Hakusan - Stay In Thailand 𝐇𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐥𝐢𝐯𝐢𝐧𝐠 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝!🇹🇭

🎉 နာမည်ကြီး 𝐓𝐫𝐚𝐯𝐞𝐥 + 𝐋𝐞𝐢𝐬𝐮𝐫𝐞 𝐌𝐚𝐠𝐚𝐳𝐢𝐧𝐞 ကနေ မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး မြို့ (၁၀) မြို့ စာရင်းမှာ ထိုင်...
28/08/2026

🎉 နာမည်ကြီး 𝐓𝐫𝐚𝐯𝐞𝐥 + 𝐋𝐞𝐢𝐬𝐮𝐫𝐞 𝐌𝐚𝐠𝐚𝐳𝐢𝐧𝐞 ကနေ မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး မြို့ (၁၀) မြို့ စာရင်းမှာ ထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့လေးက အဆင့် (၃) နေရာမှာ ဂုဏ်ယူဖွယ် ရပ်တည်နိုင်ခဲ့ပါတယ်ရှင်။

🍃 တောင်တန်းတွေ ဝန်းရံထားပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ချင်းမိုင်မြို့လေးဟာ အေးချမ်းတဲ့ လူနေမှုဘဝကို လိုလားသူတွေအတွက်တော့ တကယ့်ကို ဧဒင်ဥယျာဉ်လေးတစ်ခုပါပဲ။ ထူးခြားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ လှပတဲ့ သဘာဝရှုခင်းတွေနဲ့အတူ ဈေးနှုန်းသက်သာပြီး ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ရရှိနိုင်တာကြောင့် အသက်အရွယ်ရလာတဲ့အခါ အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက် ပထမဆုံး တွေးမိတဲ့ မြို့လေး ဖြစ်လာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

🌅 ဘဝရဲ့ အချိန်တော်တော်များများကို မိသားစုအတွက်၊ အလုပ်တွေအတွက် ကြိုးစားရုန်းကန်ခဲ့ပြီး
အသက် (၅၀) ကျော်လာတဲ့အခါ ဒီလို ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်မြို့လေးမှာ အေးချမ်းစွာ အနားယူဖြတ်သန်းဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ရေရှည်နေထိုင်ခွင့်ရမယ့် 𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚 လေး ရှိဖို့ပဲ လိုပါတော့တယ်နော်။

💼 𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚 အတွက် မရှိမဖြစ်လိုအပ်တဲ့ ငွေကြေးအထောက်အထား ပြင်ဆင်တာတွေ၊ ဘဏ်အကောင့်ဖွင့်လှစ်တာတွေနဲ့ စာရွက်စာတမ်း အဆင့်ဆင့်ကို 𝐇𝐚𝐤𝐮𝐬𝐚𝐧 ဘက်ကနေ စနစ်တကျနဲ့ အချောမွေ့ဆုံး ကူညီဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

🤝 ဒါကြောင့် လူကြီးမင်းတို့ရဲ့ အေးချမ်းလှပတဲ့ အငြိမ်းစားနေ့ရက်လေးတွေကို ချင်းမိုင်မြို့မှာ စတင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ လိုအပ်တဲ့ အချက်အလက်လေးတွေကို 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး လာရောက်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်ရှင်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬!

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎


ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဘာသာစကားတစ်ခုခုကို လေ့လာချင်သူတိုင်း လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီး လာပါပြီ ... 🎁𝐇𝐚𝐤𝐮𝐬𝐚𝐧 က...
26/08/2026

ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဘာသာစကားတစ်ခုခုကို လေ့လာချင်သူတိုင်း လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီး လာပါပြီ ... 🎁

𝐇𝐚𝐤𝐮𝐬𝐚𝐧 ကနေ ကျောင်းသား၊ ကျောင်းသူတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်လေးကို မိတ်ဆက်ပေးပါရစေရှင်။ 💁‍♀️

ဒီအစီအစဉ်လေးမှာဆိုရင် (၁) နှစ်စာ 𝐄𝐃 𝐕𝐢𝐬𝐚 နဲ့ ဘာသာစကား လာရောက်လေ့လာမယ့်သူတိုင်းအတွက် 𝐇𝐚𝐤𝐮𝐬𝐚𝐧 ကနေ ပညာသင်ထောက်ပံ့ကြေး Cash Back - 2,000 THB ကို ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ 🎉

မိမိရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အောက်ပါ ဘာသာစကား (၃) မျိုးထဲကနေ လွတ်လပ်စွာ ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင် ...

🇬🇧 Global Career အခွင့်အလမ်းများအတွက် English Program
🇹🇭 နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင် Communication အတွက် Thai Program
🇯🇵 ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ Career အခွင့်အလမ်းများအတွက် Japanese Program

ဒီ Program တွေရဲ့ အကြီးမားဆုံး အားသာချက်တွေကတော့ ...
✅ ဘာသာစကားကို Basic to Advanced အထိ သေချာသင်ကြားပေးခြင်း ...
✅ (၁၂) လစာ နေထိုင်ခွင့် 𝐄𝐃 𝐕𝐢𝐬𝐚 ကို အခိုင်အမာ ရရှိခြင်း ...
✅ ကျောင်းလခကို (၂) ရစ် ခွဲသွင်းခွင့်ပြုထားခြင်းတို့ပဲ ဖြစ်ပါတယ်ရှင်။

ပညာသင်ထောက်ပံ့ကြေး Cash Back - 2,000 THB လည်းရ၊ အရစ်ကျလည်း ခွဲသွင်းလို့ရတဲ့ ဒီလိုမျိုး 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ အခုလိုအစီအစဉ်လေးက ဩဂုတ်လ (၂၅) ရက်နေ့ကနေ စက်တင်ဘာလ (၂၅) ရက်နေ့အထိပဲမို့ အချိန်ဆွဲမနေဘဲ အခုပဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အမြန်ဆုံး လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🧡

📌 မှတ်ချက် - 𝐕𝐢𝐬𝐚 အဆင့်ပြောင်းလဲခြင်းအတွက် 𝟐,𝟎𝟎𝟎 𝐓𝐇𝐁 နှင့် (၃) လ (၁) ကြိမ် ဗီဇာတိုးခြင်းအတွက် 𝟏,𝟗𝟎𝟎 𝐓𝐇𝐁 အသီးသီး ကျသင့်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ဘာသာစကားသင်တန်းဖြစ်ပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မဟုတ်ပါ။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬 !

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎


🌅 ဘဝရဲ့ ဆယ်စုနှစ်များစွာကို မိသားစုအတွက်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အချိန်တွေ၊ ခွန်အားတွေ အားလုံးပေးပြီး ကြိုးစားခဲ့ပြီ...
17/08/2026

🌅 ဘဝရဲ့ ဆယ်စုနှစ်များစွာကို မိသားစုအတွက်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အချိန်တွေ၊ ခွန်အားတွေ အားလုံးပေးပြီး ကြိုးစားခဲ့ပြီးပြီမို့ အသက် ၅၀ ကျော်လာတဲ့အခါ ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာ အနားယူဖို့ဆိုတာ လူကြီးမင်းတို့အတွက် အမှန်တကယ် ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပါပဲ။

🇹🇭 ဒီလို အေးချမ်းတဲ့ အငြိမ်းစား နေ့ရက်လေးတွေကို ကမ္ဘာ့အဆင့်မီ ဆေးရုံဆေးခန်းတွေ၊ လူနေမှုဘဝတွေနဲ့ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ ထိုင်းနိုင်ငံမှာ ဖြတ်သန်းမယ်လို့ စဉ်းစားလိုက်တဲ့အခါ ပထမဆုံး ခေါင်းထဲရောက်လာတတ်တာက "ဗီဇာကိစ္စတွေ ရှုပ်ထွေးနေမလား" ဆိုတဲ့ စိုးရိမ်စိတ်လေး ဖြစ်နိုင်ပါတယ်။

✨ ဗီဇာကုန်ခါနီး (၄၅) ရက်အလိုမှာ အလွယ်တကူ သက်တမ်းတိုးနိုင်မယ့် 𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚 နဲ့သာဆိုရင် လူကြီးမင်းတို့ရဲ့ နေ့ရက်တိုင်းက လွယ်ကူချောမွေ့နေစေမှာပါ။

💰 ပထမဆုံး စတင်လျှောက်ထားလိုက်တာနဲ့ (၁၅) လ တိတိ နေထိုင်ခွင့်ရရှိစေမယ့်အပြင်၊ ငွေကြေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း စတင်လျှောက်ထားတဲ့အခါ ဘတ် (၃) သောင်းကျော် ဝန်းကျင်ခန့်သာ ကျသင့်မှာဖြစ်ပြီး၊ နောက်နှစ်တွေမှာ ဘတ် (၁) သောင်းကျော် ဝန်းကျင်ဖြင့်သာ တစ်နှစ်ချင်းစီ သက်တမ်းတိုးနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

✈️ ဒါ့အပြင် (၁၅) လပြည့်ဖို့ ၄၅ ရက်အလိုရောက်တဲ့အခါမှာလည်း ထိုင်းနိုင်ငံထဲမှာတင် အဝင်အထွက် ပြုလုပ်စရာမလိုဘဲ လွယ်လွယ်ကူကူ ဆက်လက်သက်တမ်းတိုးနိုင်ပါတယ်။ ဒီလိုမျိုး နောက်နှစ်တွေမှာလည်း တစ်နှစ်ချင်းစီ အကြိမ်ရေ အကန့်အသတ်မရှိ သက်တမ်းတိုးသွားနိုင်တာမို့ ဗီဇာအတွက် နှစ်စဉ် စိတ်ပူစရာ မလိုတော့ပါဘူး။

📋 လျှောက်ထားဖို့ဆိုရင်လည်း လူကြီးမင်းတို့အနေနဲ့...

🔹 အသက် (၅၀) နှစ် ပြည့်ပြီးသူ
🔹 သက်တမ်း အနည်းဆုံး (၁) နှစ်ကျန်ရှိတဲ့ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 လေးရှိရုံနဲ့ လုံလောက်ပါပြီရှင့်။

💼 ကျန်ရှိတဲ့ ဗီဇာအတွက် မရှိမဖြစ်လိုအပ်တဲ့ ငွေကြေးအထောက်အထား ပြင်ဆင်တာတွေ၊ ထိုင်းဘဏ်အကောင့် ဖွင့်လှစ်တာတွေနဲ့ ဗီဇာလျှောက်ထားဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း အဆင့်ဆင့်ကို 𝐇𝐚𝐤𝐮𝐬𝐚𝐧 ကနေ စနစ်တကျ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်လို့ စိတ်အေးလက်အေးဖြင့် ရယူနိုင်မှာ ဖြစ်ပါတယ်။

🤝 လူကြီးမင်းတို့ရဲ့ အငြိမ်းစား နေ့ရက်လေးတွေ အချောမွေ့ဆုံး စတင်နိုင်ဖို့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 က အကောင်းဆုံး အကြံပေး ဆွေးနွေးပေးဖို့ အမြဲတမ်း အသင့်ရှိနေတာမို့ လိုအပ်တဲ့ အချက်အလက်လေးတွေကို 𝐇𝐚𝐤𝐮𝐬𝐚𝐧 - 𝐒𝐭𝐚𝐲 𝐈𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬 !

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎


🇹🇭 ထိုင်းနိုင်ငံမှာ  𝐄𝐃 𝐕𝐢𝐬𝐚 နဲ့ အေးအေးဆေးဆေး နေထိုင်ရင်း အနာဂတ်အတွက် ဘာသာစကားတစ်ခုခုကို လေ့လာချင်သူတွေရှိရင် အဆုံးထိဖတ်...
15/08/2026

🇹🇭 ထိုင်းနိုင်ငံမှာ 𝐄𝐃 𝐕𝐢𝐬𝐚 နဲ့ အေးအေးဆေးဆေး နေထိုင်ရင်း အနာဂတ်အတွက် ဘာသာစကားတစ်ခုခုကို လေ့လာချင်သူတွေရှိရင် အဆုံးထိဖတ်ကြည့်နော် ...

𝐇𝐚𝐤𝐮𝐬𝐚𝐧 ကနေတစ်ဆင့် ပညာလည်းသင်ရင်း နေထိုင်ခွင့် 𝐄𝐃 𝐕𝐢𝐬𝐚 ကိုပါ အခိုင်အမာ ရရှိနိုင်မယ့် အကောင်းဆုံး ဘာသာစကားသင်တန်း (၄) မျိုးကို စုစည်းပြီး မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ မိမိရဲ့ ရည်မှန်းချက်နဲ့ အကိုက်ညီဆုံး Program ကို အခုလိုမျိုး လွတ်လပ်စွာ ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

🇹🇭🇬🇧 𝐇𝐲𝐛𝐫𝐢𝐝 𝐓𝐡𝐚𝐢-𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦
ထိုင်းစာရော အင်္ဂလိပ်စာပါ တစ်ပြိုင်နက်တည်း လေ့လာချင်သူတွေအတွက်ပါ။ မိမိနေထိုင်လိုတဲ့ ကာလအပေါ်မူတည်ပြီး (၁၁) လခွဲ နဲ့ (၆) လ ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အချိန်မရွေးလေ့လာနိုင်တဲ့ Video Class တွေအပြင် အပတ်စဉ် စနေနေ့တိုင်း Online Class ဒါမှမဟုတ် Onsite Live Class တွေနဲ့ သင်ကြားပေးသွားမှာပါ။

🇹🇭 𝐓𝐡𝐚𝐢, 𝐃𝐚𝐢𝐥𝐲 𝐋𝐢𝐟𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦
ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ ဒါမှမဟုတ် ရေရှည်အခြေချဖို့အတွက် ထိုင်းစာကို အထူးပြုလေ့လာချင်သူတွေအတွက်ပါ။ (၁၁) လခွဲတာ ကာလ ကြာမြင့်မှာဖြစ်ပြီး Beginner ကနေ Advanced အထိ အဆင့် (၃) ဆင့်လုံးကို ကျွမ်းကျင်သွားအောင် သင်ကြားပေးမှာပါ။ Video Class နဲ့အတူ စနေနေ့တိုင်း Online သို့မဟုတ် Onsite Live Class တက်ရောက်နိုင်ပါတယ်။

🇬🇧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦
Third Country သွားဖို့ပြင်ဆင်နေပြီး IELTS, GED, IGCSE တို့အတွက် ကြိုတင်လေ့လာချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ Beginner, Intermediate, Advanced အဆင့်တွေ ခွဲခြားထားပြီး၊ Video Class နဲ့ စနေနေ့တိုင်း နေ့လယ် (၃) နာရီမှ (၅) နာရီအထိ Onsite Live Class တွေနဲ့ သေချာသင်ကြားပေးမှာပါ။

🇯🇵 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦
ဂျပန်နိုင်ငံကို သွားရောက်ဖို့ ရည်ရွယ်ထားသူတွေအတွက် N5 ကနေ N3 အထိ သင်ကြားပေးမယ့် Program ပါ။ Line Group ကနေတစ်ဆင့် Video တွေ လေ့လာနိုင်ပြီး Onsite Live Class တွေနဲ့ အနီးကပ် လေ့ကျင့်သင်ကြားပေးမှာပါ။ စာမေးပွဲဖြေဆိုဖို့အတွက်ပါ ကျောင်းဘက်ကနေ အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်ရှင်။

✨ ဒီ Program (၄) ခုလုံးရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ကျောင်းကို နေ့တိုင်းသွားစရာမလိုဘဲ အချိန်ကုန်သက်သာသလို၊ အလုပ်လုပ်ရင်း မိမိရဲ့ Carrer အတွက် အထောက်အကူအဖြစ် သင်ကြားနိုင်တာလည်း ဖြစ်ပြီး နေထိုင်ခွင့်ဗီဇာပါ အခိုင်အမာရရှိမယ့် Languages Class တွေပဲဖြစ်ပါတယ်။

💁‍♀️ ဒါကြောင့် ပညာလည်းသင်ရင်း နေထိုင်ခွင့် 𝐄𝐃 𝐕𝐢𝐬𝐚 ကိုပါ အခိုင်အမာ ရရှိနိုင်မယ့် ဒီအခွင့်အရေးလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အခုပဲ အသေးစိတ် လာရောက်မေးမြန်း တိုင်ပင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬 !

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎


✈️ နိုင်ငံခြားထွက်ဖို့ ရည်ရွယ်ထားသူတွေအတွက် ထိုင်းမှာ နေထိုင်ခွင့်ဗီဇာရော၊ လိုအပ်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥 ကိုပါ တစ်ပါတည်း ရယူနိ...
14/08/2026

✈️ နိုင်ငံခြားထွက်ဖို့ ရည်ရွယ်ထားသူတွေအတွက် ထိုင်းမှာ နေထိုင်ခွင့်ဗီဇာရော၊ လိုအပ်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥 ကိုပါ တစ်ပါတည်း ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါပြီ ...

🎯 Third Country ကို သွားရောက်ပညာသင်ကြားဖို့ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ ကြားကာလမှာ ထိုင်းနိုင်ငံမှာ အေးအေးဆေးဆေး နေထိုင်ရင်း IELTS, GED နဲ့ IGCSE တို့လို စာမေးပွဲတွေအတွက်ပါ ကြိုတင်ပြင်ဆင်ချင်တယ်ဆိုရင်တော့ 𝐄𝐃 𝐕𝐢𝐬𝐚 နဲ့ တွဲဖက်ထားတဲ့ English Language Program က အသင့်တော်ဆုံးပါပဲ။

🗓 လိုအပ်ချက်အပေါ် မူတည်ပြီး သင်တန်းကာလကို (၆) လ သို့မဟုတ် (၁၁) လခွဲ ဆိုပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ (၁၁) လခွဲ Program မှာဆိုရင်တော့ အင်္ဂလိပ်စာကို Beginner အဆင့်ကနေစလို့ Intermediate နဲ့ Advanced အဆင့်တွေအထိ တစ်ဆက်တည်း ပြည့်ပြည့်စုံစုံ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

💻 သင်ကြားရေးစနစ်ကလည်း Hybrid လို့ခေါ်တဲ့ Online ရော Offline ပါ ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ကျောင်းအပ်ပြီး နောက်တစ်နေ့မှာတင် Video Class တွေကို မိမိဘာသာ အချိန်မရွေး စတင်လေ့လာနိုင်မှာဖြစ်ပြီး၊ အပတ်စဉ် စနေနေ့တိုင်း နေ့လယ် (၃) နာရီမှ (၅) နာရီအထိကိုလည်း ကျောင်းမှာ တိုက်ရိုက်လာတက်ရမယ့် Onsite Class တွေ စီစဉ်ပေးထားပါတယ်။

🎓 ဒါကြောင့် ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်္ဂလိပ်စာကို သေချာလေ့လာရင်း၊ ထိုင်းနိုင်ငံမှာပါ နေထိုင်ခွင့် 𝐄𝐃 𝐕𝐢𝐬𝐚 ကိုပါ အခိုင်အမာ ရရှိနိုင်မယ့် ဒီအခွင့်အရေးကို အသုံးချချင်တယ်ဆိုရင်တော့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို အခုပဲ လာရောက်ဆွေးနွေးနိုင်ပါပြီရှင်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬 !

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎



🇹🇭 ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် အဓိက အလိုအပ်ဆုံးက ဒေသခံတွေနဲ့ ချောချေ...
08/08/2026

🇹🇭 ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် အဓိက အလိုအပ်ဆုံးက ဒေသခံတွေနဲ့ ချောချောမွေ့မွေ့ ဆက်သွယ်နိုင်တဲ့ ထိုင်းစကားပြောစွမ်းရည်ပါ။ ဒါကြောင့် ထိုင်းစာကို အခြေခံကနေစပြီး အဆင့်မြင့်တဲ့အထိ သေချာပေါက် တတ်မြောက်သွားစေမယ့် 𝐓𝐡𝐚𝐢, 𝐃𝐚𝐢𝐥𝐲 𝐋𝐢𝐟𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို 𝐄𝐃 𝐕𝐢𝐬𝐚 နဲ့ တွဲဖက်ပြီး မိတ်ဆက်ပေးချင်ပါတယ်ရှင်။

📈 ဒီ Program ကတော့ ထိုင်းနိုင်ငံမှာ (၁) နှစ်တိတိ အေးဆေးနေထိုင်ရင်း ထိုင်းဘာသာစကား တစ်ခုတည်းကိုပဲ အထူးပြုလေ့လာချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ အချိန် (၁၁) လခွဲ အတွင်းမှာ Thai Beginner ကနေစလို့၊ Intermediate နဲ့ Advanced အထိ အဆင့် (၃) ဆင့်လုံးကို ကျွမ်းကျင်သွားအောင် လေ့ကျင့်သင်ကြားပေးသွားမှာပါ။

⏰ အတန်းချိန်တွေကလည်း အလုပ်လုပ်နေသူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ ကျောင်းအပ်ပြီးတာနဲ့ မိမိဘာသာ အချိန်မရွေး ဝင်ကြည့်လို့ရတဲ့ Video Class တွေကို www.helpgetjob.com ကနေ စတင်ရရှိမှာပါ။

🙋‍♀️ အပတ်စဉ် စနေနေ့တိုင်းမှာလည်း Online Zoom (ည ၈ နာရီမှ ၁၀ နာရီ) ဒါမှမဟုတ် ကျောင်းမှာလာတက်ရမယ့် Onsite (နေ့လယ် ၁ နာရီမှ ၃ နာရီ) ဆိုပြီး ကိုယ်အဆင်ပြေမယ့် Live Class ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင်။

💼 ဒါကြောင့် ကိုယ့်ရဲ့ Career လမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Thai Skill ကို သေချာမြှင့်တင်ရင်း ထိုင်းမှာ ရေရှည်အခြေချချင်တယ်ဆိုရင်တော့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို အခုပဲ ဆက်သွယ်လိုက်ပါရှင်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬 !

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎


07/08/2026

𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚 လျှောက်တဲ့အခါ အမှတ်မှားတဲ့ကြတဲ့ အချက် ( ၃ချက် ) ….🌟🇹🇭☝🏻

06/08/2026

𝐄𝐥𝐢𝐭𝐞 𝐕𝐢𝐬𝐚 - ဗီဇာ 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝 ရရှိပြီးနောက် 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ဗီဇာဝန်ဆောင်မှု ရယူနိုင်မယ့် 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝟒 ခု …🌟☝🏻

04/08/2026

𝐄𝐥𝐢𝐭𝐞 𝐕𝐢𝐬𝐚 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 ဗီဇာကြေးငွေပေးသွင်းနိုင်ယုံနဲ့ 𝟏𝟎𝟎% 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝 ဖြစ်နိုင်မယ်လို့ မှတ်ယူထားလို့ရနိုင်လား …?

🌟 အစည်းအဝေးတွေ၊ လုပ်ငန်းကိစ္စတွေနဲ့ အမြဲတမ်း အလုပ်များနေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အချိန်ဆိုတာ အလွန်ကို အဖိုး...
31/07/2026

🌟 အစည်းအဝေးတွေ၊ လုပ်ငန်းကိစ္စတွေနဲ့ အမြဲတမ်း အလုပ်များနေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အချိန်ဆိုတာ အလွန်ကို အဖိုးတန်တာကြောင့် ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်အပတ် ခရီးစဉ်အနေနဲ့ပဲဖြစ်ဖြစ် ခဏတာ ရောက်ရှိလာတဲ့ အချိန်လေးအတွင်းမှာ ထိုင်းယာဉ်မောင်းလိုင်စင်တစ်ခုကို အချိန်ကုန်သက်သာစွာနဲ့ အမြန်ဆုံး ရယူနိုင်ဖို့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐕𝐕𝐈𝐏 ဝန်ဆောင်မှု ရှိနေပါပြီရှင်။

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို ကြန့်ကြာမှုတွေနဲ့ တန်းစီစောင့်ဆိုင်းရတာတွေ လုံးဝမရှိဘဲ...

✅ ထိုင်းလိုင်စင် အသစ်လျှောက်ချင်တာ ဒါမှမဟုတ် သက်တမ်းတိုးချင်တာ

✅ မြန်မာလိုင်စင်ကို သက်တမ်းတိုးတာ ဒါမှမဟုတ် မြန်မာလိုင်စင်ကနေ ထိုင်းလိုင်စင်အဖြစ် ပြောင်းလဲချင်တာ

✅ လက်ရှိမှာ လိုင်စင် လုံးဝမလုပ်ဖူးသေးပေမဲ့ ထိုင်းလိုင်စင်ကို တန်းပြီး လျှောက်ထားချင်တာ
….စတဲ့ လိုအပ်ချက်တွေအတွက် 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐕𝐕𝐈𝐏 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေနဲ့ အချောမွေ့ဆုံး အစအဆုံး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

💳 ထိုင်းယာဉ်မောင်းလိုင်စင်တစ်ခုကိုင်ဆောင်ထားတဲ့ လူကြီးမင်းတွေအနေနဲ့...

✈️ ထိုင်းပြည်တွင်းလေကြောင်းခရီးစဉ်တွေ သွားလာတဲ့အခါ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 စာအုပ်ကြီးကို အမြဲထုတ်ပြနေစရာမလိုတော့ဘဲ လိုင်စင်ကိုပဲ 𝐈𝐃 𝐂𝐚𝐫𝐝 အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

🚘 ဒါ့အပြင် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐫𝐢𝐩 အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလည်အပတ်အတွက်ပဲဖြစ်ဖြစ် 𝐂𝐚𝐫 𝐑𝐞𝐧𝐭𝐚𝐥 ကုမ္ပဏီတွေမှာ ကားအလွယ်တကူ ငှားရမ်းနိုင်မှာဖြစ်ပါတယ်။

🍀 လမ်းခရီးမှာ မမျှော်လင့်ဘဲ တစ်ခုခုကြုံလာခဲ့ရင်တောင် 𝐀𝐜𝐜𝐢𝐝𝐞𝐧𝐭 𝐂𝐨𝐯𝐞𝐫𝐬 လို့ခေါ်တဲ့ အာမခံအကာအကွယ်တွေကို အပြည့်အဝ ခံစားခွင့်ရရှိမှာဖြစ်လို့ ခရီးစဉ်တစ်လျှောက်လုံး စိတ်အေးချမ်းရစေမှာ အသေအချာပါပဲ။

💯 စာရွက်စာတမ်းတွေ ပြင်ဆင်ရမှာ၊ ရုံးတွေမှာ တစ်နေကုန် တန်းစီရမှာတွေအတွက် စိတ်ပူစရာမလိုဘဲ လူကြီးမင်းတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေထဲကမှ (၁) ရက်တာ အချိန်ပေးရုံနဲ့ ဒုတိယမြောက်ရက်မှာတင် လိုင်စင်ကတ်ကို စိတ်ချလက်ချ ထုတ်ယူနိုင်တဲ့အထိ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐎𝐧𝐞-𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 က အစအဆုံး တာဝန်ယူ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

📅 လိုင်စင်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တိုင်းကို အချောမွေ့ဆုံးနဲ့ အမြန်ဆန်ဆုံးဖြစ်စေဖို့ ကြိုတင် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 လေးတော့ ယူထားပေးဖို့ အကြံပြုချင်ပါတယ်ရှင်။

📩 ထိုင်းနိုင်ငံမှာ ယာဉ်မောင်းလိုင်စင် လိုအပ်ချက်တိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 ရဲ့ 𝐕𝐕𝐈𝐏 𝐃𝐫𝐢𝐯𝐢𝐧𝐠 𝐋𝐢𝐜𝐞𝐧𝐬𝐞 ဝန်ဆောင်မှုကို ရယူဖို့ 𝐇𝐚𝐤𝐮𝐬𝐚𝐧 𝐒𝐭𝐚𝐲 𝐈𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို အခုပဲ အသေးစိတ် လာရောက်ဆက်သွယ်နိုင်ပါပြီရှင့်။

✨ 𝐄𝐱𝐩𝐞𝐫𝐭 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐚 𝐡𝐚𝐬𝐬𝐥𝐞-𝐟𝐫𝐞𝐞 𝐯𝐢𝐬𝐚 𝐩𝐫𝐨𝐜𝐞𝐬𝐬!

☎️ 𝐓𝐡𝐚𝐢 : 𝟎𝟖𝟑-𝟏𝟏𝟕-𝟐𝟒𝟓𝟎
📩 𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟖𝟑 𝟏𝟏𝟕 𝟐𝟒𝟓𝟎

ที่อยู่

Sanchaung
Bangkok

เบอร์โทรศัพท์

+959250904788

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hakusan - Stay In Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์