28/09/2026
⚖️ ပါမစ်မြေဆိုတာ ဂရန်မြေလား?
**မြေစာရွက်ရှိရုံနဲ့ တရားဝင်အခွင့်အရေး ရပြီလား?
မြေဝယ်ယူခြင်း၊ လွှဲပြောင်းခြင်းမပြုမီ အောက်ပါ အချက် ၅ ချက်ကို မဖြစ်မနေ သိထားသင့်ပါတယ်။
🔹 ၁။ ပါမစ်ဆိုတာ ဘာလဲ?
မြို့ကွက်သစ်များ ဖော်ထုတ်ပြီး၊ "မြေပေးမိန့်၊ မြေချပါမစ်၊ ပါမစ်၊ စလစ်" စသည့် မြေအသုံးပြုခွင့်စာရွက်များ ထုတ်ပေးထားခြင်းကို ဆိုလိုပါတယ်။
🔹၂။ ပါမစ်ရရှိရုံနဲ့ စိတ်ချရပြီလား?
ပါမစ်ရှိခြင်းတစ်ခုတည်းနဲ့ မြေယာဆိုင်ရာ တရားဝင်အခွင့်အရေးများ အပြီးသတ်ရရှိပြီးဖြစ်သည်ဟု မဆိုနိုင်ပါ။
🔹 ၃။ မြေယာမှတ်တမ်းဆိုသည်မှာ ?
မြို့ကွက်ကို သတ်မှတ်တိုင်းတာပြီး "Town Land Map၊ Town Land Roll / Holding Register" စသည့် မြေယာမှတ်တမ်းများ ရှိလာရန် လိုအပ်ပါတယ်။
🔹 ၄။ ၁၀၅/၁၀၆ မြေပုံနှင့် ဂရန်
သက်ဆိုင်ရာ မြေယာမှတ်တမ်းများအပေါ် အခြေခံ၍ "၁၀၅/၁၀၆ မြေပုံ" ရရှိပြီး၊ လိုအပ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ကာ မြေငှားဂရန် ထုတ်ပေးခြင်းဖြင့် တရားဝင်မြေငှားဂရန် ဖြစ်လာနိုင်ပါတယ်။
🔹 ၅။ မစစ်ဆေးဘဲ မြေမဝယ်ပါနှင့်
မြေယာလုပ်ငန်းစဉ်များ မပြည့်စုံပါက နောက်ပိုင်းတွင် "ပိုင်ဆိုင်မှုအငြင်းပွားမှု၊ လွှဲပြောင်းမှုအခက်အခဲနှင့် တရားရုံးဆိုင်ရာ ပြဿနာများ" ဖြစ်ပေါ်နိုင်ပါတယ်။
📌 အရေးကြီးဆုံးအချက် — မြေစာရွက်ရှိတာနဲ့ မပြီးပါ။ မြေယာမှတ်တမ်းနဲ့ တရားဝင်လုပ်ငန်းစဉ်များကိုပါ စစ်ဆေးပါ။
**မြေဝယ်မီ စာရွက်စာတမ်းနှင့် မြေအခြေအနေကို သေချာစွာ စစ်ဆေးရန်
လိုအပ်ပါသည်။**
အသေးစိတ် သိလိုပါက - messenger (သို့) 09 420939572, viber 09 755037261 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
တန်ဖိုး - ၁၂,၀၀၀ ကျပ်