13/05/2026
SCW’26 -သူမလက်ရာ တပတ်တာ အစီအစဉ်များ
[English Version Below]
တစ်နှစ်တစ်ခါ ကျင်းပမြဲဖြစ်သော "သူမလက်ရာ" ၏ SheCreates Week 2026 သည် ယခုနှစ်တွင် “Weaving Connections - ဆုံစည်းယှက်ဖြာ သူမတို့၏ ဖန်တီးရာ” ဆိုသည့် ခေါင်းစဉ်နှင့်အတူ လတ်ဆတ်တက်ကြွသော အစီအစဉ်သစ်များဖြင့် ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါသည်။
SheCreates Week 2026 ၏ အဖွင့်အစီအစဉ်အဖြစ် “Threads of Two Worlds” Charity Fashion Show ကို စိတ်လှုပ်ရှားဖွယ် တင်ဆက်သွားမည် ဖြစ်ပါသည်။
ဤဖက်ရှင်ရှိုးသည် စပိန်နှင့် မြန်မာနိုင်ငံတို့၏ ရိုးရာဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုနှစ်ရပ်ကို ဆန်းသစ်စွာ ပေါင်းစပ်ပုံဖော်ထားသည့် အထူးပြပွဲတစ်ခု ဖြစ်ပါသည်။ ပြပွဲအတွက် ဖန်တီးထားသော ဝတ်စုံများကို ရောင်းချပြီး ရရှိလာသည့် ရန်ပုံငွေများကို ပရဟိတလုပ်ငန်းများအတွက် ပြန်လည်လှူဒါန်းသွားမည် ဖြစ်ပါသည်။
ဤအဓိပ္ပာယ်ပြည့်ဝသော အစီအစဉ်ကို ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ (EU Delegation to Myanmar)၊ စပိန်နိုင်ငံသံရုံး (Embassy of Spain in Myanmar) နှင့် “သူမလက်ရာ” ၏ အမျိုးသမီး လက်မှုပညာရှင်များက ပူးပေါင်းဖန်တီးထားခြင်းဖြစ်ပြီး Goethe-Institut Myanmar မှလည်း နေရာပံ့ပိုးမှုကို အားဖြည့်ကူညီထားပါသည်။ အမျိုးသမီးတို့၏ ဖန်တီးနိုင်စွမ်းနှင့် မျှဝေကူညီလိုစိတ်ကို အတူတကွ ဂုဏ်ပြုသည့် အခမ်းအနားတစ်ခု ဖြစ်ပါသည်။
ပွဲကျင်းပမည့် အစီအစဉ်
• နေ့ရက် - ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
• အချိန် - ညနေ ၅:၃၀ နာရီ မှ ၇: ၃၀ နာရီအထိ
• နေရာ - Goethe-Institut Myanmar (Auditorium Room)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Connect, Create, Contribute ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ဤပြပွဲတွင် အတူတကွ ပါဝင်ဆင်နွှဲနိုင်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
#သူမလက်ရာ
--------------------
SheCreates Week 2026: Threads of Two Worlds Charity Fashion Show
The annual "SheCreates Week" returns for 2026! This year, we are proud to present the theme “Weaving Connections”, featuring a fresh and vibrant lineup of events that celebrate creativity and community.
To kick off the week, we invite you to our opening highlight: “Threads of Two Worlds” – A Charity Fashion Show. This exclusive showcase is a creative fusion of traditional Spanish and Myanmar attire, reimagined through contemporary design. Every garment featured on the runway will be available for purchase, with all proceeds donated to charitable causes.
This meaningful initiative is a collaborative effort between the EU Delegation to Myanmar, the Embassy of Spain in Myanmar, and the talented women artisans of the SheCreates community, with generous venue sponsorship from Goethe-institut Myanmar. Together, we celebrate the power of female creativity and the spirit of giving.
Event Details
• Date: May 13, 2026
• Time: 5:30 PM – 7:30 PM (Door Open at 5pm)
• Venue: Goethe-Institut Myanmar (Auditorium) Corner of Kabar Aye Pagoda Road and Nat Mauk Street, Bahan Township, Yangon.
Guided by our core values — Connect, Create, and Contribute — we look forward to welcoming you to this celebration of art and impact.
#