28/09/2021
ငွေစျေးတွေကတက်
ကုန်သွယ်ရေးတွေကပိတ်
နိုင်ငံရေးတွေကမတည်ငြိမ်
စီးပွားရေးတွေက ကျတော့
လုပ်ငန်းရှင်တော်တော်များ
depression တွေဝင်ပြီး
မိမိလုပ်ငန်းတွေကို သေချာ
စီမံခန့်ခွဲမှုတွေမလုပ်တော့
တရက်တရက် fb youtube
game တွေနှိပ်ရင်း စိတ်တွေ
လေတော့ အလုပ်တွေ
ပျက်ကွက် နဲ့ သံသရာလည်
နေကြတာပါ..။
ဝန်ထမ်းတွေလည်းထိုနည်း
တူစွာပါ...ရတဲ့လစာကမတိုး
တဲ့အပြင် လျှော့တဲ့သူကလျော့
ခံရ ဘာဝယ်ဝယ် ကုန်စျေးနူန်း
တွေကတက်ဆိုတော့....
အလုပ်လုပ်ရာမှာသိပ်စိတ်
မပါတော့...
ဒီတော့ဝန်ဆောင်မှုတွေ
ညံ့ ကုန်ထုတ်လုပ်မှုတွေ
လျော့ကျနဲ့ အခြေအနေတွေ
က down to down ဖြစ်နေ
ကြပါပြီ...။
လက်ရှိအခြေအနေက
အချိန်ကာလဘယ်လောက်
ထိဆက်ကြာမလဲဆိုတာလဲ
ပြောရခက်နဲ့...လုပ်ငန်း
တွေချုံ့တဲ့သူကချုံ့
ပိတ်တဲ့သူကပိတ်နဲ့
အလုပ်လက်မဲ့တွေပိုများ
လားပြီး တစ်ဦးချင်းစီ
ဝင်ငွေတွေကလျော့ကျ
တော့ အရောင်းဝယ်တွေ
လည်းပါးသထက်ပါးပေါ့...
ဒီလိုအချိန်မှာ အရင်လို
စီးပွားရေးနဲ့ပတ်သက်တဲ့
အကြံညဏ်တွေလည်း
မပေးနိုင်တော့ပါ
motivation speakerတွေ
လည်း စင်ပေါ်မတက်နိုင်
တော့ပါ...
2021 plan စာအုပ်မှာလည်း
ဘာမှဆက်မရေးဖြစ်ကြတော့ပါ
လယ်ပြင်မှာ ဆင်သွား
နေတာ ထင်းထင်းကြီး
မြင်နေကြရတာပဲ
မဟုတ်ပါလား.....
အားလုံး Good Luck
#𝓝𝓪𝓫𝓲🦋
မောင်သူရ
25.9.21
========================