အောင်သပြေ

အောင်သပြေ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အောင်သပြေ, Shopping & retail, မြို့မစျေးတောင်ဘက်ရမည်းသင်းမြို့, Yamethinn.

11/10/2024

🕉🕉🕉
ဦးမောင်ငယ်+ဒေါ်ထွေး
အောင်သပြေရုပ်ရှင်နှင့်စတိုး
မြို့မစျေးတောင်ဘက်ရမည်းသင်းမြို့
📲09440146679

The Secret 2: Mystery of Villa 666 (2021)-------------------------------------------သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့အင်ဒိ...
04/09/2021

The Secret 2: Mystery of Villa 666 (2021)
-------------------------------------------

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့

အင်ဒိုနီးရှားသရဲကားတပုဒ်ပါ...

ဇာတ်လမ်းနာမည်လိုပါပဲ လူတိုင်းမှာ

လျှို့ဝှက်ချက်တွေ ရှိတတ်ကြပါတယ်..

ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ လျှို့ဝှက်ချက်က

ဘာတွေလဲ? အဓိကဇာတ်အိမ်တည်ရာဖြစ်တဲ့

စံအိမ်တော်ကြီးရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ?

စတဲ့ မေးခွန်းတွေနဲ့အတူ ထိတ်လန့်ခြောက်ခြားဖွယ်

ကြည့်ရှုရမယ့် ဇာတ်လမ်းတပုဒ်ပါပဲ....

ဇာတ်လမ်းအကျဉ်း.
--------------

နာနီက ပြင်သစ်မှာနေတဲ့

ဖက်ရှင်ဒီဇိုင်နာမလေးတစ်ယောက်ပေါ့.

တနေ့မှာတော့ သူ့မွေးရပ်ဖြစ်တဲ့

အင်ဒိုနီးရှားကို ပြန်လာဖို့ အခွင့်ဖန်လာပါတော့တယ်

အဲ့ဒါကတော့ သူတို့မိသားစုပိုင်စံအိမ်တော်ကြီးကို

ရောင်းထွက်ဖို့ သူ့အဖေက သူ့ကို လွှဲလိုက်လို့ပါ.

မွေးရပ်မြေနဲ့ဝေးတာကြာနေတဲ့ နာနီက

ဒီအိမ်ကြီးကို ရောင်းမထွက်ခင်

သူ့သူငယ်ချင်းတွေနဲ့အတူ

တပျော်တပါးစားသောက်ပြီး

အရင်အကြောင်းတွေကို ပြန်ပြောပြီး

အပန်းဖြေချင်တာကြောင့်

သူ့သူငယ်ချင်းမ၃ဦးနဲ့အတူ

စံအိမ်တော်ကြီးကို ရောက်လာခဲ့ပြီးနောက်မှာတော့.....

CM

Cinderella (2021)=============ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထ...
04/09/2021

Cinderella (2021)

=============

ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။

ကဲ အခု သူပြန်လာပြီဗျ။ အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊

ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။

ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့
စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး

အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ Billy Porter က Fab G (fabulous godmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ OST တွေကလည်း တကယ်ကို
ဘ၀င်တွေ့စရာမလို့ Camila ကို အားပေးချင်လို့ပဲ ဖြစ်စေ၊ အပျင်းပြေပဲဖြစ်စေ၊ ဂီတကို ခုံမင်လို့ပဲဖြစ်စေ ကြည့်ရှုရတာ fun ဖြစ်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

CM

Don't Breathe 2 (2021)===============IMDb Rating (6.3)Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။ဒီကားမှာ...
04/09/2021

Don't Breathe 2 (2021)
===============
IMDb Rating (6.3)

Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။
ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။

အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ...
အခုက မူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။
Don't breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
Don't breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။
မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး
ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။

တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး
အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက
မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ...

မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့်
အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။

Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။
ဇာတ်လမ်းကလည်းသွက်တယ်။
သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။
CM

Yakuza Princess (2021)ယာကူဇာ ကားတွေ မကြည့်ရတာ အတော်ကြာပြီ မဟုတ်လား?ဒီတစ်ခါတော့ ယာကူဇာကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက...
04/09/2021

Yakuza Princess (2021)

ယာကူဇာ ကားတွေ မကြည့်ရတာ အတော်ကြာပြီ မဟုတ်လား?

ဒီတစ်ခါတော့ ယာကူဇာကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ။

ယာကူဇာက အထီးလေး မဟုတ်ဘဲ အမလေးပါ။

ယာကူဇာ မင်းသမီးလေး အာကီ (သို့မဟုတ်) အာကေမီ ပါ။

ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အက်ရှင်ကားကို ကြည့်ချင်သူများအတွက်

ရေငတ်တုန်း ရေတွင်းထဲကျ ဖြစ်မှာပါပဲ။

အာရှဂျက်မကားတွေလည်း မကြည့်ကြရတာ ကြာပြီ မဟုတ်လား

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

အာကီတို့ မြေးအဖိုးနှစ်ယောက်ဟာ ပေါ်တူဂီနိုင်ငံမှာ အခြေချနေကြတဲ့ ဂျပန်လူမျိုးတွေပါ။

တစ်နေ့တော့ အာကီရဲ့အဖိုးကို ဓားပြတိုက်ရင်းနဲ့ အသတ်ခံလိုက်ရပါတယ်။

သာမန်ဓားပြမှုလို့ ထင်ထားခဲ့ပေမယ့် ......

ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ကိစ္စတွေကို အာကီ တစ်ယောက်

တစ်ခုချင်း သိလာရတဲ့အချိန်မှာတော့ .....
Cm

Burial Ground Massacre(2021)----------------------------------မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြ...
04/09/2021

Burial Ground Massacre(2021)
----------------------------------

မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။

တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့

လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။

“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”

ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။

လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။

အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့

သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။

လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....

လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စု

ဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...
CM

Fast And Furious.F9.The Fast Saga.2021ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့...
30/07/2021

Fast And Furious.F9.The Fast Saga.2021
ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့ အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ…..အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း
ထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်….ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်….လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ….ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ…..ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား…ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ…Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့….F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး…

𝐓𝐎𝐎𝐅𝐀𝐀𝐍 𝟐𝟎𝟐𝟏"ဂုဏ်သိက္ခာ"စကားလုံး သုံးလုံးထဲ ... ရယူနိုင်ဖို့တော့ အတော်ခက်ခဲတယ်" အာဇစ်အလီ "သူက လူမိုက် ၊ ဒွန် အတွက်အလုပ်လ...
17/07/2021

𝐓𝐎𝐎𝐅𝐀𝐀𝐍 𝟐𝟎𝟐𝟏

"ဂုဏ်သိက္ခာ"
စကားလုံး သုံးလုံးထဲ ... ရယူနိုင်ဖို့တော့ အတော်ခက်ခဲတယ်

" အာဇစ်အလီ "
သူက လူမိုက် ၊ ဒွန် အတွက်အလုပ်လုပ်ပေးတယ်
အကြွေးလိုက်တောင်းတယ် မရရင် မိုက်ကြေးခွဲတယ် မပေးရင်ဆော်တယ်

တစ်နေ့တော့ သူလက်ဝှေ့ရုံရောက်သွားပြီး "မိုဟာမက်အလီ" ရဲ့ လက်ဝှေ့ပွဲတစ်ခုကို ကြည့်မိသွားတယ်
အဲ့ဒီမှာပဲ သူ လက်ဝှေ့ကို အရမ်းစိတ်ဝင်စားသွားတယ်

ပထမတော့ ဝါသနာပါရုံပဲရှိတာ
သူလုပ်နေတာကလည်း မိုက်ကြေးခွဲတဲ့အလုပ်ဆိုတော့ ထိုးရတာ အတူတူပဲကိုး

ဒါပေမယ့် လက်ဝှေ့ဟာ ပရိုဆန်တယ်..
လက်ဝှေ့သမားတစ်ယောက်က လက်ဝှေ့ပညာနဲ့ မကောင်းတာမလုပ်ရဘူး
တရားမဝင်အလုပ် မလုပ်ရဘူးလို့ သစ္စာဆိုရတယ်

ပထမတော့ သူ လက်ဝှေ့လောကထဲကို ခြေစုံပစ်ဝင်ဖို့ စိတ်မဝင်စားခဲ့ဘူး
သူ့ကို လူမိုက်လောကထဲကနေဆွဲထုတ်ပြီး ပရိုလောကထဲ ဆွဲသွင်းခဲ့တဲ့လူကတော့ ဒေါက်တာအနန်ရာ
ကြည့်ရတာ အာဇစ်က ဒေါက်တာအနန်ရာကို မြင်မြင်ချင်း ချစ်သွားတယ်ထင်တယ်..

ဒေါက်တာအနန်ရာဖြစ်စေချင်တဲ့အတိုင်း ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတစ်ယောက်ဖြစ်အောင်ကြိုးစားတယ်
သူတို့နှစ်ယောက်လည်း မကြာခနဆုံဖြစ်ရင်း နဲ့ မေတ္တာမျှသွားကြတယ်ပေါ့လေ
ဒါပေမယ့် ကံတရားကသိတဲ့အတိုင်း ဘယ်တော့မှ မျက်နှာသာမပေးဘူးလေ...

ဆိုတော့ အညွှန်းက ဒီလောက်ပဲ... ကျန်တာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်တော့.

Die in a Gunfight (2021)========================== ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြ...
15/07/2021

Die in a Gunfight (2021)
==========================

ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘကကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။

ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊
မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

How I Became a Superhero (2021)=========================ခုတင်ဆက်ပေးမှာကတော့ IMDb rating 5.9 ရရှိထားတဲ့ 2020 ထွက်စွမ်းအား...
14/07/2021

How I Became a Superhero (2021)
=========================

ခုတင်ဆက်ပေးမှာကတော့ IMDb rating 5.9 ရရှိထားတဲ့ 2020 ထွက်စွမ်းအားရှင် ဇာတ်ကားလေးဖြစ်ပါတယ် “ကြီးလာရင် လူစွမ်းကောင်းကြီး လုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်မယ်”ဆိုတဲ့ ငယ်ဘဝစကားလေးကိုတော့ လူတိုင်း မှတ်မိကြမယ် ထင်ပါရဲ့။
ဒါပေမဲ့လည်း တကယ်တမ်းကျ Superhero ဖြစ်ရတဲ့ဘဝဟာ ခက်ခဲနက်နဲတဲ့ မစ်ရှင်တစ်ခုကို ထမ်းဆောင်နေရသလိုပါပဲ။
ကြမ်းတမ်းတယ် ….. ပင်ပန်းတယ် ….. ခက်ခဲလှပါတယ် …..

ဒီဇာတ်လမ်းမှာတော့ စွမ်းအားရှင်တွေနဲ့အတူ သာမန်လူတွေက အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ် အချိန်ကြာလာတာနဲ့အမျှ သာမန်လူတွေဟာ စွမ်းအားရှင်တွေလိုမျိုး အစွမ်းတွေ ပိုင်ဆိုင်လာချင်ကြပါတယ်။ ဒီလိုနဲ့ သူတို့က အစွမ်းရဖို့အတွက် ဆေးတွေသုံးစွဲကြရင်း ပဲရစ်လူအဖွဲ့အစည်းအတွင်းမှာ ဘယ်လိုထိခိုက်မှုတွေရှိလာမလဲ…. ရဲအရာရှိဖြစ်တဲ့ မင်းသားမော်ရိုးဟာ ဒီအမှုအတွက် လိုက်လံစုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ…. မော်ရိုးရော ဒီအမှုကိုဖြေရှင်းနိုင်ပါ့မလား? သူရဲ့နောက်ကြောင်းကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြပါဦးနော်။ The Boys တို့ Jupiter Legacy’sတို့ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့
လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲနော်။

Address

မြို့မစျေးတောင်ဘက်ရမည်းသင်းမြို့
Yamethinn
ATP

Telephone

+956440326

Website

Alerts

Be the first to know and let us send you an email when အောင်သပြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share