Madi

Call

Madi Madi 🤍
နေ့စဉ်ဝတ်ဖို့ သက်တောင့်သက်သာဖြစ်တဲ့ စပန့်နဲ့ ချည်ဝမ်းဆက်လေးများ.......
Simple • Soft • Stylish daily outfits 🤍

ငါ့ရဲ့သစ္စာရှိမှု🙂‍↔️🙂‍↔️
11/10/2026

ငါ့ရဲ့သစ္စာရှိမှု🙂‍↔️🙂‍↔️

အိမ်ကဘုရားခန်း🙏🩷🙏
11/10/2026

အိမ်ကဘုရားခန်း🙏🩷🙏

ဘတ်စ်ကားပေါ်မှာ သင် အိပ်ပျော်သွားတယ်။ဘတ်ကားမောင်းနေတာ ဘယ်သူလဲ ဆိုတာသင် မသိဘူး။လေယာဉ်ပေါ်မှာ စိတ်ချလက်ချ အနားယူတယ်။လေယာဉ်...
11/10/2026

ဘတ်စ်ကားပေါ်မှာ သင် အိပ်ပျော်သွားတယ်။
ဘတ်ကားမောင်းနေတာ ဘယ်သူလဲ ဆိုတာ
သင် မသိဘူး။

လေယာဉ်ပေါ်မှာ စိတ်ချလက်ချ အနားယူတယ်။
လေယာဉ်မောင်းက ဘယ်သူလဲ သင်မသိဘူး။

သင် တခုခုခံစားရတဲ့အခါ ဆေးသောက်တယ်။
ဒါပေမယ့် အဲ့ဒီဆေး ဘယ်သူထုတ်ထားလဲ
သင် သိမနေဘူး။

စားသောက်ဆိုင်မှာ နေ့လည်စာစားတယ်။
သင်စားတာကို ဘယ်သူတွေ ချက်ပေးနေလည်း
သင် သိမနေဘူး။

ဓာတ်လှေကားထဲ ဝင်သွားတယ်။
လိုရာအထပ်ကို ရောက်ဖို့ဆိုတာ သိနေတယ်။

တံတားတစင်းပေါ် ဖြတ်သွားတယ်။
တံတားရဲ့ ကြံခိုင်မှု့ကို လုံးဝ သံသယ ရှိမနေဘူး။

သင့်ရဲ့နေ့စဉ်ဘဝမှာ သင်မသိတဲ့ သူစိမ်းတွေကိုတောင်
ယုံကြည်ခဲ့သေးတာပဲ။
ဒါဆို ဘာလို့ ကိုယိ့ကိုကိုယ် ယုံကြည်ချက် မရှိရတာလဲ။

အဝတ်အစားဝယ်တိုင်း တစ်ခါလောက် ဒီအချက်ကို စဉ်းစားကြည့်ပါ 👗“ဒီအကျီလေး လှတယ်” ဆိုတာထက်“ရှိပြီးသားအဝတ်တွေနဲ့ ဘယ်နှစ်မျိုးလောက...
30/09/2026

အဝတ်အစားဝယ်တိုင်း တစ်ခါလောက် ဒီအချက်ကို စဉ်းစားကြည့်ပါ 👗

“ဒီအကျီလေး လှတယ်” ဆိုတာထက်
“ရှိပြီးသားအဝတ်တွေနဲ့ ဘယ်နှစ်မျိုးလောက် တွဲဝတ်လို့ရမလဲ?”

ဒီမေးခွန်းလေးနဲ့ ဝယ်တတ်လာရင်
အဝတ်အစားတွေ တဖြည်းဖြည်းများလာပေမယ့်
“ဝတ်စရာမရှိဘူး” ဆိုတဲ့ပြဿနာကတော့ နည်းလာပါလိမ့်မယ်။ 🤍

🩷🩷

အဝတ်အစားရွေးတဲ့အခါလှတာတစ်ခုတည်း မကြည့်ဘဲ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးပါ 🤍အရောင်၊ အရွယ်အစားနဲ့ ကိုယ်သွားမယ့်နေရာကို နည်းနည်...
28/09/2026

အဝတ်အစားရွေးတဲ့အခါ
လှတာတစ်ခုတည်း မကြည့်ဘဲ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးပါ 🤍

အရောင်၊ အရွယ်အစားနဲ့ ကိုယ်သွားမယ့်နေရာကို နည်းနည်းလေးစဉ်းစားပြီး ဝတ်ကြည့်ပါ။
တစ်ခါတလေ ရိုးရိုးလေးဝတ်ထားတာကပဲ ပိုသပ်ရပ်ပြီး ကြည့်ကောင်းတတ်တယ် ✨

🩷
့်နှင့်ချည်သားဝမ်းဆက်

အဝတ်အစားဝတ်တဲ့အခါအရမ်းစဉ်းစားပြီး ရွေးစရာမလိုပါဘူးနော် 🤍ကိုယ်ဝတ်ရတာ သက်တောင့်သက်သာရှိပြီးကိုယ့်အသားအရောင်၊ ကိုယ့်ပုံစံနဲ...
26/09/2026

အဝတ်အစားဝတ်တဲ့အခါ
အရမ်းစဉ်းစားပြီး ရွေးစရာမလိုပါဘူးနော် 🤍

ကိုယ်ဝတ်ရတာ သက်တောင့်သက်သာရှိပြီး
ကိုယ့်အသားအရောင်၊ ကိုယ့်ပုံစံနဲ့ လိုက်ဖက်တာလေးတွေကို ရွေးဝတ်ပါ။

အရောင်တွဲတဲ့အခါလည်း
အများကြီးရောစပ်တာထက် ရိုးရိုးလေးတွဲတာက တစ်ခါတလေ ပိုလှတတ်တယ်။

အဓိကက သူများဝတ်လို့ လိုက်တာကို ကိုယ်လည်းလိုက်မယ်လို့ မရွေးဘဲ
ကိုယ်နဲ့တကယ်လိုက်တဲ့ပုံစံလေးကို ရှာတွေ့ဖို့ပါပဲ 🫶

့်နှင့်ချည်သားဝမ်းဆက်

အဝတ်အစားရွေးတဲ့အခါ မလုပ်သင့်တဲ့အချက် ၅ ချက်ကို Madi Pageလေးကနေပြောပြပေးသွားပါမယ်ရှင့်👗၁။ ကိုယ်နဲ့မလိုက်ဖက်တာကို ဖက်ရှင်ဆ...
23/09/2026

အဝတ်အစားရွေးတဲ့အခါ မလုပ်သင့်တဲ့အချက် ၅ ချက်ကို Madi Pageလေးကနေပြောပြပေးသွားပါမယ်ရှင့်👗

၁။ ကိုယ်နဲ့မလိုက်ဖက်တာကို ဖက်ရှင်ဆိုပြီး မရွေးပါနဲ့။
၂။ အရောင်တွေ အများကြီးရောပြီး ဝတ်တာကို ရှောင်ပါ။
၃။ နေရာနဲ့ အချိန်မလိုက်တဲ့အဝတ်အစား မရွေးပါနဲ့။
၄။ ကိုယ်မသက်သာတဲ့အဝတ်ကို လှတယ်ဆိုပြီး အတင်းမဝတ်ပါနဲ့။
၅။ သူများနဲ့လိုက်တာကို ကိုယ်နဲ့လည်းလိုက်မယ်လို့ မယူဆပါနဲ့။

ကိုယ်နဲ့လိုက်ဖက်တာ၊ ကိုယ်သက်သာတာ၊
သွားမယ့်နေရာနဲ့ သင့်တော်တာ—
ဒီ ၃ ချက်ကိုသာ အရင်စဉ်းစားပြီး ရွေးဝတ်တတ်ရင်
ရိုးရိုးလေးနဲ့တောင် ကြည့်ကောင်းနေတတ်ပါတယ်။ 🤍

အဝတ်အစားက ဈေးကြီးတာထက်ကိုယ်နဲ့သင့်တော်အောင် ရွေးဝတ်တတ်ဖို့က ပိုအရေးကြီးတယ် 🤍ကိုယ့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တာရွေးပါ။အရ...
23/09/2026

အဝတ်အစားက ဈေးကြီးတာထက်
ကိုယ်နဲ့သင့်တော်အောင် ရွေးဝတ်တတ်ဖို့က ပိုအရေးကြီးတယ် 🤍

ကိုယ့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တာရွေးပါ။
အရောင်တွေ အများကြီးမရောဘဲ လိုက်ဖက်တဲ့အရောင်လေးတွေ တွဲဝတ်ပါ။
အခမ်းအနားနဲ့ နေရာအလိုက် သင့်တော်တဲ့အဝတ်အစားကို ရွေးပါ။

အရမ်းအလှဆင်ထားစရာမလိုဘူး။
သန့်သန့်ရှင်းရှင်းနဲ့ ကိုယ်နဲ့လိုက်ဖက်နေရင်
အဲ့ဒါက ကိုယ့်ရဲ့စတိုင်လ်ပါပဲ ✨

13/09/2026

ဘဝမှာ စိတ်ရော ကိုယ်ပါ သက်တောင့်သက်သာရှိဖို့ အရေးကြီးပါတယ်... အဝတ်အစားဝတ်တဲ့အခါလဲ မသက်မသာခံစားချက်မျိုးမရစေပဲ comfortဖြစ်ဖို့ ဂရုစိုက်ပါရှင့်...

13/09/2026

တကယ်တော့ လူတချို့က ပေါင်းသင်းဆက်ဆံဖို့အတွက် မဟုတ်ဘူး။
ရှောင်ဖို့အတွက် ဖြစ်နေတတ်တယ်။

ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ စိတ်ကောင်းကို
လူတိုင်းအတွက် ထုတ်သုံးဖို့ မလိုပါဘူး။

တချို့က ကိုယ်ယဉ်ယဉ်ကျေးကျေး ဆက်ဆံလေ သူတို့က ပိုအတင့်ရဲလေဖြစ်တယ်။

ကိုယ်က ပိုရိုးသားကြင်နာလေ
သူတို့က ကိုယ့်ကို အနိုင်ကျင့်လို့ရတဲ့လူလို့ ပိုထင်လေဖြစ်တယ်။

ဒါကြောင့် ဘဝကို နားလည်လာပြီဆိုရင်
သင်ယူရမယ့်အရာတစ်ခု ရှိလာတယ်။
အဲဒါကတော့ လူရှောင်တတ်ဖို့ဖြစ်တယ်။

အရှက်မရှိတဲ့လူကို ရှောင်ရမယ်။
ဘာလို့လဲဆိုတော့ သူတို့မှာ စည်းမရှိလို့ပါ။

ကလိမ်ကကျစ်စိတ်ရှိတဲ့လူကို ရှောင်ရမယ်။
ကိုယ်က သူတို့ကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့အချိန် သူတို့က ကိုယ့်ကို ဘယ်လိုအကောက်ကြံမလဲဆိုတာ စဉ်းစားနေတတ်တယ်။

ကိုယ့်ကိုယ်ကိုယ် အမြဲ အကောင်းပြောပြီး တခြားသူကို နှိမ့်ချတတ်တဲ့လူကိုလည်း ရှောင်ရမယ်။

တကယ် အရည်အချင်းရှိတဲ့သူဆိုတာ
တခြားသူကို နင်းပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ မလိုပါဘူး။

အကျင့်စာရိတ္တမကောင်းတဲ့သူ၊
ယဉ်ကျေးမှုမရှိတဲ့သူတွေကိုလည်း ရှောင်ရမယ်။

ဒါဟာ ကိုယ်က မာနကြီးလို့ မဟုတ်ဘူး။
ဘဝအမြင်ချင်း မတူရင် အတင်းအကျပ် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစရာ မလိုတာပါ။

ပြီးတော့
လူဆိုးတွေကို ရှောင်ရမယ်။
လူယုတ်မာတွေကို ရှောင်ရမယ်။
စိတ်နေသဘောထား သေးသိမ်တဲ့လူကို ရှောင်ရမယ်။

“ငါ ဘာမှ မမှားဘဲနဲ့ ဘာလို့ ရှောင်ရမှာလဲ” လို့ မတွေးပါနဲ့။

ဘာလို့လဲဆိုတော့ အရွယ်ရောက်သူရဲ့ ကမ္ဘာမှာ ကိစ္စတိုင်းကို အနိုင်အရှုံးဆိုပြီး အဆုံးအဖြတ်ပေးစရာ မလိုတော့ဘူး။

ရွှံ့နွံကို နင်းမိနိုင်ရင် ကိုယ်က ရှောင်ရမှာပါပဲ။ ရွှံ့နွံထဲ တိုးဝင်ပြီး “ငါ့ကို ဘာလို့ ညစ်ပတ်အောင် လုပ်တာလဲ” လို့ အငြင်းပွားမှာလား။

အရင်တုန်းက
“ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တာက သတ္တိ” လို့ ထင်ခဲ့တယ်။

အခုချိန်မှာတော့
လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိသွားတဲ့နောက် မတွယ်တာဘဲ လှည့်ထွက်သွားနိုင်တာကမှ တကယ့်အသိတရားဆိုတာ နားလည်လာတယ်။

မငြင်းတာက မငြင်းနိုင်လို့ မဟုတ်ဘူး။
မပြောတာက ပြောမနိုင်လို့ မဟုတ်ဘူး။
ထွက်သွားတာကလည်း ကြောက်လို့ မဟုတ်ဘူး။

ဒီအရွယ်ရောက်လာတော့
အချိန်က တန်ဖိုးရှိလာတယ်။
စိတ်ခံစားချက်က တန်ဖိုးရှိလာတယ်။
စိတ်ကောင်းနေတဲ့အချိန်က ပိုပြီးတောင် တန်ဖိုးရှိလာတယ်။

ကိုယ့်ဘဝနဲ့ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲဖို့၊ ပတ်သက်ဖို့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့နေ့ရက်တွေကို ဖြုန်းတီးဖို့ တာဝန်ရှိမနေပါဘူး။

လူလတ်ပိုင်းအရွယ် ရောက်လာတဲ့နောက်
အကြီးမားဆုံး စွန့်လွှတ်တတ်ခြင်းဆိုတာ ပစ္စည်းဘယ်နှစ်ခု ပစ်ထုတ်လိုက်နိုင်တယ်ဆိုတာ မဟုတ်ဘဲ

ကိုယ့်ဘဝထဲက မလိုအပ်တဲ့လူတွေကို တဖြည်းဖြည်း ထွက်သွားစေတာပဲဖြစ်တယ်။

ဒါကြောင့် “နင် အရင်လို မနွေးထွေးတော့ဘူး” လို့ မပြောပါနဲ့။

ကိုယ်အေးစက်သွားတာ မဟုတ်ပါဘူး။
ဘဝကို ဘယ်လိုနေထိုင်ရမလဲဆိုတာ နောက်ဆုံး နားလည်လာတာပါ။

ကောင်းတာတွေကို တန်ဖိုးထားမယ်။
မကောင်းတာတွေကို ဝေးဝေးရှောင်မယ်။
စိတ်ကောင်းရှိသူတွေကို စိတ်ရင်းနဲ့ ဆက်ဆံမယ်။
ကိုယ့်ကို ပင်ပန်းစေတဲ့လူတွေကိုတော့ ရှင်းပြချက်ပေးဖို့တောင် မလိုပါဘူး။

ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ
ကိုယ့်ဘေးမှာ လူတွေ အများကြီးရှိဖို့ မလိုတော့ဘူး။
ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းဖို့၊
နားငြိမ်းဖို့၊
စိတ်ငြိမ်းချမ်းဖို့ပဲ လိုတော့တယ်။

လူမှုဆက်ဆံရေး ကောင်းကောင်းလုပ်တတ်တာက ယဉ်ကျေးမှုပါ။
မသင့်တော်တဲ့လူကို ရှောင်တတ်တာကတော့ အသိတရား ဖြစ်ပါတယ်။

ကိုယ်တို့က ပေါင်းသင်းရ ခက်သွားတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မသင့်တော်တဲ့လူတွေအပေါ် ထပ်ဖြုန်းဖို့ အချိန်တွေ သိပ်မများတော့လို့ပါ။

-- မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

Address

Yangon

Telephone

+959452922740

Website

Alerts

Be the first to know and let us send you an email when Madi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share