11/01/2025
✴️နေရောင်ခြည်နဲ့ အိုမင်းရင့်ရော်ခြင်း
☀️နေလောင်မှ အသားအရေပျက်စီးတာ မဟုတ်ပါဘူး 💢 နေပူထဲမှာ အကာအကွယ်မဲ့နေခြင်းကလည်း အသားအရေကို ဖြည်းဖြည်းချင်း ပျက်စီးစေပြီး ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်စေပါတယ်💢
🌞 နေရောင်ကြောင့် အသားအရေတွေ အိုမင်းရင့်ရော်လာတယ်ဆိုတာ သူ့မှာပါတဲ့ UV လှိုင်းကြောင့်ပါ။ UV လှိုင်းက ဆဲလ်တွေကို ဓာတ်တိုးပျက်စီးစေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အသားအရေက
⚠️ ကော်လဂျင်တွေ ပျက်စီးလာပြီး လျော့ရဲလာတာ
⚠️ အရေးကြောင်းတွေ ထင်လာတာ
⚠️ အသားရေကြမ်းလာတာ
⚠️ အသားရောင်မညီတာ
⚠️ နီရဲတာ
⚠️ တင်းတိပ်ဖြစ်လာတာ
⚠️ အမည်းစက်တွေ ထွက်လာတာတွေ ဖြစ်လာပါတယ်။
အသက်ရလာရင် လူတိုင်းက အိုမင်းကြတယ်ဆိုပေမယ့် နေရောင်နဲ့ ထိတွေ့သူတွေကတော့ ပိုပြီး မြန်မြန်ဆန်ဆန် အိုမင်းလာကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အရေပြားတွေကပေါ့။ ဒါကြောင့် နေရောင်ခြည်က အရွယ်မတိုင်ခင် အိုမင်းစေတဲ့ အဓိက တရားခံဆိုလည်း မမှားပါဘူး။
✨နေရောင်ကြောင့် အိုမင်းရင့်ရောင်မှုကို ကာကွယ်ဖို့ဆို Sunscreenကို မဖြစ်မနေ သုံးဖို့ လိုပါတယ်✨