7 Mile Liquor

7 Mile Liquor 09756756708
09672399956

မိမိတာဝန်နဲ့ Hi ခန်းယှဥ်လာရင် Hi ခန်းကို ဦးစား​ပေးတဲ့ ​ခေတ်​ရောက်​နေပါ့လား....အရာရှိကြီးအဆင့် Level က လုပ်ရဲတာ​နော် 😇တရ...
06/09/2026

မိမိတာဝန်နဲ့ Hi ခန်းယှဥ်လာရင် Hi ခန်းကို ဦးစား​ပေးတဲ့ ​ခေတ်​ရောက်​နေပါ့လား....

အရာရှိကြီးအဆင့် Level က လုပ်ရဲတာ​နော် 😇

တရုတ်နိုင်ငံကို မူးယစ်​ဆေးစစ်​ပေးဖို့ အကူအညီ​တောင်းသင့်တယ်.......

အရပ်ဖက်ဆို အတွင်းဝန် က​နေ ဦးစီးအရာရှိထိ....
တပ်ထဲဆို ဗက က​နေ ဗခ ​လောက်ထိ ​သေချာစစ်သင့်​နေပြီ_____

ဆီးစစ်ရင် မမြင်ကွယ်ရာမှာ လဲ​နေဦးမယ်....
​သွေး​ဖောက်ပြီးစစ်ရမှာ___

03/09/2026

အရက်သမားပိုစ့်ပါ
၅ပါး သီလ ထက်
အလှူခံစားတဲ့ အရေခြုံတွေကို
လှူမည့်အစား နွမ်းပါးသူတွေကိုသာ လှူကြပါ

အို ... ရှင်တော် ဗုဒ္ဓ

ဟေတုပစ္စယော အမေဒိကန် တဲ့
သင်္ဃန်းခြုံပြီး ဈေးပါ ရောင်းသေး

တချို့တွေက နတ်ကောင်းနတ်မြတ်တွေနဲ့လက်ငင်းတွေ့ဆုံကြရတယ်
01/09/2026

တချို့တွေက နတ်ကောင်းနတ်မြတ်တွေနဲ့
လက်ငင်းတွေ့ဆုံကြရတယ်

လူတချို့က သုံးမိနစ်နဲ့အသင့်စားခေါက်ဆွဲပြုတ်ကို အရသာရှိရှိ စားသောက်တယ်။လူတချို့က သုံးနာရီလောက် အရသာပိုကောင်းအောင်ပြုတ်ထား...
21/08/2026

လူတချို့က သုံးမိနစ်နဲ့အသင့်စား
ခေါက်ဆွဲပြုတ်ကို အရသာရှိရှိ စားသောက်တယ်။
လူတချို့က သုံးနာရီလောက် အရသာပိုကောင်းအောင်
ပြုတ်ထားတဲ့အရိုးပြုတ်
ဟင်းရည်ကို သောက်တယ်။

လူတချို့က ထမင်းပူပူကို ငါးပိထောင်းနဲ့စားရလည်း ဘဝကို ပျော်အောင် နေထိုင်ကြတယ်။လူတချို့က တစ်ပွဲလုံး အသားဟင်းတွေ စားလည်း ထမင်းစားမြိန်တယ်လို့ မခံစားရဘူး။

လူတချို့က အသက်၂၇မှာ ကိုယ်ပိုင်မိသားစုနဲ့ ကလေးတွေရဲ့မိဘအရာကို ဆက်ခံနေပြီ။လူတချို့က အသက်၃၉ မှ ကြောင်တွေ ခွေးတွေ စမွေးတယ်။

ဘဝဆိုတာ ရောင်စုံပန်းတွေလိုပဲ။အားလုံးက သူ့အချိန်နဲ့သူရှိတယ်။စောစောပွင့်တဲ့ပန်းက စောစောလှသလို နောက်ကျမှ ပွင့်တဲ့ပန်းလည်း ပိုမွှေးတယ်။သူ့ဟာနဲ့သူတော့ လှပမှု ကိုယ်စီ ရှိနေတယ်။

လောဘ သိပ်မကြီးပါနဲ့။ဘဝမှာ ငါတို့ လိုချင်သမျှ အားလုံး မရနိုင်ဘူး။နောက်ပြီး စိတ်မပျက်လိုက်ပါနဲ့။ဘဝမှာ ငါတို့ ဘယ်အရာမှ မပိုင်ဆိုင်နိုင်တာ မဟုတ်ဘူး။ဖြစ်တည်နေတဲ့ဘဝကို ကျေနပ်လက်ခံပြီး အကောင်းဆုံး ရှင်သန်သွားနိုင်ဖို့သာ လိုအပ်ပါတယ်။ငါတို့ ပျော်မယ် မပျော်ဘူးဆိုတာ ဘဝအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် မူတည်သွားပါတယ်။

#နိုနိုအောင်

ငါးပါးသီလအကြောင်း ကြပ်ကြပ်ပြောတဲ့လူစုဟာ ပရိယာယ်သမားချည်းပဲလို့ ကျန်တော်စွပ်စွဲချင်တယ်။ သူတို့လုံခြုံတာက အရက်မသောက်တာကလေး...
27/07/2026

ငါးပါးသီလအကြောင်း ကြပ်ကြပ်ပြောတဲ့လူစုဟာ ပရိယာယ်သမားချည်းပဲလို့ ကျန်တော်စွပ်စွဲချင်တယ်။ သူတို့လုံခြုံတာက အရက်မသောက်တာကလေး တစ်ခုရယ်၊ တံငါမလုပ်တာရယ် ဒါလောက်ပဲရှိတယ်။ ငွေရပေါက်တို့၊ ရားထူးတိုးတက်ရေးတို့၊ ရာထူးတည်မြဲရေးတို့ဆိုလျှင် ဘာမဆိုလုပ်နေကြတာပါပဲ။ ဒီလိုလူစားမျိုးထဲက ငါးပါးသီလစကား ပြောလာလျှင် ကျွန်တော်က နှာခေါင်းရှုံ့ချင်တတ်ပါတယ်ဗျ။ ငါးပါးသီလဆိုတာ အတော့်လူ လုံနိုင်တာမှတ်လို့။

▪️ရွှေဥဒေါင်း
(အတွေးအခေါ်ဆောင်းပါးများပေါင်းချုပ်(၁) မှ)


လောကီစည်းစိမ်တွေတင်မကပါလိုတာအကုန်ရမည့် စင်္ကြဝတေးမင်းအဖြစ်ကတောင် စွန့်ပယ်ပြီးမြတ်သောလမ်းကို ရွေးချယ်သွားတာဘုန်းကြီး နဲ့ ...
26/07/2026

လောကီစည်းစိမ်တွေတင်မကပါ
လိုတာအကုန်ရမည့် စင်္ကြဝတေးမင်းအဖြစ်ကတောင် စွန့်ပယ်ပြီး
မြတ်သောလမ်းကို ရွေးချယ်သွားတာ

ဘုန်းကြီး နဲ့ ဘီး

လားလားမျှ မအပ်စပ်

ကျုပ်ကျက်လိကြပါအုံး လာဒဂီးတို့ရေ
Photo

21/07/2026

ကျနော်တို့ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ မြေပေါ် မြေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြတယ်။ အရှေ့တောင် အာရှနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက ကောင်းကောင်း သိကြတယ်။

ကမ္ဘာမှာ မြန်မာ့ပြည်ကထွက်တဲ့ မိုးကုတ်ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း ၊ မြေရှားသတ္ထု၊ ယူရေနီယံ ၊ ရေနံ နဲ့ သဘာဝဓါတ်ငွေ. ၊ ကြေးနီ ၊ ကြေးဝါ ၊ ရွှေ ၊ ခဲမဖြူ ၊ နောက်ဆုံး စိန် လည်း ထွက်တယ် ၊ မြေပေါ်ဆို မြန်မာ့ကျွန်းသစ် စသဖြင့် အဖိုးတန် မြေပေါ် မြေမြေအာက် ရတနာတွေ စုံအောင် ထွက်တယ်။

အခုဆို တနင်္သာရီကမ်းရိုးတန်းမှာ ကမ္ဘာ့အကြီးဆုံးတွေထဲမှာ ပါတဲ့ သဘာဝဓါတ်ငွေ့သိုက်ကြီးပါ တွေ့ရှိထားပြီ။

အရှေ့တောင် အာရှကျားတွေ မနာလိုချင်စရာကောင်းလောက်အောင် အဖိုးတန်ရတာနာတွေ ထွက်နေတာ နှစ်ပေါင်း ရာချီနေပြီ။

မြန်မာ့ကျောက်စိမ်း ၊ ပတ္တမြား ၊ နီလာ တွေဆို နိုင်ငံတကာမှာ မျက်နှာပန်းလှတယ် … တန်ဖိုးကြီးကြီး ပေးဝယ်နေရတယ် … ပြည်ပမှာ မှောင်ခိုရော တရားဝင်ရော ရောင်းနေကြတာ ယနေ့အချိန်အထိပါ။

ဒီလောက် အဖိုးတန်ရတနာတွေ ထွက်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ငွေကြေးကျတော့ ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား စတဲ့ နိုင်ငံတွေထက် ယှဉ်ရင် အတော်လေး တန်ဖိုး နိမ့်ကျ နေပါတယ်။

အခုလို မြန်မာ့ငွေကြေးတန်ဖိုးနိမ့်ကြအောင်လည်း ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား စတဲ့ ဒီသုံးနိုင်ငံက အဓိက ရည်ရွယ်ချက် ရှိရှိ လုပ်နေတယ်လို့လည်း ထင်မိတယ်

မနေ့ကပဲကြည့်လေ ပလောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လုပ်တော့ အာစီယံအနေနဲ့ မြန်မာပြည်အရေးကို ဖိအားပေး လုပ်ဆောင်မယ်ဆိုပြီး မီးစတစ်ဖက် ရေမုတ်တစ်ဖက် မူဝါဒနဲ့ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်နေတာကို တွေ့ရပြန်
တယ်

ကျနော်တို့ တိုင်းပြည် ပျက်စီးလေ သူတို့ ဝမ်းသာလေပဲလေ ကျနော်တို့ မြန်မာပြည် တိုးတက်သွားမှာကို အမှန်တကယ် မလိုလားတဲ့ အာဆီယံနိုင်ငံတွေပါ …

ဒီအခြေနေမှာ ပြည်တွင်းကရော ပြည်ပကရော တိုင်းပြည်ပုံရိပ်ကျဆင်းအောင် မလုပ်ကြပါနဲ့တော့ တော်ကြပါတော့ .. တိုင်းပြည်ပုံရိပ်ကျဆင်းလေ မြန်မာကျပ်ငွေ တန်ဖိုးကျလေ တိုင်းပြည်ဆင်းရဲလေ ခင်ဗျားတို့ ကျနော်တို့ စားဝတ်နေရေးတွေ ခက်ခဲလေ ဖြစ်နေပါပြီ။

ပြည်ပရောက်နေသူတွေ အသိဆုံးပါ ကျပ်ငွေနဲ့ လဲလှယ်တဲ့အခါ စင်္ကာပူ ၁ ဒေါ်လာကို ၃၄၆၀ နဲ့ လဲရတယ် … အမေရိကန် ၁ ဒေါ်လာကို ၄၅၀၀ ဝန်းကျင်နဲ့ လဲရတယ် အဲ့လို နိမ့်ကျတဲ့အချိန်တိုင်း ငါတို့တိုင်းသူ ပြည်သားတွေ အသိတရားရသင့်ပြီ နားလည်သင့်ပြီလို့ ပြောပါရစေ။

သူ့ကြောင့် မင့်ကြောင့် ငါ့ကြောင့် ဆိုပြီး လက်ညိုးထိုးနေတာတွေလည်း မလုပ်ကြပါနဲ့တော့ … သူ့ဘက်ကကြည့်တော့ လက်ဖမိုး ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး ပါ … အားလုံး က မြန်မာနိုင်ငံသား ညီရင်းအကိုတွေပါ

အေးအေးချမ်းချမ်းနဲ့ မြန်မာပြည်အနှံ လျှောက်သွားချင်နေပါပြီ အဆင်ပြေပြေနဲ့ လုပ်ငန်းကိုငန်းတွေ လုပ်ချင်နေကြပါပြီ

တိုင်းပြည်ကို အထိနာအောင် လုပ်လေ ပြည်သူတွေ ဒုက္ခရောက်လေပါပဲ … တိုင်းပြည်နာမယ် ပြည်သူတွေ နာမယ် … အစိုးရကတော့ ဘယ်အစိုးရတက်တက် မနာပါဘူး။ အခုပဲ အီရန်ကို ကြည့်ပါ တိုင်းပြည်ရော ပြည်သူပါ အထိနာတာ အစိုးရကတော့ မနာပါဘူး

ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား နိုင်ငံတွေမှာ အခြေခံအလုပ်သမားလူတန်းစားတွေ လိုအပ်လေ မြန်မာပြည် ပျက်စီးလေ ဆိုတာ မြင်ကြပါတော့

နိုင်ငံရေးတွေ မရေးဖို့ အားလုံးက တားနေတဲ့ကြားက ရေးမိပြန်ပါတယ် … တိုင်းပြည်အတွက် ရတက်မအေးလို့ မနေနိုင် ဖြစ်မိလို့ပါ

ဤ မှန်ကန်သော သစ္စာတရားကြောင့် ကျနော်တို့ မြန်မာပြည် အေးချမ်းပါစေ တိုးတက်ပါစေ

လူငယ်တစ်ဦးသည် တောနက်ထဲတွင်မျက်စိလည်လမ်းမှားပြီး အစာရေစာပြတ်လပ်ကာပြိုလဲကျလုဆဲဆဲအချိန်တွင် တောင်ကုန်းတစ်ခုပေါ်ရှိတဲလေးတစ်လ...
14/07/2026

လူငယ်တစ်ဦးသည် တောနက်ထဲတွင်မျက်စိလည်လမ်းမှားပြီး အစာရေစာပြတ်လပ်ကာပြိုလဲကျလုဆဲဆဲအချိန်တွင် တောင်ကုန်းတစ်ခုပေါ်ရှိတဲလေးတစ်လုံးကို တွေ့လိုက်ရလေသည်။

ဝမ်းသာအားရဖြင့် တဲအနီးကို ချဉ်းကပ်သွားရာ ချဲတွက်နေသော ရသေ့တစ်ပါးက ထ'အလှုခံမှ ရသေ့သီတင်းသုံးရာကျောင်းဖြစ်နေမှန်း သိလိုက်ရလေသည်။

"ငါ့ကျောင်းကို မိုးပေါ်ကျ ကထိန်လာခင်းတာလားဒကာတော်"

“ရေတစ်ခွက်လောက် စွန့်တော်မူပါဘုရား”

ရှင်ရသေ့မှ ကြည်ညိုဖွယ်ရာမျက်စောင်းထိုးလိုက်ပြီး.......

“ဟိုးးးတောင်အောက်ကစမ်းချောင်းထဲမှာ သင်ကြိုက်သလောက် သွားသောက်ပါ ဗိုက်ဆာလျှင်လည်းစမ်းချောင်းအနီးတွင်ရှိသော တောငှက်​ပျောသီးများအားရှာ၍စားသောက်ခဲ့ပါ လှုဖွယ်မပါသောသူအားငါရသေ့ တစိုးတစိမျှမကျွေးနိုင်ပါ"
ဟု မေတ္တာရှေ့ထားမိန့်တော်မူလေ၏။

လူငယ်လည်းစမ်းချောင်းရှိရာအရပ်သို့ဆင်း၍ ရေကိုအ၀သောက် တောငှက်ပျောသီးစားပြီး တောင်ကုန်းပါ်ရှိတဲကျောင်းသို့ ဒုတိယအကြိမ်မြှောက် ပင်ပန်းစွာတက်လာလေသော် အရှင်ရသေ့မှ လူငယ်အားအမောပြေစေရန်မိန့်ကြားတော်မူလေသည်......

“ဒကာ ဘယ်အရပ်ကလာလို့ဘယ်သို့သွားမည်နည်း
ဤကျောင်းတွင် ဧည့်စာရင်းလာလာစစ်ကြသဖြင့်
ညအိပ်ညနေတည်းခိုခြင်း လုံးဝလက်မခံပါ"

လူငယ်လည်းညိုးနွမ်းအားပြတ်သွားကာ.....

"တစ်ညတော့တည်းခိုခွင့်ပြုပါ မနက်မှခရီးဆက်ပါရစေအရှင်ဖျား ပင်ပန်းနွမ်းနယ်လွန်းလို့ပါ"

လူငယ်ကသူ့လက်တွင်စွတ်ထားသောလက်စွတ်ကိုဖြုတ်ပြီးရသေ့အားလာဘ်လာဘအဖြစ်ပေးလေ၏။
ပညာရှိရသေ့က လက်စွတ်ကိုသေခြာကြည့်လိုက်ပြီးအိန္ဒြေကြီးစွာပင် မဲ့ရွဲ့မိန့်လေ၏......

" လက်မခံပါဒကာ ရသေ့နှင့်လက်စွတ်ဆိုသည်မှာ ဒူးရင်းသီးနှင့်နှမ်းပတ်ချဥ် ကညာဒေဝီနှင့်ရိုင်ရယ်ဒီအလားမည်သို့မျှမအပ်စပ်ပေ နောက်ပီးသင်၏လက်စွတ်မှာတန်ဘိုးမရှိသော ဆင်မြှီးလက်စွတ်ကြီးဖြစ်နေသောကြောင့်အချိန်ခါမလင့်မှီလိုရာခရီးသို့သာဆက်ပါလေ"

ဟု' ဆိုကာ လက်စွတ်ကိုပြန်ပေးလေ၏
ထိုအခါ လူငယ်က.....

“သို့ဆိုလျှင်လည်းရှိစေတော့ ဤအရပ်မှ ရွှေပြည်ဌာနေကြီးသို့ မည်သည့်လမ်းမှသွားရမည်ကိုသာမိန့်ကြားတော်မူပါဘုရား”

“ဤခရီးကားမနီးလှ အကွေ့အကောက်လျှိုမြှောင်ချိုင့်ဝှမ်းပေါလှပေ၏ တောလည်းကြမ်းလေ၏ထို့ကြောင့် လမ်းသိသူဆိုင်ကယ်ကယ်ရီသမားများကိုသာငှားစီးသွားပါဒကာ ဒါနဲ့ မေးစမ်းပါရစေ သင်ကားဘယ်သူနည်း”

လူငယ်က.......

“ တပည့်တော် တောကစားထွက်ရင်းမျက်စိလည်လာသည့်ရှင်ဘုရင်တစ်ပါးဖြစ်ပါတယ် ”

ရှင်ဘုရင်ဟူသောအသံကြားလေသော် ရသေ့မှာချက်ခြင်းလေသံပြောင်းသွားပီးလက်အုပ်ထ'ချီတော့သည်......

"ဒီအရိပ်မှာခိုပါနားပါ မုန့်လုံးရေပေါ်တွေစားကြ အဲလေ ဒီကျောင်းမှာပဲညအိပ်တည်းခိုပါအရှင်မင်းကြီး
အစားအစာအတွက် မြို့ပေါ်ကနေ ဒလီဘာရီနဲ့မှာပြီးတည်ခင်းပါ့မယ် အရှင်မင်းကြီးအလိုရှိရာမိန့်တော်မူပါဖျာ့"

လူငယ်ရှင်ဘုရင်က တည်ကြည်သောမျက်နှာဖြင့်.....

"ရှိစေတော့အရှင်ရသေ့ တပည့်တော်ခရီးဆက်တော့မည် သောက်ရေအေးနှင့်အစားအစာရှိရာနေရာသို့ညွှန်ပြသောကြောင့်အရှင်ရသေ့ကား
ကျွနုပ်၏အသက်သခင်ကျေးဇူးရှင်ဖြစ်ရပေပြီ ထို့ကြောင့်ရွှေမြို့တော်ကြီးဆီရောက်ခဲ့ပါက ဤလက်စွတ်ကိုပြ၍ကျွနုပ်ထံအခစားလာရောက်ခဲ့ပါ ကျေးဇူးဆပ်ပါမည်အရှင်ရသေ့"

လူငယ်ရှင်ဘုရင်ကဤသို့ပြောပြီး စောစောကရသေ့ပြန်ပေးထားသောလက်စွတ်ကိုပေးကာခရီးဆက်ထွက်သွားလေတော့သတည်း။

ရသေ့လည်းနောင်တကြီးစွာရလေတော့သည်။
လက်စွတ်ကိုမြင်တိုင်းဖြေမဆည်နိုင်အောင်ပင်ဖြစ်ရလေ၏။
ထိုအချိန်မှစ၍ဒုက္ခရောက်လာသူတိုင်းကို စိတ်ကောင်းနှလုံးကောင်းထားကာ အတတ်နိုင်ဆုံးကူညီတော့သည်။

မင်းမှာဂတိ'ဆိုရိုးရှိသည့်အတိုင်း အသက်သခင်မို့ကျေးဇူးဆပ်ပါမည်ဟု ရှင်ဘုရင်ကဆိုစကားရှိထားလေရာ အရှင်ရသေ့လည်း
တိုင်းရွှေပြည်သို့သွားရောက် လက်စွတ်ပြကာအခစား၀င်လေသော် ဘုရင်မှ (၅၀၅) ဖြင့်ဆွဲစိကာထောင်ချလိုက်လေတော့သတည်း။

ဂျပန်ကြီး

စစ်မှုထမ်းကိစ္စလေအကြံလေးပေးမလို့စစ်မှုထမ်းလူစုတာကိုလေပေါ်တာဆွဲတယ်ဘာတယ်ကြားနေရလို့အကြံတခုလာပေးတာSlot gameကျွဲ gameငါးဖမ်း...
08/07/2026

စစ်မှုထမ်းကိစ္စလေ

အကြံလေးပေးမလို့
စစ်မှုထမ်းလူစုတာကိုလေ
ပေါ်တာဆွဲတယ်ဘာတယ်ကြားနေရလို့
အကြံတခုလာပေးတာ

Slot game
ကျွဲ game
ငါးဖမ်း game ကစားသူတွေကို
စစ်မှုထမ်းလိုက်ရမည်လို့
ဥပေဒေပြုလိုက်ပါလား
တချက်ခုတ်နှစ်ချက်ပြတ်ပဲလေ
လောင်းကစားလည်းနှိုမ်နင်းပြီးသားဖြစ်သွားတာပေါ့
လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ လုပ်ကြည့်ပါလား

Mexico တကယ်ကြမ်းတာ
03/07/2026

Mexico တကယ်ကြမ်းတာ

Address

Yangon

Telephone

+959756756708

Website

Alerts

Be the first to know and let us send you an email when 7 Mile Liquor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7 Mile Liquor:

Shortcuts

Share