Thae Nge-book collection

Thae Nge-book collection စာအုပ်စာပေ လူ့မိတ်ဆွေ

 # #လောကဓံကို ဂရုမစိုက်တဲ့မိန်းမ-7000 ကျပ်   # #ထက်မြက်တဲ့မိန်းမ -6000 ကျပ် # #အက်ရှာ(Asher)Thae Nge-book collection
30/09/2025

# #လောကဓံကို ဂရုမစိုက်တဲ့မိန်းမ-7000 ကျပ်
# #ထက်မြက်တဲ့မိန်းမ -6000 ကျပ်
# #အက်ရှာ(Asher)
Thae Nge-book collection

 #အစ်ကို…သို့ (ဖရော်ဆန်)        အကိုဟာ ကျနော် စိတ်ကျနေခဲ့တဲ့နှစ်တွေမှာ ကျနော့်စိတ်ထဲ အမြဲရှိနေပြီး ရည်ရွယ်စကားပြောနေခဲ့တ...
27/09/2025

#အစ်ကို…သို့ (ဖရော်ဆန်)
အကိုဟာ ကျနော် စိတ်ကျနေခဲ့တဲ့နှစ်တွေမှာ ကျနော့်စိတ်ထဲ အမြဲရှိနေပြီး ရည်ရွယ်စကားပြောနေခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ပါ၊
အဲ့ဒီအချိန်က တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်လို ခံစားနေခဲ့ရတာမို့ ကျနော့်ကို ပျော်ရွှင်စေသမျှ၊ ဝမ်းနည်းနာကျင်စေသမျှ အရာအားလုံးကို
“အစ်ကို… သို့” ဆိုပြီး ချရေးမိခဲ့တာပါ” လို့ ဆရာမဖရော်ဆန်က အင်တာဗျူးတစ်ခုမှာ ဖြေသွားတာ မှတ်မိတယ်။

⭕တကယ်လည်း ဒီ”အစ်ကို… သို့”စာအုပ်ထဲမှာ အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ သိမ်ငယ်မှု၊ ဝမ်းနည်းမှု၊ လွမ်းဆွတ်မှု၊ နာကျင်မှု…
စတဲ့ စစ်မှန်တဲ့ခံစားချက်တွေကို ကဗျာ၊ အက်ဆေးတွေအနေနဲ့ စုစည်းရေးသားထားတာ တွေ့ရတယ်။
အကို့အကြောင်းတွေ တွေးလိုက်တဲ့အခါတိုင်း
ကျနော်ဟာ အိမ်မက်ရှည်တစ်ခုကနေ နိုးထလာရသူတစ်ယောက်လိုပါပဲ” ဆိုတဲ့ “အရံလူ” ခေါင်းစဉ်နဲ့ အက်ဆေးကနေ စလိုက်တာ
“ရင်ထဲမှာ ဒဏ်ရာတစ်ခုခုကိုဝှက်ပြီး ရှင်သန်နေရတာကကိုမှ ဘဝပဲ မဟုတ်လား” ဆိုတဲ့ မေးခွန်းလေးအထိ ခံစားစရာတွေချည်းပါပဲ။

ပြီးတော့
“အကိုသာ လတစ်စင်းဆို
ကျနော်နဲ့ ဝေးရာအရပ်မှာ သာပါ
အကိုသာ ကြယ်တစ်ပွင့်ဆို
ကျနော် မမြင်နိုင်တဲ့ အရပ်မှာကြွေပါ
အကိုသာ မိုးတိမ်သားတွေဖြစ်ခဲ့ရင်
ကျနော့်ကို ကွက်ပြီးရွာပါ
ဘယ်ဘဝ ဘယ်အခြေအနေမှာဖြစ်ဖြစ်
ကျနော့်ကို ဒဏ်ရာထပ်မပေးတဲ့ လူတစ်ယောက်အဖြစ်နဲ့သာ ရှင်သန်ပါ” တဲ့။

ပုံပြင်လေးဟာ အက်အက်ကွဲကွဲပါပဲ။ ဒီစာအုပ်လေးထဲမှာ အချစ်ကို ရူးရူးမူးမူးငြိတွယ်ပြီးမှ ရင်အကွဲခံပြီး ပြန်ဖြည်ချပစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို မြင်ရတယ်။ အဲ့ဒီအခိုက်အတန့်ဟာ သိပ်ကြောက်ဖို့ကောင်းမှာပဲ။ ခံစားချက်တူညီတဲ့သူတွေဆို ဖတ်ရင်း မျက်ရည်ဝဲမိမလားပဲ။

“ကျနော်က အလိုက်သိတတ်တယ်လေ
ကျနော့်အတွက် ခြေချစရာ မရှိတဲ့ကမ္ဘာမှာ
ကျနော် ဘယ်တော့မှရှင်သန်မှာ မဟုတ်ဘူး
အကို ပျော်ပါစေ
ပြီးတော့ …
အကို့ဘဝထဲကိုလည်း အကိုခေါ်ချင်တဲ့သူကို ခေါ်နိုင်ပါစေ
အကို လျှောက်တဲ့လမ်း သာပါစေ…
အကို နမ်းတဲ့ပန်း ပိုမွှေးပါစေ…
Good Bye ပါ အကိုရေ…” တဲ့။

နောက်ဆုံးဆိုပြီး မဆုံးနိုင်တဲ့ နှုတ်ဆက်ချိန်တွေအကြောင်းလည်း ဆရာမ ဖရော်ဆန်က ရေးထားသေးတယ်။ ကျောခိုင်းထွက်ခွါသွားသူကို လက်ပြနှုတ်ဆက်လို့ မဆုံးသလိုမျိုးပါပဲ။ အမှန်အတိုင်းပြောရရင် ဒီ” အစ်ကို… သို့” စာအုပ်လေးဟာ တစ်စုံတယောက်ကို (ဒါမှမဟုတ်) ကိုယ့်ခံစားချက်တွေကို ကောင်းမွန်စွာ နှုတ်ဆက်ဖြတ်တောက်ဖို့ အိတ်သွန်ဖာမှောက် ဖွင့်ချထားတယ်လို့ မြင်မိတယ်။ ငါ ဝအောင်ငိုလိုက်မယ် ဒီနေ့တစ်ရက်တည်းငိုမယ် ဆိုတဲ့ သီချင်းစာသားလိုမျိုး ပိုလင်းလက်တဲ့မနက်ဖြန်တွေအတွက် ဒီနေ့ တစ်ရက်တော့ အမှတ်တရတွေကို အပြီးတိုင် နစ်ဝင်ခံစားမယ်။ ပြီးရင် ရဲရဲဝံ့ဝံ့နှုတ်ဆက်မယ်ဆိုတဲ့ ခံစားမှုတွေကို ခံစားရစေတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။
တန်ဖိုး-6000ကျပ်
Nge-book collection

ချစ်ခြင်းမတူနိုင်သော်မှဖြင့်     ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ......... - ဂျူး -(ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ) တန်ဖိုး-၁၀...
27/09/2025

ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ.........

- ဂျူး -(ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ)
တန်ဖိုး-၁၀၀၀၀ ကျပ်(စာ-၃၈၈)
# Nge-book collection

✍🏼 ကိုကိုး📖 ပန်းတစ်ပွင့်လည်း မောင်ဆိုင်တယ်      အနမ်းတစ်ပွင့်လည်း မောင်ပိုင်တယ်........     ✅✅တန်ဖိုး ၈၅၀၀ ကျပ်၊ စာ ၁၁၇ ...
27/09/2025

✍🏼 ကိုကိုး
📖 ပန်းတစ်ပွင့်လည်း မောင်ဆိုင်တယ်
အနမ်းတစ်ပွင့်လည်း မောင်ပိုင်တယ်........
✅✅တန်ဖိုး ၈၅၀၀ ကျပ်၊ စာ ၁၁၇
# Nge-book collection

အချစ်ဆိုတာ တစ်ခါတစ်ရံ        ဖုန်းပြောခြင်းမှ စတတ်ကြောင်းယနေ့ခေတ် လူအပေါင်း ကောင်းကောင်းသိကြမည်ထင်သည်.......ချစ်သူနဲ့အတူ...
27/09/2025

အချစ်ဆိုတာ တစ်ခါတစ်ရံ
ဖုန်းပြောခြင်းမှ စတတ်ကြောင်း
ယနေ့ခေတ် လူအပေါင်း ကောင်းကောင်းသိကြမည်ထင်သည်.......
ချစ်သူနဲ့အတူ မိုးလင်းရတာ ပျော်စရာကောင်းသလို
ချစ်သူနဲ့အတူ မိုးချုပ်ရတာလဲ ကြည်နူးစရာ
ကောင်းလှပါတယ်......
ချိုလွင်သော သူမ စကားသံလေးများသည်လဲ
ပူလောင်မွန်းကြပ်သော သူ့ ဘဝကို အေးချမ်းစေခဲ့တယ်.....
⭕⭕အဲဒီညက
ချစ်သူလက်ကို ကိုင်ပြီး
သူ မှေးစက်ခဲ့တယ်...
ကြယ်တစ်ရာ ခြံရံပြီး နတ်သမီးတစ်ပါး
သူ့ အနားကို ဆင်းသက်ခဲ့သလို........
⭕⭕အဲဒီညက
သူ့ ပခုံးကိုမှီလို့ ချစ်သူ အိပ်စက်ခဲ့ပါတယ်..........

အချစ်ဆိုတာ ကဗျာပဲ
တချို့ ကဗျာတွေဟာ နားလည်ဖို့ မလွယ်ဘူး
တချို့ အချစ်တွေဟာလည်း ဒီလိုပဲ
နားလည်ဖို့ မလွယ်ဘူး
ဒါပေမယ့်.....
စိတ်ထဲမှာတော့ ခံစားနိုင်နေတယ်..........

ကိုယ်တို့ဒိုင်ယာရီလေးကို အတူတူဖတ်မယ်
ကိုယ်တို့အိပ်မက်ကို အတူတူမက်မယ်
ရာသီဥတုတွေ ဘယ်လိုပြောင်းပြောင်း
မိုးအတူ ဆောင်းအတူ နွေအတူတူ
ထီးအတူတူ ဆောင်းကြမယ်ကွာ
ပြီးတော့ ကံကြမ္မာတွေကို အတူတူခံစားကြမယ်။

✅✅မင်းလက်ထဲမှာ ကိုယ့်အသက်က တည်တာပါ
ကိုယ့်နှလုံးသားမှာလည်း
ဖယောင်းတိုင်ထွန်းထားပါတယ်.......
လောကမှာ တချို့အရာတွေက ဘယ်လိုကြောင့်
ဖြစ်ဖြစ် ခွဲထားလို့မရဘူး...
အောက်ချင်းငှက်စုံတွဲကို ခွဲထားလို့မရဘူး...
သက်တံ့နဲ့ မိုးတိမ်ကို ခွဲထားလို့မရဘူး...
ရော့ခ်ဂီတနဲ့ ဂစ်တာကို ခွဲထားလို့မရဘူး...
ကိန္နရီ ကိန္နရာကို ခွဲထားလို့မရဘူး...
အဲဒီလိုပဲ အာဒံရဲ့ လက်သူကြွယ်က လက်စွပ်နဲ့
ဧဝရဲ့ လက်သူကြွယ်က လက်စွပ်လေးကိုလည်း
ခွဲထားလို့မရပါဘူး...
ခွဲလို့မရတာတွေကို ခွဲခြားလိုက်တဲ့အခါ...
ပျက်စီးတတ်တယ်၊ သေဆုံးတတ်တယ်...
ဒါ နတ်ဘုံနတ်နန်းက ချမှတ်ထားတဲ့
စည်းကမ်းတွေပါပဲ..........
အချစ်စောင့် နတ်မင်းကြီးရှိရင် မေးချင်ပါတယ်
အချစ်ဆိုတာဘာလဲ❓❓❓❓
အချစ်ဆိုတာ ချစ်ချင်လို့ကို ချစ်တာ...
အချစ်မှာ အကြောင်းပြချက်မရှိဘူး ...
တစ်စုံတယောက်ကို ချစ်နေမိတဲ့ အခါ
သူဘာဖြစ်ဖြစ် ချစ်နေမိမှာပဲ...........
အချစ်ဆိုတာ ပေါင်းစည်းမှုပဲ
ကိုယ်နဲ့ ကိုယ့်ချစ်သူနဲ့ မပေါင်းခင်ကို
ကိုယ့်စိတ်ထဲမှာ အလွမ်းတွေ ၊ သံသယတွေ ၊
မာနတွေ ၊ ကြည်နူးမှုတွေ စတဲ့
အရသာအစုံ ပေါင်းစည်းနေတယ်........
နှစ်ဦးပေါင်းစည်းမယ့်
အချစ်ဆိုတာကတော့
နားလည်မှုပဲ..........

✅✅ကိုယ့်နတ်သမီးလေးရေ...
မျက်တောင်မခတ်ပါနဲ့
မျက်တောင်မခတ်လိုက်ပါနဲ့
ဘယ်တော့မှ နတ်သက်မကြွေချင်ဘူး...
ဘယ်တော့မှ ကိုယ့်အချစ်တွေ
နတ်သက်မကြွေချင်ဘူး.......
ဘယ်တော့မှ နတ်သတ်မကြွေရဘူးကွယ်........
✅✅အချစ် ကိုယ့်အနားတိုးပါ
ကိုယ်တို့မဝေးလွင့်သွားဖို့ နီးနေမှဖြစ်မယ်
ကိုယ်တို့နှစ်ပတ်လည်ဟာ ကိုယ်တို့နတ်ဘုံနတ်နန်းပဲ။
သိုးဆောင်း (ငါ့အလင်းတံခါးမှာ ဖယောင်းတိုင် ထွန်းထားတယ်)
တန်ဖိုး-၈၀၀၀ကျပ်
Thae Nge-book collection

Crd # # #

စာဖတ်သူတို့ ရှင်သန်တဲ့ပတ်ဝန်းကျင်မှာ       နေတတ်ဖို့၊ ထိုင်ဖတ်ဖို့၊ ဝတ်တတ်ဖို့၊စားတတ်ဖို့ဆိုတာသိပ်ပြီးအရေးကြီးပါတယ်........
27/09/2025

စာဖတ်သူတို့ ရှင်သန်တဲ့ပတ်ဝန်းကျင်မှာ
နေတတ်ဖို့၊ ထိုင်ဖတ်ဖို့၊ ဝတ်တတ်ဖို့၊စားတတ်ဖို့ဆိုတာသိပ်ပြီးအရေးကြီးပါတယ်......

✅လူတော်တော်များများက Smart ကျတဲ့ သူတွေ ဖြစ်ချင်ကျတယ်
⭕Smart ကျတဲ့သူဖြစ်ဖို့ဆိုရင်ကိုယ်ကကြိုးစားပြီးနေထိုင်ရမှာဖြစ်ပါတယ်

ဒီအချက်တွေအတိုင်း မင်းနေထိုင်ရင် Smart ကျတဲ့သူ ဖြစ်မယ်လို့ ပြောလို့မရပါဘူး။

ကိုယ့်ပုံစံနဲ့ ကိုက်ညီမှု့ရှိရဲ့လား၊ လူအများရဲ့​ရှေ့မှာဘယ်လိုနေရတာကပိုပြီး အဆင်ပြေနိုင်မလဲ၊
ဘယ်လိုပုံစံက ကိုယ်နဲ့ ပိုပြီးလိုက်ဖက်မလဲ
စသဖြင့် သေချာစဥ်းစားရမှာဖြစ်ပါတယ်

အဲ့ဒါအပြင်..ကောင်းမွန်တဲ့ လူမှု့ဆက်ဆံရေး တည်ဆောက်ဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ အခန်းကဏ္ဏတစ်ခု ဖြစ်ပါတယ်။

လူမှု့ဆက်ဆံရေးက ကိုယ့်ရဲ့ပတ်ဝန်းကျင်၊
ကိုယ့်ရဲ့အလုပ်ခွင်၊ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကြားထဲမှာ ပိုမိုကောင်းမွန်တဲ့ဘဝကို တည်ဆောက်ဖို့ ထောက်တိုင်တစ်ခုလဲ ဖြစ်ပါတယ်.......
ပိုင်ပိုင်လင်းဦး(Smart ကျတဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင်......)
တန်ဖိုး- ၇၀၀၀ ကျပ်
Thae Nge-book collection

Crd # # #

❝ လူ့ဘဝမှာ အစွဲအလန်း သိပ်ကြီးတဲ့သူတွေဟာ        တမလွန် ရောက်တဲ့အခါ အမျှဝေသံကြားရဖို့ 99% မသေချာဘူးတဲ့။            ဒါကြောင...
27/09/2025

❝ လူ့ဘဝမှာ အစွဲအလန်း သိပ်ကြီးတဲ့သူတွေဟာ
တမလွန် ရောက်တဲ့အခါ အမျှဝေသံကြားရဖို့
99% မသေချာဘူးတဲ့။
ဒါကြောင့် ဘယ်လိုအရာမျိုးကိုမှ
လိုတာထက် ပိုပြီး မတွယ်တာ မစွဲလန်းမိပါစေနဲ့ ❞

“လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်”
စာအုပ်မှာ အပိုင်း ( ၄ ) ပိုင်း ခွဲပြီး ရေးသားထားပါတယ်။
✅အပိုင်း ( ၁ ) မှာ အနာဂတ်ပျောက်နေသလို ခံစားရတဲ့
လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စာတိုတွေကို ရေးသားထားပါတယ်။

✅အပိုင်း ( ၂ ) မှာ စိတ်ကျန်းမာရေးအပြင် Life Style နဲ့
ပတ်သက်တာတွေ ရေးသားထားပါတယ်။

✅အပိုင်း ( ၃ ) မှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့တတ်ဖို့၊
မိဘကို မေတ္တာပို့တတ်ဖို့အတွက် မေတ္တာပို့နည်းတွေ ရေးသားထားသလို ဘုရားတရား မမေ့ဖို့အတွက် စာစုတွေကိုလည်း ရေးသားထားပါတယ်။

✅အပိုင်း ( ၄ ) မှာတော့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေကို ရေးသားထားပါတယ်။
သော်တာမင်း(လူငယ်တစ်ယောက်စိတ်ဓါတ်ကျနေသည်)
တန်ဖိုး-၈၀၀၀ကျပ်
Nge-book collection

အိမ်တလုံးဆောက်ဖို့ရာ သေချာခိုင်ခံ့တဲ့အုတ်မြစ်ကို          လိုအပ်သလိုခိုင်မြဲတဲ့ဆက်ဆံရေး တခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အခြ...
26/09/2025

အိမ်တလုံးဆောက်ဖို့ရာ သေချာခိုင်ခံ့တဲ့အုတ်မြစ်ကို
လိုအပ်သလိုခိုင်မြဲတဲ့ဆက်ဆံရေး တခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အခြေခံအုတ်မြစ်ကတော့
'ချစ်ခြင်းမေတ္တာ' ဖြစ်ပါတယ်......
ဒီစာအုပ်မှာ​တော့ချစ်ခြင်းမေတ္တာပေါ်အခြေခံပြီး
ကျန်းမာပျော်ရွှင်တဲ့ Healthy Relationship တွေ
Romantic Relationship တွေကိုပိုင်ဆိုင်နိုင်ဖို့ရည်ရွယ်ပါတယ်.......
# #စူးရှမေ(ချစ်ခြင်းမေတ္တာ၏အုတ်မြစ်များ)
တန်ဖိုး-၅၅၀၀ကျပ်
Thae Nge-book collection

ဘာတွေဖတ်ရမလဲ မသိရင်....   ဒီစာအုပ်တွေဖတ်ပါဈေးနှုန်းလေးတွေထည့်ထားပေးပါတယ်ရှင့်.......Thae Nge-book collection
24/09/2025

ဘာတွေဖတ်ရမလဲ မသိရင်....
ဒီစာအုပ်တွေဖတ်ပါ
ဈေးနှုန်းလေးတွေထည့်ထားပေးပါတယ်ရှင့်.......
Thae Nge-book collection

Address

Thanbyuzayat

Website

Alerts

Be the first to know and let us send you an email when Thae Nge-book collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category