E-Book shelf - YSY online book store

E-Book shelf - YSY online book store Bookstore sell & borrow

R.I.P ပါ ဆရာ 😞
13/07/2025

R.I.P ပါ ဆရာ 😞

25/05/2025

ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏
စာရေးသက် ၆၀ နှစ်နှင့်
အသက်(၈၀)ပြည့်မွေးနေ့
အထိမ်းအမှတ်အဖြစ်
စာပေဆုပြိုင်ပွဲ ကျင်းပမည်
ဖြစ်ပါသည်။

ဆု အမည်နှင့် စာပေဆုပြိုင်ပွဲ
စည်းကမ်းများကိုအသိပေး
ဖော်ပြအပ်ပါသည်

စာပေဆု
***
"စမ်းစမ်းနွဲ့(သာယာဝတီ)စာပေဆု"

စာပေဆု အကဲဖြတ် ဒိုင်
***
၁။ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)
၂။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)

စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်များ
***
၁။ဆရာမ မိချမ်းဝေ
၂။ဆရာမ သန်းမြင့်အောင်
၃။ဆရာမ နှင်းဝေငြိမ်း
၄။ဆရာမရာသက်ပန်
(တောင်ငူဆောင်)
၅။ဆရာမ ခင်သန္တာ
၆။ဆရာ ဇူးကျော်
၇။ဆရာမင်းဝေဟင်

စာမူဆု ကျင်းပမည့်နေ့
***
၂၈-၈-၂၅(ကြာသပတေးနေ့)

စာပေဆုချီးမြှင့်မည့်အစီအစဥ်
***
ပထမဆု ၁၀သိန်း
ဒုတိယဆု ၇ သိန်း
တတိယဆု ၅သိန်း
*နှစ်သိမ့်ဆု ( ၁၂ )ဆုအတွက်
၁ ဆု(၁)သိန်းကျပ်

စာမူစည်းကမ်းချက်များ
****
၁။ ခေတ်ပြိုင် ရသဝတ္ထုတို
ဖြစ်ရမည်။
၂။(က) A4 စာမျက်နှာ အနည်းဆုံး (၆)မျက်နှာ၊အများဆုံး( ၇ )မျက်နှာထက်မပိုသည့် ၁၄ပွိုင့်ကွန်ပျူတာစာစီပြီးစာမူ
(ခ) သပ်ရပ်ပြီး ဖတ်ရလွယ်ကူ
သည့်လက်ရေးမူဖြင့် (၈)မျက်နှာ မှ အများဆုံး ( ၉ )မျက်နှာထက်
မပိုသောလက်ရေးစာမူ

၄။စာမူကို Gmail/viber/စာတိုက် တဆင့် ပေးပို့နိုင်ပါသည်။

၅။စာမူပိတ်ရက်- ၁၀-၇-၂၀၂၅ နေ့
ညနေ ၄း၀၀နာရီ

၆။ စာမူရှင်ပေးပို့သူ၏ လိပ်စာ
ဆက်သွယ်ရန် ...ဖုန်းနံပါတ်
Fb /viber
၇။ဝန်ခံချက်....
စာမူအား ကိုယ်တိုင်ရေးသားသော စာမူအသစ်ဖြစ်ပြီးမည်သည့်
မီဒီယာ Fb ၊ page onlineမဂ္ဂဇင်း၊ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ခြင်းမရှိစေရ။
၈။ ဆုရစာရင်းအား ဆုပေးပွဲရက်
မတိုင်ခင် ၁ပတ် ကြိုတင်၍ ကြေညာပေးပါမည်။
၉။ဆုရစာမူများအား ဆုပေးပွဲအပြီး
၁ပတ်အတွင်း ဆုရွေးချယ်ရေးအဖွဲ့၏ ဖဘ ၊page များမှဂုဏ်ပြု ဖော်ပြပေးမည်ဖြစ်ပါမည်။

စာမူပေးပို့ရန်လိပ်စာ
****
Tha Lantern House
အနော်ရထာလမ်းနှင့်
ဗိုလ်အောင်ကျော်လမ်းထောင့်
ရုံးအမှတ်(၇) ဝန်ကြီးများရုံး
ဖုန်း...

မှတ်ချက်= ၁နှစ်အတွင်းစာအုပ်အဖြစ်ထုတ်ဝေနိုင်ပါက ဆုရ
စာမူရှင်မှသဘောတူခွင့်ပြုနိုင်ပါမည့်အကြောင်းလည်းကြိုတင် အသိပေးအပ်ပါသည်။

အားလုံးပဲ မင်္ဂလာပါ YSY online book store page လေးမှ ကြိုဆိုပါတယ်.....ဒီပေ့ချ်လေးမှာ ၂၀၂၀ ကိုဗစ်ကာလမှာကတည်းက စာအုပ်လေးတွ...
24/05/2025

အားလုံးပဲ မင်္ဂလာပါ YSY online book store page လေးမှ ကြိုဆိုပါတယ်.....

ဒီပေ့ချ်လေးမှာ ၂၀၂၀ ကိုဗစ်ကာလမှာကတည်းက စာအုပ်လေးတွေရောင်းဖြစ်ခဲ့တာပါ အိမ်ထဲက အိမ်ပြင်ထွက်ဖို့ခက်ခဲတဲ့သူတွေ ၊ အိမ်ပြင်မထွက်ရမယ့်အတူတူ စာအုပ်ဖတ်ပြီး အချိန်ဖြုန်းမယ်လို့ စဥ်းစားတဲ့သူတွေ ၊ စာဖတ်ရတာကြိုက်တဲ့သူတွေ၊ စာအုပ်စုဆောင်းချင်သူတွေ အစရှိသဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ဘယ်လိုပဲရှိရှိ အမြတ်အစွန်းအများကြီး မယူပဲ ရောင်းပေးချင်တဲ့စိတ်လေးနဲ့ စတင်ဖြစ်ခဲ့တာပါပဲ . . . . .

တကယ်ဆို မင်မင်ကိုယ်တိုင်လဲ စာဖတ်ဝါသနာပါတဲ့သူတယောက်မို့လို့ ပထမတော့ ကိုယ်ပိုင်ပေ့ချ်လေးမှာ ချက်ချင်းဝယ်မဖတ်ဖြစ်ကြသေးလည်း အလကားဖတ်နိုင်တဲ့ ဖတ်လို့ရတဲ့ စာပေဝါသနာရှင်တွေရဲ့ အိုအေစစ်လေး ဖန်တီးပေးချင်တယ်ဆိုတဲ့စိတ်လေးရှိပေမဲ့ နောက်ပိုင်းမူပိုင်ခွင့်ကိစ္စတွေပေါ်လာတဲ့အခါမှာတော့ ကိုယ့်ရဲ့စိတ်ကူးလေးမှေးမှိန်သွားခဲ့ရတယ် .....

ငယ်ငယ်ကတည်းက စာဖတ်ရတာအရမ်းကြိုက်တဲ့သူတယောက်မို့လို့ စာအုပ်အငှားဆိုင်ယဥ်ကျေးမှုလေး ပျောက်ကွယ်သွားတာလည်း နှမျောမိသလို စာရေးဆရာတွေ ကိုယ်တိုင်ဟောတဲ့ စာပေဟောပြောပွဲတွေ ပျောက်လုနီးနီး ဖြစ်သွားတာလည်း အင်မတန် ရင်နာရပါတယ်....

ဒါကြောင့် မင်မင်အနေနဲ့ ခုလိုပေ့ချ်ထောင်ပြီး စာအုပ်ရောင်းနေတာဟာ စာ​အုပ်စာ​​ပေကို ချစ်တဲ့စိတ်တခုထဲအရင်းခံပြီး ရောင်းတာဖြစ်တဲ့အတွက် အချို့သော online page တွေလိုမျိုး အမြဲactiveမဖြစ်နိုင်တာလေးတွေလည်း တွေ့မိကြမှာပါ ပြီးတော့ ဒီပေ့ချ်လေးကနေ စာအုပ်ဝယ်ရတာ စာအုပ်တွေအကြောင်းမေးရတာ အဆင်မပြေ ဖြစ်ခဲ့တာမျိုးရှိခဲ့ရင်လည်း နားလည်ပေးပါလို့ တခါတည်း တောင်းဆိုချင်ပါတယ်......

မင်မင်က ကုမ္ပဏီဝန်ထမ်း တယောက်ဆိုတော့ အားတဲ့အချိန်လေးမှာမှ page အတွက် စာလေးတွေ စာအုပ်ကြော်ငြာလေးတွေ တင်ဖြစ်ပါတယ် adminသီးသန့်လဲမရှိတော့ ရေး ဆို တီး ဒီတယောက်ထဲပါလို့လေ 😁
စာအုပ်အမှာစာလေးတွေ ရလို့ delivery အပ်တဲ့အခါ ပို့ခလေးတွေ စျေးများတာလေးတွေအတွက်လည်း အားနာမိပါရဲ့ ဒါကြောင့် စာပေချစ်သူတွေကို သက်သာမယ့်နည်းလမ်းလေးတွေ ရှာဖွေရတော့တာပေါ့လေ အဲ့တော့ စာပေချစ်သူတွေက တခုပဲတာဝန်ယူပေးပါ အဲ့ဒါကတော့ စာအုပ်တွေ မကြာမကြာ မှာပေးကြပါလို့ 😄 မင်မင်က ပို့ခသက်သာအောင် ကြိုးစားပေးပါ့မယ် ...........................
ကျေးဇူးတင်စွာဖြင့်
YSY ONLINE BOOK STORE 😍😍😍

နုနုရည်အင်းဝ ရဲ့ အသစ်ထွက်ထားတဲ့ပုံမဝေးဘု......ရောက်လုပါပြီစာအုပ်လေး ဒီtiktok အကောင့်လေးထဲမှာ စာမြည်းလေးဖတ်ပြထားပါတယ် 👇ဒီ...
16/02/2025

နုနုရည်အင်းဝ ရဲ့ အသစ်ထွက်ထားတဲ့
ပုံမဝေးဘု......ရောက်လုပါပြီ
စာအုပ်လေး ဒီtiktok အကောင့်လေးထဲမှာ စာမြည်းလေးဖတ်ပြထားပါတယ်
👇ဒီလင့်လေးကို ကလစ်နှိပ်ပြီး နားထောင်ပေးကြပါအုံး
စာအုပ်လေးကို ကိုယ်တိုင်ဖတ်ရှုချင်တယ်ဆိုရင်ဖြင့်
E-Book shelf - YSY online book store မှာ တန်ဖိုး ၁၃၅၀၀ကျပ်နှင့် ဝယ်ယူအားပေးနိုင်ပါပြီနော်
#နုနုရည်အင်းဝ
#စာပေချစ်သူ
#ဝတ္ထုတိုများ ...
https://vt.tiktok.com/ZSM2J9w2a/...

“စာဖတ်ရင်း ကုသိုလ်ရမဲ့ အွန်လိုင်းပေါ်က မောင်လူခွေးစာအုပ်ဆိုင်လေး"စာအုပ်တစ်အုပ်ဝယ်တိုင်း စာအုပ်တန်ဖိုးရဲ့ ၅၀ရာခိုင်နှုန်း...
15/05/2024

“စာဖတ်ရင်း ကုသိုလ်ရမဲ့ အွန်လိုင်းပေါ်က မောင်လူခွေးစာအုပ်ဆိုင်လေး"

စာအုပ်တစ်အုပ်ဝယ်တိုင်း စာအုပ်တန်ဖိုးရဲ့ ၅၀ရာခိုင်နှုန်းကို လိုအပ်နေတဲ့ ခွေးဂေဟာတွေကို လှုဒါန်းပေးတဲ့ မောင်လူခွေး အွန်လိုင်းစာအုပ်အဟောင်းဆိုင်လေးတစ်ဆိုင် ရန်ကုန်မြို့မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

စာဖတ်ရင်းကုသိုလ်ပါရမယ့် ဒီစိတ်ကူးလေးကို လမ်းဘေးခွေးလေးတွေကို ချစ်တတ်တဲ့ အသက်၂၀အရွယ် လူငယ် ကိုဘုန်းမြတ်မင်းသူက လွန်ခဲ့တဲ့ ငါးလခန့်ကမှ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ‘မောင်လူခွေး’ အွန်လိုင်းစာအုပ်ဆိုင်ဟာ အပြင်မှာရှာရခက်ခဲတဲ့ စာအုပ်အဟောင်းတွေထဲက စာအုပ်ကောင်းတွေကို အွန်လိုင်းကနေရောင်းချပေးတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်က အကူအညီလိုနေတဲ့ လမ်းဘေးခွေးလေးတွေအတွက် လှုချင်တဲ့ဆန္ဒရှိတယ်။ သူတို့ကျတော့ လူတွေကျွေးမှ စားရတာဆိုတော့ ဂရုဏာဖြစ်မိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အခြေခံလူတန်းစားဆိုတော့ မပြည့်စုံဘူး။ ကျွန်တော့်မှာ ရှိသလောက်လေး လှုသွားလို့ရပေမယ့် အားလုံးနဲ့စုပေါင်းပြီး လှုရှင်တဲ့စိတ်က အစကတည်းကရှိတယ်။ သူများဆီက ပိုက်ဆံကောက်ပြီး လှုမယ့်အစား စာဖတ်ခြင်းဖြင့် အကျိုးရှိသွားသလို ကုသိုလ်ပါရအောင် မောင်လူခွေး အွန်လိုင်းစာအုပ်အဟောင်းဆိုင်ကို စဖြစ်ခဲ့တာပါ” လို့ ကိုဘုန်းမြတ်မင်းသူကပြောပါတယ်။

စာအုပ်တစ်အုပ် ရောင်းရငွေရဲ့ ၅၀ရာခိုင်နှုန်းကို အစားအစာအတွက် ခက်ခဲနေတဲ့ လမ်းဘေးခွေးလေးတွေအတွက် လှုဒါန်းပြီး ကျန်၅၀ရာခိုင်နှုန်းကို သူ့အလုပ်၊ မိသားစုနဲ့ အကူအညီလိုအပ်နေတဲ့ သူငယ်ချင်းတွေအတွက် အသုံးပြုတာမို့ အွန်လိုင်းစာအုပ်အဟောင်းဆိုင်လေးရဲ့ အမည်ကို ‘မောင်လူခွေး’ လို့ ရိုးရှင်းစွာပဲ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မှာ စာအုပ်အသစ်တွေ ရောင်းချတဲ့သူက ပိုများတာရယ်၊ အသစ်ထွက်ရှိတဲ့ စာအုပ်တွေအကြောင်း သုံးသပ်ချက်ရေးသားကြတာ ပိုများတာရယ်ကြောင့် စာအုပ်အဟောင်းထဲမှာ ကောင်းနိုးရာရာကို သူကရွေးချယ်ဖတ်ရှုပြီး စာအုပ်အကြောင်းသုံးသပ်ချက်ကိုပါ တင်ဆက်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Content writer တစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတာကြောင့် စာအုပ်ဟောင်းတစ်အုပ်ဖတ်ရှုပြီး သုံးသပ်ချက်ပြန်လည်ရေးသားရာမှာလည်း စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားနိုင်ပြန်ပါတယ်။

“အပြင်မှာလည်း ရှာဝယ်ရခက်မယ့် စာအုပ်အဟောင်းတွေထဲက ကောင်းတာတွေကို ကိုယ်တိုင်ရွေးချယ်ပြီး သူများတွေ ပြန်ဖတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသစ်ထက်အဟောင်းတွေကို ပိုရွေးဖြစ်ခဲ့တာပါ။ စာအုပ်အသစ်တွေက review ရေးပေးပေမယ့် စာအုပ်အဟောင်းတွေက review ရေးတာမတွေ့ရပါဘူး။ များသောအားဖြင့် စာအုပ်နာမည်နဲ့ စာအုပ်ဈေးနှုန်းပဲ ရေးထားတတ်ကြပါတယ်။ အဓိကကတော့ ဝယ်တာ မဝယ်တာထက် စာအုပ်အဟောင်းအကြောင်းလေးတွေ သိသွားအောင်။ ရည်ရွယ်ချက်နဲ့ ရွေးချယ်ဖြစ်တယ်” လို့ သူကပြောပါတယ်။

ကိုဘုန်းမြတ်မင်းသူဟာ နှစ်သက်တဲ့စာအုပ်တွေတွေ့ရင် ဝယ်စုထားတတ်တဲ့ အကျင့်တစ်ခုရှိသလို အကြံကောင်းတစ်ခုခု စိတ်ကူးမိပြီဆိုရင်လည်း သူငယ်ချင်းတွေကို ဝေမျှပေးတတ်ပါတယ်။ စာအုပ်အဟောင်းတွေရောင်းချပြီး လမ်းဘေးခွေးလေးတွေအတွက် လှုဒါန်းဖို့ စိတ်ကူးကို သူငယ်ချင်းတွေကိုပြောပြပေမယ့် ဘယ်သူမှ စိတ်မဝင်စားတာကြောင့် ကိုယ်တိုင်လုပ်ဖြစ်သွားခဲ့တာပါ။

“ကျွန်တော်က စိတ်ကူးတစ်ခုရပြီဆို သူငယ်ချင်းတွေကို ပြောပြတတ်တယ်။ ဒါပေမယ့် အဲဒီစိတ်ကူးကို သူတို့က စိတ်မဝင်စားကြပါဘူး။ စာအုပ်အဟောင်းဆိုတော့ ပိုဆိုးတယ်။ လူငယ်တွေက လတ်တလော ခေတ်စားနေတဲ့ စာအုပ်အသစ်တွေကိုပဲ ဝယ်ဖတ်ကြတာကိုး။ စာအုပ်အဟောင်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်မယ်ဆိုတော့ မအောင်မြင်နိုင်ဘူးလို့ ထင်ကြပြီး ဘယ်သူမှ လိုက်မလုပ်ကြပါဘူး။ ကျွန်တော်က ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ဖြစ်ခဲ့တာပါ” လို့ သူကပြောပါတယ်။

‘မောင်လူခွေး’ စတင်ဖြစ်ပေါ်လာပြီး ပထမတစ်လမှာတော့ စာအုပ်တစ်အုပ်မှ ရောင်းမထွက်ခဲ့ပါဘူး။ ခုချိန်ထိ ပုံမှန်ဝယ်ဖတ်သူ လေး၊ ငါးယောက်သာ ရှိပါသေးတယ်။ ရောင်းချဖူးသမျှစာအုပ်တွေထဲမှာ အဆိုတော်၊ စာရေးဆရာ ကျားပေါက်ရဲ့ စာအုပ်တွေကတော့ စာဖတ်သူအနှစ်သက်ဆုံး ဖြစ်ပါတယ်။

လစဉ် စာအုပ်ရောင်းရငွေထဲက တစ်ဝက်ကို ဘုန်းတော်ကြီးကျောင်းတွေမှာ တစ်နိုင်ကျွေးမွေးစောင့်ရှောက်ထားတဲ့ လမ်းဘေးခွေးလေးတွေနဲ့ ခွေးအကောင်ရေ ၂၀၊ ၃၀ခန့်ကို နေ့စဉ် နိုင်သလောက် ကျွေးမွေးပေးနေသူတွေကို သူကရွေးချယ်ပြီး တိုက်ရိုက်လှုဒါန်းပေးတာ ဖြစ်ပါတယ်။

“ကျွန်တော်က စီးပွားရေးဆန်ဆန် လုပ်တာမဟုတ်ဘဲ ခွေးလေးတွေအတွက်ပဲဆိုတော့ အရှုံးကိုလည်း သိပ်မတွက်ပါဘူး။ ပီတိဖြစ်တော့ ရသလောက်တော့ ကြိုးစားသွားမယ်။” လို့ ကိုဘုန်းမြတ်မင်းသူက ပြောပါတယ်။

(မောင်လူခွေး အွန်လိုင်းစာအုပ်ဆိုင်လေးကနေ စာအုပ်တွေ မှာယူချင်တယ်ဆို ဖော်ပြပါ Facebook link ကနေ မှာယူနိုင်ပါတယ်ခင်ဗျာ။ https://www.facebook.com/Myatmk623 )

စာပေချစ်သူများအားလုံး.... နှစ်သစ်မှစ၍ဆန္ဒနဲ့ ဘဝ ထပ်တူကျပါစေ..........Crd 's Art House
17/04/2024

စာပေချစ်သူများအားလုံး....
နှစ်သစ်မှစ၍
ဆန္ဒနဲ့ ဘဝ ထပ်တူကျပါစေ..........
Crd 's Art House

စွန့်စားခြင်းနဲ့ စဉ်းစားခြင်းလွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းက “ညနေခင်း သတင်းစာ မှာ ပါလာတဲ့ မှုခင်း သတင်းတစ်ပုဒ်ကို ကျွန...
09/04/2024

စွန့်စားခြင်းနဲ့ စဉ်းစားခြင်း

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းက “ညနေခင်း သတင်းစာ မှာ ပါလာတဲ့ မှုခင်း သတင်းတစ်ပုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။

မှုခင်းထဲမှာ ပတ်သက်နေတဲ့ လူ ၁ဝ ယောက် ပါတယ်။ သူများကို ကြာပွတ်တွေ ဘာတွေနဲ့ ရိုက်နှက်ရမှ သာယာမှု ရတဲ့ သူက ၅ ယောက်။ သူများ ကြာပွတ်နဲ့ရိုက်တာ ခံရမှ သာယာမှု ရတဲ့ သူက ၅ ယောက်။

ရိုက်တဲ့သူ ၅ ယောက်က ထောင်ကျသွားတယ်။ အရိုက်ခံချင်တဲ့ သူ ၅ ယောက်ကိုတော့ စောင့်ကြည့်စာရင်းထဲ ထည့်လိုက်တယ်။ ဒီလူ ၁ဝ ယောက်ရဲ့ ဇာတ်လမ်းက ဒီလို။

ရိုက်ချင်တဲ့သူတွေနဲ့ အရိုက်ခံချင်သူတွေ တစ်ပတ်ကို တစ်ကြိမ် အိမ်တစ်အိမ်မှာ ချိန်းတွေ့ကြတယ်။

ပြီးရင် ဘယ်သူက ဘယ်သူ့ကို ရိုက်မယ် ဆိုပြီးတွဲလိုက်တယ်။ အရိုက်ခံချင်တဲ့သူနဲ့ ရိုက်ချင်တဲ့သူ သူ့ဟာနဲ့သူ ကိုက်နေတာပဲ။ အဲဒီ အိမ်မှာ တစ်ညနေလုံး အချိန်ဖြုန်းမယ်။ ရိုက်ချင်တဲ့သူတွေက

အရိုက်ခံချင်တဲ့ သူတွေကို လက်ထိတ်ခတ်မယ်။ ကြိုးတုပ်မယ်။ ကြာပွတ်နဲ့ ရိုက်မယ်။

ပြီးတဲ့အခါ ကိုယ့်အနာကိုယ် ဆေးထည့်၊ အခန်းကို သန့်ရှင်းရေး လုပ်၊ ဘီယာလေး ဘာလေးသောက်၊ နောက်တစ်ပတ် ပြန်တွေ့ဖို့ချိန်း။ ခင်ခင်မင်မင်ပေါ့။

တစ်ရက်ကျတော့ အဲဒီအိမ်ကို ရဲတွေ ဝင်ဖမ်းတယ်။ ရာဇဝတ်မှု မြောက်တယ်လို့ ယူဆရတဲ့ သက်သေတွေ တွေ့တယ်။

ရဲတွေက အိမ်ပိုင်ရှင်ကို အရင်မေးတယ်။ ဘာလို့ ဒီလိုလူတွေကို အိမ်ထဲပေးဝင်တာလဲပေါ့။

အိမ်ရှင်ကလည်း ပြန်ဖြေတယ်။ အရွယ်ရောက်ပြီးသား သူတွေ သူ တို့ ဘာသာသူတို့ သဘောတူပြီး မမြင်ကွယ်ရာမှာ နေနေကြတာ သူ့အနေနဲ့ ဘာပြောရမှာလဲတဲ့။
ရဲတွေက အိမ်ရှင်ကို ဖမ်းတယ်။ ပြီးတော့ ရိုက်နှက်ရတာ ဝါသနာ ပါတဲ့ သူတွေကိုလည်း ဖမ်းလိုက်တယ်။

သူတို့ အချင်းချင်း သဘော တူညီမှုရထားတာကို ထည့်မစဉ်းစားဘူး၊ အရိုက်ခံတဲ့ သူတွေ စုပြီး တရားရုံးကို ရောက်လာကြတယ်။ သူ တို့ ကိုယ်တိုင် သဘောတူပြီး စီစဉ်တာပါ ဆိုပြီး ထွက်ဆိုတယ်။ ပြစ်မှုရယ်လို့ မယူဆပါနဲ့ ဆိုပြီး တောင်းပန်တယ်။ အရိုက်ခံတဲ့ သူတွေကိုလည်း အလိုတူ အလိုပါတွေပဲဆိုပြီး ဖမ်းလိုက်ပြန်တယ်။
လူကို နာကျင်စေမှုမှာ အပေါင်းပါတွေ ဖြစ်တယ် ဆိုတဲ့စွဲချက်၊ ဥပဒေအရဆိုရင် လူကို နာကျင်စေမှုဟာ ရာဇဝတ်မှုမြောက်တယ်၊ ဒီတော့ တစ်ယောက်ယောက်ကို အရေးယူရမယ်။

အရိုက်ခံချင်လို့၊ သာယာလို့ ဆိုတဲ့ အကြောင်းပြချက်ကို လက်မခံ ဘူး။ ဒီတော့ အရိုက်ခံတဲ့သူတွေကိုလည်း စွဲချက်တင်တယ်။

နောက်ဆုံးမှာ ရိုက်တဲ့သူ ၅ ယောက် ထောင်ကျသွားတယ်။ အရိုက် ခံတဲ့သူ ၅ ယောက်ကို စောင့်ကြည့်စာရင်းထဲ ထည့်တယ်။

ဒါမထူးဆန်းဘူးလား။ တစ်ခါတလေ ကျရင် အရာတစ်ခုရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ကျွန်တော်တို့ မသိကျိုးကျွန် ပြုကြတယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်လာအောင် ဆွဲတွေးကြတယ်။

ခေတ်သစ် လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံဟာ လူတွေကို ဖိနှိပ် ခံရခြင်းကနေ လွတ်မြောက်အောင် တည်ဆောက်ထားတာ။

လူသားတွေ ဖိနှိပ်မခံရဖို့အတွက် ဥပဒေဆိုတာကို ကျွန်တော်တို့ ဖန်တီးလိုက်တယ်။

ဒါမှ လူတွေအနေနဲ့ ကိုယ့်ခံယူချက်ကိုယ် ပွင့်ပွင့်လင်းလင်း ချပြ လို့ ရမယ်။

ဒါပေမယ့် အခု ပြဿနာမှာတော့ ကိုယ့်ခံယူချက် ကိုယ် ပွင့်ပွင့် လင်းလင်း ချပြတဲ့အတွက် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး သတ်မှတ်တယ်။ ဒီလိုနဲ့ ဥပဒေကိုယ်တိုင်က ဖိနှိပ်သူ အဖြစ် အသွင်ပြောင်းသွားရော။
ကျွန်တော့် အဖေက ရဲအရာရှိ။ သူက အမြဲပြောတယ်။

ဥပဒေရဲ့ အလုပ်ဟာ “အချက်အလက်တွေကို ချပြဖို့ သက်သက် မဟုတ်ဘူး။ ဥပဒေရဲ့ တကယ့် ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဖို့သာ ဖြစ်တယ်” တဲ့။

တစ်နည်း ပြောရရင် “သေချာ စဉ်းစား” ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တော်တော်များများဟာ “စဉ်းစားခြင်း” ဆိုတာကို မလုပ်ချင်ကြဘူးရယ်။

ဦးနှောက်နဲ့ စဉ်းစားမယ့်အစား စာအုပ်ထဲကအချက်အလက်တွေကိုပဲ လိုက်နာလိုက်ကြတာပဲ။

စာအုပ်ကြီးအတိုင်း လုပ်လိုက်တော့ ပြဿနာတွေ မရှင်းရဘူးပေါ့။ ဘာလို့လဲဆိုတော့ “စဉ်းစားခြင်း” ဆိုတာ စွန့်စားရတယ်။ မှားသွားခဲ့ရင် ပြေးပုန်းစရာ နေရာမရှိဘူး။ လွှဲချလို့ မရဘူး။ ဒါပေမယ့် တကယ့် ဖန်တီးဉာဏ် စွမ်းရည်ဆိုတာ စွန့်စားမှုတွေနဲ့
တည်ဆောက်ထားတာ။

ဒါကြောင့် အချက်အလက်တွေနောက်ကိုပဲ လိုက်နေတာကို ရပ်ပါ။
စွန့်စားပါ........စဉ်းစားပါ။
:mml
#ချမ်းမြေ့ဝင်း
#၁+၁=၃

ပိုင်ဆိုင်ဖို့မမျှော်လင့်မိတဲ့အတွက်သူချစ်နေတာကိုထိပ်ထားလေးသိဖို့အတွက်လိုမယ်မထင်ဘူးလေ အချစ်ဆိုတာပျော်ရွှင်ကြည်နူးခြင်းထက်...
29/03/2024

ပိုင်ဆိုင်ဖို့မမျှော်လင့်မိတဲ့အတွက်သူချစ်နေတာကိုထိပ်ထားလေး
သိဖို့အတွက်လိုမယ်မထင်ဘူးလေ
အချစ်ဆိုတာပျော်ရွှင်ကြည်နူးခြင်းထက်တစ်ခါတစ်ရံမှာကြွေလွင့်ခံစားခြင်းကပိုအဓိပ္ပါယ်ရှိပါတယ်
ဒီတစ်သက်လဲထိပ်ထားလေးသိအောင်မကြိုးစားတော့ဘူးလို့သူဆုံးဖြတ်ထားတယ်
အဓိကကတော့အပြင်ကိုဖွင့်ထုပ်လိုက်ရင်ရင်ထဲကသူမကိုချစ်တဲ့အချစ်တွေလျော့နည်းသွားမှာစိုးလို့ပါ
ဒီအတိုင်းလေးပဲရင်မှာသော့ခတ်ချသ်တဲ့စိတ်တွေအပြည့်အသိပ်သိုလှောင်ထားတော့မယ်
ကမ္ဘာတွေအလီလီပြောင်းလို့သူ့အရိုးစုကိုနှောင်းလူတွေပြန်ဖော်တွေ့ခဲ့ရင်လေ့လာမှုတစ်ခုအဖြစ်ခတ်ထားတဲ့သော့ကိုဖွင့်ကြည့်မိကြမှာပါ
ဒီအခါမှာထိပ်ထားလေးရယ်လိုအမည်တပ်ထားတဲ့အချစ်အကြောင်း
သီဖွဲ့မှုတွေကိုသူတို့တွေပြန်ခံစားရလိမ့်မယ်
အဲဒီခံစားမှုတွေနဲ့ပဲလျော့ပါးအငွေ့ပျံနေတဲ့သူတို့ရဲ့နှလုံးသားကို
ပြန်ရှာတွေ့နိုင်မယ် အထိအတွေ့ကိုဦးစားပေးတဲ့အပေါစားအချစ်တွေကိုဘေးဖယ်ပီးသိမ်မွေ့နက်ရှိုင်းနဲ့မေတ္တာစစ်ကိုပြန်ရှာတွေ့ကြ
လိမ့်မယ် ဒီလိုဆိုရင်ထိပ်ထားလေးကိုချစ်ရကြိုးနပ်ပါပီ
တံကောင်းဆိုတဲ့သူရဲ့နာမည်ဟာလဲအချစ်ရဲ့သမိုင်းမှာအပြိုင်အဆိုင်
လွှင့်ထူခံရမှာပေါ့ ပီးတော့တံကောင်းဆိုတဲ့နာမည်ကိုတစ်ဖွဖွခေါ်ပီး
သူတို့နှလုံးသားကိုအသစ်ပြန်တည်ဆောက်ကြလိမ့်မယ်
သူကတော့အဲဒီအချိန်ထိအောင်တစ်ယောက်သောသူကိုချစ်နေဦးမှာပါ အခါအခွင့်သင့်တိုင်းလဲမရိုးတဲ့စကားကိုအကြိမ်ကြိမ်ဆိုညည်းနေမိလိမ့်မယ် ချစ်တယ်ထိပ်ထားရယ်

"ကတိသစ္စာတည်သောအခါဝယ် နွယ်မြတ်သစ်ပင်ချစ်သက်ဝင်၏"
#သိုးဆောင်း

"ဉာဏ်ရည်မြင့်တာ စွဲမက်စရာ"Intelligence is sexy▪️လှပတဲ့မျက်နှာဟာ အိုမင်းလာမယ်၊ ပြည့်စုံတဲ့ခန္ဓာကိုယ်ဟာ ပြောင်းလဲယိုယွင်းသ...
20/03/2024

"ဉာဏ်ရည်မြင့်တာ စွဲမက်စရာ"
Intelligence is sexy

▪️လှပတဲ့မျက်နှာဟာ အိုမင်းလာမယ်၊ ပြည့်စုံတဲ့ခန္ဓာကိုယ်ဟာ ပြောင်းလဲယိုယွင်းသွားလိမ့်မယ်။ ဒါပေမယ့် မြင့်မားတဲ့အသိဉာဏ်ကတော့ အမြဲတမ်းအမိုက်စားဖြစ်နေမှာပါပဲ။ 🔥

တချို့လူတွေက ချစ်ရမယ့်လူတစ်ယောက်ကို ရှာတဲ့အခါ "ချောပေ့.. လှပေ့ ချမ်းသာပေ့.." ဆိုတာတွေကို ရွေးတတ်ကြတယ်။ တချို့တွေကျတော့ ရုပ်ရည်ပုံပန်းတွေကို ပဓာနမထားဘူး၊ ဉာဏ်ရည်ဉာဏ်သွေးကိုပဲ ကြည့်ကြတယ်။

ဉာဏ်ရည်မြင့်တဲ့သူတွေအပေါ် စွဲလမ်းလေ့ရှိတဲ့သူတွေကို Sapiosexual လို့ ခေါ်ပါတယ်။ Sapiosexual တွေက ရုပ်ရည်၊ ပုံစံ၊ အသွင်အပြင်ကို သိပ်အလေးထားလေ့မရှိပါဘူး။ သူတို့အတွက်က Intelligence is sexy. ဉာဏ်ရည်မြင့်တာကသာ စွဲမက်စရာပါပဲ။

ဂျပန်စာရေးဆရာ 'ဟာရူကီမူရာကာမိ' (Haruki Murakami) က ပြောတယ်။ " သင်ကြိုက်တဲ့ စာအုပ်တစ်အုပ်အကြောင်းကို သင်ချစ်တဲ့လူတစ်ယောက်နဲ့ မျှဝေပြောဆိုနိုင်ခြင်းဟာ ဘဝကပေးစွမ်းနိုင်တဲ့ အကြီးမားဆုံးပျော်ရွှင်မှုတွေထဲက တစ်ခုပါ"တဲ့။

Sapiosexual တွေဟာ အဲဒီလို ခံယူချက်မျိုးနဲ့ လူတွေပေါ့။ ကိုယ်နဲ့ပတ်သက်မယ့်လူတစ်ယောက် ဘာဝတ်ထားလဲ၊ ဘာအိတ်ကိုင်လဲ၊ ဘာကားစီးလဲ"ဆိုတာတွေထက် "သူ့မှာ ဘာအိုင်ဒီယာတွေ ရှိလဲ၊.."ဘာစာအုပ်မျိုး ဖတ်နေတာလဲ.."ဆိုတာမျိုးကိုပဲ စူးစမ်းလေ့ရှိကြပါတယ်။

📌"အချောအလှတွေထက် ပိုမိုက်တဲ့ဉာဏ်ရည် "

Sapiosexual တစ်ယောက်ဟာ ခပ်လန်းလန်းဘော်ဒီမိုက်မိုက်တွေကို တွေ့ရင် "ဪ.. လှတယ်" ဒီလောက်ပဲ။ ဘယ်သူတွေ ဘယ်လိုချောတယ်၊ ဘယ်လိုဟော့တယ်ဆိုလည်း စိတ်မဝင်စားဘူး။ ကိုယ့်ကို ချဉ်းကပ်လာတဲ့သူက ဘယ်လောက်ချမ်းသာသာ၊ ဘယ်လိုအသိုင်းအဝိုင်းကဖြစ်ဖြစ်.. အဲဒါတွေက အပေါ်ယံတွေလို့ မြင်လာတယ်။

တဖက်လူက "ဘယ်လောက် ဉာဏ်ရည်မြင့်လဲ၊ ဘယ်လောက် တော်လဲ၊ ထက်လဲ၊ ဘယ်လောက် Talent ရှိသလဲ၊ ကိုယ်နဲ့ ဘယ်လောက် အပေးအယူမျှမျှ စကားပြောလို့ ရသလဲ" ဆိုတာကသာ အရေးကြီးသွားတော့တာ။

ဥပမာ.. ကိုယ်စိတ်ဝင်စားနိုင်လောက်တဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ခပ်ချောချောလေးပေါ့။ ဒါပေမယ့် သူက "ဒီနေ့ ရာသီဥတုပူတယ်နော်၊ နေကောင်းလား၊ စားပြီးပြီလား.." ဆိုတဲ့ အပေါ်ယံ ပျင်းစရာကောင်းတဲ့ စကားတွေကိုပဲ ပြောနေတယ်။

ကိုယ်က လူမှုရေး၊ စီးပွားရေး၊ စိတ်ပညာ၊ ဒဿနတွေကို စိတ်ဝင်တစား တက်တက်ကြွကြွ ဆွေးနွေးချင်တယ်။ အဲဒီအခါ သူက ဘာမှမပြောနိုင်၊ ဘာတစ်လုံးမှ နားမလည်တဲ့ ခပ်တုံးတုံး ဖြစ်နေမယ်ဆိုပါစို့။ ဘယ်လို Key ကိုက်နိုင်ပါတော့မလဲ။

အဲလိုဆို တဖက်လူမှာ ဘယ်လိုအားသာချက်တွေပဲရှိရှိ.. အပေးအယူမျှမျှ စကား‌ပြောလို့မရတာ တစ်ချက်နဲ့တင် စိတ်ပျက်သွားမိမှာပဲ။ အဲဒီလူက ဘာမှ ရင်ခုန်စရာမကောင်းတော့ဘူး။ ထပ်လည်း မတွေ့ချင်တော့ဘူး။

📌" စကားပြောလို့ လေပေးဖြောင့်သူ "

ဆိုပါ‌‌တော့.. နောက်ထပ်တစ်ယောက်က ရုပ်မချောပေမယ့် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ချက်ကျလက်ကျ ဆွေးနွေးနိုင်တယ်။ မကြာခင်က သူဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်၊ သူဖြေရှင်းနိုင်ခဲ့တဲ့ပြဿနာ၊ သူစဉ်းစားနေတဲ့ အတွေးတစ်ခုအကြောင်း စသဖြင့် စိတ်ဝင်စားစရာဆွေးနွေးမှုတစ်ခုမှာ ကိုယ့်ကို ပါဝင်စေတယ်။ လေးလေးနက်နက်မေးခွန်းတွေ မေးပြီး အဖြေတွေကို ဂရုတစိုက်နားထောင်တယ်။

တစ်ခုခုကို ပြော‌ပြနေတဲ့အခါ သူ့မျက်လုံးတွေရဲ့တောက်ပမှုက ငေးမောကြည့်ချင်စရာ..။ သူ့ရဲ့စိတ်အားထက်သန်မှုက ရင်ခုန်စရာ.. ။ စိန်တစ်ပွင့် တဖျတ်ဖျတ်လက်သလို..သူ့ဦးနှောက်ကဖြာထွက်လာတဲ့ အသိပညာတွေက ကိုယ့်ဦးနှောက်ဆီကို ရောင်ပြန်ဟပ်လာစေတယ်။

သူ့ရဲ့ဉာဏ်ပညာကြောင့် သူ့ကို "ဝိုးကနဲ" မျက်စိကျသွားနိုင်တယ်။ အဲဒီလို သဘောကျပြီးနောက် ချစ်မိသွားရင်ဒါ"Sapiosexual" ပဲ။

📌 " လမ်းလျှောက်နေတဲ့ စွယ်စုံကျမ်း"

စဉ်းစားကြည့်ပါ။ လေးနက်တဲ့အမိုက်စားအကြောင်းအရာပေါင်းများစွာကို သိတဲ့လူတစ်ယောက်နဲ့ စကားပြောနေရတာ ဘယ်လောက် စိတ်ကျေနပ်ဖို့ ကောင်းသလဲ ဆိုတာ..။

You know that person who's a walking encyclopedia of fun facts? ပျော်စရာအချက်တွေ
ပါဝင်တဲ့ လမ်းလျှောက်နေတဲ့ စွယ်စုံကျမ်းတစ်ခုဆိုတာ သိလား။ အဲဒါ Intelligent person တွေပဲ။

သူတို့လျှာဖျားမှာ ပြောစရာတွေ တပုံကြီးရှိတယ်။ ထွေရာလေးပါးဟာသတွေ ရှိတယ်။ လေးနက်တဲ့ဒဿနတွေ ရှိတယ်။ Flirt နည်းတွေ အများကြီးထဲမှာ ပေါ့ပေါ့ပါးပါးစကားပြောရင်းကနေ နက်ရှိုင်းတဲ့ ဒဿနတွေ ငြင်းခုံရတဲ့ "Philosophical Flirt"အဖြစ် ပြောင်းနိုင်သေးတယ်။ you're dancing cheek to cheek with ideas. စိတ်ကူးတွေနဲ့ ပါးချင်းယှဉ်ပြီး ကနေရတာမျိုးပေါ့။ ချက်ချင်းပဲ ကြည်နူးသွား‌အောင် ပြောနိုင်တယ်။ ဦးနှောက်ကို အလုပ်တွေများ၊ တဝီဝီမြည်သွားစေပြီး Edutainment လုပ်နိုင်တယ်။

ပန်းချီဆိုလည်း ဆွဲတတ်လိုက်တာပဲ။ ပီယာနိုဆိုလည်း တီးတတ်လိုက်တာပဲ။ ဂီတဆိုရင် Beethovenရဲ့"moonlight sonata" ကနေစလို့ မဟာဂီတ"တံတျာတေရှင်"အထိ နှံ့စပ်နေတာမျိုးပေါ့။ "Wow..အရမ်းမိုက်တယ်ကွာ.. " ငါ ရှာနေတာ.. ဒါမျိုးလူ" ဆိုပြီး Amazing ဖြစ်မိသွားတာမျိုး။

"သူဘာလို့ အဲလောက်တောင် သိနေရတာလဲ..၊ ဘာကြောင့် အဲလောက် စွယ်စုံရနေရတာလဲ၊ သူ မသိတာ ရှိပါဦးမလား.." တွေးမိရတဲ့အထိ သိပ်တော်နေတာမျိုးဆို Sapiosexual တစ်‌ယောက်ရဲ့နှလုံးသားတွေ အရည်ပျော်ကျသွားရတယ်။

📌" အကန့်အသတ်မရှိတဲ့ ဆွဲဆောင်မှု "

တကယ်တော့ Sapiosexuality ရဲ့အလှတရားဆိုတာ ပိန်ပိန်..၀၀၊ ဖြူဖြူ..မည်းမည်း၊ အသက်ကြီးကြီး..ငယ်ငယ်.. Age, Gender, Physical characteristics (ရုပ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာ) တွေနဲ့ ချည်နှောင်မထားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ထက် အသက်ငယ်ချင်လည်း ငယ်မယ်။ အသက်ကြီးချင်လည်း ကြီးမယ်။ ပိန်ချင်လည်း ပိန်မယ်၊ ဝချင်လည်း ဝမယ်။ ဉာဏ်ပညာနဲ့ ချည်နှောင်ထားမှုဟာ ပြင်ပအခြေအနေတွေအပေါ် မမူတည်ပါဘူး။ အရေးကြီးတာက ဉာဏ်ရည် Level တူညီဖို့သာ အဓိက ဖြစ်ပါတယ်။

လေ့လာအားကောင်းတဲ့၊ အမြင်ကျယ်တဲ့၊ သိမြင်နှံ့စပ်တဲ့၊
သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ Professional ဖြစ်တဲ့သူတွေက Sapiosexual တစ်ယောက်ရဲ့မျက်လုံးထဲမှာ အင်မတန် လှတယ်။ အိမ်နေရင်းဝတ်စုံနဲ့ ခေါင်းစုတ်ဖွားဖြစ်နေပါစေ၊ မျက်မှန်ကြီးတကားကားနဲ့ဖြစ်နေပါစေ.. ဆွဲဆောင်မှုရှိနေတာ အမှန်ပဲ။

Relationship တစ်ခု စပြီဆိုမှတော့ လူတစ်ဦးနဲ့တစ်ဦးကြားမှာ မတူညီကြတဲ့ ကွာဟမှု (Gap) တွေ အများကြီးရှိပါတယ်။ လူတော်တော်များများ အဲဒီလို ကွာဟမှုတွေကြောင့် ပြဿနာတက်နေချိန်မှာ Sapiosexual partner တွေက နှစ်ဦးကြားက Gaps (ကွာဟမှု) တွေကို ညှိယူနိုင်ကြပါတယ်။

ကိုယ်က Sapiosexual ဖြစ်ပြီး ကိုယ့်ချစ်သူက ကိုယ့်လိုမျိုး မဟုတ်ရင်တော့.. ဆက်ဆံရေးက ခိုင်မြဲဖို့ မလွယ်နိုင်ပေမယ့်.. နှစ်ယောက်လုံးက Sapiosexual ဖြစ်နေရင်တော့ အဲဒီ Relationship ဟာ နတ်ရေးတဲ့ဖူးစာလို့ ဆိုရမှာပါပဲ။

#ဉာဏ

December 2, 2023

“ အမိအဖကို ထားခဲ့တယ်၊ ချစ်သူရည်းစားကို ထားခဲ့တယ်၊   အပူအပင်မဲ့ ရယ်ရယ်သွမ်းသွမ်းပျိုမျစ်ချိန်တွေနဲ့    မြစ်ကမ်းနံဘေးက ရှု...
28/02/2024

“ အမိအဖကို ထားခဲ့တယ်၊ ချစ်သူရည်းစားကို ထားခဲ့တယ်၊
အပူအပင်မဲ့ ရယ်ရယ်သွမ်းသွမ်းပျိုမျစ်ချိန်တွေနဲ့
မြစ်ကမ်းနံဘေးက ရှုမျှော်ခင်းများ ထားခဲ့တယ်။

ချစ်ခြင်းမေတ္တာသာ လူဖြစ်မှုရဲ့ အသရေပါပဲ၊
လွတ်လပ်ခွင့်နဲ့ တရားမျှတမှုသာ ယုံကြည်လေးမြတ်သမျှ
နိုင်ငံတော်ပါပဲ။

တရားက မှန်ပေမယ့်
လူသားကတော့ မှားယွင်းခဲ့လေသလားပေါ့
လူရွယ်က တိုးတိုးတိတ်တိတ် ငိုတယ် … “

#ကေဇဝင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when E-Book shelf - YSY online book store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category