ရသကြေးမုံပြင်

ရသကြေးမုံပြင် ရသကြေးမုံပြင်_The Mirror of Aesthetics


စာပေ ဂီတ ရုပ်ရှင်✍️
အနုပညာ ခံစားမှု မြို့တွင်း deli free

06/06/2026

ကျွန်မ မတတ်နိုင်ခဲ့သော
လက်လွှတ်ခဲ့ရခြင်းများဆီ
စက္ကူပန်းများကို ပို့ပေးမည်။

ဘယ်တော့မှ မမုန်းခဲ့သည့် လူများဆီတော့
စက္ကူပန်း ပျိုးပင်ပေါက်လေးတွေ ပို့ပေးမည်။

ဒီကမ္ဘာတွင် စက္ကူပန်းများရှိခဲ့လို့
အနာတရများမှ
သက်သာရာ ရခဲ့သည်။

#မြကျေး
#ရသကြေးမုံပြင်

04/06/2026

#အချစ်ဦးကိုမမေ့နိုင်သူတွေရှိကြသေးလား🌿🥰

#အချစ်ဦး
#မောင်စိန်ဝင်း_ပုတီးကုန်း

02/06/2026
 #မအိမ်ကံ_သို့မဟုတ်_ဖက်စိမ်းကွမ်းတောင်ကိုအသက်တမျှမြတ်နိုးခဲ့သူ🍂✨ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော်ဝတ္ထု “မအိမ်ကံ” ကို ဖတ်ဖူးသူ...
31/05/2026

#မအိမ်ကံ_သို့မဟုတ်_ဖက်စိမ်းကွမ်းတောင်ကိုအသက်တမျှမြတ်နိုးခဲ့သူ🍂✨

ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော်ဝတ္ထု “မအိမ်ကံ” ကို ဖတ်ဖူးသူတိုင်းရဲ့ ရင်ထဲမှာတော့ ကံကလေးရဲ့ ပုံရိပ်ဟာ ယနေ့တိုင် စွဲကျန်နေဆဲ ဖြစ်မှာပါ။ 🤎

ဖုန်နံ့သင်းသင်းလေးတွေနဲ့ အညာလမ်းကလေးများ၊ ထနောင်းရိပ်အေးအေးများ၊ နေပူပြင်းတဲ့ အညာဒေသရဲ့ အငွေ့အသက်တွေကြားမှာ “ဖက်စိမ်းကွမ်းတောင်” ကို ဘဝတစ်ခုလုံး မြတ်နိုးတွယ်တာခဲ့တဲ့ မအိမ်ကံရဲ့ ဇာတ်လမ်းက စာဖတ်သူတိုင်းရဲ့ နှလုံးသားကို ထိခိုက်လှုပ်ရှားစေခဲ့ပါတယ်။ 🍃

သူမဟာ ရိုးသားတဲ့ အညာဓလေ့ထုံးတမ်းတွေကြားမှာ ကြီးပြင်းလာခဲ့သူတစ်ယောက်။ ကိုယ်ယုံကြည်ရာ၊ ကိုယ်ချစ်မြတ်နိုးရာအပေါ် သစ္စာရှိရှိ ရပ်တည်ခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဘဝဆိုတာ အမြဲတမ်း မျှော်လင့်ထားသလို မဖြစ်နိုင်ဘူးဆိုတာကို မအိမ်ကံရဲ့ ဘဝက သက်သေပြခဲ့ပါတယ်။ 🥀

စာမျက်နှာတစ်ရွက်ချင်းစီကို လှန်လေတိုင်း အညာမြေရဲ့ အနံ့အသက်တွေကို ခံစားရသလို၊ မအိမ်ကံရဲ့ ဝမ်းနည်းမှု၊ မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း ရင်ဘတ်ချင်းထပ်တူ ခံစားရစေပါတယ်။ 💔🍂

“မအိမ်ကံ” ဟာ ဝတ္ထုတစ်ပုဒ်သာ မဟုတ်ဘဲ မြန်မာ့ကျေးလက်ဘဝ၊ အညာယဉ်ကျေးမှုနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို မှတ်တမ်းတင်ထားတဲ့ အနုပညာလက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ✨

ဒီနေ့တော့ စာအုပ်စာမျက်နှာတွေထဲကနေတစ်ဆင့် မအိမ်ကံတို့ နေထိုင်ခဲ့တဲ့ အညာရွာကလေးဆီ ခဏတာ ပြန်လည်ရောက်ရှိရင်း၊ ကံကလေးရဲ့ ဘဝကို သတိရလွမ်းဆွတ် ဂုဏ်ပြုလိုက်ကြရအောင်ပါနော်... 🍀🏡📖

#ပုံတွေကလူမှုကွန်ယက်ကရှာဖွေတွေ့ရှိတဲ့မအိမ်ကံဝတ္ထုထဲက_
#ကို‌‌ပြေသိမ်းရဲ့ထ‌နောင်းတိုင်ရွာကလေးကပုံများဖြစ်ပါတယ်_အညာအငွေ့အသက်များရရှိကြပါစေ🥀

#မအိမ်ကံ
#ခင်ခင်ထူး
#အညာအငွေ့အသက်

အချစ်ဆိုတာ နှင်းဆီပင်လိုပဲ။🥀🥀🥀မြေသြဇာကျွေးဖို့လိုတယ်၊ ယုယနေဖို့လိုတယ်၊ ပိုးသတ်ဖို့လိုတယ်။သို့မဟုတ်ရင် ညှိုးရော်တတ်တယ်၊  ...
31/05/2026

အချစ်ဆိုတာ နှင်းဆီပင်လိုပဲ။🥀🥀🥀
မြေသြဇာကျွေးဖို့လိုတယ်၊ ယုယနေဖို့လိုတယ်၊ ပိုးသတ်ဖို့လိုတယ်။
သို့မဟုတ်ရင် ညှိုးရော်တတ်တယ်၊
သေတတ်တယ်။ 🪾💔

#အပြင်ကလူ
#ကြည်အေး
#ရသကြေးမုံပြင်

30/05/2026

#မိုး🌧️🌨️🍀☘️🌱🌿

 #ရေမျောသီး_ဂျူး #ဝတ္ထုခံစားမှု 🌊  #ရေမျောသီး_လောကရေစီးကြောင်းအောက်ကနှလုံးသားတစ်စုံဆရာမဂျူးရဲ့ ဝတ္ထုတွေကို ဖတ်ရတာဟာ တိတ်...
21/05/2026

#ရေမျောသီး_ဂျူး
#ဝတ္ထုခံစားမှု

🌊 #ရေမျောသီး_လောကရေစီးကြောင်းအောက်ကနှလုံးသားတစ်စုံ

ဆရာမဂျူးရဲ့ ဝတ္ထုတွေကို ဖတ်ရတာဟာ တိတ်ဆိတ်နေတဲ့ အခန်းတစ်ခုထဲမှာ တစ်ယောက်တည်း ထိုင်နေရသလိုခံစားမျိုးပေးစွမ်းနိုင်ပါတယ် ။
"ရေမျောသီး" ထဲက ဇာတ်လိုက်မလေးဟာလည်း ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတတ်တဲ့၊ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ရင်ဆိုင်နေရတဲ့ "အထီးကျန်ခြင်း" ကို အကောင်းဆုံး ကိုယ်စားပြုထားပါတယ် ထင်မိပါတယ်။

ဇာတ်‌ကောင်မိန်းက‌လေးရဲ့ အလေ့အကျင့်တစ်ခုက ပိတ်ထားတဲ့ တံခါးကို ငေးကြည့်ဖို့တဲ့။ ဒါဟာ အပြင်က လူတွေကို မုန်းလို့၊ ဒါမှမဟုတ် လူတွေကို ကြောက်လို့ မဟုတ်ပါဘူး။ သူမရဲ့ အတွင်းစိတ်ကမ္ဘာကို အနှောင့်အယှက်မပေးဖို့ "ကာကွယ်" လိုက်တာပါ။ ပြတင်းပေါက်က ဇာခန်းဆီးလေးနဲ့ လေအဝေ့မှာ လှုပ်ရှားနေတဲ့ အရိပ်တွေကို ကြည့်ရင်း ကလေးဘဝဆီ ပြန်သွားတတ်တဲ့ သူမရဲ့ စိတ်ကူးယဉ်ပုံတွေက တကယ့်ကို သိမ်မွေ့လွန်းပါတယ်။

ဂျူးက "ချစ်သူ" ဆိုတဲ့ ဝေါဟာရကို ဘောင်ခတ်ပြလိုက်တဲ့အခါ တကယ်တော့ ဒါဟာ အကူအညီတစ်ခုတောင်းဖို့ လူတစ်ယောက်ကို ခေါ်တာလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အလွမ်းတွေကို ခွဲဝေဖို့ လူတစ်ယောက် လိုအပ်နေတာလားဆိုတဲ့ မေးခွန်းကို စာဖတ်သူဆီ လွှဲပေးလိုက်ပါတယ်။ ကျွန်မတို့ လိုချင်တဲ့ ချစ်သူပုံစံ၊ ကျွန်မတို့ အထင်ကြီးလေးစားမိတဲ့ သူတွေနဲ့ တကယ့်လက်တွေ့က လူတွေက ဘယ်လောက်တောင် ကွာခြားနေသလဲဆိုတာကို သူမ ရေးပြပုံက ရယ်စရာလည်းကောင်းသလို၊ ရင်နာဖို့လည်း ကောင်းပါတယ်။

စာအုပ်ရဲ့ နောက်ဆုံးအပိုင်းမှာ ဆရာမဂျူးရေးထားတဲ့ စက္ကူလှေနဲ့ ရေမျောသီက နိမိတ်ပုံအဖြစ် ရင်ထဲကို တိုးဝင်သွားပါတယ်။
ဟုတ်ပါတယ်... ကျွန်မတို့အားလုံးဟာ ဘဝဆိုတဲ့ မြောင်းထဲမှာ၊ဒါမှမဟုတ် ဘဝ ပင်လယ်ကြီးထဲမှာ ကိုယ့်သဘောဆန္ဒအတိုင်း စီးမျောနေရတယ်လို့ ထင်ပေမယ့် တကယ်တော့ ရေစီးကြောင်းအတိုင်းပဲ မျောပါနေကြတာပါ။

ဆရာမဂျူးဟာ စကားလုံးတွေကို သုံးနှုန်းတဲ့အခါ အလွန်အမင်း ထိန်းချုပ်နိုင်သူပါ။ စိတ်ခံစားချက်တွေကို အော်ဟစ်မပြဘူး၊ ဒါပေမဲ့ စာဖတ်သူရဲ့ ရင်ထဲမှာတော့ ဆူညံပွက်လောရိုက်သွားအောင် လုပ်နိုင်တယ်။

"ရေမျောသီး" ကို ဖတ်ပြီးရင် စာအုပ်ကို ပိတ်လိုက်ပေမယ့် အခန်းကျဉ်းလေးထဲက ပင့်ကူမျှင်တွေ၊ ရွဲ့စောင်းနေတဲ့ ပန်းချီကားတစ်ချပ်နဲ့ မိန်းကလေးရဲ့ အထီးကျန်ဆန်တဲ့ ညနေခင်းတွေက ကျွန်မတို့ရဲ့ စိတ်အာရုံထဲမှာ အကြာကြီး ကျန်ရစ်နေဦးမှာပါ။💖

#ရေမျောသီး
#ဂျူး
#ဝတ္ထုခံစားမှု
#ရသကြေးမုံပြင်
ရသကြေးမုံပြင်

မိုက်မဲခြင်းတို့ဖြင့် တည်ဆောက်ထားသော အနုပညာ (သို့မဟုတ်) မာဂရက် အက်ဝုဒ်၏ အမြင်**"ဘာအရှုပ်အထွေး၊ ဘာအလွဲအချော်မှ မရှိရင်......
18/05/2026

မိုက်မဲခြင်းတို့ဖြင့် တည်ဆောက်ထားသော အနုပညာ (သို့မဟုတ်) မာဂရက် အက်ဝုဒ်၏ အမြင်

**"ဘာအရှုပ်အထွေး၊ ဘာအလွဲအချော်မှ မရှိရင်... ဘာဇာတ်လမ်းမှလည်း ရှိလာတော့မှာ မဟုတ်ဘူး"** လို့ ကမ္ဘာကျော် စာရေးဆရာမကြီး မာဂရက် အက်ဝုဒ်က ဆိုဖူးပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်မတို့ တဖွဖွ ကြားနေရတာက "ထက်မြက်တဲ့ မိန်းမ" (Smart Woman) ဆိုတဲ့ စကားလုံးပါပဲ။ လူ့အသိုင်းအဝိုင်းရဲ့ အချီးကျူးခံရဖို့၊ ထက်မြက်ပြနိုင်ဖို့ပဲ အားသန်နေကြတဲ့ ဒီကမ္ဘာကြီးမှာ... မိုက်မဲတဲ့၊ နုံအတဲ့၊ ဒါမှမဟုတ် လူကြိုက်နည်းတဲ့ မိန်းကလေးတွေအကြောင်းကရော စိတ်ဝင်စားစရာ မကောင်းဘူးလား။

တကယ်တော့ "နုံအခြင်း" နဲ့ "ထက်မြက်ခြင်း" ဆိုတာ စကားလုံးအဖြစ်ပဲ တည်ရှိနေတာပါ။ နုံအပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် သူတို့ ဟန်ဆောင်ထားသလောက် မနုံတတ်ကြပါဘူး။ တစ်ခါတလေမှာ အချစ်အတွက်၊ တစ်စုံတစ်ရာအတွက် တမင်သက်သက်ကို နုံအပြတတ်ကြတာလေ။

ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်တဲ့အခါ ဇာတ်သိမ်းမှာ ရိုးသားလွန်းတဲ့ ဇာတ်ကောင်ထက် ဗီလိန်က ပိုပြီး အာရုံထဲ ငြိကျန်ခဲ့တတ်တာမျိုး သင် ကြုံဖူးမှာပါ။ မိန်းမတွေအားလုံးသာ အမျှော်အမြင်တွေ ရှိနေကြမယ်ဆိုရင်... ဒီကမ္ဘာပေါ်မှာ ဇာတ်လမ်းတွေ ရှိလာတော့မှာ မဟုတ်ပါဘူး။

ညည်းညည်းတွဲ့တွဲ့နဲ့ တောင်းပန်တိုးလျှိုးတဲ့ သီချင်းတွေ၊ ဂီတဆန်ဆန် ငိုညည်းသံတွေ၊ နှစ်ငါးရာလောက် ကြာနေပြီဖြစ်တဲ့ အချစ်ကဗျာတွေဟာ ဘယ်ကနေ လာပါ့မလဲ။ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်က ငုံ့လျှိုးပြီး အလွဲလွဲအချော်ချော်နဲ့ မိုက်မဲဖို့ အစပြုလာတဲ့အခါ... သူမရဲ့ စေတနာကောင်းတွေ၊ ကျေနပ်အောင် လုပ်ပေးချင်စိတ်တွေနဲ့ အသနားခံလာတဲ့အခါ... လူတွေရဲ့ အမြတ်ထုတ်ခြင်းကို ခံလိုက်ရတဲ့အခါ...

တုံးလွန်းလို့ပဲဖြစ်ဖြစ်၊ တော်လွန်းလို့ပဲဖြစ်ဖြစ် သူမဟာ ဂန္ထဝင်ဝတ္ထုတွေထဲကလို လူမိသွားပြီး သတင်းစာမျက်နှာတွေပေါ်မှာ မျက်ရည်စမ်းစမ်းနဲ့ ပါလာတဲ့အခါမျိုးမှာ အဲဒီပုံရိပ်က ကျွန်မတို့ရဲ့ ရင်ထဲကို တိုက်ရိုက်ရောက်သွားတော့တာပါပဲ။

သိပ်မှန်တာပါပဲ။ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲမှာ ထက်မြက်တဲ့ မိန်းမဆိုတာတွေကို ကြိတ်ရယ်မိချင် ရယ်မိနိုင်ပေမဲ့၊ အချို့သော မိုက်မဲတဲ့ မိန်းကလေးတွေရဲ့ ချစ်စရာကောင်းမှုကိုတော့ အသိအမှတ် မပြုဘဲ မနေနိုင်ကြဘူး မဟုတ်လား။ အဲဒီလို ဇာတ်ကောင် အမျိုးသမီးတွေ အများကြီး ကျွန်မတို့ ရင်ထဲမှာ ရှိနေကြတာ အမှန်ပဲလေ။

ကြောင်သူတော် စာဖတ်သူတို့... ရဲဘော်တို့... ညီအစ်မတော်တို့ရေ...
ကဲ... အခုတော့ ကျွန်မတို့ ရင်ထဲကို ရသစာပေဆိုတာကြီး ပေးအပ်ခဲ့တဲ့ "မိုက်မဲသော မိန်းမများ" ကိုပဲ အတူတူ ချီးကျူးလိုက်ကြရအောင်လား။👏👏🫰

---

#မိုက်မဲသောမိန်းမများကိုချီးကျူးကြပါစို့
#လူကြိုက်နည်းသောမိန်းကလေးများနှင့်မာဂရက်အက်ဝုဒ်၏အရေးအသားများ
#သီရိဇွန်
#ရသကြေးမုံပြင်

 #တရားမျှတမှုရဲ့အရိပ်အောက်က_ရင့်နင့်ဖွယ်အမှန်တရားH_A_Qတစ်ခါတလေမှာ "ဥပဒေ" ဆိုတာ စာအုပ်ထဲက စာသားတွေတင် မဟုတ်ဘဲ၊ လူတစ်ယောက်...
03/05/2026

#တရားမျှတမှုရဲ့အရိပ်အောက်က_ရင့်နင့်ဖွယ်အမှန်တရားH_A_Q

တစ်ခါတလေမှာ "ဥပဒေ" ဆိုတာ စာအုပ်ထဲက စာသားတွေတင် မဟုတ်ဘဲ၊ လူတစ်ယောက်ရဲ့ ဘဝနဲ့ သိက္ခာကို ဆုံးဖြတ်ပေးတဲ့ အဆုံးအဖြတ်လည်း ဖြစ်နေတတ်ပါတယ်။

**ဇာတ်လမ်းအကျဉ်း**
ဒီဇာတ်ကားဟာ ၁၉၈၅ ခုနှစ်ဝန်းကျင်က အိန္ဒိယနိုင်ငံမှာ အကြီးအကျယ် ဂယက်ထသွားခဲ့တဲ့ "Shah Bano Case" ဆိုတဲ့ ဖြစ်ရပ်မှန်ကို အမှီပြု ရိုက်ကူးထားတာပါ။ အဓိကအားဖြင့် အိမ်ထောင်ရေးကွာရှင်းပြီးနောက်ပိုင်း မွတ်စလင်အမျိုးသမီးတစ်ဦးရဲ့ "စားဝတ်နေရေး ထောက်ပံ့ကြေး" (Alimony) ရပိုင်ခွင့်အတွက် တရားရင်ဆိုင်ရပုံကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးဥပဒေနဲ့ နိုင်ငံတော်ရဲ့ အရပ်ဘက်ဥပဒေတို့အကြား ပဋိပက္ခဖြစ်ပွားမှုတွေကြားမှာ အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေး (Haq) အတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့ရလဲဆိုတာကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။💔

😍Yami Gautam ၏ ရသမြောက် သရုပ်ဆောင်ချက်

မင်းသမီး **Yami Gautam** ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ ဒီဇာတ်ကားရဲ့ အသက်ပါပဲ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ့် အမျိုးသမီးတစ်ဦးရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရုန်းကန်မှုတွေကို သူမရဲ့ လေးနက်တဲ့ အမူအရာတွေ၊ မျက်ဝန်းတွေနဲ့ ထိထိမိမိ ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။ သူမရဲ့ ရုပ်ရည်ကတင်မကဘဲ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကပါ ဇာတ်လမ်းကို ပိုမိုသက်ဝင်စေပြီး ကြည့်ရှုသူတွေရဲ့ ရင်ထဲကို တိုက်ရိုက်ထိမှန်စေမှာ သေချာပါတယ်။✅🍀

ဒါရိုက်တာ Suparn S Varma ရဲ့ ဖန်တီးမှုနဲ့အတူ Emraan Hashmi ရဲ့ အားပြိုင်မှုတွေကလည်း ဒီ Social Legal Drama ကို ရသမြောက်တဲ့ လက်ရာတစ်ခု ဖြစ်သွားစေပါတယ်။ ဒရမ်မာကောင်းကောင်း ကြိုက်သူတွေအတွက်တော့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် အကြံပြုလိုက်ရပါတယ်။🌟🍀

ရသကြေးမုံပြင်
#ရသကြေးမုံပြင် #အမျိုးသမီးအခွင့်အရေး
#ရသကြေးမုံပြင်

လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး💔ဒါပေမယ့်..ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ။😔💔 #တက္ကသိုလ်ဘုန်းနိုင် #တပြည်သူမရွှေထား #ရသကြေးမု...
28/04/2026

လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး💔
ဒါပေမယ့်..
ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ။😔💔

#တက္ကသိုလ်ဘုန်းနိုင်
#တပြည်သူမရွှေထား
#ရသကြေးမုံပြင်

Address

United State
Yangon

Website

Alerts

Be the first to know and let us send you an email when ရသကြေးမုံပြင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share