ကံကော် Vintage Clothing - GAW

ကံကော် Vintage Clothing - GAW Vintage Style Clothing
Thrifty Shop
tie dye shirt,hand made myanmar

22/08/2024

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည့်
မျောက်ကျောက်ရောဂါ
=================================

မျောက်ကျောက်က အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ပြင်းထန်တဲ့စိုးရိမ်စရာတစ်ခုဖြစ်နေပါပြီ။ တခြားနိုင်ငံတွေအထိ ကူးစက်ပြန့်ပွားမှုတွေ တွေ့နေရတာကြောင့်ပါ။

ကိုဗစ်ရောဂါဟာ ကမ္ဘာတစ်ဝန်းကိုပျံ့နှံ့ပြီးနောက် (၂) နှစ်အတွင်းမှာ မျောက်ကျောက်ရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်မျိုးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်ရောဂါကို အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ် မှတ်ယူဖို့ ကြေညာလိုက်ပြီး အာရှတိုက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်စသည့် လူထူထပ်သောနယ်မြေတစ်ချို့မှာ ပျံ့နှံ့နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက်စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ခြင်း ခံရသည့် နိုင်ငံများမှာ
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ - ၁၇၅၄
အမေရိကန်ပြည်ထောင်စု - ၁၃၃၉
တရုတ် - ၃၃၃
စပိန် - ၃၃၂
ထိုင်း - ၁၂၀
ဩစတေးလျ - ၁၀၈
ဘရာဇီး - ၁၀၆
ကိုလမ်ဘီယာ - ၁၀၁
ပြင်သစ် - ၁၀၁
ကနေဒါ - ၈၃
ဗီယက်နမ် - ၈၁
အင်္ဂလန် - ၇၇
ပီရူး - ၆၃
အီတလီ - ၆၀
ဂျာမနီ - ၅၇
မက္ကဆီကို - ၄၅
နိုင်ဂျီးရီးယား - ၃၄
ဆွီဒင် - ၃၂
ပေါ်တူဂီ - ၃၁
အာဖရိကအလယ်ပိုင်း - ၂၁
ကွန်ဂို - ၁၉
နယ်သာလန် - ၁၇
ဆွစ်ဇာလန် - ၁၆
တောင်အာဖရိက - ၁၆
ဂျပန် - ၁၅
အင်ဒိုနီးရှား - ၁၅
အာဂျင်တီးနား - ၁၃
ကမ္ဘောဒီးယား - ၁၂
Czech- ၁၁
ဂရိ - ၁၀
ဘယ်လ်ဂျီယမ် - ၁၀
ဩစတြီးယား- ၁၀
ပိုလန်- ၆
လီဘာရီယား - ၅
ကာမယ်ရွန် - ၅
အိုင်ယာလန် - ၅
ကိုရီးယား - ၄
ဟမ်ဂေရီ - ၃
ရုရှား - ၂
နော်ဝေ- ၂
Slovak - ၂
ဘူဂါရီယာ - ၁
ခရိုအေးရှား - ၁
ဖိလစ်ပိုင် - ၁
မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှလည်း နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

.indiatimes.com, independent. co. uk, cdc


HR Department (ER)

မကြာသေးမှီ နစ်ပေါင်း ၄ ၅ ၆ နစ်အတွင်းကျ ဘေထုပ်ဆိုတဲ့ အရာက ရေစီးကြောင်းပြောင်းလဲလာတယ်ဗျ / ရန်ကုန်ရောက်တော့ ကြည့်မြင်တိုင်ည...
13/07/2022

မကြာသေးမှီ နစ်ပေါင်း ၄ ၅ ၆ နစ်အတွင်းကျ ဘေထုပ်ဆိုတဲ့ အရာက ရေစီးကြောင်းပြောင်းလဲလာတယ်ဗျ / ရန်ကုန်ရောက်တော့ ကြည့်မြင်တိုင်ညစျေးမှာ ဘေထုပ်ဆိုင်ကြီးတွေ တလမ်းလုံးအပြည့် ရောင်းနေကြတာ လူတွေကလည်းကြိတ်ကြိတ်တိုး သွားတွေ.ပါလေရော / အမယ်ဘယ်ရမလဲ ဘေထုပ်သံကြားရင် ရှက်လည်းရှက်ရွံလည်းရွံတတ်တဲ့ကိုယ်တွေက ဟီး / ဒါပေမဲ့ ကြည့်မြင်တိုင်ညစျေး မုန်.သွားသွားစားနေကြဆိုတော့ လူတွေအုံခဲနေတာထား အဲ့တုန်းက သိန်း ၄ ၅ ၆ ထောင်ရှိတဲ့ Land Cruiser ကားကြီးတွေ နောက်ထပ်ကားအလန်းကြီးတွေနဲ. တစီးပြီးတစီး သူဠေးတွေ ကားတွေများအဲ့လမ်းကမဖြတ်ဘူးကြီးပဲ ရောက်လာတယ်ဆင်းလာပြီး ဘေထုပ်ဆိုင်တွေထဲ ကိုယ်စီကိုယ်စီ ဝင်ကုန်ကြတော့ ဟာ မျက်စိများမှားလေရောသလား သူတို.နဲ. အဆင့်အတန်းချင်းမိုးနဲ.မြေလိုကွာခြားနေတဲ့ ဘေထုပ်ဆိုင်တွေထဲဝင်ပြီးဘာလုပ်ကြတာပါလိမ့် ဆိုပြီးစပ်စုကြည့်တော့ အမလေးဗျာ ဘေပုံထဲတိုး အထုပ်ဖောက်မဲ့ဘေထုပ်သည်တွေရဲ.ဘေးမှာ သူတို.က အရင်နေရာလုထိုင်ပြီး အင်္ကျီတွေရှယ်ရွေးနေကြတာဗျာ / ဟာ ကိုယ်တွေလို Giordano ဝတ်နိင်တဲ့သူ Scholl ဖိနပ်စီးနိင်လို. ဂုဏ်တွေဆာနေတဲ့ကောင်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ် / ဘာလဲဟပေါ့ ဒီသူဠေးတွေရူးများနေလား ဆိုပြီးသူဠေးဖြစ်ပြီး အဆင့်ရှိရှိမနေတတ်တဲ့သူဠေးတွေကိုအထင်သေးတဲ့အကြည့်နဲ. တချက်ကြည့်ပြီး ဘေထုပ်လမ်းကနေထွက်လာလိုက်တယ် /

အဲဗျာ ဘေထုပ်ဇတ်လမ်းကအဲ့မှာတင်ပြီးပြီမှတ်နေတာ ကိုယ်တွေ it လိုင်းနဲ. service / data အလုပ် ၁၃နစ်ကျော်လုပ်ပြီး အေးအေးဆေးဆေး နားနေပြန်တော့ facebook မွှေရင်း ဘေထုပ် group တွေသွားတွေ.ပြန်ရော / အဲ့မှာ vintage clothing ရောင်းတဲ့ ဘဲတယောက် တင်ထားတာဖတ်မိတော့ ဒေါသလည်းထွက် ဘေထုပ်ဆိုတဲ့အရာကိုစိတ်လည်းဝင်စားသွားပါလေရော / အဲ့ဘဲရေးထားတာ ဘေထုပ် ကို မဝယ်ချင်နေ အထင်သေးသလိုလို ဘာလိုလိုတော့လာမပြောနဲ. ခင်ဗျားတို.စီးနေတဲ့ကားတွေ ဘယ်နေရာတွေ.တွေ.ဝင်စားနေတဲ့ ပန်ကန်ခွက်တွေ နောက်ဆုံးခင်ဗျားတို.နေနေတဲ့တိုက်ခန်းတွေ အိမ်တွေကအစ အကုန် တပါတ်ရစ် secondhand တွေချည်းပဲ / ကျုပ်ဝတ်နေတဲ့ အသစ်အတိုင်းသန်.နေတဲ့ဘေထုပ်ထဲက leather jacket ၁ထည်က အသစ်စျေး ၁၅သိန်းကနေ သိန်း၃၀အတွင်းရှိတဲ့ branded တွေချည်းပဲ ခင်ဗျတို. အသစ်တသက်လုံးမဝယ်နိင်တဲ့ branded တွေဗျ / ဒီလို leather jacket တွေပါတဲ့ ဘေထုပ်၁ထုပ်ကို ၁၀သိန်းကနေသိန်း၃၀ အတွင်းရှိတယ် ဝယ်ဖောက်ရင် / Levi's Made & Crafted ၁ထည်တင် အသစ်စျေး ၃ ၄သိန်းရှိတယ် / LV / Berberry / Gucci ဘာကြီးညာကြီးတွေဖြဲထားတော့ ဘေထုပ်ဆိုရင် ရှက်ရွံမုန်း တဲ့ကိုယ်တွေက ဒေါသထွက်သွားပေမဲ့ သူပြောထားတဲ့အချက်တွေဖတ်ပြီးဆွံ.အသွားပါလေရော / ကိုယ်တွေက D2/Step ကနေ Giordano/Scholl ပြီးတော့ Cheq/Timberland/All Star/Dr.martens တို.ကို အခုမှသုံးဖူးပြီး ငါတော်တော်အကောင်းစားတွေသုံးဖူးနေပါလား မှတ်နေတာ သူပြောတဲ့အင်္ကျီ၁ထည် သိန်း၂၀ ၃၀တန်တွေ LV/Berberry/Gucci/Timberland/Cheq/Paul Smith/Adidas/Nike .... စတဲ့ အလွန်အကျွံစျေးကြီးတဲ့ branded တွေက ဘေထုပ်တွေထဲမှာရှိနေတယ်? အသစ်အတိုင်းတွေရောအသစ်တွေရောပါနေတယ်ဆိုတော့ တသက်လုံးလက်ရှောင်လာတဲ့ဘေထုပ်ကို ပထမဆုံးအကြိမ် ရှိန်ပြီးစိတ်ဝင်စားသွားပါလေရောလား /

မျက်လုံးတွေဖွင့်နားတွေစွင့်ပြီး ဘေထုပ်အကြောင်းထဲထဲဝင်ဝင်လေ့လာလိုက်တော့ အားပါး Taylor Swift / Jestin Biber / Chris Brown / Rihana တို.အစ တကမ္ဘာလုံးက နာမည်ကြီးတွေလည်း vintage clothing ဘေထုပ်ကိုတကူးတကကိုသွားရွေးပြီးဝတ်နေကြသဗျာ /နိင်ငံတကာမှာဆို ဘေထုပ်ဆိုင်ကြီးတွေကိုခမ်းခမ်းနားနားနဲ.ကိုဖွင့်ပြီးရောင်းကြတာ / အဲ့တော့မှဘေထုပ်ဆိုတာ ၁ထုပ်လုံးမှ၁သိန်းအောက် ၂သိန်းလောက်ပဲပေးရတဲ့ အဝတ်အစားအညံ့တွေပဲပါတဲ့အထုပ်တွေရောင်းခဲ့တဲ့ဆိုင်တွေကိုပဲမြင်ဖူးခဲ့တဲ့ ကိုယ်တွေ အခုမှ ဘေထုပ်အထုပ်လေး ၁ထုပ်ကို ၄ ၅သိန်းကနေ သိန်း ၃၀တန်လောက်ထိပေးရတဲ့အထုပ်တွေလည်းရှိပါလား / အဲ့လိုအထုပ်ကထွက်တဲ့ အင်္ကျီတွေကလည်း တံဆိပ်တောင်မဖြုတ်ရသေးတဲ့အသစ်တွေ အသစ်ချပ်ချွတ်တွေ အသစ်နီးပါးသန်.တဲ့ဟာတွေ အဖိုးတန် branded တွေပါလား ဆိုတာ သိသွားပါလေရောလား /

အဆုံးသက်အနေနဲ.ကတော့ ကမ္ဘာကျော်တွေကအစ သူတို.ဘေထုပ်ဘာကြောင့်ဝတ်လဲဆိုတော့ သူတို.လိုချင်တဲ့ဖက်ရှင်တွေ ဆိုင်ကြီးတွေမှာ အသစ်ဝယ်ရင် ကုန်နေတာတို.မရှိတာတို.ဖြစ်နေတဲ့အဝတ်အစားတွေ အပြင် တကမ္ဘာလုံးရဲ. သူမတူတဲ့ အမိုက်စားဒီဇိုင်းတွေ တနေရာထဲမှာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို.ရနေလို.ပါပဲတဲ့ / ကိုယ်တွေမြန်မာနိင်ငံအနေနဲ.ကြည့်ရင်လည်းအခြေခံလူတန်းစားများတဲ့တိုင်းပြည်မှာ branded တခုရဲ.ကွာလတီနဲ.အရည်အသွေးကိုသုံးမိပြီးရင် ဘယ်လိုမှသာမန်ပစ္စည်းတွေပြန်သုံးမရတဲ့ feel ကိုသိနေတဲ့ ကိုယ်တွေလိုလူတွေအတွက်ကတော့ ဝတ်ချင်တာက ၂သိန်း၃သိန်း၄သိန်းတန် Adidas / Nike အစစ်တွေ နာမည်ကြီး branded တွေ လက်ထဲရှိတဲ့ငွေက Giordano ဂျာကင်၁ထည်တောင် ၆သောင်းလောက်ဖြစ်နေတော့ Giordano ဂျာကင်တောင်ဝယ်ဖို.ချိန်နေရတဲ့သူတွေ အတွက်က ၃ ၄ သိန်းတန် branded တွေကို ၅ထောင်၁သောင်းနဲ.ဝယ်လို.ရမယ် အသစ်/အသစ်အတိုင်းလည်းဖြစ်နေမဲ့ပစ္စည်းတွေ ထွက်ရှိရာ ဘေပုံကြီးကိုရွှေပုံကြီးလို. မြင်ပြီး တသက်လုံးရွံရှက်မုန်းဖြစ်နေတဲ့ ဘေထုပ်ကို ချစ်ပါချစ်သွားပါလေရောလားဗျာ

နိဂုံးချုပ်အနေနဲ.ကတော့ ဘေထုပ်ဆိုရင် ရွှေထုပ် ဘေပုံဆိုရင်ရွှေပုံ လိုအမြင်တွေချက်ခြင်းပြောင်းလဲသွားတဲ့ ကိုယ်တွေကတော့ ဘေထုပ်ဒိုင်တွေကိုအပီပေါင်းဖုန်းနံပါတ်ပါပေးပြီး ဘေကွာလတီအမြင့်အထုပ်ဖောက်တိုင်းခေါ်ပါနော် ခေါ်ပါနော် ဆိုပြီးတောင် အောက်ကျို.တတ်နေပါပြီလို. 😛 / ဒိုင်တွေကလည်း ကိုယ်တွေကို အလားအလာရှိတဲ့ ဘေပညာရှင်လောင်းတယောက်လို.မြင်လို.လားမသိ အထုပ်ဖောက်တိုင်းဦးဆုံးခေါ်ခေါ်ပြီး စိတ်ကြိုက်ဂေါင်ထည် branded တွေရွှေးခိုင်းတာ အလန်းစားတွေအများကြီးရလာတော့ အပျော်သဘောနဲ.တောင် အပျော်တမ်း page လေးဖွင့်ပြီး vintage ထည်တွေရောင်းနေတာ ရေလည်တောင်နာမည်တွေရနေပါရောလား / ဘေဒိုင်ကဝယ်လာရင် ၅ထောင်၆ထောင်လောက်နဲ.ဝယ် ပြန်တင်ရောင်းရင် ၁သောင်း ၁သောင်းကျော်နဲ.ရောင်း အချိန်ပြည့်စောင့်ကြည့်နေတဲ့ branded အသည်းစွဲသမားတွေကလည်း တင်လိုက်တာနဲ.ဝယ် တင်လိုက်တာနဲ. ဝယ် ကောင်းကောင်းကြီးကိုအလုပ်ဖြစ်နေပါရောလား / အင်း တခါတခါကျ တွေးမိတယ် ဘေဆိုရင် အရမ်းရွံအရမ်းမုန်းအရမ်းရှက်တတ်တဲ့ကိုယ်တွေက အခုဘေဆိုရင် အရမ်းချစ်အရမ်းတန်ဖိုးထားအရမ်းတွေဂုဏ်ယူတတ်နေတော့ လောကကြီးရဲ. အစွန်း၂ဖက် က တလှည့်စီများ လူကိုကျီစယ်နေသလား



#ကံကော်

 #အရင်းပြုတ်တယ်ဆိုတာ_ရောင်းရတဲ့ငွေကိုသုံးပစ်လိုက်လို့ရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်းအရင်းမပြုတ်ပါဘူး အမြ...
15/03/2022

#အရင်းပြုတ်တယ်ဆိုတာ_ရောင်းရတဲ့ငွေကိုသုံးပစ်လိုက်လို့

ရောင်းရငွေကို
လုံးဝမသုံးပဲ
ပြန်ပြန်ရင်းသူတိုင်း
အရင်းမပြုတ်ပါဘူး

အမြတ်မြင်ရဖို့
သုံးရဖို့ နှေးချင်နှေးမယ်
ဒါပေမယ့် အရင်းပိုပိုများလာမယ်

ပြောရတာလွယ်ပေမယ့် လူအများစုက
စည်းကမ်းမရှိကြပါဘူး
များများရောင်းရလေ
များများသုံးချင်လေဖြစ်ကြပါတယ်

သုံးလိုက္တဲ့အထဲမွာ
ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး

ဘယ်အချိန်မှာသတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့

အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ

ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး
ပစ္စည်းကပြန်ဝယ်ရတော့မှာ

အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ

အရင်းပြုတ်တဲ့နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ

စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ
အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့နော်
အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲ

တကယ်တော့ ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်
လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်

ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ်
စည်းကမ်းရှိမယ် မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ပဲ သီးခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင်

Cash Flow management နိုင်တယ်ဆိုရင်

စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး
စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ

. မူရင်းတင်သူ

Hello😍😍😍အတန်ဆုံးအလန်းဆုံးလေးတွေလာပြီနော်..... Wave/Kpay/AYA  နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘ထပ်ပြီးတော့ကောင်းသတင်း...
23/02/2022

Hello😍😍😍
အတန်ဆုံးအလန်းဆုံးလေးတွေလာပြီနော်.....
Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘
#ကံ့ကော်


📱 09-782388073

တကယ်တန်တဲ့အထည်အလန်းလေးတွေကိုစေတနာအပြည့်ထည့်ရောင်းပေးထားတာပါမသိလိုက်သော ERROR ပါခဲ့ရင်တောင်  တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည...
13/02/2022

တကယ်တန်တဲ့အထည်အလန်းလေးတွေကိုစေတနာအပြည့်ထည့်ရောင်းပေးထားတာပါ

မသိလိုက်သော ERROR ပါခဲ့ရင်တောင် တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ ရောင်းချပေးပါတယ်နော် 😍😍😍

Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘

📱> 09-782388073
#ကံ့ကော်

သည်နေ့အတွက် brand ထည်လေးတွေသီးသန့်ပါ😍😍အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ...
30/01/2022

သည်နေ့အတွက် brand ထည်လေးတွေသီးသန့်ပါ😍😍
အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့စကားလေးအတိုင်းပဲ💖
အလန်းဆုံး အသန့်ဆုံး အထည်လေးတွေရဲ့အရောင်းပိုစ့်လေးထပ်လာပါပြီနော်

မသိလိုက်သော ERROR ပါခဲ့ရင်တောင် တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ ရောင်းချပေးပါတယ်နော် 😍😍😍

Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘

📱> 09-782388073

Hello....💞💞💞အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့စကားလေးအတိုင်းပဲ💖အလန...
29/01/2022

Hello....💞💞💞
အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့စကားလေးအတိုင်းပဲ💖
အလန်းဆုံး အသန့်ဆုံး အထည်လေးတွေရဲ့အရောင်းပိုစ့်လေးထပ်လာပါပြီနော်

မသိလိုက်သော ERROR ပါခဲ့ရင်တောင် တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ ရောင်းချပေးပါတယ်နော် 😍😍😍

Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘

📱> 09-782388073

မင်မင် နေမကောင်းဖြစ် နေတာကြောင့်ရယ် တခြားအရေးကြီး ကိိိစ္စလေးတွေ   ရှိတာကြောင့် မင်မင်တို့ရဲ့ Giveaways အစီအစဥ်လေးကို ( 2...
25/01/2022

မင်မင် နေမကောင်းဖြစ် နေတာကြောင့်ရယ် တခြားအရေးကြီး ကိိိစ္စလေးတွေ ရှိတာကြောင့် မင်မင်တို့ရဲ့ Giveaways အစီအစဥ်လေးကို ( 24.1.2022 ) အစား(31.1.2022) နေ့ည ၇ နာရီမှာမဲပြန်ဖောက်ပေးပါ့မယ်နော်😍😍😘😘

ဆားဒါးငှဲ💗💗💗💖💖💖



#ကံ့ကော်

Hello....💞💞💞အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့စကားလေးအတိုင်းပဲ💖အလန...
23/01/2022

Hello....💞💞💞
အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့စကားလေးအတိုင်းပဲ💖
အလန်းဆုံး အသန့်ဆုံး အထည်လေးတွေရဲ့အရောင်းပိုစ့်လေးထပ်လာပါပြီနော်

Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘

📱> 09-782388073

Hello....💕💕💕အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့ စကားလေးအတိုင်း💁အလန်...
21/01/2022

Hello....💕💕💕
အသဲလေးတို့ရေ Gant Gaw Thrifty shop ရဲ့ ဆောင်ပုဒ်အတိုင်း တန်ရမယ် မှန်ရမယ် လန်းရမယ် ဆိုတဲ့ စကားလေးအတိုင်း💁
အလန်းဆုံး အသန့်ဆုံး အထည်လေးတွေရဲ့အရောင်းပိုစ့်လေးထပ်လာပါပြီနော်💖

Wave/Kpay/AYA နဲ့လွှဲလည်း % အပိုမပေးရပါဘူးရှင့်..😘😘
ထပ်ပြီးတော့ကောင်းသတင်းလေးပြောရရင်တော့ မင်မင်တို့ဆီကနေ
( ၁၀,၀၀၀)ကျပ် နှင့် အထက် ဝယ်ယူလိုက်တာနဲ့ မေတ္တာလက်ဆောင် အင်္ကျီ တစ်ထည်ထပ်ပြီးတော့ရရှိနိုင်မဲ့အခွင့်အရေးလေးလည်းရှိပါသေးတယ်ရှင့်😍😍
ကြိုက်နှစ်သက်တဲ့အထည်လေးတွေ့ရင်လည်း cb သို့လာခဲ့ပါနော်😘😘

📱 09-782388073

Address

Yarza. Thingyan Street
Yangon

Telephone

+959782388073

Website

Alerts

Be the first to know and let us send you an email when ကံကော် Vintage Clothing - GAW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share