Lo Ta Ya Books - လိုတရစာပေ

Lo Ta Ya Books - လိုတရစာပေ ယနေ့ထွက်စာအုပ်များ၊ ဓမ္မစာပေများ၊Dic

02/03/2021

အရေးတော်ပုံ အောင်မြင်ချင်ရင်

"အောင် "ပါတဲ့ လူတွေကို ပါး 3ချက် ဆင့်ချပီး

"အောင် ပီ …အောင်ပီ…အောင်ပီ…"ဟု ရွတ်ပါ

ဆန္ဒပြရင်း အမျိုးသားများ လင်ရနှုန်းမြင့်တက်😁
02/03/2021

ဆန္ဒပြရင်း အမျိုးသားများ လင်ရနှုန်းမြင့်တက်😁

03/02/2021

မတရားမှုကို ငြိမ်ခံနေရင် ကိုယ့်မျိုးဆက်လေးတွေပဲ အထိနာမှာ
မတရားမှုကို တက်နိုင်တဲ့ဖက်က ဖော်ထုတ်ပါ ကန့်ကွက်ကြပါ။
ရှေးတုန်းကအဖြစ်မျိုးတွေ ထပ်မကြုံရပါစေနဲ့..

သေချာသွားပါပြီ !!!!နိုင်ငံတော်သီချင်းလုံးဝ လုံးဝ ဆိုလို့မရပါ ❎❎❎အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်စစ်အာဏာရှင်ကိုထောက်ခံသလိုဖြ...
03/02/2021

သေချာသွားပါပြီ !!!!
နိုင်ငံတော်သီချင်းလုံးဝ လုံးဝ ဆိုလို့မရပါ ❎❎❎
အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်
စစ်အာဏာရှင်ကိုထောက်ခံသလိုဖြစ်မယ့် သီချင်းပါ

လုံးဝ ဆိုလို့မရပါ ❎❎❎

27/12/2020

မကြာခင် 2021 ရောက်တော့မှာပဲ။ သင့်အနေနဲ့ နှစ်သစ်ကို ရောက်တော့မှာမို့ စိတ်ထဲပျော်တယ်လို့ ခံစားရလား ဒါမှမဟုတ် တ.....

အသစ်ထွက်စာအုပ်များ..📚
25/12/2020

အသစ်ထွက်စာအုပ်များ..📚

25/12/2020

Happy Christmas ပါ ☃
ရောဂါဘယတွေကင်းဝေးပီး နှင်းလိုအေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏

24/12/2020

တက္ကသိုလ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်
ဒုတိယနှစ်ဝက် (ကျန်ရှိနေသော) အား Online စနစ်ဖြင့်
ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး။

ဖြေဆိုရန် ကျန်ရှိနေသော ဘာသာရပ်များအား
ပြန်လည်ဖြေဆိုကြရမည်ဖြစ်သည်။

အဝေးသင်တက္ကသိုလ်များ၏ ကျန်ရှိနေသော
ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပိများ
မကြာမီ ပြန်လည်စတင်မည်ဖြစ်သည်။

Popular Book Collection. .📚ရေသေအိုင်  လင်းခါးဆံနွယ်ခက်ခက် အိပ်မက်ရနံ့ဟောင်းနှင့် ပါပီယွန်ပုံပြင်ထဲကရာသီဥတု  စစ်ငြိမ်းစိတ...
24/12/2020

Popular Book Collection. .📚

ရေသေအိုင် လင်းခါး

ဆံနွယ်ခက်ခက် အိပ်မက်ရနံ့ဟောင်းနှင့်
ပါပီယွန်

ပုံပြင်ထဲကရာသီဥတု စစ်ငြိမ်း

စိတ်ဓာတ်နှင့်နည်းနာအောင်မြင်ရေးစာစု
ဖေမြင့်

Psycho Software သိုးဆောင်း

သရက်စေ့ ဦးဘုန်းဓာတု

ဂျီဟောသူ မစနာ

သစ်စေ့ခုနစ်စေ့ရဲ့ လျှို့ဝှက်ချက်
ဖြိုးဝေ(ဘာသာပြန်)

အံ့သြစရာရိုးရာဓလေ့ အောင်သန်း

စာတစ်လုံး အောင်သမာဓိဦးအောင်

ခဗျားကိုကျွန်​တော်ချစ်တယ် စပ်ခွန်စ

ငါ့အတွက်ငါရှိတယ် လင်းရောင်စဥ်

အိမ်ပြန်မယ့်နေ့ စစ်ငြိမ်း

ချစ်တဲ့သူကိုသတိရတဲ့အခါ
ခင်နှင်းကြည်သာ

​ဘဝနေနည်းအနုပညာ မြသန်းတင့်

ကောင်လေးတစ်ယောက်အကြောင်း
တင်ညွန့်

ပြုံး၍လည်းကန်တော့ခံတော်မူပါရယ်၍လည်းကန်တော့ခံတော်မူပါနုနုရည်အင်းဝ...ဤအချိန် ဤအခါကစလို့ ခြေတော်ရင်းဆံခင်းလို့ ခြေတော်စုံ ဆ...
24/12/2020

ပြုံး၍လည်းကန်တော့ခံတော်မူပါ
ရယ်၍လည်းကန်တော့ခံတော်မူပါ

နုနုရည်အင်းဝ...

ဤအချိန် ဤအခါကစလို့ ခြေတော်ရင်းဆံခင်းလို့ ခြေတော်စုံ ဆံပုံပါတယ်ဘုရား။ မန္တလေး ဘိုးဘိုးကြီး၊တောင်ပြုန်း ဘိုးဘိုးကြီး ၊ဘိုးဘိုးလေး နှင့် အိမ်တွင်း အဖေကြီး အိမ်တွင်းခုနစ်ပါး၊ ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လဲကန်တော့ခံတော်မူပါ...

တောင်ပြုန်းပွဲသည် ဘိုးဘေးဘီဘင်တို့လက်ထက်ကတည်းကကျင်းပလာခဲ့သောရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပေသည်။ ယခုအခါတောင်ပြုံးပွဲသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံများသို့ပါ ပေါက်ရောက်ကျော်ကြားနေခဲ့ပါပြီ။ ဒါဟာလဲ မြန်မာတို့ အတွက် ဂုဏ်ယူဖွယ်ရာ အကြောင်းတစ်ချက်လဲဖြစ်ပါတယ်။
တောင်ပြုံးပွဲဆိုတာနဲ့တောင်ပြုံးမင်းနှစ်ပါးကိုပြေးမြင်မိမှာပါ။ အဲ့နောက်တစ်ဆက်တည်း မိန်းမလျာနတ်ကတော်တွေကိုလဲတွဲလျက်မြင်မိနေမှာမလွဲဧကန်ပါ။

ဤစည်ကားကျော်ကြားလှပြီး ကျက်သရေမင်္ဂလာအပေါင်းခညောင်းလှပါသောပွဲတော်ကိုအခြေစိုက်ကာမိန်းမလျာနတ်ကတော်တစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် မှင်သက်ရင်ခုန်ဖွယ် ဂရုဏာသက်ဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒ့ါအပြင်နတ်သဘင်လောကရဲ့သဘော၊ အကြောမနောတို့ကို ထင်းခနဲ၊ လင်းခနဲမြင်တွေ့ရမှာဖြစ်ပါတယ်။

တောင်ပြုန်းပွဲသည် ပထမနေ့ကန်တော့ခံဝါခေါင်လဆန်း (၈)ရက်နေမှစလို့ရွှေဘုံဆင်း ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့အထိခြိမ့်ခြိမ့်သဲသဲကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။

ပထမနေ့ကန်တော့ခံ ဝါခေါင်လဆန်း(၈)ရက်

""ပိုက်ဆံကြဲပါဗျို့""ဒီအသံသည် မန္တလေး-မတ္တရာလမ်းသွားကားလမ်းကနေ ခွဲထွက်တဲ့ တောင်ပြုန်းလမ်းခွဲတစ်လျှောက် ဆူညံစွာ ထွက်လာခဲ့သည်။ သူတို့ မျက်နှာလေးတွေဟာ မျှော်လင့်ချက်တွေအပြည့်နဲ့ ကားတန်းကြီးပေါ်က လူ တွေကို ကြည့်နေကြတယ်။ ကားတန်းပေါ်ကပျံကျလာမယ့် ပိုက်ဆံစက္ကူလေး တွေကို အလစ်မပေးတဲ့ မျက်လုံးပြူးလေးတွေနဲ့ စောင့်မျှော်နေကြတယ်။ ကားတစ်စီးစီးပေါ်ကနေ ပိုက်ဆံစက္ကူတွေ ဝဲခနဲကျလာတာနဲ့ ဝိုင်းအုံလုယက် ကောက်ကြတော့တယ်။ ဒီလိုနဲ့တစ်စီးပြီး တစ်စီးကို အော်ဟစ်တောင်းဆိုကြ တယ်။ ပိုက်ဆံတွေဖမ်းမိဆုတ်မိတာနဲ့ အော်ဟစ် ကခုန်၊ ရွှင်မြူး နေကြတာ ပေါ့။ အဲ့လိုအချိန်မှာတော့ ဖုန်လုံးတွေဟာ လမ်းခွဲကလေးကို ဖုံးလွှမ်းသွားတတ် တယ်လေ။

ပုဂံအနော်ရတာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဒီဆုတောင်းပြည့်ဘုရားတည်ရာမှာ မြေးတော်ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦး အမှုတော်အုတ်နှစ်ချပ် လစ်လပ်ပျက်ကွက်တဲ့အတွက် ဘိုးတော်အနော်ရထာမင်းရဲ့ကွပ်မျက်ခြင်းခံခဲ့ရသတဲ့။ ဒီသမိုင်းကြောင်းဟာ ယခုခြိမ့်ခြိမ့်သဲသဲ ကျင်းပပူဇော်ဆည်းကပ်နေကြတဲ့ တောင်ပြုံးမင်းနှစ်ပါးရဲ့ ရာဇဝင်လေးပေါ့။

ည ညီလာခံ ဝါခေါင်လဆန်း(၁၀)ရက်

အစောဆုံးနတ်ဖြစ်တယ်လို့ ယူဆတဲ့ အိမ်တွင်းခုနှစ်ပါးနတ်ကြီးတွေကိုပင့်ဖိတ်ကြတာပေါ့။ ပြီးတော့ တောင်ပြုန်း ရွှေနန်းတော်ကြီးထုံးစံအတိုင်း လှေထေးခြင်း၊ ယုန်ထိုးခြင်းတွေ လုပ်ပြီး မင်းနှစ်ပါးကို ချော့ကြမယ်။ ပခန်းပင့်ကြမယ်။ သိုးဆောင်း၊ ဗောင်းဆောင်းတွေ ကြက်လောင်းကြမယ် ၊ဒိုးဆွဲကြမယ်ပေါ့။
ဒါကတော့ ရိုးရာဘဲလေ။ နောက်တစ်ခုက နန်းကြီးဝိုင်းတီးပြီးမှ ကျန်တဲ့တူရိ ယာ အားလုံးတီးခွင့်ရှိတယ်လေ။ ဒါကလဲရိုးရာတစ်ခုဘဲလေ။

ဟုတ်ပါတယ်ဒီလိုရိုးရာသမိုင်းအကြောင်းတွေနဲ့ တောင်ပြုန်းပွဲအကြောင်းအရာတွေကိုပါ ထင်ထင်လင်းလင်း တွေ့မြင်နိုင်မှာပါ ဗျ။

တောင်ပြုန်းပွဲ အကြောင်းတွေဘဲလား ဆိုတော့၊ မဟုတ်ပါဘူးဗျ။
ဒေစီဂျိန်းဆိုတဲ့ မိန်းမလျာနတ်ကတော်ဟာလဲဒီစာအုပ်ရဲ့အသက်ဖြစ်ပါတယ်။
ဒေစီဟာငယ်ငယ်တုန်းကတည်းက သွက်လက်စွာနေထိုင်တတ်သူတစ်ဦးဖြစ်တယ်။ ဒေစီငယ်ငယ်က ဘယ်လို မထော်မနန်းတွေ လုပ်ခဲ့လဲ၊ ရွခဲ့လဲ ဆိုတာကို ဆရာမက ဟာသညဏ်လေး ရောကာ ရေးသားထားတာကိုလဲ တွေ့မြင်ရပါတယ်။

ဒေစီဟာမိန်းမလျာတစ်ဦးဖြစ်တာကြောင့် သူချစ်ခင်တွယ်တာထားတဲ့လက်တွဲဖော်ဟာ ယောကျာ်းလေးတစ်ဦးဖြစ်ပါတယ်။ သူ့နာမည်ကမင်းမင်းတဲ့ ဒေစီဟာမင်းမင်းကိုအရမ်းချစ်တာကိုလဲတွေ့မြင်ခံစားရပါတယ်။ မင်းမင်းဟာလဲ ဒေစီမျက်နှာ တစ်ချက်တစ်ကွက် အညိုးမခံအောင် သိတတ် လွန်းလှတာကိုလဲတွေ့ရမှာပါ။ သို့သော်တစ်နေ့မှာ တောင်ပြုန်းပွဲတော်ချိန်ဆို ရောက်ရောက်လာပြီးဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ သူဖုန်းစားမလေးပန်းညိုဆိုတဲ့ကောင်မလေးဟာ ဒေစီနဲ့မင်းမင်းတို့ကြားဝင်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မှာလဲ။

သိမ်မွေ့သောမိန်းမသားဘဝကိုလိုချင်တတ်မက်ပေသိ ယောက်ျားများတန်းတူငွေရှာပြီးချစ်ရပါသော၊ ချစ်လှစွာသောချစ်လင် မင်းမင်းကိုတစ်ကွက်တစ်ချက်မှမညိုညင်စေရအောင်စောင့်ရှောက်ပေးသောဒေစီ။ ချစ်လွန်းလှတာကြောင့် တစ်ခါတစ်ရံ ချစ်ပုံချစ်နည်းကြမ်းသွားပေမဲ့ ဒေစီရဲ့တစ်ကယ်စိတ်ရင်းဟာ မင်းမင်းအပေါ်အဘယ်မျှ မေတ္တာတရား ကြီးမား နေမည်နည်း။ သို့သော် ချစ်ခင်ပွန်း မိမိအပေါ်ဒီလိုလုပ်ရက်လိမ့်မယ်လို့ မထင် မိ မထင်မှတ်ရိုးအမှန်ပါ။

မင်းမင်းဆိုတဲ့ ကျွန်တော်ဟာယောကျာ်းတစ်ယောက်ပါ။ ယောကျာ်း သိက္ခာပုဒ်တွေအကျခံပြီး ဒေစီကိုပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ထားရာနေ စေရာသွားစိတ်တိုင်းကျ ဘဝင်မခရအောင်နေပေးခဲ့တယ်နော်ဒေစီ။ ဒါပေမဲ့ဗျာ ယောကျာ်းလေးဘဲမိန်းကလေးအပေါ်ချစ်မိတာအပြစ်ရှိလားဗျာ။ ဒေစီကို ကျွန်တော် မေတ္တာရှိပါတယ်။ ဒါကြောင့်လဲဒီအချိန်ထိ ကျွန်တော်ဆိုတဲ့ မင်းမင်းဟာ...

ပန်းညိုမသိရိုးအမှန်ပါ။ ပန်းညိုဟာ ပစ္စည်းဥစ္စာ၊ဂုဏ်ပကာသနတွေ မရှိပေသိ။ ပန်းညို ငါးပါးသီလလုံပါတယ်။ ဒါပေမဲ့ပန်းညို ရှင့်ကို၊ အကို့ကို ပန်းညိုချစ်ခဲ့တာကတော့အမှန်ပါ။ ဒါပေမဲ့ ပန်းညို အကို့ကို ပြောမပြတော့ပါဘူးလေ။ ပန်းညိုရဲ့ဘဝဟာ အကို့ဘဝကို သူ့လောက် မစောင့်ရှောက်နိုင်ပါ။ ဒါကြောင့်ပန်းညို အဝေးဆုံးကိုထွက်သွားပေးပါမယ်။

သုံးပွင့်ဆိုင်တို့မည်သည်တစ်ဦးမဟုတ်တစ်ဦးနာကျင်ရစမြဲဖြစ်သည်။ သို့သော်ဒီဇာတ်လမ်းမှာတော့...

ဟုတ်ကဲ့ဗျ... ဒါကတော့ ဆရာမရဲ့လက်ရာမြောက် ဝတ္ထုတစ်အုပ်ပါ။ ကျွန်တော်ဖတ်တုန်းကဆိုရင်စာအုပ်ဖတ်ရတာနဲ့ကိုမတူဘဲ ဇာတ်လမ်းထဲတစ်ကယ်ရောက်သွားသလိုဇာတ်ကောင်တွေအပြင်ထွက်လာသလိုခံစားရပါတယ်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းကတစ်မျိုး။
မိန်းမလျာနတ်ကတော်တို့ရဲ့အလေ့အကျင့်နေထိုင်မှုပုံစံကတစ်ဖုံ။ ရှုပ်ထွေးလှတဲ့သုံးပွင့်ဆိုင်အချစ်ကတစ်သွယ်နဲ့အလီလီခံစားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

#မင်ရိုးလင်းBurmaVlogger

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lo Ta Ya Books - လိုတရစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category