Delight Fashion Store

Delight Fashion Store BKK Clothing

07/07/2026

Admin ဖုန်း 09969865836 အခိုးခံထားရပါတယ် အဲ့ဖုန်းနဲ့ပက်သက်ပြီး တစ်စုံတစ်ရာဖြစ်ရင် admin တို့နဲ့မဆိုင်ပါကြောင်း အသိပေးအပ်ပါတယ်

ခိုးတဲ့သူက page/fb pw တွေ အကုန်ရထားတာမို့ ငွေလွှဲခြင်းများလုံးဝမလုပ်ဆောင်ဖို့ အသိပေးပါရစေ

Admin တို့လက်ရှိမှာ အရောင်းလည်းရပ်ထားတာကြာပြီမို့လို့ မည်သည့်ငွေလွှဲမှ လက်မခံပါ

‼️ဆိုင်သုံး အိမ်သုံး အကုန်ရတဲ့ ဖြောင့်စက်လေး ပြန်ရောက်ထားပါပြီ ‼️(Instock အရေအတွက်နည်းပါတယ်)ဒီဖြောင့်စက်လေးက တစ်ခါတစ်လေမ...
17/06/2026

‼️ဆိုင်သုံး အိမ်သုံး အကုန်ရတဲ့ ဖြောင့်စက်လေး ပြန်ရောက်ထားပါပြီ ‼️

(Instock အရေအတွက်နည်းပါတယ်)

ဒီဖြောင့်စက်လေးက တစ်ခါတစ်လေမှ ဝင်တာဖြစ်ပြီး ရောက်လာရင်လည်း ခဏလေးနဲ့ ကုန်သောဖြောင့်စက်ဖြစ်ပါတယ် ❤️

Kemei က အသစ်ထွက်တဲ့ ဆိုင်သုံး အိမ်သုံး ဖြောင့်စက်အကြီး‼️‼️

သူ့မှာက temperature degree
1. 160 °C
2. 180 °C
3. 200 °C
4. 220 °C ဆိုပြီး 4 ဆင့် အတိုးအလျော့ ချိန်ညှိလို့ရတယ်

Voltage - 220-240 V
Power - 40 W နဲ့
Size က ပုံမှန်ဖြောင့်စက်ဆိုဒ်ဖြစ်တဲ့ size အကြီးပါ ✅

သူက ရှားပါးအရောင်ဖြစ်တဲ့ rose gold colour ဖြစ်လို့
လှတယ် ✅

စက်က ကျစ်လစ်သပ်ရပ်ပြီး အရည်အသွေး အလွန်ကောင်းတယ် ဆိုဒ်ပြည့်တယ် ✅

ဆိုင်သုံးဖို့ ဒါလေးပို အဆင်ပြေစေတယ် (မင့်ဆီက ဖြောင့်စက် ဝယ်သူ အများစုက ဆိုင်သမားတွေဖြစ်လို့ စိတ်ချစွာ ဝယ်ယူပါ ❤️)

ဆံပင်ဖြောင့်စက် တစ်ခုကတော့ မိန်းကလေး တစ်ယောက်အတွက် မရှိမဖြစ်ပါ

ဖြောင့်စက် ဝယ်ဖို့ စဉ်းစားတယ်ဆို ဒါလေးယူ 😘
မင်မင်လည်း ဒီဖြောင့်စက်လေးပဲသုံးတာ ၃ နှစ်ရှိပြီ ခုထိမပျက်ဘူး

ဈေးနှုန်း - 38500 ks ပါရှင်

မင့်သဲလေးတို့ အပြင်မှာ လိုက်ဝယ်ကြည့်နော် quality မမှီတဲ့ ဖြောင့်စက်တွေတောင် ၁ လုံးဈေးက အနိမ့်ဆုံး ၄/၅/၆ သောင်းဖြစ်နေပြီ
သူ့ quality နဲ့ သူ့ဈေးနှုန်းနဲ့က လုံးဝ လုံးဝ မထင်ရက်စရာပါ ❤️

ဒါလေးဝယ်ပြီးမှမတန်ဘူးထင်ရင် ကြိုက်သလိုလာပြော
ကိုယ့် ပစ္စည်းပေါ်ကိုယ် အဲ့လောက်ထိ ယုံကြည်မှုရှိတာ 😁

ပုံအားလုံး အပြင်ပုံများဖြစ်ပြီး customer's feedback များလည်း page မှာ ဝင်ကြည့်နိုင်ပါတယ်ရှင် ❤️

ရန်ကုန်မြို့တွင်း အပြင် အခြားမြို့ပေါင်း ၁၀၀ ကျော်ကိုလည်း delivery service ၃ ခုဖြင့် ချိတ်ဆက် ပို့ဆောင်ပေးနေတာကြောင့် အိမ်အရောက်ငွေချေရပါတယ်ရှင်

Online Payment များနှင့် ငွေရှင်းလိုပါက Kpay, Wave Pay, AYA Pay, CB Pay တို့ဖြင့် % လုံးဝပေးစရာမလိုပဲ ငွေချေနိုင်ပါတယ်ရှင်

❌စာနှင့်ပုံများ တစ်စိတ်တစ်ပိုင်းဖြစ်စေ မှီငြမ်း၍ဖြစ်‌စေ လုံးဝ (လုံး၀) ကူးယူဖော်ပြခွင့်မပြုပါရှင်❌

08/05/2026

Admin တို့ဘက်က တချို့တွေ စာပြန်လို့မရဖြစ်နေလို့ စာမပြန်ရင် ဖုန်းနံပါတ်လေးပို့ပေးပါရှင် admin တို့ဘက်က ပြန်ဆက်သွယ်ပေးပါ့မယ် 🩷

ယခုလက်ရှိ ပြောင်းလဲသတ်မှတ်ထားသော အိမ်အရောက်ပို့ခ နှုန်းထားများ ဖြစ်ပါတယ်ရှင့်Ninja Van အပြင် Royal Express ဖြင့်လည်း မြန...
02/05/2026

ယခုလက်ရှိ ပြောင်းလဲသတ်မှတ်ထားသော အိမ်အရောက်ပို့ခ နှုန်းထားများ ဖြစ်ပါတယ်ရှင့်

Ninja Van အပြင် Royal Express ဖြင့်လည်း မြန်မာ တစ်နိုင်ငံလုံးနီးပါ အိမ်ရောက်ငွေချေဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်

🫶 Hair Curler လေးရဲ့ Customer Feedback လေး ဖြစ်ပါတယ်ရှင့် 🫶 Review လေးတွေ ပြန်လာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး ...
28/04/2026

🫶 Hair Curler လေးရဲ့ Customer Feedback လေး ဖြစ်ပါတယ်ရှင့် 🫶

Review လေးတွေ ပြန်လာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင့် 😍

🫶 Hair Curler လေးရဲ့ Customer Feedback လေး ဖြစ်ပါတယ်ရှင့် 🫶 Review လေးတွေ ပြန်လာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး ...
28/04/2026

🫶 Hair Curler လေးရဲ့ Customer Feedback လေး ဖြစ်ပါတယ်ရှင့် 🫶

Review လေးတွေ ပြန်လာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင့် 😍

😍 Hair Curler လေးရဲ့ Customer feedback လေး ဖြစ်ပါတယ်ရှင့် 😍 Feedback လေးပြန်တင်ဖို့ ခွင့်မတောင်းလိုက်မိလို့ ဒီကပဲခွင့်တေ...
28/04/2026

😍 Hair Curler လေးရဲ့ Customer feedback လေး
ဖြစ်ပါတယ်ရှင့် 😍

Feedback လေးပြန်တင်ဖို့ ခွင့်မတောင်းလိုက်မိလို့ ဒီကပဲခွင့်တောင်းလိုက်ပါရစေ တင်ခွင့်ပြပါရှင့်မမ 🫶

❤️Laser Dryer အကြီး ပိုလှတဲ့ Design အသစ်လေးတွေ ရောက်ထားပါပြီ❤️ ဈေနှုန်း - 39500/38500 ksရိုးရိုး Dryer လိုချင်တဲ့သူတွေအတ...
25/04/2026

❤️Laser Dryer အကြီး ပိုလှတဲ့ Design အသစ်လေးတွေ ရောက်ထားပါပြီ❤️

ဈေနှုန်း - 39500/38500 ks

ရိုးရိုး Dryer လိုချင်တဲ့သူတွေအတွက် ဒါလေး Highly Highly recommend ပါ

သူက အပူချိန် ၃ မျိုး ချိန်ညှိဖို့ ခလုတ်တစ်ခု နဲ့ လေအား ၃ မျိုး ချိန်ညှိဖို့ ခလုတ်တစ်ခု ဆိုပြီး ခလုတ် ၂ မျိုးတောင်ပါပါတယ်
ကြိုက်တဲ့လေအားမှာ ကြိုက်တဲ့ လေအပူအအေးနဲ့ထားလို့ရပါတယ်

သူရဲ့အားသာချက်က ဆိုဒ်လည်းကြီး၊ အသံအလွန်ငြိမ်ပြီး လေထွက်အား အလွန်ကောင်းပါတယ်

Blue Ray Hair Care Technology ကို အသုံးပြုထားလို့ Dryer ကြောင့်ဆံသား ပျက်စီးတာကို အထိုက်အလျောက် ကာကွယ်ပေးတယ်

ဆိုဒ်အကြီးဖြစ်ပြီး လေထွက်အားအရမ်းကောင်းလို့ ဆိုင်သုံးလည်း အရမ်းကောင်းတဲ့ dryer လေးတစ်မျိုးပါရှင့်

သူ့မှာ ပုံသွင်းခေါင်းလေးလည်း ပါပါတယ်နော် ❤️

၃ မျိုးက အကုန်တူတူပဲ ဒီဇိုင်းပဲကွာပါတယ်

လိုချင်တဲ့သူလေးတွေက chat box မှာ နာမည် လိပ်စာ ဖုန်းနံပါတ်လေး ပို့ပေးထားရင်ရပါပြီ မင်မင် reply ပြန်ပေးပါ့မယ်ရှင်

ရန်ကုန်မြို့တွင်း အပြင် အခြားမြို့ပေါင်း ၁၀၀ ကျော်ကိုလည်း အိမ်အရောက်ငွေချေရပါတယ်ရှင်

Online Payment များနှင့် ငွေရှင်းလိုပါက Kpay, Wave Pay, AYA Pay တို့ဖြင့် % လုံးဝပေးစရာမလိုပဲ ငွေချေနိုင်ပါတယ်ရှင်

❌စာနှင့်ပုံများ တစ်စိတ်တစ်ပိုင်းဖြစ်စေ မှီငြမ်း၍ဖြစ်‌စေ လုံးဝ (လုံး၀) ကူးယူဖော်ပြခွင့်မပြုပါရှင်❌

‼️အားလုံး မျှော်နေတဲ့ One Step Hair Dryer ပြန်ရောက်ပါပြီ‼️ ဒီ quality ပစ္စည်းရဖို့ ပစ္စည်းတစ်ခါတစ်ခါပျက်ရင် လချီကြာတတ်တာ...
21/04/2026

‼️အားလုံး မျှော်နေတဲ့ One Step Hair Dryer ပြန်ရောက်ပါပြီ‼️ ဒီ quality ပစ္စည်းရဖို့ ပစ္စည်းတစ်ခါတစ်ခါပျက်ရင် လချီကြာတတ်တာမို့လို့ ရတုန်းယူထားပါနော် ❤️

❗One Step Hair Dryer ( Hot Air Brush) Review❗

ပထမဆုံးပြောချင်တာက One Step Dryer လေးက မင်မင်ရောင်းချခဲ့တာ 2020 တည်းကဖြစ်လို့ ၅နှစ်ကျော် ရှိပြီဖြစ်ပြီး အလုံးရေ မရေမတွက်အောင် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ အားပေးကြသူ တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်ရှင် (quality မျိုးစုံရှိတဲ့ထဲကမှ quality အကောင်းဆုံးနဲ့ အသံအငြိမ်ဆုံး quality A+ ကိုသာ ရောင်းချပေးခဲ့တာမို့လို့ customer's feedback အစစ်မှန်များကိုလည်း page မှာ ဝင်ကြည့်နိုင်ပါတယ်) ဘာကြောင့် ရောင်းအားကောင်းခဲ့လဲ ကြည့်ရအောင် 👇👇

Dryer အကြောင်း သေးစိတ်
👉Hot Air Brush ဆိုသလို အလွယ်ဆုံးပြောရရင် ဆိုင်မှာခေါင်းသွားလျှော်တဲ့အခါ ခေါင်းလျှော်ပြီးရင် dryer မှုတ်ရင်း ဆူးလိပ်ဘီးကိုင်ပြီး ပုံသွင်းပေးကြတယ်ဟုတ် အဲ့အတိုင်းပါပဲ (ဆူးလိပ် dryer လို့ပဲ အလွယ်နာမည်ပေးလိုက်ပါမယ်) ဒီဆူးလိပ် dryer က ဆူးလိပ်ဘီးနဲ့ dryer သပ်သပ်စီ မကိုင်ရအောင် လုပ်ပေးထားတာပါ
သူ့မှာ အပူချိန် ချိန်ညှိဖို့အတွက် Low / Middle / High ဆိုပြီး ၃ မျိုးပါပါတယ်
Low - high speed with cool air
Middle - low speed with hot air
High - high speed with hot air ပါ

Dryer အသုံးပြုနည်း👇
ဆူးလိပ် dryer ကို သုံးတဲ့အခါ ဆံပင် အရမ်းစိုရွှဲနေတဲ့အချိန်မှာ သုံးဖို့ recommend မပေးချင်ပါဘူး ဘာလို့လဲဆို ဆူးလိပ် dryer ဖြစ်တဲ့အတွက် ဆံပင်အရမ်းစိုနေတဲ့အချိန်မှာ ဘီးဖီးချတာမျိုးက ဆံပင်အရမ်းကျွတ်စေလို့ပါ အရင်ဆုံး‌ ခေါင်းလျှော်ပြီးရင် ရေစင်အောင်သုတ်ပြီး သဘတ်လေးနဲ့ ပတ်ပြီးရေစစ်ထားတာမျိုး သို့မဟုတ် ရိုးရိုး Hair Dryer နဲ့ အရင် မစိုမခြောက်အနေအထား (‌ခြောက်အောင်မှုတ်စရာမလိုပါ) မှုတ်ပြီးမှ ဆူးလိပ် dryer နဲ့ တစ်လွှာချင်းစီ ပုံသွင်းတာမျိုး လုပ်ပါ

ရရှိလာသော result 👍
မိန်းကလေး အများစုကတော့ အပြင်ထွက်ခါနီးဆို ဆံပင်ပုံသွင်းတာ ဖြောင့်စက်ဆွဲရတာတွေ လုပ်ကြမှာပါနော် အဲ့လိုလုပ်တဲ့အခါ မင်မင်တို့လို ဆံပင်ပါးတဲ့သူမျိုးဆို ဖြောင့်စက်ဆွဲပြီးရင် ဆံပင်ကြီးက ကပ်ကပ်ကြီး ဖြစ်နေတတ်ပါတယ် အဲ့လို ပြဿနာမျိုးအတွက်ဆို ဆူးလိပ် dryer က အကောင်းဆုံးပါ

ဖြောင့်စက်မဆွဲပဲ ဆူးလိပ် dryer နဲ့ ပုံသွင်းလိုက်တဲ့အခါ ဆံပင်လည်း ကိုယ်လိုချင်သလို စင်းစင်းလေးနဲ့ ဝပ်ဝပ်လေးဖြစ်သွားတယ် ပြီးတော့ လုံးဝ မကပ်သွားပဲ ဆံပင်လေးက ဖောင်းဖောင်းလေးနဲ့ လုံးဝ volume effect ရစေပါတယ် ဖြောင့်စက်မဟုတ်တဲ့အတွက် ဖြောင့်စက်နဲ့ဆွဲသလိုတော့ ဖြောင့်စင်းမနေပေမယ့် ဆိုင်မှာ ခေါင်းလျှော်ပြီးပုံသွင်း‌ပေးလိုက်တဲ့ effect မျိုးကတော့ သေချာပေါက်ရပါတယ်

နောက် မင်မင်စမ်းသပ်ကြည့်သလောက် dryer နဲ့မှုတ်ပြီး ဘီးဖီးသလောက် ဆံပင်ကျွတ်မလာပါဘူး ဒါကတော့ မင်မင့်အတွက် တော်တော် အဆင်ပြေစေပါတယ်
နောက်တစ်ခုက ခေါင်းမလျှော်ရသေးလို့ ဆံပင်စေးကပ်ကပ်ဖြစ်နေတဲ့အချိန်ပါ အဲ့လိုအချိန်မျိုးဆို ဒီဆူးလိပ် dryer လေးနဲ့ ဖွပေးလိုက်ရင် အချောင်းလိုက်တွေ စေးကပ်ကပ်ဖြစ်နေတာမျိုးတွေ တော်တော် သက်သာပါတယ် အချိန်ကုန်လည်း ပိုသက်သာတာမို့လို့ ရုံးသွားတဲ့လူတွေအတွက် အဆင်ပြေစေမှာပါ

Dryer ရဲ့ အားနည်းချက် ❌
အားနည်းချက်ကတော့ လက်ကိုင်နေရာ အသုံးပြုထားတဲ့ကော်သားပါ ကော်သားအရမ်းကောင်းတဲ့ထဲမှာ မပါပါဘူး ဒါပေမယ့် လက်ကိုင်နေရာက အပြင် cover သဘောမျိုးမို့လို့ အသုံးပြုရတဲ့အပေါ် သက်ရောက်မှုမရှိတာမို့လို့ သူ့ဈေးနဲ့က အဆင်ပြေပါတယ်

ခြုံပြောရရင် မင်မင်တို့လို အပြင်သွားခါနီးတိုင်း ဆံပင်ကြောင့် စိတ်အနှောင့်ယှက် ဖြစ်ရသူတွေ အချိန်မရတဲ့သူတွေအတွက် နောက် ဆံပင်ပါးပြီးကပ်နေတဲ့သူတွေအတွက်တော့ highly highly recommend ပါ 💝

ဈေးနှုန်း - 44500 ks ပါ

သတိပြုရန် ‼️

(ဒီပစ္စည်းသည် quality မျိုးစုံ ဈေးနှုန်းမျိုးစုံရှိပါတယ်

မင်မင်တို့ page မှာတင်ထားတဲ့ customer feedback များသည် မင်မင်တို့ရောင်းတဲ့ quality ကနေရလာတဲ့ feedback အစစ်အမှန်များသာဖြစ်တယ်

မင်တို့ page က ရောင်းတဲ့ ပစ္စည်း quality သည် လက်ကိုင်း ကြောင်ခြစ်သား ၊ ပလတ်ခေါင်းအပြား ဖြစ်ပြီး ကြုံဖူးတဲ့ ဆင်တူယိုးမှား quality မျိုးစုံထဲကမှ အခုလက်ရှိရောင်းနေတဲ့ **အသံအငြိမ်ဆုံးနဲ့ quality အကောင်းဆုံး**ကိုသာ ပစ္စည်းပျက်သွားလည်း လချီစောင့်ပြီး ဒီ quality တစ်မျိုးတည်းကိုသာ သင့်တော်တဲ့အမြတ်ယူပြီး ရောင်းပါတယ်

ဒီနောက်ပိုင်းမှာ One Step Dryer နဲ့ပက်သက်ပြီး group တချို့မှာ bad review လေးတွေတွေ့လာတာမို့လို့ ဝယ်ချင်တဲ့သူ‌တွေ စဉ်းစားလို့ရအောင် ရှင်းပြခြင်းသာ ဖြစ်ပါတယ်ရှင့်

ဒါကြောင့် မင်တို့ page က feedback ကိုကြိုက်လို့ဝယ်ချင်ရင် မင်တို့ page က အရည်အသွေးကိုပဲ သင့်တော်တဲ့ဈေးနှုန်းနဲ့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ် ❤️)

မှာချင်တဲ့သူလေးတွေက page ရဲ့ messenger မှာ နာမည် လိပ်စာ ဖုန်းနံပါတ်လေး ပေးထားရင်ရပါပြီ မင်မင် reply ပြန်ပေးပါ့မယ်နော်

အသုံးပြုနည်း video လေးလည်း cmt မှာတင်ပေးထားပါတယ်နော်

ရန်ကုန်မြို့တွင်း အပြင် Royal Express နှင့် Ninja Van ရောက်သည့် မြို့များအားလုံး အိမ်အရောက်ငွေချေရပါတယ်ရှင် 📦🚚

Online Payment များနှင့် ငွေရှင်းလိုပါက Kpay, Wave Pay, AYA Pay ဖြင့် ငွေချေနိုင်ပါတယ်ရှင်

❌စာနှင့်ပုံများ တစ်စိတ်တစ်ပိုင်းဖြစ်စေ မှီငြမ်း၍ဖြစ်‌စေ လုံးဝ (လုံး၀) ကူးယူဖော်ပြခွင့်မပြုပါရှင်❌

One Step Dryer ဝယ်တော့မယ်ဆိုရင် ဒီ post ကို အရင်ဖတ်ပေးပါ
https://www.facebook.com/share/p/1G4ZCcCBDH/?mibextid=wwXIfr

bkk made လား china made လား သိချင်ရင် ဒီ link မှာဖတ်ပါ
https://www.facebook.com/share/p/19DeHpwvXV/?mibextid=wwXIfr

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Delight Fashion Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share