Treasury Japan Experience

Treasury Japan Experience Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Treasury Japan Experience, Yangon.

04/09/2026

☕✨ ဂျပန်ရောက်ရင် Coffee Lover တွေ မဖြစ်မနေ သွားသင့်တဲ့ 4th Largest Starbucks Reserve Roastery! 🇯🇵✨

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Nakameguro မှာရှိတဲ့ Starbucks Reserve® Roastery Tokyo ဟာ ကမ္ဘာပေါ်မှာ ၅ ခုမြှောက်နဲ့ ဂျပန်မှာတော့ ၄ ခုမြှောက် အကြီးဆုံး Starbucks ဆိုင်ကြီးပဲ ဖြစ်ပါတယ်။

သာမန် Starbucks ဆိုင်တွေနဲ့ မတူဘဲ ဘာလို့ ဒီဆိုင်ကို မဖြစ်မနေ သွားလည်သင့်တာလဲ? 👇

☕ ၁။ တိုကျိုရဲ့ အလှဆုံး Meguro River ဘေးမှာ ရှိတာ
နွေဦးရာသီ (Cherry Blossom Season) ဆိုရင် မဲဂုရိုမြစ်ဘေးတစ်လျှောက် ဆာကူရာပန်းတွေ ဝေဝေဆာဆာ ပွင့်တာမို့ ဆိုင်ရဲ့ Balcony ကနေ ကော်ဖီသောက်ရင်း သဘာဝအလှကို တဝကြီး ခံစားနိုင်ပါတယ်။

☕ ၂။ မြေညီထပ်ကနေ ၄ ထပ်အထိ မတူညီတဲ့ Experiential Zone များ

1st Floor (Main Bar): ကြီးမားတဲ့ ကော်ဖီလှော်စက်ကြီး (Copper Cask) နဲ့အတူ လတ်လတ်ဆတ်ဆတ် လှော်ထားတဲ့ ကော်ဖီဆန်းတွေကို မြင်တွေ့ရမယ်။

2nd Floor (Teavana Bar): ကော်ဖီမသောက်သူတွေအတွက် ဂျပန်ရိုးရာ လက်ဖက်ရည်နဲ့ လက်ဖက်စိမ်း (Matcha) သီးသန့် Menu တွေ ရနိုင်မယ်။

3rd Floor (Arriviamo Bar): Coffee Cocktail တွေ သောက်လို့ရတဲ့ အဆင့်မြင့် Bar ဘက်စုံပါဝင်ပါတယ်။

4th Floor (AMU Inspiration Lounge): ပွဲလမ်းသဘင်နဲ့ Relax လုပ်ဖို့နေရာ သီးသန့်ပေးထားပါတယ်။

☕ ၃။ Princi Bakery ရဲ့ အီတလီစတိုင် ပေါင်မုန့်နှင့် မုန့်မျိုးစုံ
Starbucks Reserve တိုင်းမှာ မရနိုင်တဲ့ အီတလီနာမည်ကြီး Princi Bakery ရဲ့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်၊ Pizzas နဲ့ Desserts တွေကို ဒီမှာတင် ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။
☕ ၄။ Limited Edition Souvenirs & Merchandise
ဒီ Nakameguro Roastery မှာပဲ သီးသန့်ရနိုင်တဲ့ Reserve Tumbler တွေ၊ ဂျပန်လက်ရာ Merchandise တွေကို အမှတ်တရ ဝယ်ယူစုဆောင်းနိုင်ပါတယ်။

တိုကျိုကို ခရီးသွားဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီ Roastery ကြီးကို package plan ထဲပါအောင် ထည့်ပေးမှာပါနော်! Tour package အတွက် အသေးစိတ် စုံစမ်းချင်ရင်တော့ page messenger မှာလာရောက် စုံစမ်းနိုင်ပါပြီ နော် ✨

31/08/2026

🌸 Sora T&T နဲ့အတူ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ကြစို့! 🇯🇵✨

စည်ကားလှပတဲ့ မြို့ပြအလှတရားတွေ၊ ထင်ရှားတဲ့ လည်ပတ်စရာနေရာတွေနဲ့ ဂျပန်နိုင်ငံရဲ့ ဆွဲဆောင်မှုရှိတဲ့ ယဉ်ကျေးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရှုဖို့ အဆင်သင့်ပဲလား?

အမှတ်တရပေါင်းများစွာနဲ့ ပြည့်နှက်နေမယ့် ၄ ညအိပ် ၃ ရက် ဂျပန်ခရီးစဉ် Package လေးကို Sora T&T ကနေ စီစဉ်ပေးထားပါတယ်။ ✈️🌸

✨ ခရီးစဉ်အသေးစိတ်:
ကြာမြင့်ချိန်: ၄ ညအိပ် ၃ ရက် (4 Nights / 3 Days)

ဈေးနှုန်း: တစ်ဦးလျှင် USD 2,000 မှ စတင်ပါမည်။

ဝန်ဆောင်မှုပေးသူ: Sora T&T ခရီးသွားလုပ်ငန်း
လူဦးရေ ကန့်သတ်ထားတာမို့ အခုပဲ အမြန်ဆုံး ဆက်သွယ်စုံစမ်းမှာယူလိုက်ပါနော်။

ခရီးစဉ်ဇယား (Itinerary) အသေးစိတ်ကို သိရှိလိုပါက Messenger ကနေ စာပို့၍သော်လည်းကောင်း၊ ကွcomment မှာမေးမြန်း၍သော်လည်းကောင်း စုံစမ်းနိုင်ပါတယ်ရှင့် ✨

🌸 သီတင်းကျွတ်ပိတ်ရက်မှာ ဂျပန်နိုင်ငံသို့ အလည်အပတ်သွားကြစို့ 🌸သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ...
22/08/2026

🌸 သီတင်းကျွတ်ပိတ်ရက်မှာ ဂျပန်နိုင်ငံသို့ အလည်အပတ်သွားကြစို့ 🌸

သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဂျပန်နိုင်ငံရဲ့ အလှအပတွေကို အပြည့်အဝ ခံစားနိုင်ဖို့ SORA Travel & Tour မှ Japan Tour Package လေးအတွက် Booking စတင်လက်ခံနေပါပြီ။

ပါဝင်သော ဝန်ဆောင်မှုများ
ကြာမြင့်ချိန်: ၄ ညအိပ် ၃ ရက်ခရီးစဉ်
အသွားအပြန် လေယာဉ်လက်မှတ် (Roundtrip Airfare)
3/4 **** ဟိုတယ်များ (Comfortable Hotel Accommodation)
လည်ပတ်မည့်နေရာများ:
Tokyo မြို့အတွင်း အထင်ကရနေရာများ / Mt. Fuji/ Kamakura/ Yokohama စသည့် နာမည်ကြီး နေရာစုံ ခရီးစဉ်များ

စျေးနှုန်း - ၁ ဦးလျှင် 2,000 USD မှ စတင်ပါသည်။

သီတင်းကျွတ် ပိတ်ရက်မှာ ခရီးသွားဖို့ စဉ်းစားနေသူများ Japan ရဲ့ ရာသီဥတုသာယာပြီး အလှဆုံးအချိန် October ဖြစ်တဲ့အတွက် အမြန်ဆုံး booking ရယူလိုက်ပါနော် ✨

Tour package ကိုလည်း customers တွေရဲ့ စိတ်ကြိုက် သွားချင်တဲ့ နေရာလေးတွေ ပြောပြရင် အဆင်ပြေအောင် customise လုပ်ပေးပါတယ်နော်

🌸 သီတင်းကျွတ်ပိတ်ရက်မှာ ဂျပန်နိုင်ငံကို စိတ်အေးချမ်းသာစွာ လည်ပတ်ကြရအောင်! 🌸သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ မိတ်ဆ...
20/08/2026

🌸 သီတင်းကျွတ်ပိတ်ရက်မှာ ဂျပန်နိုင်ငံကို စိတ်အေးချမ်းသာစွာ လည်ပတ်ကြရအောင်! 🌸

သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပုံမှန်ခရီးစဉ်တွေနဲ့မတူဘဲ ဆန်းသစ်ပြီး အမှတ်တရကျန်ရစ်မယ့် Japan Holiday Tour လေးကို Sora Travel & Tour ကနေ စီစဉ်ပေးထားပါတယ်။

✨ Sora Travel & Tour နဲ့ အတူသွားရင် ဘာကြောင့် ပိုအဆင်ပြေတာလဲ

စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်ခြင်း: ဗီဇာကိစ္စများမှစ၍ ခရီးစဉ်တစ်ခုလုံး၏ လုံခြုံစိတ်ချရမှုအတွက် လူကြီးမင်းတို့ဘက်မှ စိတ်ပူစရာမလိုဘဲ အစစအရာရာ တာဝန်ယူပေးထားပါတယ်

စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ခြင်း: ခရီးစဉ်လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အဆင်ပြေပြေ တည်းခိုလည်ပတ်နိုင်ရန် သေချာစနစ်တကျ လည်းစီစဉ်ပေးထားပါသေးတယ်နော်

ဝန်ဆောင်မှုကောင်းမွန်ခြင်း: လမ်းခရီးတစ်လျှောက် စိတ်အေးချမ်းသာစွာနဲ့ အမှတ်တရကောင်းများစွာ ဖန်တီးနိုင်ရန် ဂရုတစိုက် ဝန်ဆောင်မှုပေးခြင်း

✨ Package Starting Price: USD 2,000 / 1 pax📞 အသေးစိတ်စုံစမ်းမေးမြန်းပြီး စာရင်းပေးသွင်းရန်
Phone: +66 086102183
Page: Treasury Japan Experience
Email: [email protected]

နေရာကန့်သတ်ချက်ရှိတာမို့ အခုပဲ Booking တင်ပြီး သီတင်းကျွတ်ပိတ်ရက်အတွက် အကောင်းဆုံး ခရီးစဉ်တစ်ခုကို ပုံဖော်လိုက်ပါ။ ✈️🇯🇵

Shinjuku Nightlife, (Tokyo,Japan )🇯🇵✨Japan နိုင်ငံရဲ့ Night life ကို အပြည့်အဝခံစားနိုင်မဲ့ Shinjuku Night tour ကိုလည်း t...
19/08/2026

Shinjuku Nightlife, (Tokyo,Japan )🇯🇵✨

Japan နိုင်ငံရဲ့ Night life ကို အပြည့်အဝခံစားနိုင်မဲ့ Shinjuku Night tour ကိုလည်း tour package ထဲမှာ လုံးဝ ပါအောင် ထည့်ပေးအုံးမှာနော်

Kabukicho: နီယွန်မီးရောင်စုံနဲ့ အစည်ကားဆုံး ဖျော်ဖြေရေးလမ်းမကြီး။

Omoide Yokocho: ရှေးဟောင်းပုံစံ လမ်းကြားလေးထဲမှာ အရသာရှိတဲ့ ကြက်သားကင် စားမယ့်နေရာ။

Golden G*i: ဂျပန်စတိုင် ဘားသေးသေးလေးတွေ စုစည်းထားတဲ့ သီးသန့်နေရာ။

Shinjuku City Stroll: ညဘက် လမ်းလျှောက်ရင်း စျေးဝယ်/ဓာတ်ပုံရိုက်မယ့် အစီအစဉ်။

လာမဲ့ သီတင်းကျွတ် ပိတ်ရက် အမှီ ဂျပန်လာလည်ဖို့ ဆိုရင်တော့ ခုပဲ booking တင်ဖို့ ဆက်သွယ်လိုက်တော့နော် 🥰

✨ သီတင်းကျွတ် ပိတ်ရက်မှာ Tokyo မြို့ရဲ့ ဆောင်းဦးအလှကို ခံစားဖို့ အဆင်သင့်ဖြစ်ပြီလား? 🇯🇵🍁  ဒီနှစ် သီတင်းကျွတ် ပိတ်ရက်မှာ ...
19/08/2026

✨ သီတင်းကျွတ် ပိတ်ရက်မှာ Tokyo မြို့ရဲ့ ဆောင်းဦးအလှကို ခံစားဖို့ အဆင်သင့်ဖြစ်ပြီလား? 🇯🇵🍁
ဒီနှစ် သီတင်းကျွတ် ပိတ်ရက်မှာ မိသားစုနဲ့အတူဖြစ်ဖြစ်၊ ချစ်သူငယ်ချင်းတွေနဲ့အတူဖြစ်ဖြစ် Tokyo 3Night / 4Days Premium Tour Package လေးနဲ့ အပန်းဖြေခရီး ထွက်ကြရအောင်!

ဆောင်းဦးရာသီရဲ့ သာယာလှပတဲ့ ရာသီဥတုနဲ့အတူ Tokyo ရဲ့ နာမည်ကြီး လည်ပတ်စရာတွေကို စိတ်ကြိုက် လည်ပတ်နိုင်မယ့် အခွင့်အရေးပါ။

💰 Package Price: starts from USD 2,000 ~ (1 Pax)

Package ထဲမှာ ဘာတွေပါဝင်မလဲ?
✅ International Flight Ticket (အသွားအပြန် လေယာဉ်လက်မှတ်)
✅ Hotel Accommodation (3 Night Stay - 3-Star / 4-Star Hotel)
✅ Airport Transfer (လေဆိပ် အကြို/အပို့ ဝန်ဆောင်မှု)
✅ Daily Breakfast (နံနက်စာ ပါဝင်ပြီး)
✅ Guided City Tour (အဓိက လည်ပတ်စရာနေရာများ)

3D4N Highlight Itinerary
Day 1: Tokyo လေဆိပ်သို့ ရောက်ရှိခြင်း ➔ Private Transfer ဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးခြင်း ➔ ရောက်ရှိပြီးနောက် မြို့ထဲတွင် လွတ်လပ်စွာ အပန်းဖြေခြင်း။

Day 2: Tokyo Classic Landmarks ➔ Sensoji Temple (Asakusa) သို့ သွားရောက်ဖူးမြော်ခြင်း ➔ Nakamise Shopping Street တွင် အမှတ်တရပစ္စည်းများ ဝယ်ယူခြင်း ➔ Tokyo Skytree & Shibuya Crossing.

Day 3: Nature & Autumn Scenery ➔ Mt. Fuji (ဖူဂျီတောင်) & Kawaguchiko ဧရိယာသို့ သွားရောက်ကာ ဆောင်းဦးအလှကြည့်ရှုခြင်း သို့မဟုတ် Tokyo Disneyland / DisneySea Day Trip.

Day 4: Hotel Check-out ➔ Shinjuku / Ginza တွင် နောက်ဆုံးမိနစ် Shopping ထွက်ခြင်း ➔ Airport Transfer ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးခြင်း

ခရီးစဉ်အတွက် ကြိုတင် Booking ပြုလုပ်လိုပါက page messenger သို့လာရောက် စုံစမ်း မေးမြန်းနိုင်ပါပြီရှင့် ✨
Seat ဦးရေ 7 ယောက်ထိပဲ ကန့်သတ်ထားတာမို့ ခုပဲ သီတင်းကျွတ် ခရီးစဉ်အတွက် အခုပဲ booking တင်လိုက်တော့နော်

အဖေနဲ့ အမေနဲ့ ခရီးသွားသင့်တဲ့ အကြောင်းရင်း ကိုပြောပြမယ် ကိုယ်တွေ အရွယ်ရောက်လာပြီး ကိုယ်ပိုင်ကမ္ဘာလေးတွေနဲ့ အလုပ်ရှုပ်နေခ...
18/08/2026

အဖေနဲ့ အမေနဲ့ ခရီးသွားသင့်တဲ့ အကြောင်းရင်း ကိုပြောပြမယ်

ကိုယ်တွေ အရွယ်ရောက်လာပြီး ကိုယ်ပိုင်ကမ္ဘာလေးတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ အဖေနဲ့ အမေကတော့ ကိုယ်တွေပြန်လာမယ့်အချိန်ကို စောင့်ရင်း အသက်တွေ တဖြည်းဖြည်း ကြီးလာကြပြီ

ငယ်ငယ်တုန်းက လက်ကလေးဆွဲပြီး ခရီးတွေတူတူသွားခဲ့တဲ့ သူတွေကို ခုချိန်မှာ ကိုယ်တွေဘေးမှာထားပြီး ခရီးတစ်ခု မထွက်ချင်ဘူးလား… ❤️✨

အမှတ်တရဆိုတာ အချိန်တန်ရင် ဝယ်လို့မရတော့ဘူး
အလုပ်တွေ၊ ပိုက်ဆံတွေဆိုတာ နောက်မှ ပြန်ရှာလို့ ရပေမဲ့ အဖေနဲ့ အမေနဲ့ အတူတူရယ်မောခဲ့ရတဲ့ စက္ကန့်ပိုင်းလေးတွေကိုတော့ အချိန်ပြန်လှည့်ပြီး ဝယ်လို့မရဘူး။ သူတို့ ကျန်းမာရေးကောင်းတုန်း၊ လမ်းလျှောက်နိုင်တုန်းလေးမှာ အမှတ်တရလှလှလေးတွေ များများဖန်တီးထားလိုက်ရအောင်လား

အဖေနဲ့ အမေရဲ့ "ကလေးဆန်ဆန်" ပျော်ရွှင်မှုကို မြင်ချင်သေးတယ် ဟုတ်
အိမ်မှာဆို အမြဲ လေးနက်ပြီး တာဝန်ကြီးမားလှတဲ့ မိဘဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ရောလူရော ပင်ပန်းနေကြရတာ။ ခရီးသွားတဲ့အခါမှ သူတို့လည်း ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ရယ်မောကြတာ၊ ဓာတ်ပုံရိုက်ရင် ပို့စ်တွေမျိုးစုံပေးပြီး ပျော်နေကြတာကို တွေ့ရလိမ့်မယ်

မိသားစုကြားက အကွာအဝေးတွေကို နီးကပ်သွားစေချင်ရင် ခရီးတူတူသွားရတယ်တဲ့
နေ့စဉ်ဘဝရဲ့ ရုတ်ခြည်းရှုပ်ထွေးမှုတွေကြားမှာ စကားအေးအေးဆေးဆေး မပြောဖြစ်ကြဘူး မဟုတ်လား။ ခရီးသွားရင်း လမ်းမှာ ကားစီးရင်း၊ အစားအသောက်တွေ အတူစားရင်းနဲ့မှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာပြီး ပိုပြီး နီးကပ်သွားစေပါတယ်။

မိဘတွေရဲ့ အပြုံးက သားသမီးတွေအတွက် အကြီးမားဆုံး အောင်မြင်မှုပဲ မဟုတ်လား
လှပတဲ့ ရှုခင်းကြီးကို ကြည့်ပြီး အဖေနဲ့ အမေရဲ့ မျက်နှာမှာ သဘောကျတဲ့ အပြုံးလေးတွေ၊ "အေးချမ်းလိုက်တာ" ဆိုတဲ့ စကားသံလေးတွေကို ကြားရတာထက် ပိုပြီး ကျေနပ်စရာကောင်းတဲ့ ခံစားချက်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး။

အချိန်ဆိုတာ ဘယ်သူ့ကိုမှ စောင့်မနေဘူး။
ဒါကြောင့် ဒီနေ့ပဲ အဖေနဲ့ အမေ့ကို "ခရီးတစ်ခုလောက် သွားရအောင်" လို့ လှမ်းပြောလိုက်ရအောင်လား… 🧳✈️❤️

Japan ခရီးစဉ်အတွက် စုံစမ်းချင်ရင်တော့ SORA travel & tour ကို ဆက်သွယ်လိုက်နော် 🥰

ဂျပန်နိုင်ငံကို ခရီးထွက်တော့မယ်ဆိုရင် အစားအသောက်ကောင်းကောင်း စားရဖို့ကလည်း မပါမဖြစ် ပျော်စရာကြီးပါပဲ 🍣🍜လတ်လတ်ဆတ်ဆတ် Sash...
18/08/2026

ဂျပန်နိုင်ငံကို ခရီးထွက်တော့မယ်ဆိုရင် အစားအသောက်ကောင်းကောင်း စားရဖို့ကလည်း မပါမဖြစ် ပျော်စရာကြီးပါပဲ 🍣🍜

လတ်လတ်ဆတ်ဆတ် Sashimi ၊ Sushi တွေအပြင် ရေနွေးငွေ့တထောင်းထောင်းနဲ့ အရသာရှိလှတဲ့ Ramen ပူပူလေးတွေထဲက...
"ဂျပန်လာလည်ရင် စားမယ်လို့ တွေးထားတဲ့ အစားအစာတစ်ခုက ဘာများလဲ"

ဂျပန်ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းလိုပါက SORA Travel & Tour သို့ အချိန်မရွေး ဆက်သွယ် စုံစမ်းနိုင်ပါပြီရှင့် 🌸

17/08/2026

🇯🇵 Kamakura ၏ထင်ရှားလှသော ရုပ်ပွားတော်ကြီးဆီသို့ ခရီးစဉ် (Kamakura Big Buddha) 🏯
ဂျပန်နိုင်ငံ၊ ခရိုင် (Kanagawa) ရဲ့ သမိုင်းဝင် Kamakura မြို့မှာ တည်ရှိတဲ့ Kamakura Daibutsu (ကမကူရ ရုပ်ပွားတော်ကြီး) ဟာ ဂျပန်သို့ သွားရောက်လည်ပတ်သူတိုင်း မဖြစ်မနေ သွားရောက်သင့်သည့် နေရာတစ်ခု ဖြစ်ပါတယ်။
၁၃ ရာစု (၁၂၅၂ ခုနှစ်) ကတည်းက ကြေးနီဖြင့် သွန်းလုပ်ပူဇော်ခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံကာ မူလအတိုင်း တည်ရှိနေသည့် ဤရုပ်ပွားတော်ကြီး၏ အဓိက လည်ပတ်ဖွယ်ရာများနှင့် အချက်အလက်များမှာ -

🗿 အတိုင်းအတာနှင့် သမိုင်းကြောင်း: အမြင့် ၁၃.၃၅ မီတာ (၄၃.၈ ပေ) ရှိပြီး ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ကြေးနီရုပ်ပွားတော်ကြီး ဖြစ်ပါသည်။

⛩️ ဟာဆာဒေရကျောင်းတော် (Hase-dera Temple): ရုပ်ပွားတော်ကြီးအနီးတွင် တည်ရှိပြီး ပန်းခြံအလှများနှင့် ခမကုရ ကမ်းခြေရှုခင်းကို အထက်စီးမှ ကြည့်ရှုနိုင်ပါတယ်

🚆 တိုကျိုမှ လွယ်ကူစွာ သွားရောက်နိုင်မှု: တိုကျိုမြို့မှ ရထားဖြင့် ၁ နာရီခန့်သာ သွားရသဖြင့် Day Trip အဖြစ် သွားရောက်နိုင်ပါတယ်

🍦 Komachi-dori လမ်းမပေါ်မှ ဒေသစာများ: Kamakura ရထားဘူတာအနီးရှိ လမ်းမပေါ်တွင် ဒေသထွက် မုန့်မျိုးစုံနှင့် အမှတ်တရပစ္စည်းများကို စိတ်ကြိုက် ဝယ်ယူနိုင်ပါသည်။

SORA Travel & Tour ၏ Japan Tour Package များတွင် တိုကျိုနှင့်နီးစပ်သော Kamakura မြို့ ခရီးစဉ်များကိုပါ စနစ်တကျ ထည့်သွင်းစီစဉ်ပေးပါတယ်နော် 🥰

ခရီးစဉ်အသေးစိတ်နှင့် ဗီဇာဝန်ဆောင်မှုများအတွက် Page Messenger သို့ဆက်သွယ်စုံစမ်းနိုင်ပါပြီ ✨

Japan Tour Package 🇯🇵✈️ဂျပန်နိုင်ငံသို့ ခရီးသွားချင်သူများအတွက် ဗီဇာ လျှောက်ထားခြင်းမှစ၍ ခရီးစဉ် တစ်ခုလုံးကို စနစ်တကျ စီ...
17/08/2026

Japan Tour Package 🇯🇵✈️

ဂျပန်နိုင်ငံသို့ ခရီးသွားချင်သူများအတွက် ဗီဇာ လျှောက်ထားခြင်းမှစ၍ ခရီးစဉ် တစ်ခုလုံးကို စနစ်တကျ စီစဉ်ပေးမည့် SORA Travel & Tour ✨

Page မှတစ်ဆင့် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများ :
Visa Service: ဂျပန်ဗီဇာ လျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်းဆိုင်ရာ အကူအညီများ။

Flight & Hotel Booking: လေယာဉ်လက်မှတ်နှင့် ဟိုတယ်များ ကြိုတင်ဘိုကင်တင်ပေးခြင်း။

Group & Individual Tours: မိသားစု၊ သူငယ်ချင်း သီးသန့် Group Tour များ တင်မက တစ်ဦးတည်း သွားရောက်မည့် ခရီးစဉ်များ အတွက်ပါ ရေးဆွဲပေးခြင်း။

Full Travel Itinerary: တိုကျို၊ အိုဆာကာ၊ ကျိုတို စသည့် မြို့အလိုက် လည်ပတ်ရန်နေရာများ စနစ်တကျ စီစဉ်ပေးခြင်း။

ဂျပန်ခရီးစဉ် လျှောက်ထားလိုသူများနှင့် စုံစမ်းလိုသူများအနေဖြင့် Page Messenger သို့မဟုတ် gmail သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါပြီ နော် 🥰

Address

Yangon

Alerts

Be the first to know and let us send you an email when Treasury Japan Experience posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share