31/07/2026
#လစာတစ်ခုတည်းမကြည့်ပါနဲ့
ကျွန်မ ELV & IT လောကထဲမှာ အလုပ်လုပ်ရင်း
ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းလာခဲ့ပါတယ်။
Local Company တွေလည်း လုပ်ဖူးတယ်။
Overseas Company တွေလည်း လုပ်ဖူးတယ်။
အတွေ့အကြုံတွေက သင်ခန်းစာများစွာ ပေးခဲ့ပါတယ်။
အဲဒီနှစ်တွေထဲမှာ သင်ယူခဲ့ရတဲ့
သင်ခန်းစာတွေ အများကြီးရှိပေမယ့်၊
အခုထိ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုတော့ ရှိတယ်။
လစာများတဲ့အလုပ်တိုင်းက
ကျမတို့ အတွက် အကောင်းဆုံးအလုပ် မဟုတ်ဘူး။
ငွေက အရေးကြီးတယ်။
ဘယ်သူမှ ငွေမလိုဘူးလို့ မပြောကြဘူး
လစာများတဲ့အလုပ်ကို လူတိုင်းလိုချင်ကြပါတယ်။
ဒါက သဘာဝပါ။
မနက် အိပ်ရာနိုးတိုင်း…
👩💻“ဒီနေ့လည်း အလုပ်သွားရဦးမယ်…🥴”
ဆိုတဲ့ အတွေးနဲ့ ညကတည်းက ရင်လေးနေရတယ်💁♀️
👩💻တနင်္လာနေ့ရောက်မှာကို ကြောက်နေတယ်။💁♀️
👩💻နေ့တိုင်း အလုပ်သွားရမှာကို စိတ်ဖိစီးလာတယ်။💁♀️
👩💻အလုပ်ပတ်ဝန်းကျင်က Toxic ဖြစ်တယ်။💁♀️
👩💻အတင်းအဖျင်းတွေ၊ ရုံးတွင်းနိုင်ငံရေးတွေကြားမှာ နေ့စဉ် စိတ်ပင်ပန်းနေရတယ်။💁♀️
ဒီလိုနေ့တွေကို နေ့တိုင်း ဖြတ်သန်းနေရရင်…💁♀️
လစာကောင်းတာတစ်ခုတည်းနဲ့
အဲဒီအလုပ်ကို ရေရှည်ဆက်လျှောက်နိုင်ဖို့ မလွယ်တော့ဘူး။
တကယ်ကောင်းတဲ့ အလုပ်ဆိုတာ…
📍လစာပေးရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့
တန်ဖိုးကို အသိအမှတ်ပြုပေးတဲ့ နေရာ။📈🏆
📍နေ့တိုင်း အလုပ်လုပ်ရင်း Skill တွေ တိုးတက်လာပြီး အနာဂတ်အတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးတဲ့ နေရာ။ ⭐️🏆
📍စိတ်ဖိစီးမှုထက် စိတ်အေးချမ်းမှုကို ပိုရစေပြီး
ကိုယ့်အလုပ်ကို အာရုံစိုက်နိုင်တဲ့ နေရာ။ 👩💻⭐️
📍အဲဒီလို နေရာမျိုးကသာ
ကိုယ့်ကို ရေရှည်ကြီးထွားစေတယ်🌾🏆
🍀လစာက
ဒီနေ့အတွက် အရေးကြီးပါတယ်။✨
ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊
ကိုယ့်ရဲ့ တန်ဖိုးနဲ့ အနာဂတ်ကို ပေးဆပ်ပြီး မှ
ရလာတဲ့လစာကတော့ မတန်ပါဘူး။🙅♀️
✨အလုပ်ရွေးတဲ့အခါ လစာကို ကြည့်ပါ။
ဒါပေမယ့် လစာတစ်ခုတည်းကိုတော့ မကြည့်ပါနဲ့။🙅♀️
ကျွန်မကတော့ ရုံးတွင်း နိုင်ငံရေးတွေ၊
အတင်းအဖျင်းပြောတတ်သူတွေနဲ့ ခပ်ဝေးဝေးနေပါတယ်။
ဘယ်သူ့ ရဲ့အချစ်တော် ဆိုတာ…….
ဖြစ်ရမယ်ဆိုတာမျိုး မရှိပါ🙅♀️
ဖြစ်ဖို့လည်း မကြိုးစားပါဘူး။🙅♀️
အဲဒီအစား ကိုယ့်အလုပ်ကို
အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ပါတယ်။✨
ဘာကြောင့်လဲဆိုတော့…
လုပ်ငန်းခွင်တိုင်းက
နောက်ဆုံးမှာ အလုပ်ဖြစ်တဲ့သူကိုပဲ တန်ဖိုးထားကြလို့ပါ✨
နောက်ဆုံးမှာ လုပ်ငန်းခွင်တိုင်းက
စကားများတဲ့သူကို မမှတ်မိဘူး။🙅♀️ 🤭 (ဒါ အမှန်တရားပဲ)
🍀အလုပ်ဖြစ်တဲ့သူကိုပဲ မှတ်မိတယ်။✨👩💻🏆
ကိုယ် တကယ်အာရုံစိုက်ရမှာက…
• 📍ဒီနေ့ထက် …..’’မနက်ဖြန်
Skill ဘယ်လိုပိုကောင်းလာမလဲ🏆
• 📍 ကိုယ့်တာဝန်ကို ဘယ်လောက်
အကောင်းဆုံး လုပ်ပေးနိုင်လဲ။ 👩💻
အဲဒါတွေကိုပဲ အာရုံစိုက်ပါ။⭐️
တစ်နေ့မှာ…
သင်ဟာ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့သူတစ်ယောက် ဖြစ်လာတဲ့အချိန်…💁♀️
သင့်နေရာကို ဘယ်သူမှ အလွယ်တကူ
အစားထိုးလို့ မရတော့ပါဘူး။
လူတွေကို လိုက်ယှဉ်ပြိုင်မနေပါနဲ့။✨
မနေ့က ကိုယ့်ထက်
ဒီနေ့ ကိုယ် ပိုကောင်းလာအောင်ပဲ ကြိုးစားပါ။👩💻⭐️
အဲဒီကြိုးစားမှုကပဲ…
သင့်ရဲ့ အနာဂတ်ကို တိတ်တိတ်လေး
ပြောင်းလဲပေးနေပါလိမ့်မယ်။🏆✨
ဒါကြောင့် အရေးမပါတဲ့
လူတွေဆီမှာ အချိန်မဖြုန်းပါနဲ့။🙅♀️
ကိုယ့်ရဲ့ Skill၊ ကိုယ့်ရဲ့ တန်ဖိုးနဲ့
ကိုယ့်ရဲ့ အနာဂတ်ကို မြှင့်တင်ပေးမယ့် နေရာမှာပဲ
အချိန်နဲ့ စွမ်းအားကို ရင်းနှီးမြှုပ်နှံပါ။👩💻✨🏆