မေယဉ် အညာစားသောက်ကုန်

မေယဉ် အညာစားသောက်ကုန် ကျောက်ပန်းတောင်းဒေသထွက်
အညာစားသောက်ကုန် ရောင်းဝယ်ရေး
လတ်ဆတ်၊ သန့်ရှင်း၊ အရေအသွေးကောင်း

မေရီချို အာလူးကြော် ထပ်ရောက်နေပါပြီနော်သူကတော့ ရောက်တာနဲ့ ကုန်တာ မြန်ပါတယ် #ဇကာအချို #အပါးအချို #အပါးအစပ် 1 ထုပ် - 5,800...
09/08/2026

မေရီချို အာလူးကြော် ထပ်ရောက်နေပါပြီနော်
သူကတော့ ရောက်တာနဲ့ ကုန်တာ မြန်ပါတယ်

#ဇကာအချို
#အပါးအချို
#အပါးအစပ်

1 ထုပ် - 5,800 ကျပ်
5 ထုပ် - 5,500 ကျပ်

MFG 7.08.2026

EXP 7.10.2026

မေရီချို အာလူးကြော်ကို
လတ်လတ်ဆတ်ဆတ် စားသုံးချင်ပါက
09 401 629 794 နဲ့ Page messenger ကနေ
ဆက်သွယ်မှာယူနိုင်ပါတယ်နော်

မေရီချို အာလူးကြော် ရရှိပါပြီနော် #ဇကာ အချို #အပါး အချို #အပါးအစပ်၁ ထုပ်    -  ၅,၈၀၀ ကျပ်၁၀ ထုပ် -  ၅,၅၀၀ ကျပ်
29/07/2026

မေရီချို အာလူးကြော် ရရှိပါပြီနော်
#ဇကာ အချို
#အပါး အချို
#အပါးအစပ်
၁ ထုပ် - ၅,၈၀၀ ကျပ်
၁၀ ထုပ် - ၅,၅၀၀ ကျပ်

28/07/2026

မြေပဲဆီအကြောင်း
==============
မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာဝဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
အရောင်
======
မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။
(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)
အရသာ
======
အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။
အနံ့
===
မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။
မြေပဲဆီရဲ့ထူးခြားချက်များ
====================
မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါဝင်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို သတ်မှတ်ကြတာပါ။
မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်ဝဆီပါဝင်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖိုသင့်တော်တယ်လို သတ်မှတ်ကြတာ ဖြစ်ပါတယ်။

“ မြေပဲဆီမှာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ မပြည့်ဝဆီ (Unsaturated Fats) နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် E မြင့်မားစွာပါဝင်ပြီး ကိုလက်စထရော လုံးဝ (၀%) မပါဝင်ပါ”

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေပဲဆီအမျိုးအစားများ
================

Refined Peanut Oil
Gourmet Peanut Oil
Cold Pressed Peanut
Roasted Peanut Oil
Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။
ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်းရေဓာတ်ပါဝင်မှုများတာ၊ Aflatoxin လိုမျိုး မှိဓာတ်ပါဝင်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။
စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …
FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိဓာတ်ပါဝင်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

မြေပဲဆီမှာ ပါဝင်သော အာဟာရဓာတ်များ
===============================
မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါဝင်ပေမယ့်
Vitamin – E
Vitamin – K
Zinc
Sodium
Omega 6, 9 အစရှိတဲ့
အကျိုးပြု အာဟာရဓာတ်တွေ ပါဝင်ပါတယ်။မြေပဲဆီကို ပုံမှန်မမာဏသာ ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အဝလွန်ခြင်းကို ကာကွယ်ပါတယ်။
မြေပဲနှင် မြေပဲဆီစားသုံးသူများအနေ ဖြင့် သတိပြုရန်အချက်မှာ မြေပဲဆီတွင်ပါဝင်လာနိုင်သည့် အာဖလာတောက်ဆင်(Alphatoxin) ခေါ် မိူဆိပ်နှင့် မြေပဲနှင့်ဓါတ်မတည့်မူ (Peanut Allergy) တိုပင် ဖြစ်ပါသည်။

မြေပဲကိုဆီ အဖြစ်ကြိတ်လိုက်သောအခါမြေပဲဆီထဲတွင်ဆီများသာပါသွားပြီး ဓါတ်မတည့်မူကို ဖြစ်စေသော ပရိုတင်းများမှာ မြေပဲဆီကြိတ်ပြီး ကျန်ရစ်ခဲ့သည့် မြေပဲဖတ်ထဲတွင်သာ ကျန်ရှိနေခဲ့ပါသည် ထို့ကြောင့် မြေပဲဆီတွင် မည်သည့် ပရိုတင်းမှ မပါရှိ၍ မြေပဲနှင့် ဓါတ်မတည့်သူများအ နေ ဖြင့် မြေပဲဆီကို စားသုံးနိုင်ကြောင်း သိစေလိုပါသည် သို့သော်မြေပဲဖတ်များနှင့် မြေပဲဖြင့်ပြုလုပ်ထားသော အစားအစာများကိုမူ စားသုံး၍မရကြောင်းအသိ ပေးအပ်ပါသည််။
#မြေပဲဆီ
#ကျန်းမာစေသောဆီ
#စားသုံးဆီ
#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

Address

South Okkalapa Township
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Website

Alerts

Be the first to know and let us send you an email when မေယဉ် အညာစားသောက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share