26/12/2025
အသုံးများတဲ့ ချည်တွေအကြောင်း သိသလောက်လေး ပြောပြပေးမယ်နော်
1. Milk Cotton ချည်အမျိုးအစား
~နို့ကရတဲ့ milk fiber(acrylic) နဲ့ Cotton ကို ရောစပ်ဖန်တီးထားတဲ့ ချည် အမျိုးအစားပါ
~milk cotton ဆိုတာ ချည်အမျိုးအစားပါ အဲ့တာကို တံဆိပ်အမျိုးမျိုးနဲ့ နိုင်ငံအသီးသီးက ကွာလတီမျိုးစုံ ထုတ်ကြတာမို့ အရည်အသွေးကောင်းတဲ့ milk cotton ဆိုရင် 100gချည်တစ်လုံးကို သောင်းချီ သိန်းချီ ပေးရပါတယ်
(*ကုန်ကြမ်းကိုကွာလတီကောင်းကောင်း သုံးထားတဲ့လက်ရာ တစ်ခုက တန်ဖိုးအရမ်းကြီးပါတယ်*
✌အရေအသွေးနိမ့်တဲ့ ကုန်ကြမ်းသုံးထားပြီး တန်ဖိုးက အဆမတန်ယူထားတဲ့လက်ရာဆိုရင် ရေရှည်သုံးစွဲမရတာမို့ မဝယ်ပါနဲ့လို့ အကြံပြုချင်ပါတယ်)
🚫handmade ချည်ထိုးလက်ရာကို သုံးချင်ရင် ဈေးနှုန်းကိုမကြည့်ပါနဲ့ သုံးထားတဲ့ကုန်ကြမ်းကိုမေးပါ လက်ရာကိုစစ်ဆေးပြီး နှစ်သက်တယ်ဆိုမှ ဝယ်ပါရှင့်🚫
2.Baby milk Cotton ချည်အမျိုးအစား
~Baby ချည်က milk cotton အမျိုးအစားထဲကမှ ကလေးတွေနဲ့ sensitive ဖြစ်တဲ့အသားအရေ ပိုင်ရှင်တွေအတွက် သုံးဖို့သင့်လျော်ပါတယ်
~အထက်မှာပြောပြခဲ့သလိုပဲ brand/Quality ကွာတာမို့ ရေရှည်သုံးချင်ရင် ဈေးနှုန်းကိုမကြည့်သင့်ပါဘူးရှင့်
3.Bamboo cotton ချည်အမျိုးအစား
~ဝါးမြက် bamboo grass ကရတဲ့ချည်မျှင် bamboo fibre နဲ့ cotton ကိုရောစပ်ဖန်တီးထားပြီး milk cotton ထက် အမွှေးဖွာနည်းပါတယ် ပိုနူးညံ့ပြီး အထိအတွေ့က ပိုအေးတာမို့ ပူတဲ့ဒေသတွေနဲ့ ကိုက်ညီပါတယ်
4.100%Cotton ချည်အမျိုးအစား
~ချည်သားစစ်စစ်ကြိုက်တဲ့သူတွေအတွက်ရွေးချယ်သင့်တဲ့ချည်အမျိုးအစားပါ
~weight ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးဝတ်ချင်ရင်တော့ bamboo cotton ကိုရွေးချယ်ပါ
~2ply cotton ချည်အမျိုးအစားကို သုံးမယ်ဆိုရင် ထိုးနေရင်း ဝတ်ထားရင်း လျှော်ရင်း ချည်ပြတ်ထွက်တတ်တာကို သတိထားရပါမယ် 3ply နဲ့အထက်တော့ ပြတ်ထွက်တာ မရှိသလောက်ပါ
~ply တွေက line(တစ်ပင်ချင်းစီ), twisted(လိမ်ပြီးကျစ်ထားတာ) စသည့်ဖြင့် type အမျိုးမျိုးရှိတာမို့ မိမိလိုချင်တာ ကျစ်ကျစ်လစ်လစ်လား ဆွဲသားများများနဲ့ပျော့အိအိလား ဆိုတာစဥ်းစားပြီး ချည်ကိုရွေးချယ်ရပါမယ်
👉ဆိုလိုချင်တာက အိတ်ထိုးချင်ရင် high twist ကျစ်ကျစ်လိမ်ထားတဲ့ချည်ကိုရွေးထိုးမှ အိတ်က ပစ္စည်းတွေထည့်ရင် အိကျတာမျိုးအဖြစ်နည်းသွားမှာပါ
~line လိုချည် loosely twist လိုချည် အမျိုးအစားကတော့ ကွဲထွက်လွယ်တော့ ချည်ကျန်တာမျိုး ချည်ညိတာမျိုးဖြစ်နိုင်လို့ beginner တွေ မရွေးချယ်သင့်ပါဘူး
5.Polyester ချည်အမျိုးအစား
~Thermoplastic ပစ္စည်းအမျိုးအစားဖြစ်လို့ ချည်ထည်ထက် ပိုနွေးတယ် ပိုပြီးတာရှည်ခံတယ် အလျှော်လည်းခံတဲ့ ချည်အမျိုးအစားပါ
~Chemical ကနေထုတ်ထားတဲ့ချည်အမျိုးအစားဖြစ်တာမို့ ဓါတ်မတည့်တာဖြစ်တတ်ပါတယ်
💥ဆိုးဆေးသုံးထားတဲ့ချည်တွေဖြစ်တာကြောင့်
~ဆေးဆိုးတဲ့အသုတ် မတူရင် ချည်အရောင်အနည်းငယ်ကွဲနိုင်ပါတယ် ဒါကြောင့် ချည်လုံးကိုလုံလောက်အောင်တွက်ပြီး ဝယ်ပါ
~ချည်တစ်လုံးထဲမှာတင် အရောင်ကွဲတာ ချည်plyမတူတာတွေ ဖြစ်နိုင်ပါတယ်(Quality control QC passဖြစ်တဲ့ချည် ဆိုရင်တော့ စိတ်ချရသလို complainတက်လို့လည်း ရပါတယ်)
~နေပူပြင်းပြင်းမှာ မလှန်းရပါ
~အပြင်းစားဆပ်ပြာမှုန့် ချေးချွတ်ဆေးပါဝင်တဲ့ဆပ်ပြာမှုန့် အဖြူရောင်အဝတ်တွေလျှော်တဲ့ဆပ်ပြာမှုန့်တွေ မသုံးရပါ
☝အထက်ကရေးထားတာများသည် လေ့လာလို့သိထားတာလေးတွေ ဝေမျှခြင်းသာ။လိုအပ်မည် ထင်သောအကြောင်းတွေသာရေးထားခြင်းပါ
* ပညာရှင်မဟုတ်ပါ *
ဗဟုသုတရအောင်ပြန်လည်မျှဝေးပေးလိုက်ပါတယ်နော်💖