Busy Kidz

Call Contact the business

Busy Kidz Play is our brain's favorite way of learning.

  ⛔🟡🔴 သမီးကြီးသွားလို့ ပြန်ရောင်းတာပါ 🔴🟡Display bookshelf used quality အကောင်း အသန့် အသစ်နီးပါး plastic အမာနဲ့ လိုချင်တဲ...
11/11/2026

⛔

🟡🔴 သမီးကြီးသွားလို့ ပြန်ရောင်းတာပါ 🔴🟡
Display bookshelf used quality အကောင်း အသန့် အသစ်နီးပါး plastic အမာနဲ့
လိုချင်တဲ့သူအတွက်ပါ မေမေတို့ရေ

07/11/2026

Dr. Seuss fans တွေ weekend မှာ ကြည့်ဖို့ 🎬

07/11/2026

ဖတ်ထား သင့်ပါတယ်နော် ❤️

ကလေးတို့ကို ဆင်ကြီးမိုမို မွေးနေ့ပုံတွေ ပြဖို့ 🐘
01/11/2026

ကလေးတို့ကို ဆင်ကြီးမိုမို မွေးနေ့ပုံတွေ ပြဖို့ 🐘

🤱🏻 လသားကလေး‌‌ မေမေတုန်းက ကိုယ်အမြဲ ကြုံတွေ့ရတဲ့  ပြဿနာက ကလေးနဲ့အတူ အပြင်ထွက်ရင် ကလေးကို ချစ်လို့ဆိုပြီး ကလေး လက်တွေ၊ ပါး...
01/11/2026

🤱🏻 လသားကလေး‌‌ မေမေတုန်းက ကိုယ်အမြဲ ကြုံတွေ့ရတဲ့ ပြဿနာက ကလေးနဲ့အတူ အပြင်ထွက်ရင် ကလေးကို ချစ်လို့ဆိုပြီး ကလေး လက်တွေ၊ ပါးတွေကိုင်ပြီး အနမ်းခံရ ဒါမျိုးပါ။ သမီး‌လေး လသားအရွယ်တုန်းက လမ်းသွားရင်း ကိုယ်နဲ့လုံးဝ မသိတဲ့ တစ်စိမ်း ညီမလေး တစ်ယောက်ရဲ့ ကလေးကို နမ်းလို့ရလားဆိုပြီး မေးတာ
ခံရဖူးတယ်။ အရင်မေးလိုက်တာမို့ ကျေးဇူးတင်ရမယ်။ နောက်တခါ အရောင်းဝန်ထမ်း မမ‌တွေရဲ့ မပြောမဆို ရွှတ်ခနဲ နမ်းဒါမျိုး (၂)ခါလောက် ခံရဖူးတယ်။ ဒေါသတွေ အလိပ်လိုက် ထွက်ဒါကို "သူအဲ့လောက်မသိရလေခြင်း " ဆိုတဲ့ အတွေးမျိုးထည့်ပြီးပဲ ‌ကိုယ့်ဒေါသကိုယ် မျိုချ ခဲ့ရတယ်။

❤️ အဓိက ပြောချင်ဒါ (၆)လအောက် ကလေးတွေ အရမ်းနုနယ်‌ ပါတယ်နော်။ ခန္တာကိုယ်မှာ ရောဂါတွေကို ပြန်တိုက်ထုတ်ဖို့ ခုခံအားကလည်း ကောင်းကောင်း မရသေးတော့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်လွယ်တဲ့ အချိန်လည်း ဖြစ်နေပါတယ်။ တချို့ကလေးနဲ့ အနေနီး‌ကြသူတွေ မဟုတ်လို့ အတွေ့အကြုံ မရှိကြဒါကို နားလည်ပေးလို့ရပေမယ့် ရောဂါပိုးတွေကတော့ ကိုယ်တွေကို နားလည်ပြီး စောင့်ပေးနေမှာ မဟုတ်ဘူး ဆိုဒါလေး နည်းနည်း သတိထားစေချင်တယ်။ အဲ့ဒါကြောင့် ကိုယ့်ကလေးအပေါ် ကျရောက် လာနိုင်တဲ့ ရောဂါပိုးမွှား အန္တရာယ်‌တွေကို အဖက်ဖက်ကနေ ကာကွယ်ပေးရမှာ မိခင်တိုင်းရဲ့ တာဝန်ပါနော်။

❤️ လူကြီးတွေ ကလေးကို မကိုင်ခင် လက်ဆေးရပါမယ်။ အပြင်က ပြန်လာရင်၊ ပိုက်ဆံတွေကိုင်ထားရင် လက်ဆေးပြီးမှ ကလေးကို ကိုင်ရပါမယ်။ အထူးသဖြင့် လက်ကလေးတွေ စပြီး စုပ်တတ်တဲ့ အရွယ်ရောက်ပြီဆို ပို‌တောင် ဆိုးပါသေးတယ်‌နော်။ အဲ့ဒီ မသန့်တဲ့ လူကြီး လက်တွေက တဆင့် ကလေးလက်၊ ကလေးလက်ကနေ တဆင့် ကလေးပါးစပ်ထဲ ရောဂါပိုးတွေ ရောက်သွားပြီး ဝမ်းလျှောဒါ၊ နှာစေးပြီး ဖျားဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရောဂါရှိသူတွေ၊ ဖျားနေသူတွေ၊ နှာ‌စေး၊ ချောင်းဆိုး ဖြစ်နေသူတွေ ကလေးကို လာကိုင်ဒါ၊ လာနမ်းဒါမျိုးလည်း လုံးဝ မလုပ်သင့်ပါဘူး။ နောက်ပြီး မိတ်ကပ်၊ နှုတ်ခမ်းနီ အထူကြီးတွေ၊ သနပ်ခါး အထူကြီးတွေ လိမ်းထားပြီး လသား ကလေးငယ်‌လေးကို နမ်းမိတော့မယ့် အခါတိုင်းလည်း အထူး ဂရုစိုက်သင့်ပါတယ်။ တခါတလေ ကလေး အရေပြားနုနုလေးက မိတ်ကပ်ထဲက ဓါတုဆေးတွေရဲ့ဒဏ် မခံနိုင်ပဲ (Allergy) အဖုတွေ ထလာ ဒါမျိုး ဖြစ်တတ်ပါတယ်။ သနပ်ခါးဆိုလည်း သနပ်ခါး အမှုန်သေးသေးလေးတွေ ကလေး မျက်လုံး ၊ နှာခေါင်း နဲ့ ပါးစပ်ထဲ ဝင်နိုင်ပါတယ်နော်။ အဲ့ဒါကြောင့် အခုခေတ် ဆရာဝန်တွေ ကလေး ပေါင်ဒါတောင် မသုံးခိုင်းပါဘူး။ အသက်ရှူလမ်း‌ကြောင်းထဲ အထိဝင်တတ်လို့ပါ။ တချို့တွေ ဒီလောက်လေးနဲ့ ဘာမှ မဖြစ်ဘူးလို့ ပြောတတ်ကြပါသေးတယ်။ ဥပမာ- ကလေး (၁၀) ယောက်မှာ (၂)ယောက်က ဖြစ်တတ်တယ်ဆိုပါတော့။ အဲ့ဒီဖြစ်တတ်တဲ့ ကလေး (၂) ယောက်ထဲ ကိုယ့်ရဲ့ သားသား၊ မီးမီးလေးတွေ ပါ‌မသွားအောင် ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်‌။ အောက်မှာ ကိုယ့်တုန်းက လူအမုန်းခံပြီး ကာကွယ်ခဲ့တဲ့ လူအများကြားက ကလေးရှောင်နည်း သိုင်းကွက် တချို့ကို မျှဝေပေးလိုက်ပါတယ်နော်... 🤪

✅ ကိုယ့်ရဲ့အ‌ရှေ့ တနေရာက‌ လူတစ်ယောက် ကလေးကို ချစ်စရာလေးဆိုပြီး ကိုယ့်အနားလျှောက်လာ‌တော့မယ်လို့ ထင်ကတည်းက ကလေး လက်(၂) ဖက်ကို ကိုယ်က အရင် ဦးအောင်ကိုင်ထားပါ။ (baby carrier နဲ့မို့ လက် (၂) ဖက်ကိုင်လို့ရဒါပါ) ပြီးရင် မျက်နှာလေး ပြုံးပြီး အနောက် နည်းနည်းဆုတ်ပြလိုက်ပါ။ ရိုးရိုးချီထားရင်တော့ သူတို့ လာကိုင်မယ် ထင်တဲ့လက် တစ်ဖက်ကို ကိုယ်က အရင်ဦး‌အောင် ကိုင်ထားပါ။ အဲ့အချိန်မှာ တချို့က ကိုယ့် အရိပ်အကဲ ကြည့်ပြီး ကလေးကို မကိုင်တော့ပဲ နှုတ်ဆက်ဒါမျိုးလောက်ပဲ လုပ်ပါ‌မယ်။
တချို့ကတော့ ခြေထောက်‌‌လေး ရအောင် ကိုင်သွားဒါမျိုးရှိပါတယ်။ Yes! အဲ့လောက်ပဲဆို it's ok ပါ 🙌

✅ ကလေးချီ ချင်တယ်ဆို ပေးချီလို့ ရ‌ပေမယ့်... ကျေးဇူးပြုပြီး နမ်းလို့ မရသေးကြောင်း မျက်နှာချိုချိုနဲ့ သေသေချာချာ ထပ်ခါ ထပ်ခါ သတိပေးပါ ။ ☝️

✅ နေမကောင်းတဲ့ သူတွေ့ရင် မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုး အမုန်းခံပြီး ဝေးဝေးရှောင်ပါ။ သူတို့ ချီထားလည်း အကြောင်းအမျိုးမျိုး ပြပြီး ပြန်လုချီပါ။ 👻

✅ ကိုယ့်ကလေး‌ အနီးနား ကပ်လာတဲ့သူကို စိတ်ထဲက မသန့်ဒါမျိုး ဖြစ်လာပြီဆို ကလေး ဆေးထိုးထားလို့၊ ဆရာ၀န်က မှာထားလို့၊ (၃) လအောက် ဘာညာ ကွိကွ အကုန် လျှောက်ရွှီးပြီး ထွက်‌ပြေး တတ်ပါစေ။🦸

✅ နောက်ဆုံးနည်းက ကျေးဇူးပြု၍ လက်သန့်ဆေးရည် (hand sanitizer gel) သုံးပေးပါ။
The End ! ဒါပေမယ့် Hand Gel တစ်ဘူးတော့ ဆောင်ထားရမယ်နော် 😂


#ကလေးအိပ်တုန်းရေးသွားသည်

#ကလေးထိန်းခြင်းအနုပညာ #လသား #ကလေးပြုစုပျိုးထောင်ခြင်း #ကလေးကျန်းမာရေး

01/11/2026

😅 နက်ဖြန် ကျောင်းဖွင့်ပြီ 😅💪

Supplement ၀ယ်ရင် သတိထားကြပါ ⚠️
01/11/2026

Supplement ၀ယ်ရင် သတိထားကြပါ ⚠️

Address


11141

Telephone

+959881882515

Website

Alerts

Be the first to know and let us send you an email when Busy Kidz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Busy Kidz:

Shortcuts

  • Want your business to be the top-listed shop?

Share