23/10/2025
ဒီနေ့တော့ ထိုင်ဝမ်မှာရှိတဲ့ program လေး၁ခုကိုပြောပြပေးပါမယ် Admin 2 ယောက်လုံးက ဒီ program လေးနဲ့လာခဲ့တာပါ ကောင်းကျိုးဆိုးကျိုးတွေသိထားရင် လာသင့်လား မလာသင့်လား သေချာဆုံးဖြတ်နိုင်ကြဖို့ မျှော်လင့်ပါတယ်😍 program နာမည်လေးကတော့ 1+4 ပါ
🌏 1+4 Program ဆိုတာဘာလဲ?
“1+4 Program” ဟာ ထိုင်ဝမ်အစိုးရနဲ့ တက္ကသိုလ်တွေက ပူးပေါင်းပြီး ပေးတဲ့ တစ်နှစ်စာ တရုတ်စာ နဲ့ တက္ကသိုလ်၄ နှစ်ကိုပေါင်းထားတဲ့ ပရိုဂရမ် ဖြစ်တယ်။
အတိုချုံးပြောရရင်
👉 “1 year Chinese language + 4 years university degree”
ဆိုလိုတာပါ။
ဒီ program ကိုတက်မယ်ဆိုရင် စနစ်ဟောင်းဆို 2nd yearအောင်မြင်ကြောင်း လိုအပ်ပြီးတော့ စနစ်သစ်ဆိုရင်တော့ တန်းလျှောက်လို့ရပါတယ်
💡 အားသာချက်များ (Advantages)
1. ဒီ၁နှစ်မှာတရုတ်စာပဲသင်ရတော့ တက္ကသိုလ်တက်ရသလိုတအား stress မများဘူး(ပုံမှန်လေးတော့စာလုပ်ဖို့လိုပါတယ် တက္ကသိုလ်ဆက်တက်ဖို့အတွက် နောက်ဆုံးမှာ TOCFL စာမေးပွဲဖြေရပါတယ်တချို့ကျောင်းတွေက A2 or B1 ကိုတောင်းပါတယ်)
2. Language school လိုမဟုတ်ဘဲ တရုတ်စာသင်နေစဥ်၁နှစ်မှာတည်းက အလုပ်လုပ်လို့ရတာဖြစ်လို့ ကိုယ်ကအဲ့၁နှစ်မှာအလုပ်ပိုလုပ်လို့ရတယ်
3. ထိုင်ဝမ်ရဲ့ culture တွေကိုပိုသိလာမယ်
4. Admin တို့ကျောင်းဆို တရုတ်စာသင်ရတဲ့အဲ့၁နှစ်ရယ် တက္ကသိုလ်ပထမနှစ်ရယ်ကလုံးဝကို full scholar ရပါတယ် tuition fees လုံးဝပေးစရာမလိုခဲ့ပါဘူး(နောက်နှစ်တွေကတော့ ကိုယ့်အမှတ်တွေကိုကြည့်ပြီးပေးပါတယ်)
⚠️ အားနည်းချက်များ (Disadvantages)
1. တရုတ်စာကိုကိုယ်ကအရင်တည်းကမသင်ဖူးဘူး အဲ့၁နှစ်ပဲသင်ရတယ်ဆိုရင်တော့ A2 B1 တွေရသည့်တိုင်တကယ် တက္ကသိုလ်တက်တဲ့အချိန် အနည်းငယ်တော့ခက်ခဲနိုင်ပါသေးတယ်
2. အဓိကအားနည်းချက်က ကိုယ်တက်မယ်လို့ရွေးထားတဲ့ ဘာသာရပ်ကိုပဲတက်လို့ရတာပါ(ဥပမာ ကိုယ်က CS ရွေးထားတယ် ဒါပေမဲ့ ခက်လို့မတက်နိုင်တော့လို့တခြားတစ်ခု ပြောင်းချင်တယ်ဆိုရင် ကိုယ့်ကျောင်းရဲ့ 1+4 ထဲမှာပါတဲ့ ဘာသာရပ်ကိုပဲရွေးချယ်လို့ရပါတယ် 1+4 ထဲမှာမထည့်ထားတဲ့ဘာသာရပ်ကိုပြောင်းတက်ချင်လို့မရပါဘူး တကယ်လို့ business မေဂျာက 1+4 ထဲမှာမပါရက်အဲ့မေဂျာတက်လို့မရပါဘူး)
3. ၁နှစ်က တရုတ်စာသင်ရမယ်ဆိုတော့ အဲ့၁နှစ်ကို တချို့တွေက အချိန်ပုပ်တယ်လို့ ခံစားရနိုင်ပါတယ်
4. ကျောင်းပြောင်းရတာလည်းခက်ခဲပါတယ် ပြောင်းချင်တဲ့ကျောင်းပြောင်းလို့မရပါဘူး 1+4 ဖွင့်ထားတဲ့ကျောင်းအချင်းချင်းကသာလက်ခံပါတယ်
ဒါကတော့ admin တို့တက်လာတဲ့အလျောက်သိလာတဲ့ အချက်လေးတွေဖြစ်ပါတယ် သိချင်တာလေးတွေရှိရင်လည်း ဖြေပေးသွားမှာမို့ 1+4 နဲ့ပတ်သက်ပြီးသိလျင်တာလေးတွေရှိရင်လည်းမေးထားလို့ရပါတယ်😘