Coal Mining Myanmar

Coal Mining Myanmar မကောင်းတာတွေလုပ်ပြီး ဘဝကို ယတြာချေဖို့ မကြိုးစားနဲ့ ကံတရားက လာဘ်မစားတတ်ဘူး

ခုတလောPage မှာ Knowledge Sharing မလုပ်နိုင်တာ နားလည်ပေးပါ ကျောက်မီးသွေး တူးဖော်မှုကို အာရုံစိုက်နေရလို့ပါဗျကျောက်မီးသွေး...
09/12/2025

ခုတလောPage မှာ Knowledge Sharing မလုပ်နိုင်တာ နားလည်ပေးပါ
ကျောက်မီးသွေး တူးဖော်မှုကို အာရုံစိုက်နေရလို့ပါဗျ
ကျောက်မီးသွေး ကျရင် အရောင်း Post တွေ တင်ပေးပါ့မယ်
😊

ပစ္စည်းတစ်ခုခုကို ကြည့်ပြီးလို့ ပြန်ပြောပေးမယ်ဆို ပြန်ကိုပြောဖြစ်အောင်ပြောပေးပါ မောင်လေး/အကို(သို့) ညီလေး/ အကို ပစ္စည်းက...
05/12/2025

ပစ္စည်းတစ်ခုခုကို ကြည့်ပြီးလို့ ပြန်ပြောပေးမယ်ဆို ပြန်ကိုပြောဖြစ်အောင်ပြောပေးပါ မောင်လေး/အကို(သို့) ညီလေး/ အကို ပစ္စည်းက ကျနော်/ကျမ တို့နဲ့ အဆင်မပြေလို့ ဒါမှမဟုတ် စျေးမလွတ်လို့ စျေးများလို့ မယူဖြစ်တော့ဘူး ဆိုလည်း ပြန်တော့ပြောပေးကြပါ ဖုန်းဘေလ်ကုန်ရင် ပြန်ဖြည့်ပေးပါ့မယ်
ခုဟာက ဆင် ပါတယ် ခွေးပါတယ် မျှော်နေတာပါတယ်
အဲ့စကားပုံလိုဖြစ်နေပြီး
ဖုန်းသံမြည်တိုင်း ပစ္စည်းဝယ်သမားများလာလို့ ပြေးကိုင်ရတာအမော
ဘယ်ဟုတ်မလဲ အကြွေးရှင်တွေဖြစ်ဖြစ်နေတယ်
ပုံကတော့ သည်းခံကြည့်ပေး😁




28/11/2025

ကျောက်မီးသွေး ငမ်းတာ မြှပ်ပြီးသားဖြစ်တော့မလို့😬😬 တော်သေးတယ်ဗျာ ゚

Thanks for being a top engager and making it on to my weekly engagement list! 🎉 U Maung Lay, Zaw Htun, Khaing Gyi
28/11/2025

Thanks for being a top engager and making it on to my weekly engagement list! 🎉 U Maung Lay, Zaw Htun, Khaing Gyi

27/11/2025

သည်းခံပြီးကြည့်ပေး တစ်ယောက်ထဲဆိုတော့
လက်တစ်ဖက်က ဖုန်းကိုင် နောက်တစ်ဖက်က ပေါက်ချွန်းနဲ့ဆိုတော့ မငြိမ်ဘူး
အပင်ပန်းခံရကျိုး နပ်မယ်ထင်တယ်




26/11/2025

Coal Mining Myanmar
လက်ရှိ မိုးနတ်မင်းပေးတဲ့ လက်ဆောင်
စိတ်ဝင်စားရင် cb
အကျိုးတူ ရမယ်




18/11/2025

Coal Lab မှာ Moisture. Ash. VM. ပြီးရင် Fixed Carbon F/C က နံပါတ် 4 နေရာမှာ ရှိတယ်​ဖြစ်ပါတယ်Carbon ဒြပ်စင်ဟာ အခြားဒြပ်စင...
18/11/2025

Coal Lab မှာ Moisture. Ash. VM. ပြီးရင် Fixed Carbon F/C က နံပါတ် 4 နေရာမှာ ရှိတယ်​ဖြစ်ပါတယ်

Carbon ဒြပ်စင်ဟာ အခြားဒြပ်စင်တွေနဲ့ပေါင်းစပ်မှုမရှိဘဲ သန့်ရှင်းစွာတည်ရှိနေတဲ့ဒြပ်စင် ဖြစ်တယ်

Fixed Carbon ရဲ့သဘောတရားကျောက်မီးသွေးရဲ့ ပင်မလောင်စာဒြပ်စင်VM ထွက်ပြီးနောက်ကျန်ရှိသော အစိုင်အခဲ ကာဗွန်ကျောက်မီးသွေးရဲ့ အဓိက စွမ်းအင်အရင်းမြစ်

Fixed Carbon အခြေခံတွက်နည်း
Formula
FC = 100 - ( Moisture + Ash + VM)
ဥပမာ
Moisture = 5%
Ash = 10%
VM = 25%
FC = 100 - (5 + 10 + 25)
FC = 60%

Moisture ဘယ်လောက်အရေးပါလဲပြမယ်
Mar = As Received Moisture(ARB လို့လည်းသုံး)
Mad = Air Dried Mositure (ADB လည်းသုံး)
Mf = Moisture free ( DB လည်းသုံး)
MAF = Mositure and Ash Free (အစိုဓာတ်နှင့်ပြာ မရှိ)

စာရှည်နေမှာစိုးလို့ Formula မပြောတော့ဘူး

FC နဲ့ CV ဆက်စပ်မှု

FC 1% တိုးပါက
Calorific Value 0.5-0.7% တိုးနိုင်
ဥပမာ FC 60-> 65 တိုးပါက CV 2.5 -3.5 % တိုးနိုင်

FCသည် ကျောက်မီးသွေးရဲ့ စွမ်းအင်ထုတ်လုပ်မှုနှင့် အရည်အသွေးတိုးတိုင်းတဲ့ အဓိက သော့ချက်ဖြစ်ပါသည်

FC မြင့်သော ကျောက်မီးသွေးကို မီးကြာရှည်ခံလိုသောနေရာများနှင့်Coke ထုတ်လုပ်ရာတွင် အဓိက အသုံးပြုပါတယ်
Next Post မှာ အရေးကြီးတဲ့ GCV အကြောင်းဆက်ဆွေးနွေးပေးပါမယ်
ထုံစံအတိုင်းPage ကို Like Share and Follow တော့လုပ်ပေးကြပါ
🙏🙏🙏




I got over 10 reactions on one of my posts last week! Thanks everyone for your support! Thank for all. ゚
17/11/2025

I got over 10 reactions on one of my posts last week! Thanks everyone for your support!
Thank for all.




Lab နံပါတ် 3Volatile Matter (VM)ကျောက်မီးသွေးကို လေဝင်လေထွက်မရှိဘဲ အပူပေးလိုက်သောအခါ အငွေ့ပျံထွက်သွားသော ဒြပ်စင်များကိုဆ...
17/11/2025

Lab နံပါတ် 3

Volatile Matter (VM)

ကျောက်မီးသွေးကို လေဝင်လေထွက်မရှိဘဲ အပူပေးလိုက်သောအခါ အငွေ့ပျံထွက်သွားသော ဒြပ်စင်များကိုဆိုလိုတာ

ကျောက်မီးသွေးနမူနာ အမှုန့်ကြိတ် 1g ကိုယူ

105-110°C မှာ 1 နာရီ အခြောက်ခံ

Covered Crucible ထဲမှာ 950°C အပူချိန်မှာ 7 မိနစ်အပူပေး

ပြီးရင် အေးအောင်ထားပြီး အလေးချိန် တိုင်းတာ

VM Content တွက်ချက်မှု ဥပမာ

နမူနာ အလေးချိန် . 1g
အပူပေးပြီးအလေးချိန်. 0.750g
Mad= 5% = 0.05g

မူရင်းနမူနာမှ စိုထိုင်းဆmadကိုနုတ်ပါ
Dry mass= 1g - 0.05g = 0.95

VM (အလေးချိန်တွက်ခြင်း)

VM + M = 1g - 0.750g = 0.250g

VM = 0.250g - 0.05g = 200g

နောက်ဆုံးအဆင့် VM% တွက်ခြင်း

VM% = ( VMအလေးချိန် ÷ Dry mass ) × 100%

VM = ( 0.200g ÷ 0.95 ) × 100%

VM = 21.05 %

VM ကို ဘယ်မှာသုံးလဲ အသုံးဝင်ပုံကဘာတွေလဲ
VM က ကျောက်မီးသွေးရဲ့ လောင်ကျွမ်းပုံကို ဆိုလိုတာ
မီးစလောင်နိုင်တဲ့ အခြေအနေ
ခဏ လေးအတွင်းမှာ လောင်တာလား
ကြာမှလောင်တာလား
ဖြည်းဖြည်းမှန်မှန်လေး လောင်ကျွမ်းတာလား
ကောက်ရိုးမီးလို ဟုန်းကနဲ့ လောင်ပြီး ဟုန်းကနဲ့ ပြန်ကျသွားတာလား

VMအရမ်းနည်းလည်းမကောင်းဘူး
အရမ်းများလည်းမကောင်းဘူး

VM အရမ်းနည်းရင် မီးစလောင်ဖို့ခက်မယ် မီးလျှံတိုမယ်
အားသာချက်က မီးလောင်ချိန်ကြာမယ် မီးအပူချိန်မြင့်မယ် အခိုးအငွေ့နည်းမယ် CV မြင့်မယ်

VM အရမ်းများရင် မီးလောင်လွယ်မယ် မီးလျှံရှည်မယ်
ကျန်တာက VM နည်းတာနဲ့ ပြောင်းပြန်

အကြံပြုချက်
VM နည်းသောကျောက်မီးသွေးကို အပူချိန်မြင့်မြင့်လိုအပ်သော နေရာတွင် သုံးပါ

VMများသောကျောက်မီးသွေးကို လောင်ကျွမ်းရလွယ်သောလုပ်ငန်းနှင့် ဓာတ်ငွေ့ထုတ်လုပ်သော နေရာတွင် အသုံးပြုပါ

ဘိလပ်မြေစက်ရုံအတွက် VM စံ( အများစု)
35- 40 % ကို စံသတ်မှတ်ချက်ပါ
နောက် post ကျရင် FC အကြောင်းဆွေးနွေးကြမယ်
ထုံစံအတိုင်း Like share and follow လုပ်ပေးဗျာ





Address

Yangon

Telephone

+959750292607

Website

Alerts

Be the first to know and let us send you an email when Coal Mining Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share