CMTG

Website

CMTG Commando Myanmar Tactical Gear

မင်းတို့ မားကင်းတင်းကြီးကလည်းကွာ။ ကလေး တွေကို ထပ်စတေးဖို့ ဖိတ်ခေါ်နေပြန်ပါပြီ။
16/09/2026

မင်းတို့ မားကင်းတင်းကြီးကလည်းကွာ။ ကလေး တွေကို ထပ်စတေးဖို့ ဖိတ်ခေါ်နေပြန်ပါပြီ။

😂😂😂
16/09/2026

😂😂😂

မင်းတို့ တင်တဲ့ပို့စ်နှစ်ခုက ပုံနှစ်ပုံကို ဆက်စပ်ကြည့်ရင်ကို မင်းတို့ကို ​လှောင်နေလောက်ပြီ 😂😂😂
15/09/2026

မင်းတို့ တင်တဲ့ပို့စ်နှစ်ခုက ပုံနှစ်ပုံကို ဆက်စပ်ကြည့်ရင်ကို မင်းတို့ကို ​လှောင်နေလောက်ပြီ 😂😂😂

ဒီကောင်လည်း ပြဒါးခြောက်နေလောက်ပြီ 😂😂
15/09/2026

ဒီကောင်လည်း ပြဒါးခြောက်နေလောက်ပြီ 😂😂

ဗက် ဟက် ဟက် 😂😂😂
15/09/2026

ဗက် ဟက် ဟက် 😂😂😂

တစ်ကယ့် သောက်ပေါတွေပါပဲကွာ။အာ့ဆိုလည်း ဘပု ရုရှားကိုသွားသလိုမျိုး၊ မင်းတို့ရဲ့ မျက်မှေးလဒူရှီလာ ယာယီသံပဒတ်လည်း ယူကရိန်းကိ...
13/09/2026

တစ်ကယ့် သောက်ပေါတွေပါပဲကွာ။

အာ့ဆိုလည်း ဘပု ရုရှားကိုသွားသလိုမျိုး၊ မင်းတို့ရဲ့ မျက်မှေးလဒူရှီလာ ယာယီသံပဒတ်လည်း ယူကရိန်းကို သွားလည်းပြလေ။ ဗက်ဟက်ဟက် 😂😂😂

လမ်းများအားလုံး နေပြည်တော်သို့ ဗက်ဟက်ဟက်😂😂😂
13/09/2026

လမ်းများအားလုံး နေပြည်တော်သို့ ဗက်ဟက်ဟက်

😂😂😂

1980 ကျော်ကာလများက မြန်မာပြည်မှာလူတိုင်းဟာဓါတ်ပုံမရိုက်နိုင်ကြဘူးလက်ရှိလူတော်တော်များများဟာအဲဒီအချိန်ကရိုက်ထားတဲ့ပြန်ပြစ...
12/09/2026

1980 ကျော်ကာလများက မြန်မာပြည်မှာ
လူတိုင်းဟာဓါတ်ပုံမရိုက်နိုင်ကြဘူး
လက်ရှိလူတော်တော်များများဟာ
အဲဒီအချိန်ကရိုက်ထားတဲ့
ပြန်ပြစရာဓါတ်ပုံကိုမရှိကြဘူး

အဲဒီတုံးက
မြို့တိုင်းမှာလည်း ဓါတ်ပုံဆိုင်မရှိပြန်ဘူး
မင်္ဂလာဆောင်ပြီးရင်
မြို့တက်ပြီးမှဓါတ်ပုံရိုက်ကြရတယ်
ဓါတ်ပုံဆိုင်ရှိပြန်ရင်လည်း
ကာလာဖလင်နဲ့ရိုက်တဲ့
ရောင်စုံဓါတ်ပုံက
ဆိုင်တိုင်းမရပြန်ဘူး
ဒါကြောင့်ဓါတ်ပုံဆိုင်နာမည်အရှေ့မှာ
ရောင်စုံဓါတ်ပုံတိုက်လို့အထူးပြု
ထည့်ထားတာတွေရှိတယ်

ကမ္ဘာကြီးတဖက်ခြမ်း
အင်္ဂလန် သည်ဘရောဒ့် မှာတော့
အမေစုကမိသားစုအတွက်
ဘာဘီကျူးထိုင်ကင်နေတာကို
ရောင်စုံဓါတ်ပုံနဲ့မှတ်တမ်းတင်နိုင်ပြီ
၁၉၈၀ ကျော်ကာလ
ဓါတ်ပုံအစစ်ပါ

ခရက်ဒစ်-သူများဟာ😁😁😁

ဂိုလ်ကြီးတို့များ ဖောချင်လွန် အားကြီးလို့ အခုမှ စက်တင်ဘာလ ပဲ ရှိသေးတာကို နိုဝင်ဘာလ လို့ မှားရတယ်။ပြီးတော့ ဖရီးဂိတ်က ဒီက ...
12/09/2026

ဂိုလ်ကြီးတို့များ ဖောချင်လွန် အားကြီးလို့ အခုမှ စက်တင်ဘာလ ပဲ ရှိသေးတာကို နိုဝင်ဘာလ လို့ မှားရတယ်။

ပြီးတော့ ဖရီးဂိတ်က ဒီက ဖရီးဂိတ် မဟုတ်ဘူး။

ဂိုလ်ဂျီးတောင် နိုဂျီအကွက်တွေ တတ်လာပြီ😂😂

အသံလေးတွေ ထွက်လာရင် သဘောပေါက် ဓာတ်ခဲတို့ ဆားပေါက်နေကြပြီ 😂😂😂
12/09/2026

အသံလေးတွေ ထွက်လာရင် သဘောပေါက် ဓာတ်ခဲတို့ ဆားပေါက်နေကြပြီ 😂😂😂

ဆန် ပြတ်လပ်မှုကြောင့် ကျောက်ဖြူတွင် စစ်ဘေးရှောင် ၅,၀၀၀ ကျော် အငတ်ဘေး ဆိုက်မည့်အရေး ရင်ဆိုင်နေရ

DMG ၊ စက်တင်ဘာ ၁၂

တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသော စစ်ဘေးရှောင် ၅,၀၀၀ ကျော်မှာ ဆန်ရိက္ခာပြတ်လပ်မှုကြောင့် အငတ်ဘေးဆိုက်မည့်အရေး ရင်ဆိုင်နေရသည်ဟု ဇင်ချောင်း လူငယ်ပရဟိတအသင်းထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၈ ခုမှ လူဦးရေ သုံးသောင်းဝန်းကျင်နှင့် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင် သောင်းဂဏန်းနီးပါးမှာ စားနပ်ရိက္ခာ လိုအပ်နေကြောင်း သိရသည်။

ယင်းထဲမှ မြို့နယ်နှစ်ခုပေါင်း စစ်ဘေးရှောင် ၅,၁၀၀ မှာ လတ်တလောတွင် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများလိုအပ် တတ်နိုင်သမျှ ကူညီပေးကြရန် ဇင်ချောင်း လူငယ်ပရဟိတအသင်းမှ မေတ္တာရပ်ခံ တောင်းဆိုထားသည်။

“၈ လပိုင်းလောက်အတွက်ပဲ ဆန်ရှိတာ။ အခုက ဆန်ဝယ်ဖို့အတွက် လုံးဝရှာမရဘူး။ ဆန်အိတ် ၁၀၀၊ ဆန်အိတ် ၅၀ ဆိုလုံးဝ ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်နေတာ။ စစ်ရှောင်တွေက အများကြီးဆိုတော့ ဆန်က အများကြီး လိုအပ်တယ်။ ပိုက်ဆံရှိပေမယ့် ဆန်မရှိလို့ ဝယ်လို့ မရဘူး။ အခြေခံစားသောက်ရေးအတွက် အခက်အခဲဖြစ်နေပြီ” ဟု ဇင်ချောင်း လူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်ရှိ အမှတ် - ၄ နှင့် အမှတ် - ၅ တိုက်နယ်များတွင် ဆန်စပါးပြတ်လပ်မှု များ ဖြစ်ပေါ်နေပြီး ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်တို့မှ ဆန်ဝယ်ယူနေရကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

စစ်ရေးကြောင့် ကျောက်ဖြူ၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် လယ်ယာစိုက်ပျိုးမှု သိသိသာသာလျော့နည်းနေပြီး ထွက်ရှိသော ဆန်စပါးများမှာလည်း ဒေသတွင်း စားသုံးရန်အတွင်ပင် မလောက်ငှဖြစ်နေသည်။

“ဒီဘက်မှာက အရင်ကတည်းက လယ်ယာကို တနိုင်တပိုင်ပဲ လုပ်ကိုင်ကြတာများတယ်။ အခုက တိုက်ပွဲဖြစ်တော့ ရမ်းဗြဲကျွန်းဘက်က ဆန်ထွက်တဲ့ဒေသတွေက လူတွေလည်း စစ်ဘေးတိမ်းရှောင် သွားကြပြီ။ လက်ကျန်ဆန်နဲ့ စားသုံးသူနဲ့မမျှတော့ဘူး။ ပြီးတော့ အခုစိုက်ပျိုးထားတဲ့ သီးနှံတွေကလည်း မမှည့်သေးဘူး” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဆန်စပါးရှားပါးကာ ဈေးနှုန်းမှာလည်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ဒေသခံများအတွက် အခက်အခဲရင်ဆိုင်လာနေကာ ထိုသက်ရောက်မှုဒဏ်ကို စစ်ရှောင်များပို၍ ခံစားနေကြရသည်။

ပုံစာ - ဇင်ချောင်း လူငယ်ပရဟိတအသင်းမှ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာကူညီ ထောက်ပံ့မှုတစ်ခု။ ဓာတ်ပုံ - ဇင်ချောင်း လူငယ်ပရဟိတအသင်း

#စစ်ဘေးရှောင် #ကျောက်ဖြူ #ရမ်းဗြဲ #ဆန်ပြတ်လပ်မှု #စားနပ်ရိက္ခာအခက်အခဲ #လူသားချင်းစာနာမှုအကူအညီ

Address

Pyidaungzu Yeiktha Street
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Alerts

Be the first to know and let us send you an email when CMTG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share