Mata Green Hygiene

Mata Green Hygiene Professional Cleaning Solutions

29/07/2026

သပ္ပာယ်လှတဲ့ ဝါဆိုလပြည့်နေ့လေးမှာ မိတ်ဆွေ ရင်းနှီးသူများနှင့် မိသားစုဝင် အပေါင်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကင်းဝေးကြပါစေ။ မကောင်းသော အန္တရာယ်မှန်သမျှ လွတ်မြောက်ပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ လိုရာဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေ။ လပြည့်ဝန်းလို အေးချမ်းသာယာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ mata Green Hygiene မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

(၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို အလေးပြုပါသည်ဥဩဆွဲသံတွေ ကြားရတဲ့အခါတိုင်း... နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်ကြ...
18/07/2026

(၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို အလေးပြုပါသည်

ဥဩဆွဲသံတွေ ကြားရတဲ့အခါတိုင်း... နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေကို သတိရ လွမ်းဆွတ်မိပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို ဦးညွှတ်အလေးပြုအပ်ပါသည်။ 🙏🇲🇲

#မြန်မာ့သမိုင်း #အစဉ်အမြဲအောက်မေ့လျက်

23/06/2026

ချွတ်ဆေးနဲ့ အခြားဆေးရည်တွေ ရောလိုက်ရင် အဆိပ်ငွေ့တွေ ထွက်လာနိုင်တာ သိပါသလား? 🧪💥

"ပိုပြောင်အောင်" ဆိုတဲ့ အတွေးတစ်ခုကြောင့် သင့်အသက်အန္တရာယ်ကို စက္ကန့်ပိုင်းအတွင်း ဒုက္ခပေးနိုင်တဲ့ ဓာတုဗေဒ ဓာတ်ပြုမှု ၄ ချက်!

အိမ်မှာ အမြဲသုံးနေတဲ့ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည် ရောလိုက်ကော ဘာဖြစ်တတ်လဲ? ဗီဒီယိုလေးထဲမှာ အဖြေကို ရှာကြည့်ပြီး သင့်အိမ်မှာကော ဘယ်လို သန့်ရှင်းရေးလုပ်လေ့ရှိလဲ Comment မှာ မျှဝေပေးခဲ့ပါဦးရှင်။

#အိမ်ရှင်မများအတွက် #ဗဟုသုတ

16/06/2026

-သန့်ရှင်းရေးအပင်ပန်းခံလုပ်နေပေမယ့် အိမ်ကပိုညစ်ပတ်သွားစေမယ့် အမှားတွေကိုလည်း သင်လုပ်မနေသလား?
-အိမ်ကိုသန့်သန့်ရှင်းရှင်းထားတာဘဲ...ဘာလို့ဖုန်တေခဏခဏ ပြန်တက်နေတက်နေရတာလဲလို့​ေတွေးဖူးပါသလား?
-အမှတ်မထင်လုပ်မိတဲ့ အလေ့အထတစ်ချို့က အိမ်ကိုပိုညစ်ပတ်စေပါတယ်။
ဗီဒီယို ထဲမှာ အိမ်ပိုင်ရှင်အများစု လုပ်မိတက်တဲ့ ထိပ်တန်းသန့်ရှင်းရေးအမှား (5) ချက်ကို ထောက်ပြပေးထားပါတယ်။
ဗီဒီယိုကြည့်ပီးတာနဲ့ သင်ကော ဘယ်နှစ်ချက်လောက် အမှတ်မထင်လုပ်မိနေလည်း။ကျွန်တော်ကတော့ နံပါတ် 4 ကိုလုပ်မိနေလို့ ပြန်ပြင်လိုက်ရပီနည်းစနစ်အမှန် သန့်ရှင်းရေးဗဟုသုတတွေအမြဲလေ့လာဖို့ Follow လုပ်ထားဖို့မမေ့နဲ့နော်။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











13/06/2026

သန့်ရှင်းရေး လုပ်ရတာ တကယ်တော့ မလွယ်လှပါဘူး။ အထူးသဖြင့် ဖုန်သုတ်ရတာက အလုပ်ကိစ္စများလို့ သေချာအချိန်မပေးနိုင်သူတွေအတွက် အမောဆုံးအလုပ်တစ်ခုပါ။ မနက်ကပဲ ပရိဘောဂတွေကို စိတ်တိုင်းကျ ပြောင်စင်အောင် သုတ်ထားတယ်... ညနေကျတော့ မျက်နှာပြင်ပေါ်မှာ ဖုန်မှုန့်က ပြန်တင်နေပြီ။ နေ့တိုင်းလိုလို ဖုန်သုတ်နေရတာ အချိန်ကုန်၊ လူပင်ပန်းပြီး "ငါဘာလို့ သုတ်နေမိလဲ" ဆိုပြီး စိတ်မောစရာကြီးနော်။ ရေဝတ်နဲ့သုတ်ရင် ခဏတော့ ပြောင်သွားသလိုပဲ။ ဒါပေမဲ့ ရေခြောက်သွားတဲ့အခါ ပရိဘောဂတွေက အရောင်မှိန်ရုံတင်မကဘဲ စိုစွတ်မှုကြောင့် ဖုန်မှုန့်တွေကို ပိုပြီးတောင် ဆွဲကပ်သလို ဖြစ်သွားတတ်ပါတယ်။ ကြက်မွှေးပွ၊ အမွှေးပွတွေနဲ့ ခါရင်လည်း ဖုန်တွေက နေရာမှာတင် မရှိတော့တာ။ တကယ်တော့ လေထဲလွင့်သွားပြီး တခြားပရိဘောဂတွေပေါ်၊ ကုတင်ပေါ်၊ ဆိုဖာပေါ် ပြန်ကျတာပဲ အဖတ်တင်ပါတယ်။ နှာချေတာ၊ အလာဂျီထတာတွေပါ လက်ဆောင်က ရသေးတယ်။ ဒီလို သံသရာလည်နေတဲ့ ဒုက္ခတွေကို အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး အဆုံးသတ်ပေးဖို့ Green Plus Dust Polish Oil ကို ဆောင်ထားလိုက်တော့နော်။

သူ့ရဲ့ ထူးခြားတဲ့ Formula က ဖုန်မှုန့်တွေကို လေထဲလွင့်မသွားစေဘဲ အဝတ်စမှာတင် တစ်ခါတည်း ကပ်ပါသွားအောင် စုပ်ယူပေးတာပါ။ ဖုန်မှုန့်တွေ ဘေးလွင့်မကုန်တော့ဘဲ တစ်ချက်ဆွဲရုံနဲ့ စင်ကြယ်သွားလို့ သန့်ရှင်းရေးလုပ်ရတဲ့ အချိန်ကို တစ်ဝက်မက လျှော့ချပေးနိုင်ပါတယ်။ ဖုန်ပြန်တက်တာကိုလည်း ကြာရှည် ကာကွယ်ပေးပါတယ်၊ ဒါက အကြိုက်ဆုံးအချက်ပဲ! Dust Polish Oil နဲ့ သုတ်ပြီးသွားရင် ပရိဘောဂ မျက်နှာပြင်ပေါ်မှာ မမြင်ရတဲ့ Protective အလွှာတစ်ခု ဖန်တီးပေးပါတယ်။ ဒါကြောင့် ဖုန်မှုန့်တွေက မကပ်နိုင်ဘဲ လျှောကျသွားလို့ တစ်ခါသုတ်ပြီးရင် တော်တော်နဲ့ ဖုန်ပြန်မတက်တော့ပါဘူး။ နေ့တိုင်း သုတ်စရာမလိုတော့ဘူးပေါ့။ ဖုန်လည်းစင်၊ တစ်ချက်တည်းနဲ့ အသစ်အတိုင်း ပြောင်လက်တောက်ပသွားစေပါတယ်။ သစ်သားဘီရို၊ တီဗီစင်၊ စားပွဲခုံ၊ ကားဒိုင်ခွက် ကအစ အိုမင်းရင့်ရော်ပြီး အရောင်မှိန်နေတဲ့ပါကေးတွေကိုပါ အဆီပြန်တာမျိုး လုံးဝမရှိဘဲ အသစ်အတိုင်း တောက်ပသွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်သန့်ရှင်းရေးကို အချိန်ကုန်သက်သာပြီး မောစရာမလိုဘဲ ဟိုတယ်ကြီးတွေလို အမြဲပြောင်လက်ပြီး သပ်ရပ်နေဖို့ Dust Polish Oilက အကောင်းဆုံး အဖော်မွန်ပါ။ ဈေးနှုန်းနဲ့အသေးစိတ်ကို သိရှိလိုပါက mata Green Hygiene FB Page Messengerမှ မေးမြန်းနိုင်ပြီးတော့ ဖုန်းနံပါတ် 09 973 9999 59သို့ ဆက်သွယ်နိုင်ပါတယ်နော်။

မှာယူလိုပါက Website - www.enviromart.com.mmမှလည်း မှာယူနိုင်သလို ဖုန်းနံပါတ် 09 973 9999 59 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











05/06/2026

နေအိမ်သန့်ရှင်းရေးလုပ်တိုင်း ဆေးရည်ဗူးတွေ အများကြီးနဲ့ ရှုပ်ပွပြီး လူလည်း ပင်ပန်းနွမ်းနယ်နေပြီလား?

အိမ်တစ်အိမ်လုံး သန့်ရှင်းရေးလုပ်ဖို့ ပြင်လိုက်ပြီဆိုရင်...ကြမ်းပြင်တိုက်ဖို့ တစ်မျိုး၊ နံရံကြွေပြားအတွက် တစ်မျိုး၊ မီးဖိုချောင် ဆီဂျီးချွတ်ဖို့ တစ်မျိုး၊ ဧည့်ခန်းက ပရိဘောဂတွေအတွက် တစ်မျိုးနဲ့... ဘယ်နှစ်ဗူးတောင် ဝယ်ထားရလဲ တွက်ကြည့်ဖူးပါသလား? အိမ်သာခွက်နဲ့ ဘေစင်ဆေးဖို့ပါဆိုရင် ဆေးရည်ဗူးတွေနဲ့တင် ရှုပ်ပွလို့နေမှာပါ။ တစ်ဗူးချင်းစီ လိုက်ဝယ်နေရတော့ ကုန်ကျစရိတ်တွေလည်း များသလို၊ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ဒီတစ်ဗူးပြီး နောက်တစ်ဗူး ပြောင်းသုံးနေရတာ တကယ်ကို အချိန်ကုန်ပြီး စိတ်ညစ်ဖို့ကောင်းပါတယ်။ 😩 အခုတော့ အဲဒီဒုက္ခတွေ၊ ရှုပ်ပွမှုတွေအားလုံးကို GREEN PLUS Multi-Purpose Cleaner တစ်ဗူးတည်းနဲ့ အပြတ်ရှင်းလိုက်ရအောင်!

ကြမ်းပြင်ပေါ်က ခြေရာလက်ရာ ဂျီးတွေတင်မကဘဲ မီးဖိုချောင်က ဆီဂျီးတွေ၊ ဟင်းချက်ရင်း စင်သွားတဲ့ အစွန်းအထူတွေ၊ ရေချိုးခန်းနဲ့ ဘေစင်မှာ စွဲကပ်နေတဲ့ ရေဂျိုးတွေကိုပါ အလွယ်တကူ ကွာကျသွားစေမယ့် အစွမ်းထက် ဖော်မြူလာနဲ့ ထုတ်လုပ်ထားပါတယ်။ ဧည့်ခန်းက အဖိုးတန် ပရိဘောဂတွေ၊ တီဗီစင်တွေ ဖုန်သုတ်၊ ညစ်ပေတာတွေ သန့်စင်ဖို့၊ မီးဖိုချောင်ကောင်တာ၊ Gas မီးဖိုဘေးပတ်ပတ်လည်နဲ့ ဆေးကြောရခက်တဲ့ အစွန်းအထူတွေ၊ ရေချိုးခန်းသုံး Sanitary Ware များ၊ အိမ်သာခွက်၊ ကြွေပြားများနှင့် ရေပိုက်ခေါင်းများ၊ စကျင်ကျောက်၊ ကြွေပြား၊ ကော်ဇော ကအစ ဆေးကြောလို့ရတဲ့ ဘယ်မျက်နှာပြင်မဆို အရောင်မမှိန်စေဘဲ ပြောင်လက်သွားစေတဲ့အပြင် အဝတ်ပါလျှော်လို့ရပါတယ်။ ဒီဆေးရည်က သာမန်ရေရောပြီးသား ဆေးရည်တွေလိုမဟုတ်ဘဲ "အနှစ်" ဖြစ်ပါတယ်။ မိမိသန့်ရှင်းရေးလုပ်မယ့် မျက်နှာပြင် အခြေအနေအလိုက် ရေနဲ့အချိုးကျ ရောစပ်အသုံးပြုရတာမို့ ဆေးရည်နည်းနည်းလေးနဲ့တင် မျက်နှာပြင်အကျယ်ကြီးကို သန့်စင်နိုင်ပါတယ်။ တစ်ဗူးဝယ်ထားရုံနဲ့ လနဲ့ချီ သုံးနိုင်လို့ အသုံးစရိတ်ကို သိသိသာသာ သက်သာစေမှာပါ။ အစွန်းတွေ ပြောင်ဖို့အတွက် ပြင်းထန်တဲ့ အက်ဆစ်ဓာတ်တွေသုံးပြီး မျက်နှာပြင်တွေကို ပျက်စီးအောင် မလုပ်ပါနဲ့။ Multi-Purpose Cleanerက မျက်နှာပြင်တွေကို မထိခိုက်စေဘဲ အညစ်အကြေးကိုပဲ သီးသန့် ဖယ်ရှားပေးတာမို့ ပစ္စည်းတွေ သက်တမ်းကြာတဲ့အထိ အမြဲတမ်း အသစ်အတိုင်း တောက်ပနေမှာ ဖြစ်ပါတယ်။

သန့်ရှင်းရေးအလုပ်တွေကို အချိန်ကုန်သက်သာစေပြီး ပိုမိုသန့်ရှင်း စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ Multi-Purpose Cleanerကို အခုပဲ သင့်ရဲ့ လက်စွဲတော်အဖြစ် ဆောင်ထားလိုက်တော့နော်! အားလုံးကို တစ်ဗူးတည်းနဲ့ ပြောင်လက်သွားစေမယ့် လျှို့ဝှက်ချက်ကို ကိုယ်တိုင်စမ်းသပ်ချင်တယ်ဆိုရင်တော့ mata Green Hygieneမှာ ဝယ်ယူလိုက်တော့နော်။ ဈေးနှုန်းနဲ့အသေးစိတ်ကို သိရှိလိုပါက mata Green Hygiene FB Page Messengerမှ မေးမြန်းနိုင်ပြီးတော့ ဖုန်းနံပါတ် 09 973 9999 59သို့ ဆက်သွယ်နိုင်ပါတယ်နော်။

မှာယူလိုပါက Website - www.enviromart.com.mmမှလည်း မှာယူနိုင်သလို ဖုန်းနံပါတ် 09 973 9999 59 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











02/06/2026

ဘယ်လောက်ပဲ ပွတ်တိုက်တိုက် မပြောင်ဘဲ ညစ်ထေးထေးကြီး ဖြစ်နေတဲ့ ကြမ်းပြင်က... အမှန်တကယ် ညစ်ပတ်နေတာ မဟုတ်ပါဘူး၊ ဖယောင်းဟောင်းWaxတွေ ဂျေးတက်နေတာပါ!" 💡 ရုံးခန်း၊ Shopping Mall၊ ဆေးရုံ၊ ဟိုတယ် ဒါမှမဟုတ် သင့်ရဲ့ နေအိမ်က Vinyl Floor တွေ၊ Terrazzoကြမ်းပြင်တွေက ဘယ်လောက်ပဲ နေ့တိုင်း ကြမ်းတိုက်တိုက် ဝါကြင်ကြင်၊ မှိုင်းညှို့ညှို့ကြီး ဖြစ်ပြီး ကြည့်ရဆိုးနေလို့ စိတ်ညစ်နေရပြီလား? တံမြက်စည်းလှည်း၊ ကြမ်းတိုက်ရုံနဲ့ မပြောင်တော့တဲ့အပြင် ကြမ်းပြင်ရဲ့ မူလအရောင်ပါ ပျောက်ဆုံးနေပြီဆိုရင်တော့... ဒါဟာ ကြမ်းပြင်ပေါ်မှာ နှစ်အတော်ကြာ အထပ်ထပ် တင်ထားခဲ့တဲ့ ဖယောင်းလွှာအဟောင်းတွေနဲ့ ဂျေးတွေ အလွှာလိုက် စွဲကပ်နေလို့ပဲ ဖြစ်ပါတယ်။
ဒီလို ဂျေးတက်နေတဲ့ ဖယောင်းဟောင်းတွေကို မဖယ်ရှားဘဲ အပေါ်ကနေ Wax တွေ၊ ပေါ်လစ်တွေ ထပ်တင်နေမယ်ဆိုရင် ကြမ်းပြင်က ပိုပြီးတော့ပဲ မည်းညစ်လာမှာပါ။ ကြမ်းပြင်ကို အသစ်အတိုင်း ပြန်လည်ဝင်းပ တောက်ပလာစေဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ကတော့ ဖယောင်းဟောင်းတွေကို အမြစ်ပြတ် ခွာချပစ်ဖို့ ပါပဲ။ ဒါဆိုရင် လူပင်ပန်း၊ အချိန်ကုန်လည်း သက်သာပြီး Professional ဆန်ဆန် အလွယ်တကူ ခွာထုတ်ပေးနိုင်မယ့် WAX STRIPPER ရှိပါတယ်။

Chemical ပြင်းတဲ့ ခွာဆေးတွေ သုံးဖူးသူတိုင်း သိကြမှာပါ။ အနံ့က အရမ်းပြင်းလို့ အသက်ရှူရကျပ်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ WAX STRIPPERကတော့ Low Odor ပုံစံ ထုတ်လုပ်ထားလို့ အပိတ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ ဆေးရုံလိုနေရာမျိုးတွေမှာပါ ဘေးကင်းစိတ်ချစွာ သုံးနိုင်ပြီး လုပ်ငန်းခွင် စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ ဆေးရည်အတိုင်း တိုက်ရိုက်သုံးရတာမျိုး မဟုတ်ဘဲ ကြမ်းပြင်ရဲ့ ဂျေးအထူအပါးအလိုက် ရေနဲ့ ပြန်ဖျော်သုံးရတာ ဖြစ်ပါတယ်။ ရေနဲ့ဖျော်သုံးနိုင်လို့ ဆေးရည်အနည်းငယ်ရုံနဲ့ ဧရိယာအကျယ်ကြီးကို သန့်ရှင်းနိုင်မှာဖြစ်လို့ Budget ကို အများကြီး သက်သာစေပါတယ်။ Rubber tile, Terrazzo, Granite နဲ့ Marbleကြမ်းပြင်အမျိုးမျိုးရဲ့ မူလ Quality ကို ထိခိုက်ပျက်စီးမှုမရှိစေဘဲ ဂျေးဟောင်းတွေကိုပဲ သီးသန့် အကောင်းဆုံး ခွာထုတ်ပေးပါတယ်။ ဒူးတုပ်ပြီး အားစိုက်ပွတ်နေရတဲ့ ခေတ်ကို ကျော်လွန်သွားပါပြီ။ ဒီကောင်က ကြမ်းပြင်ပေါ် ဆေးရည်ဖြန့်ခင်းပြီး (၅ မိနစ် ကနေ ၁၀ မိနစ်) ခန့် နှပ်ထားရုံရုံနဲ့ စွဲကပ်နေတဲ့ Acrylic ပေါ်လစ်တွေနဲ့ ဖယောင်းလွှာအဟောင်းတွေကို အောက်ခြေကနေ ဖတ်ဖတ်ကွာပြီး အလွယ်တကူ ပျော်ကျလာစေပါတယ်။ အသုံးမပြုခင် ဖုန်နဲ့ အမှိုက်တွေကို အရင်လှည်းပါ။ WAX STRIPPER ကို ရေနဲ့ ဖျော်စပ်ပြီး Mopနဲ့ ကြမ်းပြင်ပေါ် အနှံ့ဆွတ်ထားပေးပါ။ ၁၀ မိနစ်ခန့် ကြာတဲ့အခါမှာတော့ Floor Scrubber စက်နဲ့ သေချာပွတ်တိုက်ပေးပါ။ ပျော်ကျလာတဲ့ ဖယောင်းရည်အမည်းတွေကို Wet & Dry Vacuum နဲ့ စုပ်ထုတ်၊ ပြီးရင် ရေသန့်သန့်နဲ့ ကြမ်းပြင်ကို အကြွင်းအကျန်မရှိအောင် (၁) ခေါက် (၂) ခေါက် ပြန်သုတ်ပေးရုံပါပဲ။ ကြမ်းပြင်ခြောက်သွားရင်တော့ အသစ်စက်စက်တိုင်း ဖြူဖွေးသန့်စင်သွားတဲ့ ကြမ်းပြင်ကို မြင်တွေ့ရမှာပါ!

ကြမ်းပြင်အသစ် ပြန်တင်ဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ရဲ့ ရုပ်ထွက်ကို Professional ဆန်ဆန် ပြောင်းလဲပစ်ချင်တာပဲဖြစ်ဖြစ်... အလုပ်ရှုပ်မခံပါနဲ့တော့။ WAX STRIPPER ကိုသာ အခုပဲ သုံးကြည့်လိုက်ပါ။ ကုန်ကျစရိတ် သက်သာမယ်၊ အချိန်ကုန် သက်သာမယ်၊ ရလဒ်ကတော့ ၁၀၀% စိတ်ကျေနပ်မှု ရစေရမယ်လို့ အာမခံပါတယ်။ ဈေးနှုန်းနဲ့အသေးစိတ်ကို သိရှိလိုပါက mata Green Hygiene FB Page Messengerမှ မေးမြန်းနိုင်ပြီးတော့ ဖုန်းနံပါတ် 09 973 9999 59သို့ ဆက်သွယ်နိုင်ပါတယ်နော်။

မှာယူလိုပါက Website - www.enviromart.com.mmမှလည်း မှာယူနိုင်သလို ဖုန်းနံပါတ် 09 973 9999 59 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











01/06/2026

လူတစ်ယောက်ရဲ့ နေထိုင်မှုအဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်မှုကို ဘယ်နေရာတွေမှာ အကဲဖြတ်လို့ရလဲ သိပါသလား? ဝတ်စားဆင်ယင်မှု၊ စီးတဲ့ဖိနပ်၊ ကိုင်တဲ့ဖုန်း... ဒါတွေတင်မကပါဘူး။ တကယ်တော့ ကျွန်တော်တို့ နေ့စဉ်အသုံးအဆောင်တွေ ထားရှိတဲ့ အိမ်ရဲ့ Washbasin ဘေးက ပစ္စည်းလေးတွေကအစ သင့်ရဲ့ Lifestyle နဲ့ အသေးစိတ်အထိ သေချာဂရုစိုက်တတ်တဲ့ အလေ့အထကို ဖော်ပြနေတာပါ။ အထူးသဖြင့် နေ့စဉ်ဘဝမှာ အရာဝတ္ထုပေါင်းစုံကို ကိုင်တွယ်နေရပြီး အလုပ်အလွန်လုပ်ရတဲ့ ကျွန်တော်တို့ရဲ့ လက်ဖဝါးနှစ်ဖက်ဟာ အထူးကုသမှုနဲ့ ဂရုစိုက်မှုတွေကို အမြဲတမ်း လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့... အပြင်ကပြန်လာတိုင်း၊ အစားအသောက်မစားခင်တိုင်း၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ခဏခဏ ဆေးရလွန်းလို့ သင့်လက်ဖဝါးလေးတွေ ခြောက်သွေ့ကြမ်းတမ်းပြီး အစိုဓာတ်ခမ်းခြောက်လာတာမျိုး ကြုံတွေ့နေရပြီလား? သန့်ရှင်းဖို့အတွက်နဲ့ ကိုယ့်ရဲ့ နုပျိုအိစက်တဲ့ လက်အထိအတွေ့ကို အနစ်နာခံနေရပြီလား? အခုဆိုရင်တော့ ဒီပြဿနာတွေအားလုံးကို အပြီးတိုင်ဖြေရှင်းပေးမယ့်အပြင်၊ လက်ဆေးရတဲ့ မိနစ်ပိုင်းလေးကိုပါ စိတ်အပန်းပြေစရာ Luxury Moment တစ်ခုအဖြစ် ပြောင်းလဲပေးမယ့် Hand Cleansing Liquid Soap (Luxury) ရှိနေပါပြီ။

Luxuryရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုကတော့ သူ့ရဲ့ Jasmineရနံ့ဆန်းဆန်းလေးပဲ ဖြစ်ပါတယ်။ သာမန်ဆပ်ပြာနံ့မျိုးမဟုတ်ဘဲ Premium ဆန်ပြီး High-class ဖြစ်တဲ့ ရနံ့မျိုးကို အသုံးပြုထားတာကြောင့် လက်ဆေးနေစဉ်မှာတင် စိတ်ကို Relax ဖြစ်စေပြီး လန်းဆန်းသွားစေမှာပါ။ ပိုပြီးမိုက်တာက လက်ဆေးပြီး ရေသုတ်လိုက်တာတောင်မှ သင်းပျံ့တဲ့ ့ Jasmineအနံ့လေးက သင့်လက်ဖဝါးပေါ်မှာ ရေမွှေးဆွတ်ထားသလို ရေရှည်စွဲကျန်ရစ်နေမှာ ဖြစ်ပါတယ်။ အနံ့မွှေးရုံတင်မကပါဘူး၊ လက်ဆေးဆပ်ပြာတစ်ခုရဲ့ အဓိကတာဝန်ဖြစ်တဲ့ "ပိုးမွှားသန့်စင်မှု" ကိုလည်း အပြည့်အဝ တာဝန်ယူပေးပါတယ်။ နေ့စဉ်ထိတွေ့နေရတဲ့ မျက်စိမမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေနဲ့ ညစ်ကြေးတွေကို ထိရောက်စွာနဲ့ အမြှုပ်ထွက်ထွက်လေး ဖယ်ရှားပေးလို့ ကျန်းမာရေးအတွက် ရာနှုန်းပြည့် စိတ်ချရပါတယ်။ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲဖြစ်ဖြစ် လက်ဖဝါးကြမ်းကြမ်းကြီး ဖြစ်နေရင် ယုံကြည်မှု လျော့နည်းရတတ်ပါတယ်။ Luxuryမှာ အသားအရေကို အစိုဓာတ်ထိန်းညှိပေးမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါင်းစပ်ပါဝင်တာကြောင့် လက်ခဏခဏဆေးရင်တောင် အသားပတ်တာ၊ ခြောက်သွေ့တာမျိုး လုံးဝ (လုံးဝ) မရှိဘဲ ဆေးပြီးတာနဲ့ လက်လေးက အိအိနုနုလေး ကျန်ခဲ့မှာပါ။

အိမ်ကို ဧည့်သည်ပဲလာလာ၊ သူငယ်ချင်းတွေပဲ လာလည်လည် Bathroom ထဲဝင်ပြီး လက်ဆေးလိုက်တာနဲ့ ဒီအနံ့၊ ဒီအထိအတွေ့ကြောင့် သင့်ရဲ့ အသေးစိတ်ရွေးချယ်တတ်မှုကို အထင်ကြီးသွားစေမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ နေ့စဉ်ဖြတ်သန်းမှု Lifestyle ကို Hand Cleansing Liquid Soap (Luxury) နဲ့အတူ ပိုမိုစမတ်ကျပြီး အဆင့်အတန်းရှိရှိ ဖြတ်သန်းလိုက်ပါ။ အနံ့မွှေးမွှေး၊ အသားအရေနူးညံ့မှုနဲ့ သန့်ရှင်းမှု သုံးခုစလုံးကို တစ်ဘူးတည်းနဲ့ အပြည့်အဝ ခံစားရရှိနိုင်ပါပြီ။ဈေးနှုန်းနဲ့အသေးစိတ်ကို သိရှိလိုပါက mata Green Hygiene FB Page Messengerမှ မေးမြန်းနိုင်ပြီးတော့ ဖုန်းနံပါတ် 09 973 9999 59သို့ ဆက်သွယ်နိုင်ပါတယ်နော်။

မှာယူလိုပါက Website - www.enviromart.com.mmမှလည်း မှာယူနိုင်သလို ဖုန်းနံပါတ် 09 973 9999 59 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











28/05/2026
23/05/2026

သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အပြင်သွားခါနီးဖြစ်ဖြစ်၊ ရုံးမှာ အရေးကြီးတဲ့ Meeting တက်ဖို့ ရှိလို့ဖြစ်ဖြစ်... ဝတ်မယ့်အကျီကို ကောက်စွပ်လိုက်တဲ့အချိန်မှာ အဝတ်ဗီရိုထဲက အောင်းနံ့ကြီး ဒါမှမဟုတ် မိုးအုံ့လို့ သေချာမခြောက်တဲ့ အနံ့ဆိုးကြီး ထွက်နေရင် တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်ဟုတ်?
ရေမွှေးတွေ ဘယ်လောက်ပဲ ထပ်ဖြန်းဖြန်း... အခြေခံအဝတ်မှာ စွဲနေတဲ့ အောင်းနံ့နဲ့ ရေမွှေးနံ့ ရောသွားတဲ့အခါ အနံ့က ပိုဆိုးသွားပြီး လူကြားထဲသွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝလျော့နည်းစေပါတယ်။ အထူးသဖြင့် နေ့ခင်းဘက် Hot Pot တို့၊ အကင်ဆိုင်တို့ စားပြီးတဲ့အခါမျိုးမှာလည်း အကျီနဲ့ ဆံပင်တွေမှာ အနံ့တွေ စွဲကျန်ခဲ့တတ်တာမျိုး အားလုံး ကြုံဖူးကြမှာပါ။ အဲဒီလို လူမှုရေးအခြေအနေမျိုးတွေမှာ စက္ကန့်ပိုင်းအတွင်း သင့်ရဲ့ယုံကြည်မှုကို ပြန်လည်ရယူပေးနိုင်မယ့် မရှိမဖြစ် ဆောင်ထားရမယ့်အရာလေးတစ်ခု ရှိပါတယ်။ ဒါကတော့ Fabric and Room Spray (Floral Flower) ပါပဲ။

Fabric and Room Spray (Floral Flower)က အဝတ်အထည်တွေပေါ် တိုက်ရိုက်ဖြန်းနဲ့ အခန်းတွင်း အနံ့အသက်ကို ဖျောက်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ Spray ဖြစ်လို့ သင့်ရဲ့ နေ့စဉ် Lifestyle ကို အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။ အဝတ်မှာ စွဲနေတဲ့ ချွေးနံ့၊ အောင်းနံ့၊ မှိုနံ့နဲ့ အစားအသောက် ညှော်နံ့တွေကို အမွှေးနံ့နဲ့ အပေါ်ယံဖုံးအုပ်တာမျိုး မဟုတ်ဘဲ အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးတာပါ။ စူးစူးဝါးဝါး ရေမွှေးနံ့တွေလို ပြင်းပြင်းမဟုတ်ဘဲနဲ့ သဘာဝပန်းမျိုးစုံရနံ့လိုမျိုး နူးညံ့သင်းပျံ့တဲ့ ပန်းရနံ့မို့လို့ သင့်ကို လူကြားထဲမှာ ပိုပြီး အဆင့်အတန်းရှိပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။ အထည်အလိပ် အမျှင်ဓာတ်တွေထဲအထိ စိမ့်ဝင်သွားနိုင်တဲ့ ပုံစံမျိုးနဲ့ ဖော်စပ်ထားလို့ ရေမွှေးထက် အနံ့ပိုမို ကြာရှည်ခံစေပါတယ်။ အဝတ်အထည်တွေပေါ် တိုက်ရိုက်ဖြန်းရင်တောင် အထည်ပျက်စီးတာ ဒါမှမဟုတ် အရောင်ကွက် စွန်းထင်ကျန်ရစ်တာမျိုး မဖြစ်စေပါဘူး။ မနက်အိပ်ရာထရင်ဖြစ်ဖြစ်၊ ညအိပ်ခါနီးရင်ဖြစ်ဖြစ် ခေါင်းအုံးနဲ့ စောင်တွေကို ခပ်ဖွဖွလေး ဖြန်းပေးပါ။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပြီး အိပ်ယာထက်မှာ နိုးထရတာ အမောပြေစေပါတယ်။ ဧည့်ခန်းက လိုက်ကာတွေနဲ့ အဝတ်ဆိုဖာတွေက ဖုန်နဲ့ အနံ့စွဲလွယ်ပါတယ်။ ဖြန်းထားလိုက်ရင် တစ်အိမ်လုံး မွှေးပျံ့ပြီး အိမ်တွင်းအပြင်အဆင်ကိုပါ ပိုပြီး အဆင့်အတန်းရှိသွားစေပါတယ်။ အဝတ်လျှော်ပြီးလို့ အောင်းနံ့ကျန်ခဲ့တာမျိုး၊ ဗီရိုထဲမှာ ကြာကြာထားလို့ မှိုနံ့လိုလိုဖြစ်နေတာမျိုးတွေကို ချက်ချင်းပျောက်ကွယ်သွားစေပြီး အမြဲတမ်း သန့်ရှင်းလတ်ဆတ်တဲ့ အနံ့ကို ထိန်းသိမ်းပေးထားမှာပါ။ အလုံပိတ်ထားလို့ အနံ့အောင်းနေတဲ့ ကားထဲမှာဖြစ်ဖြစ်၊ ဖိနပ်ဗီရိုထဲက အနံ့ဆိုးတွေကိုပါ စက္ကန့်ပိုင်းအတွင်း နှိမ်နင်းပေးနိုင်ပါတယ်။

စျေးနှုန်းလည်း သင့်တင့်ပြီး အသုံးဝင်ပုံကတော့ တစ်အိမ်လုံးအတွက် စုံလင်လှတဲ့ Fabric and Room Spray (Floral Flower) လေးကို အိမ်တိုင်း၊ အခန်းတိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်နော်။ မိမိကိုယ်တိုင်အတွက်ပဲ သုံးသုံး၊ ချစ်ရတဲ့ မိသားစုနဲ့ အိမ်သားတွေ စိတ်အပန်းပြေဖို့ပဲဖြစ်ဖြစ် အခုပဲ အော်ဒါတင်လိုက်တော့နော်။ အသေးစိတ် အသုံးပြုပုံ နဲ့ ဈေးနှုန်းကို သိရှိလိုပါက mata Green Hygiene FB Page Messengerမှ မေးမြန်းနိုင်ပြီးတော့ ဖုန်းနံပါတ် 09 973 9999 59သို့ ဆက်သွယ်နိုင်ပါတယ်နော်။

မှာယူလိုပါက Website - www.enviromart.com.mmမှလည်း မှာယူနိုင်သလို ဖုန်းနံပါတ် 09 973 9999 59 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

Hot Line - 09 973 9999 59
Tiktok-mata Green Hygiene
website-https://enviromart.com.mm/cleaning-chemical/











Address

Yangon
11421

Telephone

+959973999959

Website

Alerts

Be the first to know and let us send you an email when Mata Green Hygiene posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mata Green Hygiene:

Shortcuts

Share