Forever Grace Buddha

Forever Grace Buddha Quality Buddha Supplies.

03/09/2026

၆ နှစ်…
မနေ့ကလိုပဲ စတင်ခဲ့တဲ့ ဒီခရီးလမ်းလေးက
ဒီနေ့မှာတော့ Customer တစ်ယောက်ချင်းစီရဲ့
ယုံကြည်မှု၊ အားပေးမှုတွေနဲ့ ၆ နှစ်ပြည့်ခဲ့ပါပြီ။ 🤍

ဒီ ၆ နှစ်အတွင်း
ပစ္စည်းတစ်ခုဝယ်ပေးခဲ့သူ၊
အကြိမ်ကြိမ် ပြန်လာအားပေးခဲ့သူ၊
သူငယ်ချင်းတွေကို ပြန်လည်ညွှန်းပေးခဲ့သူ၊
Post တစ်ခုကို Like & Share လုပ်ပေးခဲ့သူ၊
Comment လေးတစ်ခုနဲ့ အားပေးခဲ့သူအထိ…

အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ 🥹❤️

ကျွန်မတို့အတွက် Customer ဆိုတာ
ပစ္စည်းဝယ်ယူပေးတဲ့သူတွေထက်ပိုပါတယ်။
ဒီ Brand လေး ဆက်လက်ရှင်သန်နိုင်အောင်
အတူတူလက်တွဲပေးခဲ့တဲ့သူတွေပါ။

၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ
ကျွန်မတို့ရဲ့အောင်မြင်မှုထဲမှာ Customer တစ်ယောက်ချင်းစီရဲ့ နာမည်ရှိပါတယ်။

ယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
စောင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
အမှားအယွင်းတွေရှိတဲ့အချိန် နားလည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ပြီးတော့ ၆ နှစ်လုံး မထားခဲ့ဘဲ အတူရှိပေးခဲ့လို့ အထူးကျေးဇူးတင်ပါတယ်။ 🤍

ဒီနေ့ကစပြီး နောက်ထပ် ၆ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်…
Customer တွေရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး
ပိုကောင်းတဲ့ Quality၊ ပိုလှပတဲ့ Designs နဲ့
ပိုကောင်းတဲ့ Service တွေကို ဆက်ပြီးပေးသွားပါမယ်။

Happy 6th Anniversary to Us! 🎂✨

✨ 6 Years Anniversary — Thank You, Our Beloved Customers ✨

"ကံပွင့် ငွေဝင် လာဘ်ရွှင်စေဖို့"ဆန် နှင့် ပရုပ်ပြား မီးထွန်း အစီရင်ငွေကြေးကြပ်တည်းမှုတွေကို ပြေလည်စေတဲ့    ငွေဝင်လာဘ်ရွှ...
03/09/2026

"ကံပွင့် ငွေဝင် လာဘ်ရွှင်စေဖို့"
ဆန် နှင့် ပရုပ်ပြား မီးထွန်း အစီရင်

ငွေကြေးကြပ်တည်းမှုတွေကို ပြေလည်စေတဲ့
ငွေဝင်လာဘ်ရွှင် အစီအရင်တစ်ခုကို ပညာဒါနပြုပါ့မယ်......

လုပ်ရတာလွယ်ကူသလောက်ထိရောက်မှုက အံ့မခန်းပါ။

*လိုအပ်သောပစ္စည်းများ*
၁။မြေခွက် သို့မဟုတ် ကြေးခွက်
၂။ဆန်အနည်းငယ်
၃။မီးရှို့ရသော ပရုပ်ပြား
( ပရဆေးဆိုင်များတွင် #ပရုပ်ပြားခဲ ဟု
မေးဝယ်လျှင်လည်းရပါသည်။)

💥အဝတ်အစားအတွက် သုံးကြတဲ့ ပရုပ်လုံး မဟုတ်ပါ💥

မိမိနေအိမ်ဘုရားကျောင်းဆောင် မှာဖြစ်စေ ဆိုင်ဘုရား
ကျောင်းဆောင်တွင်လည်း လုပ်ဆောင်နိုင်ပါတယ်ဗျာ…။

ပြုလုပ်စီရင်နည်း…
🌟ကြေးခွက်ထဲ ဆန် အနည်းငယ်ထည့်ပါ။
ပရုပ်ပြားအနည်းငယ်ကို ကြေးခွက်ထဲထည့်ပြီး မီးရှို့ပါ။

(မှတ်ချက်---- ပရုပ်ပြားကမီးစွဲ မြန်တဲ့အတွက်
အများကြီး မထည့်ရပါဘူး။)

ပရုပ်ပြားရဲ့ မီးအရှိန်ကြောင့်ဆန်တွေပါ
မီးလောင်ကျွမ်းလာပါလိမ့်မယ်။
အဲဒီအချိန်မှာ ငွေဝင်လာဘ်ရွှင်ဖို့လေးလေးနက်နက်
ဆုတောင်းပါ။

မနက်၁ကြိမ် ည၁ကြိမ် ပြုလုပ်ပေးရပါတယ်ဗျာ…
အထက်ပါအစီအရင်ကို ပြုလုပ်နေတဲ့အချိန်မှာ
အိမ်တံခါးပေါက် ခြံတံခါးပေါက်များကို ဖွင့်ထားပါ။
ဆန်များကို လောင်ကျွမ်းမှု အခြေအနေအလိုက်
လေးငါးရက်နေမှ တစ်ကြိမ် အသစ် လဲပေးပါ ခင်ဗျာ။

ငွေကြေးကြပ်တည်းမှုများမှပြေလည်ပြီး
" ကံပွင့် ငွေဝင် လာဘ်ရွှင်ကြပါစေ"

Crd # # ဗေဒင် ဆရာ ပေါက်ကျိုင်း

23/08/2026

Admin အကြိုက်ဆုံးအရောင်လေး၂ခု စပ်ထားတယ်

23/08/2026

ဝါတွင်းယောဂီတွေအတွက်
ယောဂီညိုသရဏဂုံပုတီးလေးပါရှင်

သောကြာသမီးအတွက်သီကုံးပေးထားတဲ့ သဘာဝဆန်ဆန်ပုတီးလေးသောကြာသားသမီးအတွက်အဆောင် သနပ်ခါးသား                                    ...
23/08/2026

သောကြာသမီးအတွက်သီကုံးပေးထားတဲ့
သဘာဝဆန်ဆန်ပုတီးလေး

သောကြာသားသမီးအတွက်အဆောင် သနပ်ခါးသား
+
စိတ်အေးချမ်းစေပြီး ကံကောင်းခြင်းနဲ့အခွင့်အလမ်းကောင်းတွေယူဆောင်လာပေးမဲ့ Turquoise
+
နွေးထွေးတောက်ပတဲ့ Crystal လေးတွေနဲ့ သဘာဝဆန်ဆန် နူးညံ့စွာပေါင်းစပ်ထားတဲ့ ၁၀၈ လုံးပုတီး

သနပ်ခါးရဲ့ မြန်မာ့ရိုးရာအလှ 🤎
Turquoise ရဲ့ အေးချမ်းမှု 💙
Crystal ရဲ့ တောက်ပမှု ✨
တစ်ကုံးထဲမှာ ပေါင်းစပ်ထားတဲ့ Warm Earth Tone Spiritual ပုတီး လေးပါရှင်။ 🤎✨

#သောကြာသားသမီး #သနပ်ခါးပုတီး #မြန်မာ့ရိုးရာအလှ

ဝါတွင်းကာလမှာ ကုသိုလ်မပြတ်ပွားများဖို့ တစ်ခုလောက်တော့ ရှိထားသင့်တဲ့ တာလီလေးတွေမို့ အခုပဲ Page Messenger မှာ မှာယူလိုက်ပါ...
09/08/2026

ဝါတွင်းကာလမှာ ကုသိုလ်မပြတ်ပွားများဖို့ တစ်ခုလောက်တော့ ရှိထားသင့်တဲ့ တာလီလေးတွေမို့ အခုပဲ Page Messenger မှာ မှာယူလိုက်ပါနော်။

ဝါတွင်းအတွက် Customized Order လေးတွေလာအပ်ထားလို့ လုပ်ပေးဖြစ်တဲ့ Customer မမ တစ်ယောက်ရဲ့တာလီအလှလေးတွေပါရှင်။

🤍 မြင်လိုက်ရုံနဲ့စိတ်အေးချမ်းကြည်နူးစေပြီး
နေ့စဉ် ကောင်းမှုကုသိုလ်တွေပြုနိုင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေစေမယ့် ကျောက်စီတာလီလေးတွေပါ။

💜 ဒီကျောက်စီတာလီလေးတွေက Fashion လဲကျ ကုသိုလ်လဲရစေပြီး နေ့စဥ်ဘဝမှာ အသုံးဝင်တဲ့ accessory လေးတစ်ခုပေါ့ရှင်။

🌼 ကိုယ်တိုင်ကုသိုလ်ကောင်းမှုအဓိဌာန်ပြုဖို့ဖြစ်ဖြစ်
🌼 ချစ်ခင်ရတဲ့သူတွေကိုကုသိုလ်လက်ဆောင်ပေးဖို့ဖြစ်ဖြစ်
🌼 လူကြီးသူမတွေကို ဂါရဝလက်ဆောင်ပေးဖို့ဖြစ်ဖြစ်
🌼 အပိုဝင်ငွေရရှိအောင်တဆင့်ပြန်လည်ရောင်းချဖို့ဖြစ်ဖြစ် မှာယူနိုင်ပါပြီ။

စျေးနှုန်း : 25000 ks
(လက်ကားမှာယူလိုသူများလဲဆက်သွယ်နိုင်ပါသည်)

ကြာချိန် :
လက်လီ 3-5 days
လက်ကား 5-7 days

#ရတနာစိန်ကျောက်ဇယ်တောက်တန်းကစားနိုင်ပါစေ
#ရတနာရှိရာရတနာလာစေဖို့
#ရွှေတာလီ
#ငွေတာလီ
#ရတနာစီခြယ်တာလီ
#ကျောက်စီတာလီ
#တာလီ #ပုတီး #အဓိဌာန်

#ကုသိုလ်တရား #ဒါနသီလဘာဝနာ #ဗုဒ္ဓဘာသာ #ကျောက်စီတာလီ

အိုးပိုင်အိမ်ပိုင် ပေးတတ်သော သန်လျင်ဘိုးဘိုးကြီးအား ဆုတောင်းအဓိဌာန်နည်းဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထား၍ ကန်တေ...
06/08/2026

အိုးပိုင်အိမ်ပိုင် ပေးတတ်သော သန်လျင်ဘိုးဘိုးကြီးအား ဆုတောင်းအဓိဌာန်နည်း

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထား၍ ကန်တော့ပါ၏။

ဤအရပ်ဒေသကို စောင့်ရှောက်သော သန်လျင်ဘိုးဘိုးကြီးအားလည်း ရိုသေလေးစားစွာ ဦးညွတ်ပါ၏။

အကျွန်ုပ်၏ အလုပ်အကိုင်၊ စီးပွားရေး၊ နေထိုင်ရေးတို့ အဆင်ပြေစေရန် ကူညီစောင့်ရှောက်ပေးပါ။

အိမ်ပိုင်ဆိုင်ခွင့်ရရန် အကြောင်းကောင်းများ ဖြစ်ပေါ်လာပါစေ။

အကျွန်ုပ်၏ ကောင်းမှုပြု၍ ရိုးသားစွာ ကြိုးစားပါမည်။"

"အကျွန်ုပ်၏ သင့်တော်သော အိမ်ကို ရိုးသားစွာ ပိုင်ဆိုင်နိုင်စေရန် အခွင့်အရေးကောင်းများ ပေါ်ပေါက်လာပါစေ။"

ဘိုးဘိုးကြီး ကူညီပါ စောင့်ရှောက်ပါ ဟု ဆုတောင်းပါလေ

အိုး ပိုင် အိမ်ပိုင်ရလာပါက ဘိုးဘိုးကြီးအား မိမိတို့ အဓိဌာန်ထားသည့်ဆုတောင်းအတိုင်း လှူဒါန်းပေးရပါမည်
လို့ ဆုတောင်းနိုင်ပါတယ်။

#သန်လျင်ဘိုးဘိုးကြီး #အိမ်ပိုင်

🔔 လာဘ်ခေါ်ခေါင်းလောင်း 🔔✅ ငွေကြေးလာဘ်လာပြည့်စုံလာစေရန်✅ ရောင်းပန်းဝယ်ပန်းပွင့်လန်းစေရန်✅ ရန်အတိုက်အခိုက်အနှောက်အယှက်၊မကေ...
30/07/2026

🔔 လာဘ်ခေါ်ခေါင်းလောင်း 🔔

✅ ငွေကြေးလာဘ်လာပြည့်စုံလာစေရန်

✅ ရောင်းပန်းဝယ်ပန်းပွင့်လန်းစေရန်

✅ ရန်အတိုက်အခိုက်အနှောက်အယှက်၊
မကောင်းသောပယောဂပြုစား‌နှောင့်ယှက်ခြင်းများ၊မကောင်းဆိုးဝါးများရန်မှလွတ်ကင်းစေရန်

✅ ငွေကြေးလာဘ်လာဘအထူးလိုအပ်နေသူများ၊
ငွေကြေးအခက်ကြုံနေသူများဆောင်ရွက်ရန်

နံနက်ဆိုင်ဖွင့်ခါနီး အလုပ်သွားခါနီးတို့တွင်
လာဘ်နှိုးဂါထာဖြင့် ခေါင်းလောင်းအားကိုင်ပီး
၇ခေါက်ရွတ်ဆိုပါ။

ဂါထာတစ်ကြိမ်ဆိုပြီးတိုင်းခေါင်းလောင်းအားတစ်ခါလှုပ်ခါတီးပေးပါ။

ထို့နောက်လာဘ်ဖွင့်ဂါထာရွတ်ဆို၍လာဘ်ဖွင့်ပါ။လာဘ်ဖွင့်ပီး ၇ချက်ခေါင်းလောင်းတီးပါ။

လာဘ်နှိုးဂါထာ၊လာဘ်ပွင့်ဂါထာများ၏
တန်ခိုးတေဇော် အာနုဘော်အစွမ်းသိဒ္ဓိများကြောင့်မိမိတို့လိုအပ်သောငွေကြေးများလာဘ်လာဘများသည်ထင်ရှားစွာရရှိရောက်ရှိလာစေပါလိမ့်မည်။

ရှေးလူကြီးသူမများမိမိတို့ကိုယ်တွေ့ကြုံခဲ့သည့်အစီအရင်အဖြစ်မှတ်တမ်းတင်ခဲ့ကြပါသည်။မွန်မြတ်သောမေတ္တာစေတနာဖြင့်ကျေးဇူးပြုပေးပါသည်။

Creditto: အဘဆရာကြီးမင်းသိင်္ခ
#ထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်🙏

#လာဘ်ခေါ်ခေါင်းလောင်းမှာယူလိုပါက Forever Grace Buddha page messenger မှဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

လာဘ်ခေါ်ခေါင်းလောင်းတစ်ခု 27500 ks

ဝါတွင်းအတွက် Customized Order လေးတွေလာအပ်ထားလို့ လုပ်ပေးဖြစ်တဲ့ Customer မမ တစ်ယောက်ရဲ့တာလီအလှလေးတွေပါရှင်။🤍 မြင်လိုက်ရု...
28/07/2026

ဝါတွင်းအတွက် Customized Order လေးတွေလာအပ်ထားလို့ လုပ်ပေးဖြစ်တဲ့ Customer မမ တစ်ယောက်ရဲ့တာလီအလှလေးတွေပါရှင်။

🤍 မြင်လိုက်ရုံနဲ့စိတ်အေးချမ်းကြည်နူးစေပြီး
နေ့စဉ် ကောင်းမှုကုသိုလ်တွေပြုနိုင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေစေမယ့် ကျောက်စီတာလီလေးတွေပါ။

💜 ဒီကျောက်စီတာလီလေးတွေက Fashion လဲကျ ကုသိုလ်လဲရစေပြီး နေ့စဥ်ဘဝမှာ အသုံးဝင်တဲ့ accessory လေးတစ်ခုပေါ့ရှင်။

📩 ဝါတွင်းကာလမှာ ကုသိုလ်မပြတ်ပွားများဖို့ တစ်ခုလောက်တော့ ရှိထားသင့်တာမို့ အခုပဲ Page Messenger မှာ မှာယူလိုက်ပါနော်။

🌼 ကိုယ်တိုင်ကုသိုလ်ကောင်းမှုအဓိဌာန်ပြုဖို့ဖြစ်ဖြစ်
🌼 ချစ်ခင်ရတဲ့သူတွေကိုကုသိုလ်လက်ဆောင်ပေးဖို့ဖြစ်ဖြစ်
🌼 လူကြီးသူမတွေကို ဂါရဝလက်ဆောင်ပေးဖို့ဖြစ်ဖြစ်
🌼 အပိုဝင်ငွေရရှိအောင်တဆင့်ပြန်လည်ရောင်းချဖို့ဖြစ်ဖြစ် မှာယူနိုင်ပါပြီ။

စျေးနှုန်း : 25000 ks
(လက်ကားမှာယူလိုသူများလဲဆက်သွယ်နိုင်ပါသည်)

ကြာချိန် :
လက်လီ 3-5 days
လက်ကား 5-7 days

#ရတနာစိန်ကျောက်ဇယ်တောက်တန်းကစားနိုင်ပါစေ
#ရတနာရှိရာရတနာလာစေဖို့
#ရွှေတာလီ
#ငွေတာလီ
#ရတနာစီခြယ်တာလီ
#ကျောက်စီတာလီ
#တာလီ #ပုတီး #အဓိဌာန်

#ကုသိုလ်တရား #ဒါနသီလဘာဝနာ #ဗုဒ္ဓဘာသာ #ကျောက်စီတာလီ

ဘဒ္ဒန္တဝေပုလ္လဆရာတော်၏ မဏိဇောတပတ္တမြားရတနာ (၄) ဂါထာ ကျင့်စဉ် အဓိဋ္ဌာန်ပွားများနည်း +++++++++++++++++++++++++++  မဏိ ဇောတ...
28/07/2026

ဘဒ္ဒန္တဝေပုလ္လဆရာတော်၏ မဏိဇောတပတ္တမြားရတနာ (၄) ဂါထာ ကျင့်စဉ် အဓိဋ္ဌာန်ပွားများနည်း
+++++++++++++++++++++++++++

မဏိ ဇောတ ပတ္တမြား ဂါထာ
------------------------------------------

၁ ။ သဗ္ဗဇေယျ မင်္ဂလာ ဂါထာ

ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာ ဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မာဏော
အထ သဗ္ဗာ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ
ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ
ဟောတု ဇေယျ မင်္ဂလံ

၂ ။ လောကဓံ ဖုဌဿဂါထာ

ဖုဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ န ကမ္ပတိ
အသောကံ ဝိရဇံ ခေမံ

၃ ။ နတ်ချစ် ရတနာဒီပံ ဂါထာ

တုဌေဟိ တုဌေဟိ မမတုဌေဟိ
ပိယေဟိ ပိယေဟိ မမပိယေဟိ
သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ
ရာဇ စိတ္တံ ပိယံ မှိုင်းမှိုင်း
အမတ္စရာဇ စိတ္တံ ပိယံ မှိုင်းမှိုင်း
အမတ္စ စိတ္တံ ပိယံ မှိုင်းမှိုင်း
ဒေဝ စိတ္တံ ပိယံ မှိုင်းမှိုင်း
ဒေဝီ စိတ္တံ ပိယံ မှိုင်းမှိုင်း
ပုရိသ စိတ္တံ ပိယံ မှိုင်းမှိုင်း
ဣတ္ထိ စိတ္တံ ပိယံ မှိုင်းမှိုင်း
သဗ္ဗ စိတ္တံ ပိယံ မှိုင်းမှိုင်း
ဩောင်း ဧဟိ ဧဟိ ဗလံခြင်း
ဩောင်း ဧဟိ ဧဟိ ဗလံကပ်
ဩောင်း ဧဟိ ဧဟိ ဗလံခြင်း ကပ်စေ

၄ ။ နတ်ဒေဝီများ နတ်ချစ် စောင့်ရှောက်ဂါထာ

သဗ္ဗဟိတ မင်္ဂလာနိ
ပုညာဘိ သီရိ သောဘဏီ
သူရဿတီ စ မေမာတာ
နိစ္စံ ရက္ခန္တု မံ သဒါ

#ဂါထာရွတ်ဆိုနည်း

၁။ ပုံမှန်အားဖြင့်
· ဂါထာ ၄ ပုဒ်လုံးကို တစ်ပုဒ် ၂၇ ကြိမ်စီ ရွတ်ပါ
(အစအဆုံး ၂၇ ခေါက်ရွတ်လို့ရ)။
· ၉ ရက်တိတိ အချိန်မှန်၊ နေရာမှန် မပျက်မကွက် ရွတ်ပါ။

၂။ အရေးကြီး/အခက်အခဲရှိလျှင်

· ပထမ ဂါထာ ၂ ပုဒ် = ၅၄ ကြိမ်စီ
· ကျန် ဂါထာ ၂ ပုဒ် = ၂၇ ကြိမ်စီ ရွတ်ပါ။

၃။ အရေးကြီးကိစ္စများအတွက်
· နေ့စဉ် ဂါထာ ၄ ပုဒ်လုံးပေါင်း ၁၀၈ ကြိမ် ပြည့်အောင် မှန်မှန်ရွတ်ပါ။(၉,၂၇,၄၅ ရက်အဆင်ပြေ
သလိုအဓိဌာန်ဝင်ပါ)

🤷အရေးကြီးသော သတိပြုစရာများ
· မရွတ်ဆိုမီ - ကိုယ်လက်သန့်ရှင်းအောင်လုပ်ပါ။
· ရွတ်ဆိုစဉ် - တစ်နေရာတည်း၊ တစ်ထိုင်တည်း၊ ဣရိယာပုတ် (ခန္ဓာကိုယ်အနေအထား) မပြောင်းဘဲ အဆုံးတိုင်ရွတ်ပါ။ယုံကြည်မှု၊ အာရုံစူးစိုက်မှုဖြင့် ရွတ်ဆိုပါ။

🌿ရွတ်ဖတ်နိုင်သည့်အချိန်

နံနက်စောစော အရုဏ်တက်ချိန်
ညအိပ်ခါနီး တိတ်ဆိတ်ငြိမ်သက်သောအချိန်

🌻ဂါထာအကျဉ်းချုပ်

ဤဂါထာတော်သည် ဂါထာ ၄ ပုဒ်ကို ပေါင်းစပ်ထားသော လိုအင်ဆန္ဒများ ပြည့်စုံစေနိုင်သည့် ရတနာဂါထာမြတ်ဖြစ်သည်

🤷ဂါထာ ၄ ပုဒ်၏ အစွမ်း

က သဗ္ဗဇေယျ မင်္ဂလဂါထာ
အမှောင်ကို ခွင်း၍ အလင်းကို ဆောင်သည်
အထင်လွဲခံရခြင်း နှိမ့်ချခံရခြင်းမှ ကင်းဝေးစေသည်
စာမေးပွဲအောင်မြင် ရာထူးတက် ထင်ပေါ်ကျော်ကြားစေသည်
အမှုကိစ္စ ခက်ခဲမှုများကို ချောမွေ့စေနိုင်စွမ်းရှိသည်
အတိုက်အခိုက် မကောင်းကြံစည်မှု ရောဂါဘယများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်

ခ မင်္ဂလသုတ် ဖုဌဿဂါထာ
လောကဓံ အကောင်းအဆိုးကြား စိတ်မတုန်လှုပ်စေသည်
ဂါထာ က ၏ တန်ခိုးကို ထောက်ပံ့အားဖြည့်ပေးသည်
မကောင်းမှု အဆိုးများကို အကောင်းဘက်သို့ လှည့်ပြောင်းပေးနိုင်စွမ်းရှိသည်

ဂ ရတနာဒီပံ အချစ်ဂါထာ
ရွတ်ဖတ်သူကို ၇ ရက်အတွင်း သားသမီးများမှအစ ချစ်ခင်မှုတိုးပွားစေသည်
မိသားစု ဆရာတပည့် လင်မယား ချစ်သူများ စည်းလုံးချစ်ခင်မှုတိုးစေသည်
နတ်အပေါင်း၏ မေတ္တာချစ်ခင်မှုကို ရရှိစေသည်

ဃ သူရဿတီ စောင့်ရှောက်ဂါထာ
သူရဿတီနတ်သမီးနှင့် ဒေဝီ ၁၂ ပါးတို့၏ စောင့်ရှောက်မှုကို ရရှိနိုင်သည်
အိပ်မက်ကောင်းမက်ခြင်း လူချစ်လူခင်များခြင်း အလုပ်အဆင်ပြေခြင်းစသည့် အကျိုးများ ရရှိစေသည်။

ရွတ်ဖတ်နည်း

ပုံမှန်ရွတ်ဖတ်သူများ
ဂါထာ ၄ ပုဒ် တစ်ပုဒ်လျှင် ၂၇ ကြိမ်စီ

စီးပွားရေးလုပ်ငန်းရှင်များ
ဂါထာ က နှင့် ခ ကို ၅၄ ကြိမ်စီ
ဂါထာ ဂ နှင့် ဃ ကို ၂၇ ကြိမ်စီ

ဝန်ထမ်း ပညာရေး အနုပညာ အောင်မြင်လိုသူများ
ဂါထာ ၄ ပုဒ်လုံး ၅၄ ကြိမ်စီ

ဆန္ဒပြည့်စုံလိုသူများ
ဂါထာ ၄ ပုဒ်လုံး ၁၀၈ ကြိမ်စီ အဓိဋ္ဌာန်ပြုပြီးရွတ်ပါ

အဓိဋ္ဌာန်ဝင်နိုင်သည့်ရက်များ

၉ ရက် ၂၇ ရက် ၅၄ ရက်

နေ့စဉ် ၂၇ ကြိမ်ရွတ်ဖတ်လျှင်လည်း
လောကီအကျိုး စီးပွားအဆင်ပြေ
တိုးပွားစေနိုင်သည်။

ရှောင်ကြဉ် သတိပြုဖွယ်

အဓိဋ္ဌာန်ဝင်နေစဉ် ကာမကိစ္စကို ရှောင်ကြဉ်ပါ
ရန်ဖြစ်ခြင်း ဆဲဆိုခြင်း စကားများခြင်းတို့ကို
မပြုလုပ်ပါနှင့်။
ဤဂါထာတော်များသည် မြတ်စွာဘုရားရှင်၏ဂုဏ်တော် ကျေးဇူးတော်ကို အာရုံပြု၍
စိတ်တည်ငြိမ်ချမ်းသာစေရန် ကုသိုလ်မေတ္တာ တန်ခိုးဓာတ်တိုးပွားစေရန်အတွက် ရည်ရွယ်ပါသည်။

🌅ဂါထာရွတ်ဖတ်သူတိုင်း
အကုသိုလ်ကံဟောင်းများ ပါးလျော့ပြီး
ကုသိုလ်ကံသစ်များတိုးပွားကြပါစေ။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းနိုင်ကြပါစေ။
လောဘ ဒေါသ မောဟ ဣဿာ မစ္ဆရိယစသည့် ကိလေသာမီးများ ငြိမ်းအေးနိုင်ကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ။
စီးပွားရေး လူမှုရေး ပညာရေး ကိစ္စဟူသမျှ အောင်မြင်ချောမွေ့ကြပါစေ။
ရန်သူများအကြားလည်း ငြိမ်းချမ်းခြင်း မိတ်ဆွေများတိုးပွားခြင်းများရရှိကြပါစေ။
ဘဝအခက်အခဲများကို ကျော်လွှားနိုင်ပြီး နောက်ဆုံးတွင် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။

#အားလုံးရွှင်းလန်းချမ်းမြေ့ပါစေ
#မေတ္တာဖြင့်_မျှဝေသည်
@မေတ္တာဖြင့်✍️‌စာသားရေးသူ_အရှင်ကောဝိဒ
/မကွေး/>> @

Address

Yangon
11051

Telephone

+959766919169

Website

Alerts

Be the first to know and let us send you an email when Forever Grace Buddha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share