31/08/2022
ဒီနေ့ နံနက်ပိတ်လေလံပွဲရှိလို့ လှိုင်သာယာစက်မှုဇုန်ကိုသွားနေတုန်းထမင်းရှင်ဖောက်သည်ဆီကဖုန်းဝင်လာပါတယ်
အကို မင်္ဂလာပါ နေကောင်းလားတဲ့
ကျွန်တော်လဲ ညီလေးမင်္ဂလာပါ နေကောင်းပါတယ်လို့ ဖြေလိုက်ပါတယ်
ဒါနဲ့အကိုကျွန်တော်အထည်နည်းနည်းလောက်ဝယ်ချင်တယ်လို့ ပြောလာတယ်
ကျွန်တော်လဲ ရပါတယ်ညီလေးလို့ ဖြေလိုက်တယ်
ညီလေးကအထည် တစ်သောင်းလောက်ဝယ်ချင်တယ်လို့ပြောတော့ ကျွန်တော်လဲဝမ်းသာပြီး
ခါတိုင်စျေးနဲ့ရောင်းပေးလိုက်တယ်
ညီလေးကရောင်းပေးလို့ ကျေးဇူးတင်ပါတယ်ပြောတော့
ကျွန်တော်က ဘယ်ကသာ အကိုကကျေးဇူးတင်ရမှာပါညီလေးရယ်လို့ပြန်ပြောလိုက်တယ်
လေလံပွဲပြီးလို့ စက်ရုံပြန်ရောက်တော့ စက်ရုံမှူးက ငွေစျေးတက်သွားလို့ ကုန်ကြမ်းစျေးတက်သွားတယ်ဆရာ
ပိတ်တစ်ကိုက် (၇၀၀)ကျပ်တက်သွားတယ်
ပန်းထိုးချည်လုံးဖိုးကလည်း တစ်ထည် (၃၀၀) ကျပ် တက်သွားတယ် စုစုပေါင်းဝမ်းဆက်တစ်စုံကို (၂၄၀၀) ကျပ်တက်သွားတယ်လို့ပြောတော့
ဟာ ဟုတ်လား ဆရာနံနက်က ဖုန်းနဲ့ အထည် တစ်သောင်းရောင်းလိုက်တယ်ပြောတော့ သူကအဲ့ဒါဆို ဆရာ သိန်းပေါင်း(၂၄၀) ကျပ် ကွာသွားပြီ
ဘယ်လို လုပ်မလည်းဆိုပြီးစိတ်ပူပူနဲ့မေးလာတယ်
ကျွန်တော်ကလည်း ဖုန်းတစ်ကောဆက်ပြီးဝယ်တဲ့ညီလေးကတော့
မြန်မာမဟာဆန်သူကုမ္ပဏီရဲ့ သိန်းပေါင်း (၂၄၀) ဆု ပေါက်သွားတာပေါ့ သမီးရယ်လို့ ပြန်ဖြေပေးလိုက်တယ်
စက်ရုံမှူးကတော့ ကျွန်တော်ကိုပြူးကြည့်ပြီး
ဆရာ စရံငွေမပေးရသေးဘူးမှတ်လားလို့ မေးပြန်တယ်
ကျွန်တော်ကလည်း ပြန်ဖြေလိုက်ပါတယ်
ဆရာတို့ကစီးပွါးရေးသမားတွေလေစရံငွေမပေးရသေးပေမဲ့
ရောင်းပေးမယ်ပြောပြီးသားဖြစ်လို့ ဂတိတည်ရမယ်လေဆိုပြီး
စတိုထဲက အထည်တစ်သောင်း အဆင်သင့်ပြင်ပြီး
ပို့ပေးလိုက်လို့ စက်ရုံမှူးကို အမှာတော် ပါးလိုက်ရပါတယ်
ခင်ဗျာ
နောက်ထပ် ဝယ်ယူအားပေးမဲ့ ထမင်းရှင်
ဖောက်သည်တော်ကြီးများခင်ဗျာ ကုန်ကြမ်းစျေး မတည်ငြိမ်သည့်အတွက်
စက်ရုံမှ အရောင်းခဏပိတ်ထားပေးခွင့်ပြုပါရန်
မေတ္တာရပ်ခံအပ်ပါသည်
လေးစားစွာဖြင့်
#မြန်မာ မဟာဆန်သူတက်စ်တိုင်းကုမ္ပဏီလီမိတက်