25/09/2020
Hello 🤗
မင်မင်က ဗဟုသုတ အနေနဲ့ ငါးပေါက်သီးပင်အကြောင်းလေး sharing လုပ်ပေးပရစေ
ငါးပေါက်သီး ယခုနှစ်မြင်တွေ့ရဖို့ မလွယ်ကူတော့ပါ
**********************************
ကချင်ပြည်နယ် ရောက်ပြီးဆိုတာနဲ နန်းစီအောင် မော်လူး မော်ဟန်
ကာဒူ မိုးညှင်း တောင်နီ ဆားမှော် မိုးကောင်း မရမ်း ရထားလမ်း
ကားလမ်းတစ်လျှောက် ငါးပေါက်သီးငါးပေါက်ဆံ ငါးပေါက်ယိုတွေ
လှိုင်လှိုင်ရောင်းချနေတာ ရောက်ဖူးသူတိုင်းသိပါတယ်
ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေ့မှာ တောပြုန်း နေတာတွေ
ရာသီဥတု မမှန်တာတွေကြောင့် ငါးပေါက်သီး မထွက်ရှိပါ အချို့
ငါးပေါက်သီး ထွက်တဲ့တောတွေမှာ "မိုင်း" တွေ ပေါများတာကြောင့်
ငါးပေါက်သီး အသီးကောက်သူတို့ မသွားရဲတော့ပါ
ငါးပေါက်သီး ဟာ တော်သလင်း သီးတင်းကျွတ်မှာ လှိုင်လှိုင်ထွက်ရှိ
ပေမဲ့ ယခုအခါ ငါးပေါက်သီးယိုလုပ်ငန်း လုပ်ကိုင်နေသူတို့ ကုန်ကြမ်းလုံးဝ မရသဖြင့် ယခုနှစ်ဟာ သူတို့အဖို့ ဝမ်းရေးဟာ
မလွယ်ကူတာအမှန်ပါ
ငါးပေါက်သီး
Dracontomelon dao (Blume)Merr. &Rolfe.
Cited as:
Dracontomelon edule Skeels
Dracontomelon mangiferum Blume
Dracontomelon puberulum Miq.
Dracontomelon sylvestre Blume.
Eng names : New Guinea walnut,
Pacific walnut, or Paldao.
Family. Anarcardiaceae
ငါးပေါက်၊ ပရငါးစု၊တောသစ်ကြား
ငါးပေါက်သီးပင်အကြောင်းကို မိတ်ဆွေတဦးက မေးလာပါသည်၊ ကျနော်သိသမျှ လေ့လာထားသမျှပြန်လည် တင်ပြမိပါတယ်၊ လိုအပ်ချက်ရှိလျှင် မှားလျှင်လည်းပြင်ပေးပါရန်မေတ္တာရပ်ခံပါတယ်၊
ဒီအပင်ကြီးတွေဟာ အလွန်မှကြီးမားပါတယ် ပုံမှာ ထိမ်းသိမ်းထားသော အပင်ကြီးတွေအရွယ်အစားကိုမြင်ကြရမှာပါ၊ လူတယောက်အရွယ်နဲ့ အပင်အရွယ် နှိုင်းကြည့်ပါက အံသြဖွယ်ရာပါ၊ ကချင်ပြည်ဖက်မှာ ဒီလောက်ကြီးသောအပင်တွေ့ရဖို့ ခက်မည်ထင်ပါတယ်၊ ငါးပေါက်သီးပင်တွေရဲ့မျိုးရင်းက လူတိုင်းရင်းနှီးပြီးသား သရက်မျိုးရင်း Anarcardiaceae ထဲကဖြစ်ပါတယ် ၊ အရွယ်ရောက်နေသော ငါးပေါက်၊အပင်ကြီးအရွယ်က 55 m အထိမြင့်ပါတယ်။
်
အပင်ကြီးတွေက အမြဲစိမ်းသော evergreen trees ကြီးများဖြစ်ပါတယ်၊ အရွက်တွေက alternate ရွက်လွှဲထွက်
ကြပာတယ်။ ရွက်မွှာ မစုံသော ရွက်ပေါင်း imparipinnate compound ဖြစ်ပြီး ရွက်မွှာ leaflets ၁၀ ရွက်ခန့်ပါသည်၊ ရွက်သားပြောင်လက်ပါတယ်၊ ပြီးတော့ မဟော်ဂနီပင် ၏ အရွက်နှင့်ဆင်လှတယ်။ ပန်းခိုင် inflorescences က terminal ထိပ်ထွက၊ axillary ကြားထွက် paniculate cyme ဖြစ်တယ်၊ ပန်းပွင့်များက bisexual လိင်စုံ၊ ရနံ့သင်းပြီး အဖြူရောင် စိမ်းဖြော့ဖြော့ အရောင်ရှိကြတယ်။ အသီးက အတွင်းခွံမာသီး အမျိုးအစား drupe ဖြစ်ပြီး အတွင်းထဲမှာ သစ်သားလိုမာသော woody endocarp ပါရှိပါတယ်၊ အတွင်းထဲမှာတော တွဲလျားကျနေသောအစေ့များ pendulous seed ရှိသည်၊ ပန်းတွေကို Aug ကနေ Sept အထိပွင့်ကြတယ်၊
ငါးပေါက်သီးပင်ဟာ သက်တန်း ၁၅ နှစ်ကျော်မှသာ အသီးအားကောင်းပြီး တန်းဝင် အပင်ဖြစ်လာပါတယ်၊ သူ့သစ်သားဟာ အရည်အသွေးကောင်းပြီး မဟော်ဂနီပင် လိုတန်ဖိုးရှိလှပါတယ်၊ ဒေသခံများက သစ်အတွက်သာမက ထင်း အဖြစ်ခုတ်လှဲပစ်တာမို့ ငါးပေါက်သီးပင်တွေ တဖြည်းဖြည်း ရှားပါးလာပါတယ်၊ ငါးပေါက်သီးကို ယခင်လိုပေါပေါများများ မရတော့ဘဲ စိုက်ပျိုးထားသူများကဆီကသာရရှိပါတော့တယ်၊
ငါးပေါက်သီးပင်က ၃ နှစ်သာတကြိမ်သီးပါတယ်၊ ငါးပေါက်သီးကောက်လျှင် ဝက်ဝံများကိုအထူး သတိထားရတယ်၊ သူတို့ဟာ ငါးပေါက်သီးကိုအလွန်ကြိုက်ကြတယ် (ref. ThetWin Tun)
ငါးပေါက်သီး အဆံပါသောနေရာသည် အပေါက် ၅ ပေါက်ရှိပြီး အစေ့တည်နေပုံက ဘုရားငါးဆူပေါ်ပေါက်လာပုံနှင့်ဆင်သောကြောင့် ငါးဆူသီးလည်းခေါ်ကြတယ်၊ တောသစ်ကြားလို့ခေါ်တာကတော့ ငါးပေါက်သီးအဆန်ဟာ သစ်ကြားသီးအဆံလို ချိုဆိမ့်သောသော အရသာရှိသောကြောင့်ဖြစ်မည်၊
ငါးပေါက်သီးအဆံများကို ထုတ်ယူပြီး နေလှမ်းကာ ရလာသောအဆံများကို နို့မှုံ့ သကြား အုံးသီးထောပတ်တို့ဖြင့် ယိုထိုးရောင်းချကြတယ်၊ နေလှမ်းပြီး အတွင်းက အဆံလေးကို သွားကြားထိုးတန်လေးနဲ့ထုတ်ယူရတာမို့ အလွန်လက်ဝင်လှတဲ့အသီးပါ၊ အသီးကို ဒါးနဲ့ခုတ်ရင် အခန့်မသင့်ရင် မကြာမကြာ လက်ကိုဒါးထိတတ်ပါသေးတယ်၊ ငါးပေါက်သီးအဆံလေးတွေကို သီးသန့်ထုတ်ယူပြီး ဗူးလေးများနဲ့ ထည့်လို့ရောင်းကြတယ်၊ အိမ်အပြန်လက်ဆောင်အတွက် မျက်နှာပန်းလှလွန်းသော ကချင်ပြည်ရဲ့ အထူးလက်ဆောင်ပါ၊
ကချင်ပြည်နယ် မိုးညှင်း ဒေသထွက် ငါးပေါက်သီးအဆံ၊ ငါးပေါက်ယို မုန့်များကို အိမ်အပြန်လက်ဆောင်ဝယ်ယူလေ့ရှိကြသည်၊ အညာသူ အညာသား ကျနော်တို့ကတော့ ငယ်ငယ်တုံးက အမေကျွေးလို့ တခါလား စားဖူးခဲ့သည်၊ ယခုအချိန်ထိတော မစားရတော့ပါ၊ ဘာဘဲဆိုဆို ငယ်ငယ်က စားခဲ့ရသော အသီးအဆံအရသာကို မှတ်မိပါသေးတယ်၊ ကဲ မိတ်ဆွေများရော.. ငါးပေါက်သီးအဆံစားဖူးပါရဲ့လား..
ပုံပိုင်ရှင်များကို credit ပေးပါတယ်.. ကျနော်ရိုက်ထားသောပုံများမဟုတ်ပါကြောင်းဝန်ခံထားပါတယ်
Credit to သက်နိုင်ဦး
မုံရွာတက္ကသိုလ်