Snail Wish & New Skiin

Snail  Wish & New  Skiin ဘဝအကြောင်းများသိသလောက်မျှဝေသည်

20/11/2025

“ လူတွေကို သံယောဇဉ်ဖြတ်တိုင်း အကြောင်းရင်းက မုန်းလို့ ၊ မနာလိုလို့ မဟုတ်ဘူး “

တချို့လူတွေက သစ္စာမရှိဘူး ၊ တချို့လူတွေက ကိုယ့်ကိုအသုံးချတတ်တဲ့လူတွေ ၊ တချို့လူတွေက ကိုယ့်ကို အားလျော့စေတဲ့သူ၊ စိတ်ဓာတ်ကျအောင် ဆွဲချနေတဲ့လူတွေ ၊ တချို့သူတွေက မျက်နှာ နှစ်ဖက် ၊လျှာနှစ်ခွနဲ့ သူတွေ ၊ တချို့လူတွေက အရမ်းချိုသာပြီး ကောင်း နေပေမဲ့ ကိုယ့်ကိုချစ်လို့မဟုတ်နေဘူး …..

လူတိုင်းကိုဘဝမှာ အဆုံးထိရှိစေချင်လို့မရဘူး ၊ အပင်အသက်ရှင်ဖို့ ၊ဆက်ဒီထက်ပိုကြီးထွားဖို့ ၊မကောင်းတဲ့ အရွက်တွေ ၊ အခက်တွေကို ညှပ်ထုပ်ပစ်ရသလိုဘဲ ဖယ်ထုတ်ပစ်သင့်တဲ့သူတွေကိုလဲ အားမနာဘဲ ဖယ်ထုတ်ပစ်ရမှာဘဲ ၊

ဒါကြောင့် ဘဝမှာတချို့လူတွေကို အဆက်အသွယ်ဖြတ်လိုက်တယ် ဆိုတာက ကိုယ့်အတွက် စိတ်သက်သာရာရဖို့ ၊ နေလို့ ကောင်းဖို့ ၊ Energy ကာကွယ်ဖို့ဘဲဖြစ်တယ် ။

အသက်အရွယ်တခုရောက်လာလေလေ ၊ Social Circle ကျဉ်းလာလေလေ ၊ ပိုစိတ်ချမ်းသာရလေလေ၊ ကိုယ့် ဘဝကြီးပိုကောင်းလာလေလေဆိုတာ ခံစားလာရတယ် ။

Cried

31/10/2025

တန်ဖိုးမသိတဲ့ သူက တန်ဖိုး
မထားတတ်သူနဲ့ ပဲ အဆုံးသတ်ရတတ် သလို,
တန်ဖိုး သိတဲ့ သူကလည်း တန်ဖိုးထား
မြတ်နိုးပေးတဲ့ သူနဲ့ ပဲ ပေါင်းဖက်ရတတ် ပါတယ်..

တစ်ခါတလေ ခွဲခွာရခြင်းတွေ
ကလည်း ကိုယ့်ကို တန်ဖိုးထားပေးမယ့်
သူတွေ နဲ့ တွေ့ဆုံပေးဖို့အတွက် လည်းဖြစ်နိုင်ပါတယ်..

ထားရစ်ခံခဲ့ရတိုင်း
ကိုယ့်ဘက်ကချည်း မှားနေလို့ မဟုတ်ပါဘူး
ဘုန်းကံခြင်းမတူတဲ့ သူနှစ်ယောက်ဟာ
ရေစက်ပဲဆုံနိုင်ပါတယ်, ဖူးစာ တော့ မဆုံနိုင်ပါဘူး..

အဲ့ဒါကြောင့် ဝေးကွာသွားတိုင်း
နှမြောတသနဲ့ ပြန်တမ်းတ နေလည်း အပိုပါပဲ
အတိတ်ကို အတိတ်မှာပဲ ထားရစ်ခဲ့ပါ..

အတိတ်ထဲက အမှားတွေကို
သင်ခန်းစာယူပြီးရှေ့ဆက်ရမယ့်
ခရီးတွေကို အကောင်းဆုံး လျှောက်လှမ်းပါ..

အချိန်တန်တဲ့အခါ
ကိုယ်နဲ့ ထိုက်တန်သူ တစ်ယောက်,
ကိုယ့်တန်ဖိုးကို သိတဲ့သူတစ်ယောက်တော့
ကိုယ့်ဆီကို တန်းတန်းမတ်မတ် ဆိုက်ရောက်လာမှာပါ..

03/10/2025

ဒီနေ့ဟာ
ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်တောင်
အသည်းအသန်လိုက်ရှာရမယ့်
လူတွေလည်းမရှိသလို
အပြေးအလွှား မှာထားခဲ့ရမယ့်
စကားတွေလည်းမရှိပါ။

ဘယ်သူ့ကိုမဆို
အတူတူရှိနေခဲ့တဲ့အချိန်မှာ ကိုယ်ပေးနိုင်သမျှရဲ့
အကောင်းဆုံးဆိုတဲ့အရာတွေကို
ပေးထားခဲ့ပြီးပြီမလို့။

နာကျင်စရာတွေကိုလည်းမထွေ့ပိုက်နဲ့
ဝမ်းနည်းစရာတွေကိုလည်းမသိမ်းထားနဲ့။

အတူရှိနေချိန်မှာတန်ဖိုးထားပြီး
တန်ဖိုးထားသင့်တဲ့အချိန်မှာတန်ဖိုးထားခဲ့ဖူးကြောင်း

လက်လွှတ်သင့်တဲ့အရာတွေကိုလည်း
မဆုတ်ကိုင်နဲ့လက်လွှတ်လိုက်ခဲ့ဖူးကြောင်း
မျှော်လင့်ချက်လည်းသိပ့်မထားနဲ့။

တိမ်တွေဟာလှတယ်
ဒါပေမယ့် ငေးကြည့်ရုံသပ်သပ်ပါ
အချိန်တန်ရင်ပျောက်ကွယ်သွားတဲ့
အရာတွေဟာ
ခဏတော့လှကြတယ်မဟုတ်လား။

Credit

22/09/2025

အထင်အမြင်လွဲမှားခြင်းတွေကို ဘာကြောင့် စိတ်ပင်ပန်းခံ၍ ရှင်းပြနေရမည်နည်း ။

သူတို့မှန်တာကိုပဲ လိုချင်ကြတာတဲ့ လူ့အသိုင်းအဝိုင်းမှာ
အတွေးအခေါ်နိမ့်ပါးတဲ့သူတွေကြောင့်
အများကြီးလိုက်ခံစားစရာ မလိုဘူး ။

ကိုယ်ကတော့ တိတ်ဆိတ်လိုက်တယ်
ရှောင်ထွက်လိုက်တယ်
အချိန်ကိုပဲ စကားပြောခိုင်းလိုက်တယ် ။

ပြုံးပြနိုင်ရင် ပြုံးပြလိုက်တယ်
မပြုံးပြနိုင်ရင် ပိုကောင်းတဲ့လူဖြစ်လာအောင်
ပိုကြိုးစားပြလိုက်တယ် ။

ချစ်လို့လည်း မတုန့်ပြန်ချင်ဘူး
မုန်းလို့လည်း မတုန့်ပြန်ချင်ဘူး ။

အချိန်တန်ရင် သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ။

#ဖားစည်ရည်ကျော်

22/09/2025

ကျိန်စာ မတိုက်ဘူး
သစ္စာ မဆိုဘူး
လက်စား မချေဘူး

ငွေပေးလို့ ကျေအေးတဲ့အထဲမှာလည်း
ဝဋ်ကြွေးနဲ့ သေဘေးဆိုတာ မပါဘူး

ကံ ကံရဲ့အကျိုးတရားကို
ကောင်းစွာ ယုံကြည်ထားတယ်

ပြု တဲ့သူက အသစ်ကံ
ဖြစ် တဲ့သူက အဟောင်းကံ မို့လို့
အတိတ်ဘ၀က ဝဋ်ကြွေးရှိရင်
အကျေဆပ်ခဲ့ချင်ပါတယ်

အဲဒါကြောင့်မို့လို့
ကိုယ့်အပေါ် ယုတ်မာချက်တွေ
ကမ်းကုန်နေရင်လည်း ပြုံးနေတတ်ခဲ့ပြီပဲ

သံသရာ တစ်ပတ်လည်လို့
ကိုယ်ပြုတဲ့ကံ ကိုယ့်ထံအရောက်
ပြန်လာခဲ့တဲ့ အခါမှာလည်း
ပြုံးနေတတ်အောင် ကြိုးစားနိုင်ပါစေ

အဲဒီ့ ဝဋ် ဆိုတဲ့ အရာဆီက
ဘယ်သူကမှ ပြေးလို့လွတ်နိုင်မှာ မဟုတ်သလို
အဲဒီ့ ဝဋ် ဆိုတဲ့ အရာကလည်း
ဘယ်သောအခါမှ ရပ်တန့်နေလိမ့်မှာ မဟုတ်ပါဘူး

ဝဋ် တဲ့
တစ်လုံးတည်းပါပဲ ဒါပေမယ့်
ငါ့ဝဋ်ကြွေးကုန်လို့ မင်းဝဋ်ကြွေးစလာတဲ့အခါ
ငါပြုံးလိုက်တိုင်းမှာ မင်းငိုရပြီလို့သာ
မှတ်ထားလိုက်ပါ

မင်းနန္ဒ(ချယ်ရီမြေ)

16/09/2025

ကိုယ်ချစ်တဲ့လူတွေက ကိုယ်ချစ်သလို ပြန်မချစ်တဲ့အခါ မျိုးတွေမှာ မေတ္တာ ရောင်ပြန်ဟပ် တယ်ဆိုတာ တကယ်မရှိဘူး လို့ ထင်မိသွားတတ်ကြတယ်
ကိုယ်ကောင်းပေးထားတဲ့လူတွေက ကိုယ်ကောင်းသလို ပြန်မကောင်းကြတဲ့အခါမှာ စေတနာက အကျိုးပေးတယ်ဆိုတာကို မယုံကြည်နိုင်တော့အောင် ဖြစ်ခဲ့ဖူးကြလိမ့်မယ်

တကယ်တော့ ဒါဟာ ကိုယ် မမြင်တတ်ခဲ့လို့ပါ
မေတ္တာ စေတနာ တွေရဲ့ အကျိုးပေးပုံကို သေချာ နားမလည်နိုင်ခဲ့လို့ပေါ့

ကျွန်မလဲ ပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မတွေးတော့ဘဲ ကိုယ်ပေးနိုင်တာကို အကောင်းဆုံးပေးဖို့ပဲ အာရုံစိုက်လာတဲ့အခါမှ မေတ္တာ စေတနာ ရောင်ပြန်ဟပ်တယ် ဆိုတာကို သေချာ ကိုယ်တိုင် ခံစား သိမြင်ခဲ့ရတယ်

ကိုယ်က လူတစ်ဦးအပေါ် ကူညီလိုက်တယ်
အဲ့လူက ကိုယ့်လိုအပ်တဲ့အခါ တတ်နိုင်ပေမယ့် ပြန်မကူညီဘူး
ဒါပေမယ့် အခြားတစ်နေရာကနေ ကိုယ် လိုနေတဲ့ အကူညီ ရလာတယ်
ဒါဟာ ကိုယ့်စေတနာရဲ့ အကျိုးပေးခြင်းပါပဲ
ကိုယ်က ဒီလူကို ကူညီထားလို့ ဒီလူဆီကနေမှ အကူညီ ပြန်ရတာကို လိုချင်နေတယ်ဆိုတာ ကိုယ့်ရဲ့အတ္တပါသွားတာဖြစ်တဲ့အတွက် ပူလောင်ရပြီး အမှန်ကို မမြင်နိုင်တော့ဘူး

မေတ္တာထားတယ် ဆိုရာမှာလည်း ဒီလိုပါပဲ
တချို့တွေ ရှိတယ် လူတွေကို အရမ်းဂရုစိုက်ပေး ချစ်ပေးပေမယ့် ကိုယ့်အတွက်ကျ ဘယ်သူမှ မရှိဘူး ဆိုတာမျိုး ခံစားနေရသူတွေ
ဒါ "မင်း မကြည့်လို့ မသိတာပါ" လို့ ပြောရမလိုပဲ
စစ်မှန်သော မေတ္တာ ထားတတ်လာရင် ဘယ်သူ့ရဲ့ မေတ္တာကိုမှ ပြန်မမျှော်လင့်တတ်တော့ဘူး
ကိုယ့် မေတ္တာဓာတ်နဲ့တင် ကိုယ့်ဘာသာ နွေးထွေးပျော်ရွှင်တတ်လာတယ်
အဲ့လို အခါမျိုးမှာ ကိုယ့်အနားမှာ စစ်မှန်သောမိတ်ဆွေတွေ ပတ်ဝန်းကျင်တွေ တမင်အားထုတ်ရဘဲ အလိုလို ဖြစ်တည် ရောက်ရှိလာတတ်ပါတယ်
ဒါဟာ ကိုယ့်မေတ္တာရဲ့ ရောင်ပြန်ပါပဲ
ကိုယ်က ဒီလူကို မေတ္တာပေးလို့ ဒီလူဆီကနေပဲ ပြန်ရမယ်လို့ တွက်ဆ မျှော်လင့်နေရင် ကိုယ့်အတ္တပါနေလို့ ပူလောင်ရသလို ရနေတဲ့မေတ္တာကိုလဲ မမြင်နိုင်တော့ပဲ အထီးကျန်လမ်းပျောက် စိတ်မပျော်ရွှင်ဖြစ်ရတော့တာပါပဲ

စိတ်လေးတွေ တွေးတတ် မြင်တတ်လာရုံနဲ့တင် ဘဝရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းတွေဟာ အများကြီး ကွာခြားသွားတတ်ပါတယ်

အခုရော ကိုယ် ဘာတွေ တွေးနေလဲ ?

​အတွေးတွေကို သတိထား ဖို့ အရေးကြီးတယ်နော် .....

So Soul

14/09/2025

ဘဝမှာလေ ကိုယ့်ရဲ့အရာအားလုံးကို ပေးပြီး ချစ်ရလောက်တဲ့ လူဆီက လက်လွယ်စပယ် ပြုမူခံရတဲ့အချိန်တွေရှိခဲ့ဖူးတယ် ။ အဲ့အချိန်တွေဟာ တကယ် ငရဲပဲ ။ ဘယ်တုန်းကမှ ကိစ္စတစ်ခုခုကြောင့်အိပ်တောင်မပျော်ဘူးဆိုတာ မရှိခဲ့ဖူးတဲ့ကိုယ့်လိုလူက မနက် ၃နာရီထိ အိပ်ရာထဲမှာ မအိပ်နိုင်ဘဲ ငုတ်တုတ်ထထိုင်နေခဲ့ရတဲ့ ညတွေများစွာရှိခဲ့ဖူးတယ် ။

ကိုယ်တွေးမိတဲ့အတွေးက ဘာလို့လဲ ဆိုတာပဲ ။
ငါကတော့အရာအားလုံးပေးနိုင်ခဲ့တဲ့လူဖြစ်ပါလျက် ၊ငါလည်း အသင့်အလျောက်ပြည့်စုံတောက်ပတဲ့ လူဖြစ်ပါလျက်၊ ငါ ဒီလောက်တန်ဖိုးထားချစ်ရတဲ့လူဆီက ဘာလို့ဒါတွေ ပြန်ရနေခဲ့ရတာလဲ ဆိုတာပဲ ။

ကိုယ်ဟာချစ်ခြင်းမေတ္တာကို လူတိုင်းဆီက လွယ်လွယ်ကူကူ ရရှိခဲ့ပါလျက် ဒီလူနဲ့မှဘာကြောင့် လွဲချော်ခဲ့ရပါလိမ့်။ တစ်ခုခုများ လိုအပ်သွားခဲ့တာလား တစ်နေရာရာများ လွဲချော်နေခဲ့တာလား တစ်ဖက်လူကို အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်စမ်းစစ်ခဲ့တယ် ။

ကံတရားပဲအားနည်းခဲ့သလား ၊ အစွမ်းအစပဲ လိုအပ်နေခဲ့သလား ဒါတွေလည်းမဟုတ်ပြန်ပါဘူး ။ ကိုယ်ပေးနိုင်တာက ဒါအကုန်ပဲဆိုတာ ကိုယ်တတ်နိုင်ခဲ့တာ ဒါအကောင်းဆုံးပါပဲဆိုတာ သေချာတဲ့အခါ ကံတရားကို အပြစ်တင်တယ် ။ ဒီလိုအဆုံးသတ်မျိုး ကြုံတွေ့ရမှာမှန်ရင် ဘာဖြစ်လို့ ဒီလို mess up လုပ်ရတာလဲ ။ အနည်းဆုံးတော့ အကောင်းမွန်ဆုံးရှင်သန်ခဲ့တဲ့ကိုယ့်ကို ဒီလို lesson ထိပေးဖို့တကယ်လိုခဲ့လို့လား ပေါ့

တစ်ဖက်ကိုတော့ အပြစ်မတင်မိပါ မချစ်တာဟာ အပြစ်မှ မဟုတ်တာ ။သို့ပေမဲ့ လွယ်လွယ်ကူကူလက်လွတ်ခဲ့ရအောင်လည်း အရာအားလုံးနဲ့လဲရရင်တောင် လဲနိုင်လောက်တဲ့လူဖြစ်ခဲ့ပြန်တာပါပဲ

တစ်ယောက်တည်း အ​တွေးများစွာနဲ့ညတွေ ကျော်လွန်ပြီးနောက် ပင်ပန်းနွမ်းလျတဲ့စိတ်တွေနောက်မှာ ဝင်လာတဲ့အတွေးတစ်ခုက “ ငါ့ကိုငါကော မသနားတော့ဘူးလား “ ဆိုတာပဲ ။ တကယ်ပဲ ယုတ္တိဆန်တဲ့အဖြေတွေ က လိုအပ်နေသေးလို့လား ဒီမှာ အရမ်းပင်ပန်းနေပြီလေ လို့အထဲက တစ်ယောက်ယောက်က ထအော်ဟစ်လိုက်သလိုပဲ ဒီပုံစံက အရမ်းသနားစရာကောင်နေပြီဆိုတာ သိရဲ့လားဆိုတာပဲ ပေးနိုင်တာတွေအကုန်ပေးခဲ့တာတောင် ဘာတစ်ခုမှပြန်မရခဲ့တဲ့ ကိုယ်ကိုယ်ကိုယ် ကိုယ်ကပြန်မကြည့်ရင် ဘယ်သူကမှ ပြန်ကြည့်တော့မှာ မဟုတ်ဘူး ။

အဲ့ဒီ့နောက်မှာတော့ နှလုံးသားကို နှလုံးသားချင်း ဖြတ်လိုက်တော့တာပဲ ။
သူ့ကိုချစ်တဲ့အချစ်ကို မိမိကိုယ့်ကို ချစ်တဲ့အချစ်နဲ့ အနိုင်ယူလိုက်နိုင်ခဲ့တယ်

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်ကိုယ်ကအတ္တကြီးပါတယ်
ကိုယ်ပေးနိုင်တာ တွေ အကုန်လုံးပေးပြီးတစ်ဖက်ဆီကလည်း ရသင့်တာတွေ အကုန်ပြန်ရချင်တာမျိုးပေါ့ ။

ဘဝမှာ ပျော်ရွှင်ဖို့နဲ့ စိတ်ချမ်းသာဖို့က ဦးစားပေးဆိုတာ မမေ့လိုက်နဲ့
တစ်ခါတလေ တခြားအရာတွေထက် ငါကကော လို့ တွေးလိုက် ၊ ငါ့အတွက်ကကော လို့တွေးလိုက်မိတာနဲ့ အခုလျှောက်နေတဲ့လမ်းက တစ်ဇွတ်ထိုးဆန်နေပြီလားဆိုတာ သိလိမ့်မယ်

ချစ်တာလည်းချစ်တာပေါ့
နှလုံးသားတွေကပင်ပန်းလာတဲ့အခါလည်း
လက်လွှတ်ချခဲ့လိုက်တာပါပဲ ။ ပေးနိုင်ခဲ့သမျှတွေ ဘာမှအရာမရောက်ခဲ့ဘူးဆိုတာ ဘာမှမပေးနိုင်ခဲ့တာနဲ့ အတူတူပဲ

14/09/2025

လူသဘာဝက ကိုယ့်အပြစ်ထက်
သူတစ်ပါးအပြစ်ကို
ပို၍ရှုမြင်တတ်ကြတယ်။

သူတစ်ပါးအပြစ်ကို ရှာကြံပြီး
ကိုယ့်ရင်ထဲက အပူမီးကို
ကိုယ်ကိုယ်တိုင် မွှေးတာပါပဲ။

သူတစ်ပါးအပြစ်ကို ရှုမြင်နေသမျှ
ကိုယ့်ရင်ထဲက အပူမီး
တောက်လောင်နေမှာပဲ။

သူတစ်ပါးအပြစ်ကို
ဝေဖန်ကဲ့ရဲ့နေမယ့်အစား
ကိုယ့်အပြစ်ကို
ကိုယ်တိုင် ရှုမြင်ဝေဖန်ပြီး

အေးချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်အောင်
ကြိုးစားပါ။

ဘုန်းဘုန်းလေး (7.9.2025)

05/09/2025

ကိုယ်ကြားဖူးတဲ့ ဆောင်ပုဒ်လေးတခုရှိတယ်
"Relationship တခုမှာ
ကိုယ်က ကျန်ခဲ့ရသည်ဖြစ်စေ၊
ချန်ခဲ့ရသည်ဖြစ်စေ၊
ကိုယ့်ဘက်က တာဝန်ကျေသူဖြစ်ပါစေ"တဲ့။

တချိန်ချိန်မှာ ကမ္ဘာကြီးရဲ့တထောင့်တနေရာမှာ
မတော်တဆ ပြန်ဆုံဖြစ်ခဲ့ရင်တောင်
နောင်တကင်းကင်းနဲ့ ပြုံးပြနှုတ်ဆက်နိုင်မယ့်
ဆက်ဆံရေးမျိူးပေါ့...။




#တော်ဝင်ရတနာ✍✍

05/09/2025

စိတ်အထိခိုက်တွေနဲ့ရက်ရှည်ဝမ်းနည်းမှုတွေ
သက်သာသွားတဲ့တနေ့ ဘဝရဲ့အချိုးအကွေ့
တစ်ခုမှာနောက်ဆုံးတခေါက် လူတစ်ယောက်နဲ့
ထပ်ဆုံတွေ့ရဦးမယ်လို့ ကိုယ်တော့ထင်မိတယ် ။

အဲ့လူက ကိုယ့်အတွက် အားအင်တစ်ခု ဖြစ်လာနိုင်သလို့
ကိုယ်အတွက် အရာရာလည်း ဖြစ်တည်သွားလိမ့်မယ် ။

တချိန်တစ်ခါက အကြိမ်ကြိမ်မက ရရှိခဲ့တဲ့
ကိုယ့်နှလုံးသားရဲ့ဒဏ်ရာအနာအဆာတွေနဲ့
ခါးသီးလှတဲ့ အတိတ်ရဲ့အဆိပ်တွေကို ဖျေဖြောက်ပေးနိုင်မယ့် ဖြေဆေးနဲ့တူတဲ့ တဦးတည်းသော လူတစ်ယောက်ပေါ့ ။

ကိုယ့်ဘဝခရီးလမ်းရဲ့နောက်ဆုံးခရီးအဆုံးထိ
ကြင်နာနွေးထွေးမှုအစစ်အမှန်တွေနဲ့ ရိုးသား
သစ္စာရှိမှုတွေနဲ့ထာဝရ အုပ်မိုးပေးသွားမယ့်
လူတစ်ယောက်ဆိုလည်း မမှားလောက်ဘူး ။

ကိုယ်နဲ့ပတ်သက်တဲ့ အနာဂတ်တွေ သူမှာရှိလိမ့်မယ်
သူနဲ့ပတ်သက်တဲ့ ပျော်ရွှင်ကြည်နူးစရာတွေ
ကိုယ်မှာများလိမ့်မယ် ။

သူကြောင့်လည်း ကိုယ့်မျက်ရည် မကျစေသလို့
ကိုယ့်ကြောင့်လည်း စိတ်လုံခြုံမှုမျိုး သူအမြဲရရှိနေလိမ့်မယ် ။

မဆုံသေးတာပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်
ကိုယ့်ကိုယ့်ချစ်မယ့် လူမရှိတာမျိုးတော့ မဟုတ်ပါဘူး ။

Khoon Sitt

04/09/2025

🤍🤍 သတိရရင် 🤍🤍

မိမိချစ်တဲ့သူကို သတိရရင်
ထိုသူအတွက် သူရောက်တဲ့နေရာမှာ
အစစအရာရာ အဆင်ပြေစေဖို့
စိတ်ရော ကိုယ်ပါ အေးချမ်းစေဖို့
ကုသိုလ်ပြုပေးပါ မေတ္တာပို့ပေးပါ

စိတ်ပင်ပန်း အတွေးများပြီး
အချိန်ကုန် မခံပါနဲ့
မိမိကိုယ်တိုင် ရောဂါရတတ်ပါတယ်

မိမိသိသလောက် ထိုသူ၏ ကိုယ်စား
ကုသိုလ်များစွာ လုပ်ပေးပါ

မိမိရဲ့ ကုသိုလ်ကြောင့်
မိမိချစ်တဲ့သူလည်း ဘုန်းကံမြင့်စေသလို

မိမိရဲ့ မေတ္တာကြောင့်
မိမိချစ်တဲ့သူက ရောက်တဲ့နေရာမှာ
မျက်နှာမြင် ချစ်ခင်တဲ့ဆုနဲ့ ပြည့်စုံပြီး
အစစအရာရာ အဆင်ပြေစေပါတယ်

ခက်ခဲတွေ ကြုံခဲ့ရင်တောင် ခဏပါ

Nway Nway Yadanar
နွေးနွေးရတနာ
#ချစ်ခြင်းမေတ္တာ
#မေတ္တာ

04/09/2025

ခွင့်လွှတ်ဖို့ မထိုက်တန်တဲ့သူတွေ တော်တော်များများရှိကြပါတယ် ။

ဒါပေမယ့် အဲ့ဒီလူစာရင်းထဲမှာ ကိုယ်ကိုယ်တိုင် သူတို့နဲ့အတူ ပါမှန်းမသိပါနေမိတာကို သတိမထားမိကြပါဘူး။

တစ်စုံတစ်ယောက်ကို မုန်းတီးလို့ ခွင့်မလွှတ်နိုင်ရင်းနဲ့ပဲ သူတို့တွေကို ကိုယ်တွေရဲ့ဦးနှောက်ထဲမှာ အမြဲနေရာပေးထားမိရင်း ကိုယ်ကိုယ်တိုင်ပါ ပူလောင်နေရတာတွေက ဖြစ်နေကျကိစ္စပါ။

သူ့ကိုမမေ့နိုင်လေလေ သူ့အကြောင်းတွေးလေလေ နာကျင်လေလေဖြစ်ရပါတယ် ။ ဒီတော့ သူ့ကိုခွင့်မလွှတ်နိုင်ခြင်းနဲ့အတူ ကိုယ်ကိုယ်တိုင်ပါ တရွတ်တိုက်လိုက်ပါနေရသလို ဖြစ်နေမိတော့တာပေါ့ ။

လိုရာခရီးတစ်ခုကို ဆက်သွားရချိန်မှာ ကိုယ့်အတွက် နာကျင်စေရတဲ့သူတွေကို ဘဝထဲကထုတ်ပြီး ထားခဲ့နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး ရှေ့ဆက်သွားချင်သလား လေးလေးပင်ပင် ပူပူလောင်လောင်နဲ့ ခရီးဆက်ချင်လားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုတွေပါပဲ ။

သူ့ကို လက်မလွှတ်နိုင်လေလေ ကိုယ့်ကိုယ်ကို ပိုနာကျင်အောင်လုပ်မိလေလေ ဖြစ်တတ်လွန်းလို့ သူ့ကိုခွင့်လွှတ်လိုက်ဖို့ထက် ကိုယ့်ကိုယ်ကို အရင်ဆုံးချစ်တတ်ဖို့ ကြိုးစားဖို့က အဓိက ။

—— မာရင်ရင်

Address

ရန်ကုန်-အင်းစိန် အုတ်ကျင်း
Yangon

Telephone

+9595096990

Website

Alerts

Be the first to know and let us send you an email when Snail Wish & New Skiin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share