MyanWen Marketplace

MyanWen Marketplace Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MyanWen Marketplace, Shopping Service, 105 Parami Road, Yangon.

Thank you for purchasing this local product.
=============================
All the profits from proceeds of Myanwen Marketplace
sales will go to the development of local MSME businesses.

📣 Startup Ignite Program အစီအစဉ်သို့ စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်းစက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေ...
07/09/2026

📣 Startup Ignite Program အစီအစဉ်သို့ စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)** တို့ ပူးပေါင်းကျင်းပသော MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် (Startup Ignite Program) ကို စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်နေသူများနှင့် မိမိလုပ်ငန်းကို ပိုမိုခိုင်မာတိုးတက်အောင် တည်ဆောက်လိုသူများအတွက် ၂ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

📅 အစီအစဉ်အသေးစိတ်

📌 ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် (သောကြာနေ့) နှင့် ၁၂ ရက် (စနေနေ့)
⏰ အချိန် – နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ
📍 နေရာ – ရုံးအမှတ် (၃၀)၊ နေပြည်တော်။

🌟 တက်ရောက်သူများ ရရှိနိုင်မည့် အခွင့်အလမ်းများ

၁။ 🏆 သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ရရှိခြင်း

အလုပ်ရုံဆွေးနွေးပွဲကို သတ်မှတ်ချက်များနှင့်အညီ အပြည့်အဝ တက်ရောက်ပြီး အောင်မြင်စွာ ပြီးမြောက်သူများအနေဖြင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် MYANWEN (မြန်ဝမ်) တို့မှ ပေးအပ်သော သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ရရှိမည်ဖြစ်ပါသည်။

၂။ 🤝 စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်း

သာမန်ရိုးကျ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ခေတ်မီကုန်သွယ်ရေးလမ်းကြောင်းများမှ လုပ်ငန်းရှင်များ၊ ဖြန့်ချိရောင်းချသူများ၊ လက်လီ/လက်ကားရောင်းချသူများနှင့် စီးပွားရေးလုပ်ငန်းကွန်ယက်များနှင့် ချိတ်ဆက်၍ မိမိလုပ်ငန်းအတွက် ဈေးကွက်နှင့် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

၃။ 👩‍🏫 ကျွမ်းကျင်ပညာရှင်များထံမှ အကြံပေးဆွေးနွေးမှု ရရှိခြင်း

လုပ်ငန်းနယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များထံမှ အကြံပေးဆွေးနွေးမှုများရရှိနိုင်မည်ဖြစ်ပြီး မိမိလုပ်ငန်း၏ အခက်အခဲများ၊ လုပ်ငန်းတိုးချဲ့နိုင်မည့် နည်းလမ်းများနှင့် လက်တွေ့အသုံးချနိုင်မည့် စီးပွားရေးဆိုင်ရာ အကြံဉာဏ်များကို လေ့လာဆွေးနွေးနိုင်မည်ဖြစ်ပါသည်။

၄။ 📈 ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ

မိမိ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်သော ဈေးကွက်များသို့ ရောက်ရှိနိုင်ရန်၊ ဖြန့်ချိရောင်းချရေးလမ်းကြောင်းများ တိုးချဲ့နိုင်ရန်နှင့် လုပ်ငန်းကို ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် အသိပညာနှင့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

၅။ 💡 လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာနှင့် လက်တွေ့အတွေ့အကြုံများ ရရှိခြင်း

မိမိလုပ်ငန်းကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်၊ ငွေကြေးကို ထိရောက်စွာ စီမံနိုင်ရန်၊ နည်းပညာများကို အသုံးချနိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့နိုင်ရန် လိုအပ်သော အသိပညာ၊ အတတ်ပညာနှင့် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ ကို လေ့လာရရှိနိုင်မည်ဖြစ်ပါသည်။

👩‍💼 ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော MSME လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည် —

✅ အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်။

✅ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းသည် စတင်လုပ်ကိုင်ပြီး ၂ နှစ်အတွင်း ဖြစ်ရမည်။

✅ အောက်ပါလုပ်ငန်းကဏ္ဍများအပါအဝင် MSME လုပ်ငန်းများမှ လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည် —

* ဝန်ဆောင်မှုလုပ်ငန်းများ
* စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေပြုလုပ်ငန်းများ
* အထည်အလိပ်နှင့် ဖက်ရှင်လုပ်ငန်းများ
* လက်မှုလုပ်ငန်းများ
* အခြား ဒေသထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းကဏ္ဍများ

✅ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်လုံး အလုပ်ရုံဆွေးနွေးပွဲကို အပြည့်အဝ တက်ရောက်နိုင်ရမည်။

✅ နေပြည်တော်သို့ မိမိအစီအစဉ်ဖြင့် ခရီးသွားလာနိုင်ပြီး အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း တည်းခိုနေထိုင်ရေးကို မိမိအစီအစဉ်ဖြင့် စီစဉ်နိုင်ရမည်။

✅ အလုပ်ရုံဆွေးနွေးပွဲအတွင်း ဆွေးနွေးမှုများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် အပြန်အလှန်မျှဝေမှုများတွင် တက်ကြွစွာ ပါဝင်ရန် စိတ်အားထက်သန်သူ ဖြစ်ရမည်။

📌 နေရာအကန့်အသတ်ရှိပါသောကြောင့် တက်ရောက်လိုသူများအနေဖြင့် စာရင်းပေးသွင်းရန် ဖောင်ကို အမြန်ဆုံး ဖြည့်စွက်ပေးကြပါရန် အသိပေးအပ်ပါသည်။

🔗 စာရင်းပေးသွင်းရန်
https://docs.google.com/forms/d/e/1FAIpQLScdc5HuecMdedI-bJgcJHN5gE0ePf8OsuhXV_TWEkBkLw8Ipw/viewform?usp=dialog

📞 ဖုန်းဖြင့်လည်း စာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရန် – 09 400067010, 09 797303080

🍱 နေ့လယ်စာနှင့် လန်းဆန်းစာများကို ၂ ရက်တာ အစီအစဉ်အတွင်း စီစဉ်ပေးမည်ဖြစ်ပါသည်။

မိမိ၏ စီးပွားရေးအကြံဉာဏ်ကို လက်တွေ့အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ရန် Startup Ignite Program နှင့်အတူ စတင်လိုက်ပါ။

📅 အစီအစဉ်အသေးစိတ် 📌 ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် (သောကြာနေ့) နှင့် ၁၂ ရက် (စနေနေ့) ⏰ အချိန် – နံနက် ၉:၀၀ န...

30/08/2026

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) တို့ ပူးပေါင်းကျင်းပသော MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် (Startup Ignite Program) ကို စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်နေသူများ၊ မိမိလုပ်ငန်းကို ပိုမိုခိုင်မာတိုးတက်အောင် တည်ဆောက်လိုသူများအတွက် ၂ ရက်တာ Workshop ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

📅 အစီအစဉ်အသေးစိတ်
📌 ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် (သောကြာနေ့) နှင့် ၅ ရက် (စနေနေ့)
⏰ အချိန် – နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ
📍 နေရာ – ရုံးအမှတ် (၃၀)၊ နေပြည်တော်။

နှစ်ရက်တာ အစီအစဉ်တွင် စွန့်ဦးတီထွင်စိတ်ဓာတ်မွေးမြူခြင်း၊ Startup Business Management၊ ငွေကြေးစီမံခန့်ခွဲမှု၊ ဘဏ်ဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့နိုင်မည့် အခွင့်အလမ်းများ၊ အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ လက်တွေ့အတွေ့အကြုံများနှင့် Digital Transformation အခြေခံအသိပညာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

👩‍💼 ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?
အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော MSME လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည် —
✅ အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်။
✅ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းသည် စတင်လုပ်ကိုင်ပြီး ၂ နှစ်အတွင်း ဖြစ်ရမည်။
✅ အောက်ပါလုပ်ငန်းကဏ္ဍများအပါအဝင် MSME လုပ်ငန်းများမှ လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည် —
* ဝန်ဆောင်မှုလုပ်ငန်းများ (Service)
* စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေပြုလုပ်ငန်းများ (Agriculture)
* အထည်အလိပ်နှင့် ဖက်ရှင်လုပ်ငန်းများ (Textile & Fashion)
* လက်မှုလုပ်ငန်းများ (Handicraft)
* အခြား ဒေသထွက် ကုန်ထုတ်လှုပ်မှု လုပ်ကိုင်နေသော MSME လုပ်ငန်းကဏ္ဍများ
✅ စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက် နှစ်ရက်လုံး Workshop ကို အပြည့်အဝ တက်ရောက်နိုင်ရမည်။
✅ နေပြည်တော်သို့ မိမိအစီအစဉ်ဖြင့် ခရီးသွားလာနိုင်ပြီး Workshop ကာလအတွင်း တည်းခိုနေထိုင်ရေးကို မိမိအစီအစဉ်ဖြင့် စီစဉ်နိုင်ရမည်။
✅ Workshop အတွင်း ဆွေးနွေးမှုများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် အပြန်အလှန်မျှဝေမှုများတွင် တက်ကြွစွာ ပါဝင်ရန် စိတ်အားထက်သန်သူ ဖြစ်ရမည်။

🎯 နေရာအကန့်အသတ်ရှိပါသည်!
စုစုပေါင်း အယောက် (၃၀) သာ လက်ခံသွားမည်ဖြစ်ပါသောကြောင့် တက်ရောက်လိုသူများ အနေဖြင့် form ကို အမြန်ဆုံးစာရင်းပေးသွားကြဖို့ အသိပေးအပ်ပါသည်။

Registration Link: https://forms.gle/2m4nBcAJ2t2VgdjQ7

ထို့ကြောင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး မိမိလုပ်ငန်းကို ပိုမိုတိုးတက်အောင် လေ့လာသင်ယူလိုသူများအနေဖြင့် အမြန်ဆုံး Registration ပြုလုပ်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

🍱 နေ့လယ်စာနှင့် Tea Break များကို Workshop အတွင်း စီစဉ်ပေးမည်ဖြစ်ပါသည်။

📌 အရေးကြီးမှတ်ချက်
လျှောက်ထားသူများထဲမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်ပြီး Shortlisted Applicants များကိုသာ တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။

မိမိရဲ့ စီးပွားရေးအကြံဉာဏ်ကို လက်တွေ့အောင်မြင်မှုအဖြစ် ပြောင်းလဲဖို့ Startup Ignite နဲ့အတူ စတင်လိုက်ပါ။

"Business Matching: Access to Market Opportunities၂၄.၈.၂၀၂၆ ရက်နေ့တွင် M Tower 6th floor ရှိ MYANWEN ရုံးချုပ်မှာ ကျင်းပ...
25/08/2026

"Business Matching: Access to Market Opportunities

၂၄.၈.၂၀၂၆ ရက်နေ့တွင် M Tower 6th floor ရှိ MYANWEN ရုံးချုပ်မှာ ကျင်းပပြုလုပ်သော
အသေးစား၊ အငယ်စား အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်အတွက် အဓိကလိုအပ်ချက်တခုဖြစ်တဲ့ စျေးကွက်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းစျေးကွက်သာမက ပြည်ပ Digital Marketplace များအထိ ထိုးဖောက်ဝင်
ရောက်နိုင်ဖို့အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN) နဲ့ Myanmar Zarla Distribution Group Co., Ltd. တို့ ပူးပေါင်းပြီးစီးပွားရေးချိတ်ဆက်မှူအစီအစဉ်အားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

အဓိက ဆွေးနွေးမှုများမှာ -
Access to Market: Zarla Distribution ရဲ့ ခိုင်မာတဲ့ Distribution Channels & Networks များကို ရယူအသုံးချနိုင်ရေး
Export Expansion & Digital commerce : ပြည်ပဈေးကွက် ထိုးဖောက်ရေး၊ ၂၄ နာရီ ဝန်ဆောင်မှုနှင့် B2B E-Commerce စနစ်များဖြင့် ရောင်းချနိုင်ရေး တို့ဖြစ်ပါသည်။

ရန်ကုန်တိုင်းအပြင် မန္တလေး တိုင်း ပဲခူးတိုင်း မှ လုပ်ငန်းရှင်များတက်ရောက်လာကြပြီး မိမိတို့၏ ထုတ်ကုန်များကို ပြသ၍ ပြည်တွင်း ပြည်ပ စျေးကွက် ထိုးဖောက်ဝင်ရောက်နိုင်ရန် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

တွဲလက်များခိုင်မြဲစွာနဲ့ အတူတကွ ဈေးကွက်အခွင့်အလမ်းများကို ဆက်လက်ကြိုးပမ်းဖော်ဆောင်ကြပါစို့။

🌸 Made in Myanmar Local Products Fair (51) ကြိမ်မြောက် 🌸ပွဲရဲ့ ၅ ရက်မြောက်နေ့ ကို ရောက်ရှိလာပါပြီရှင်! 🛍️✨မြန်မာပြည်ထုတ်...
20/08/2026

🌸 Made in Myanmar Local Products Fair (51) ကြိမ်မြောက် 🌸

ပွဲရဲ့ ၅ ရက်မြောက်နေ့ ကို ရောက်ရှိလာပါပြီရှင်! 🛍️✨

မြန်မာပြည်ထုတ်ကုန်ကောင်းများ၊ Local Brands များနဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေကို တစ်နေရာတည်းမှာ လာရောက်ကြည့်ရှု၊ ရွေးချယ်ဝယ်ယူနိုင်ဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။ 💛

📍 Junction Square – Promotion Area, Aqua Hall
📅 August 16 – 22, 2026
⏰ 9:00 AM – 6:00 PM

Junction Square ရောက်ဖြစ်ရင် Made in Myanmar Fair (51) ကို ဝင်ရောက်လည်ပတ်ဖို့ မမေ့နဲ့နော်ရှင်။ 🇲🇲🌿

Local ကို အားပေးရင်း ကိုယ့်အတွက်လည်း အကောင်းဆုံးတွေ ရွေးချယ်လိုက်ကြရအောင်ရှင်။ 💕

✨ Honey Bee ကို Junction Square မှာ လာတွေ့လို့ရပြီနော်! 🍯🧁💛ချစ်ရသူတွေနဲ့ အပြင်ထွက်တဲ့နေ့လေးမှာဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက် ...
17/08/2026

✨ Honey Bee ကို Junction Square မှာ လာတွေ့လို့ရပြီနော်! 🍯🧁💛

ချစ်ရသူတွေနဲ့ အပြင်ထွက်တဲ့နေ့လေးမှာဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက် ချိုမြိန်တဲ့ Treat လေးတစ်ခု ရှာနေတာဖြစ်ဖြစ်…
Honey Bee Bakery & Floral Service က အရသာရှိတဲ့ Bakery Items လေးတွေနဲ့ Junction Square Promotion Area မှာ စောင့်နေပါတယ်ရှင့်။ 🥰

🍞 နူးညံ့လတ်ဆတ်တဲ့ Bread လေးတွေ
🍫 ချိုမြိန်အရသာရှိတဲ့ Brownie & Cookies လေးတွေ
🥧 စားလိုက်တိုင်း ထပ်စားချင်စေမယ့် Egg Tart လေးတွေ
🍰 Cake & Bakery Items မျိုးစုံကိုလည်း ရွေးချယ်နိုင်ပါတယ်ရှင့်။

🎉 အထူးသတင်းကတော့ ပွဲရက်အတွင်း Special Promotion အစီအစဉ်လေးတွေလည်း ရှိနေမှာပါ!

ဒါကြောင့် Junction Square ရောက်ဖြစ်ရင် Honey Bee Promotion Area လေးကို ဝင်ခဲ့ဖို့ မမေ့နဲ့နော် 💛

ကိုယ်ကြိုက်တဲ့မုန့်လေးတွေရွေးရင်း Promotion အခွင့်အရေးလေးတွေလည်း ရယူလိုက်ပါ။ ✨

📅 DATE: 20 - 22 JULY 2025
⏰ TIME: 9:00 AM - 6:00 PM
📍 VENUE: JUNCTION SQUARE (Promotion Area)

✨ 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞 အရောင်းပွဲမှာ လက်ခတ်သံနဲ့ ဆုံကြမယ်နော် ✨ကျွန်မတို့ရဲ့ ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ အပြင်မှာကိုယ်တိုင်လာရောက်...
17/08/2026

✨ 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞 အရောင်းပွဲမှာ လက်ခတ်သံနဲ့ ဆုံကြမယ်နော် ✨

ကျွန်မတို့ရဲ့ ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ အပြင်မှာကိုယ်တိုင်လာရောက်ဝယ်ယူနိုင်စေဖို့ 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞 အရောင်းပွဲမှာ လက်ခတ်သံအထည်ဆိုင်ကလည်း ပါဝင်ခင်းကျင်းပြသပေးသွားမှာဖြစ်ပါတယ်ရှင် 🤍

ဒီအရောင်းပွဲမှာ လက်ခတ်သံရဲ့ ကျစ်ပိုး၊ 𝐑𝐨𝐲𝐚𝐥 𝐂𝐥𝐚𝐬𝐬𝐢𝐜 (𝐑𝐂)၊ ၂/၁၀၀၊ ပုဝါ၊ ပုဆိုး၊ 𝐑𝐞𝐚𝐝𝐲 𝐭𝐨 𝐖𝐞𝐚𝐫 စတဲ့အထည်တွေကို ခင်းကျင်းပြသပေးသွားမယ့်အပြင် အရောင်းပွဲမှာ လာရောက်ဝယ်ယူတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအတွက် အထူး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬 တွေလည်းရှိတာကြောင့် လာရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🤎

📅 ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ
⏰ မနက် ၉:၀၀ မှ ညနေ ၆:၀၀ အထိ
📍𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐒𝐪𝐮𝐚𝐫𝐞

Myanwen ရဲ့ 51 ကြိမ်မြောက် Made in Myanmar Local Product fair မှာ YADANAR COLLECTION လည်းပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ...
17/08/2026

Myanwen ရဲ့ 51 ကြိမ်မြောက် Made in Myanmar Local Product fair မှာ YADANAR COLLECTION လည်းပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ အသားအရမ်းကောင်းပြီး အရမ်းလှတဲ့ Aura Dress ကို August 20 to 22 အထိ Junction Squareမှာ လာရောက်ဝယ်ယူသူတိုင်းနှင့် Online မှ မှာယူသူတိုင်းကို 10% Promotion လုပ်ပေးထားပါတယ်ရှင်😘😘

✨️Quality ကောင်းကြိုက်ပြီး၊
ဝတ်ဆင်လိုက်ရသူအဖို့ Confidence အပြည့်ရစေဖို့ Junction Square Promotion area The Whole Aqua Hall မှာလာဝယ်လိုက်တော့နော်⚘️💕😘
https://www.facebook.com/share/1TgGpzdb1D/

ချစ်ရတဲ့ ဖက်ရှင်ချစ်သူတို့ရေ... ✨အရည်အသွေး အထူးကောင်းမွန်ပြီး လူကြိုက်များတဲ့ "Ready to Wear Collection" အသစ်တွေကို တစ်န...
17/08/2026

ချစ်ရတဲ့ ဖက်ရှင်ချစ်သူတို့ရေ... ✨

အရည်အသွေး အထူးကောင်းမွန်ပြီး လူကြိုက်များတဲ့ "Ready to Wear Collection" အသစ်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ လာရောက်ကြည့်ရှု ဝယ်ယူနိုင်မယ့် အခွင့်အရေးကြီး ရောက်လာပါပြီ။

ဒီဇိုင်းလှလှ၊ အသားကောင်းကောင်းနဲ့ သင်နဲ့ အလိုက်ဖက်ဆုံး ဝတ်စုံတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရွေးချယ်ချင်တယ်ဆိုရင်တော့...

📅 DATE: 20 - 22 JULY 2025
⏰ TIME: 9:00 AM - 6:00 PM (DAILY)
📍 VENUE: JUNCTION SQUARE (Promotion area the Whole Aqua Hall)

ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်! 😍

📲 အသေးစိတ်သိရှိလိုပါက သို့မဟုတ် ကြိုတင်မှာယူလိုပါက - 09763254632 ကို ဆက်သွယ်နိုင်ပါတယ်။
💬 Messenger ကနေလည်း မှာယူနိုင်ပါတယ်နော်။

Fb page- https://www.facebook.com/ThiriKhitClothingandFabricClothing?

Tiktok - https://www.tiktok.com/?_r=1&_t=ZS-98x7ve06iJx

🇲🇲 Made in Myanmar Local Products Fair (51) ကြိမ်မြောက် စတင်ကျင်းပနေပါပြီရှင်! ✨မြန်မာပြည်ထုတ်ကုန်ကောင်းများ၊ Local Bran...
16/08/2026

🇲🇲 Made in Myanmar Local Products Fair (51) ကြိမ်မြောက် စတင်ကျင်းပနေပါပြီရှင်! ✨
မြန်မာပြည်ထုတ်ကုန်ကောင်းများ၊ Local Brands များကို တစ်နေရာတည်းမှာ တွေ့ဆုံဝယ်ယူနိုင်မယ့်
Made in Myanmar Local Products Fair (51) ကြိမ်မြောက် ကို ဒီနေ့မှစတင်ပြီး 7 ရက်တိုင်တိုင် ကျင်းပနေပါပြီ 🛍️🌸

📍 Junction Square – Promotion Area, Aqua Hall

📅 August 16 – 22, 2026

⏰ 9:00 AM – 6:00 PM

✨ Fashion & Lifestyle
✨ Local Products
✨ အရည်အသွေးကောင်းမွန်သောမြန်မာပြည်ထုတ်ကုန်များ ကို လာရောက်ကြည့်ရှု၊ ဝယ်ယူပြီး Local Entrepreneurs များကို အားပေးကြရအောင်နော်။

💛Junction Square ရောက်ရင် Made in Myanmar Fair (51) ကို ဝင်ရောက်လည်ပတ်ဖို့ မမေ့နဲ့နော်! 🌿🇲🇲



Myanwen Marketplace (51)ကြိမ်မြောက် "Made in Myanmar Fair" မှာ HONEY Made in Myanmar ဆိုင်လေးလည်း ပါဝင်ပြသရောင်းချသွားမှ...
13/08/2026

Myanwen Marketplace (51)ကြိမ်မြောက် "Made in Myanmar Fair" မှာ HONEY Made in Myanmar ဆိုင်လေးလည်း ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်! 🌿✨

🌿🌳🌸သဘာဝအရွက်၊ အပွင့်လေးတွေရဲ့ သဘာဝအလှတရားအတိုင်း ပုံဖော်ဖန်တီးထားတဲ့ Eco-Printing / Botanical Print လက်ရာဆန်းဆန်းလေးများကို စိတ်ဝင်စားသူများအတွက် "Honey" မှ အထူးပြုလုပ်ဖန်တီးထားသော -
🧣 သဘာဝဆေးဆိုး/အရွက်ရိုက် ပုဝါများ (Botanical Printed Scarves)
👜 သဘာဝပုံနှိပ် ဒီဇိုင်း လက်ဆွဲအိတ်များ (Eco-Printed Bags)

🌾🌿မြန်မာ့ရိုးရာချည်ထည်များကို ဒီဇိုင်းဆန်းသစ်စွာ အထူးတလည်ချုပ်လုပ်ထားသော
👗 မြန်မာ့လက်ရာ သဘာဝအထည်အလိပ် ဆန်းဆန်းလေးများ အိတ်များ
အစရှိသည်တို့ကို Made in Myanmar Fair ပွဲကြီးမှာ လူကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ပါတယ်။

📍 Venue- Junction Square Promotion area The Whole Aqua Hall
📅 Date - Aug 20-22
⏰ Time -9AM -6PM

မြန်မာ့လက်ရာ သဘာဝအလှတရားတွေကို မြတ်နိုးသူများ၊ ဆန်းသစ်လှပတဲ့ Handmade ပစ္စည်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် HONEY Made in Myanmar ရဲ့ဆိုင်ခန်းလေးကို လှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ ✨🍃

Address

105 Parami Road
Yangon
11051

Alerts

Be the first to know and let us send you an email when MyanWen Marketplace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share