ။ ။ ချွေးပေါက်ပိတ်ခြင်းက အဆီဖုဖြစ်ရခြင်းရဲ့အကြောင်းရင်းပါပဲ ဒီအကြောင်းရင်းကိုသိထားမယ် ဆို နောက်ထပ် breakout ဖြစ်ခြင်းကိုကာကွယ် နိုင်မာဖြစ်ပါတယ်။ဘာကြောင့်ချွေးပေါက်ပိတ်တာလဲဆိုတာကတော့ အကြောင်းအမျိုးမျိုးရှိပါတယ် ။စိတ်ဖိစီးမှုများကြောင့် နဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင့် လည်း အဆီဂလင်းကပိုအလုပ်လုပ်လာတဲ့အခါ အဆီထုတ်လုပ်မှုများလာပြီး စတင်ပိတ်ဆို့ရာမှ အဆီနဲ့အတူ ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ ဝက်ခြံ( Black head) နဲ့ အဆီဖု (White head ) ဆိုပြီးဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ် ။
ဟော်မုန်းပြောင်းလဲချိန်
- ဆယ်ကျော်သက် အရွယ်
- ဓမ္မတာ လာချိန်
- ကိုယ်ဝန်ဆောင်ချိနိ
- သွေးဆုံးချိန်
- အသက် ၃၀ ကျော်အမျိုးသမီးများလဲ မျက်နာ အဆီထွက်ပြီး ဝက်ခြံထွက်တတ်ပါသေးတယ် ။
#လိုက်နာရန်
♥️ညဘက် အပျော့စားမိတ်ကပ်ဖျက်ဆေးသုံးပြီးမိတ်ကပ်သေချာဖျက်ပါ ။
♥️မျက်နှာသစ်ဆပ်ပြာ အပျော့စား သုံးပြီး မျက်နှာကို တနေ့ နှစ်ကြိမ်သစ်ပါ။မျက်နှာသစ်တဲ့အခါ စက်ဝိုင်းပုံစံ အောက်ကနေ အထက်သို့ နှိပ်ပြီး စက္ကန့်ပိုင်းအကြာမှာရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ သန့်စင်တဲ့မျက်နာသုပ်ပဝါနဲ့ ရေခြောက်အောင်သုပ်ပါ ။
♥️Toner ကို Alcohol နဲ့ အမွှေးနံ့ပါတာရှောင်ပါ။
♥️ Oil free Moisture & Make up သုံးပါ။
♥️ဆံပင်ကို တပတ်ကို ၂-၃ ကြိမ်လျှော်ပါ။
♥️ ခေါင်းအုံးစွပ်နဲ့ မျက်နာသုပ်ပဝါကို တပတ်ကို အနဲဆုံး တစ်ခါ လဲပါ၊ sensitive skin ရှိသူဆိုရင်အိပ်ယာခင်းကိုလည်းတပတ်တခါလဲပါ။
♥️ ရေများများသောက်ပေးပါ ။
♥️ဝမ်းမှန်ပါစေ။
♥️ဖုန်း screen ကိုမကြာခနသန့်ရှင်းပေးပါ။
♥️စိတ်ဖိစီးမှုလျော့ပါ။
#ရှောင်ကျဉ်ရန်
❌အဆီဖုက မျက်နှာအဆီပြန်သူတွေမှာ ပိုအဖြစ်များပြီး အထူးသဖြင့် နဖူး၊ပါးပြင်၊ မေးစေ့ စတဲ့နေရာတွေမှာ အဆီဝက်ခြံ ထွက်လေ့ရှိတယ် ။သကြား၊ အချိုဓာတ်များ တဲ့အစားအစာ၊ဆိုဒါပါတဲ့ ဖျော်ရည်၊ အဆီအဆိမ့်၊ ဆီကြော်စာ၊နွားနို့ ၊အိပ်ရေးပျက်တာ၊ အစားမမှန်တာ ၊ ဝမ်းမမှန်တာ စတဲ့အရာတွေဟာ အဆီဖု ကို ပိုဆိုးစေပါတယ်။
❌Apple cider vinegar , သံပုရာသီး နဲ့တခြား အက်ဆစ်ပါတာတွေလိမ်းခြင်းကို ကိုရှောင်ပါ ။
❌နို့နဲ့နို့ထွက်ပစ္စည်းများကို ကာလတခုထိရှောင်ကျဉ်ရန် ။
❌မျက်နာကိုမလိုအပ်ဘဲ မကြာခနကိုင်ခြင်း, ကုတ်ဖဲ့ခြင်းများရှောင်ရန်။
❌ဆံပင်ရှည်တွေကို မျက်နာပေါ်မကျအောင်ဂရုစိုက်ပါ ၊ ဆံပင်ရဲ့ အညစ်အကြေားအဆီတွေကလဲ ဝက်ခြံ နဲ့ အဆီဖုကို ကိုဖြစ်စေလို့ပါ။
1️⃣Retinol (Vit A)ပါဝင်တဲ့ facial wash or skincare ကိုသုံးပါ ။Retinol ကအဆီပြန်ခြင်းကို သက်သာစေပြီး ဆဲလ်အဟောင်းတွေကိုဖယ်ရှားပေးခြင်းဖြင့် ချွေးပေါက်မပိတ်စေဖို့ကူညီပေးပါတယ် ။
🚫 သတိပြုရန်။ ။ အသားရေကိုခြောက်သွေ့ယားယံစေတတ်တယ် ။
2️⃣Benzoyl peroxide ပါတဲ့ skincare / လိမ်းဆေးသုံးပါ ။benzoyl က ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှု , ဆဲလ်အသေတွေနဲ့ အဆီထုတ်မှုကိုလျော့ချပေးတယ်။
🚫သတိပြုရန်။ ။လိမ်းဆေး စတင်အသုံးပြုမယ်ဆို အနိမ့်ဆုံး % ပါတာကိုသုံးသင့်တယ် (အထူးသဖြင့် sensitive skin သမားတွေ )။ အဝတ်အစားနဲ့ဆံပင်ကို မထိပါစေနဲ့ အရောင်ချွတ်ဆေးပါလို့ပါ ။
3️⃣Salicylic acid ပါတဲ့ cleanser / skincare သုံးပါ ။ Salicylic ကတော့ blackheads (ဝက်ခြံ)& whiteheads (အဆီဖု) ၂ ခုလုံးအတွက် အသုံးဝင်တာ ပိုထင်ရှားပါတယ်။
🚫သတိပြုရန်။ ။ အရေပြားကို ယားယံ စေတတ်ပါတယ် ။
❌sensitive skin သမားတွေအတွက် ရှောင်တာပိုစိတ်ချရမယ်
ဒီTreatment ၃ ခု ထဲက တခုခုကိုသာ သီးသန့်သုံးပါ ရောင်္ပြးသုံးရင် skin ကိုလောင်စေပြီး white head ကိုလဲ ပျောက်ကင်းမှာမဟုတ်ပါဘူးနော်။
#အိမ်တွင်းကုထုံး
- ရေနွေးငွေ့ပေါင်းခံပေးပါ
- Oil pulling လဲလုပ်ပါ
- Chia seed လဲ စားပါ
- Chia seed Detox လုပ်သောက်ပါ
အရမ်းကိုဆိုးဝါးတဲ့ အဆီဖုတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပါ ။
Pinky ကိုယ်တိုင် လက်တွ့ပျောက်ကင်းတဲ့ နည်းနဲ့ skincare routine ကိုနောက်ပိုစ့်တခုထပ်ရေးပေးပါမယ် နော် . စာအရမ်းရှည်ရင် စာဖတ်သူတွေအဆင်မပြေမှာစိုးလို့ပါ ။
ကျန်းမာလှပတဲ့လူနေမှုဘဝ ကို Lady တို့ ပိုင်ဆိုင်ကြပါစေနော်😍😍😍
ကျမ်းမာလှပတဲ့လူနေမှုဘဝကိုပိုင်ဆိုင်ဖို့ ကိုယ်တိုင်ကျင့်သုံးနေထိုင် တဲ့ အရာတွေကို ရေးပေးအုန်းမှာမို့ Follow လုပ်ထားပေးနော် ။
ချစ်တဲ့ Pinky