Ratana Wadi - Gems & Craft

Ratana Wadi - Gems & Craft Meant for You.

ပထမဆုံး Product လေးနဲ့ မိတ်ဆက်ပေးပါရစေ 💎မိုးကုတ်သဘာဝ နီလာစိန်ချွန်းကာလာတူ ဆိုဒ်တူ အသန့်လေးတွေကို ရွေးချယ်ကာ သဘာဝစိန်ဘေးရ...
15/07/2026

ပထမဆုံး Product လေးနဲ့ မိတ်ဆက်ပေးပါရစေ 💎

မိုးကုတ်သဘာဝ နီလာစိန်ချွန်းကာလာတူ ဆိုဒ်တူ အသန့်လေးတွေကို ရွေးချယ်ကာ သဘာဝစိန်ဘေးရံအဖြူအသန့်လေးတွေကို အသုံးပြုထားပါတယ်

Design လေးကတော့ Tiffany ကို Inspired ယူထားပြီး 18 k gold နားကပ်နဲ့ လက်စွပ်လေးတစုံကို ပြုလုပ်ထားပါတယ်

ခန့်မှန်းခြေစျေးနှုန်းလေးကတော့ နားကပ်လေးက MMK 40 Lakhs ဝန်းကျင်ဖြစ်ပြီး လက်စွပ်ကလေးကတော့ 65 lakhs ဝန်းကျင်ဖြစ်ပါတယ်

ရွှေစျေးကာလာတန်ဖိုးပေါ် မူတည်ပြီး စျေးနှုန်းအတက်အကျရှိသောကြောင့် စျေးနှုန်းနှင့် အနုလက်ရာလေးအကြောင်းအသေးစိတ်ကို စိတ်ဝင်စားပါက Chat Box တွင် လာရောက်မေးမြန်းနိုင်ပါတယ်

Ratana Wadi
•GEMS & CRAFTS •

မြတ်နိုးမှုဖြင့် အစပြုခြင်းရတနာဝတီဟာ မင်မင်တို့ ဇနီးမောင်နှံ ရဲ့ ကျောက်မျက်ရတနာတွေအပေါ် ချစ်မြတ်နိုးတဲ့ဝါသနာကနေ အခြေခံပြ...
10/06/2026

မြတ်နိုးမှုဖြင့် အစပြုခြင်း

ရတနာဝတီဟာ မင်မင်တို့ ဇနီးမောင်နှံ ရဲ့ ကျောက်မျက်ရတနာတွေအပေါ် ချစ်မြတ်နိုးတဲ့ဝါသနာကနေ အခြေခံပြီး ပေါ်ပေါက်လာတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်

မြတ်နိုးရတဲ့ ကျောက်မျက်ရတနာတွေအကြောင်း စာတွေ့လက်တွေ့လေ့လာရင်း စုဆောင်းရင်း အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ လုပ်ငန်းတစ်ခု အစပျိုးပြီး ကြိုးစားကြည့်ကြမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကျောက်အလွတ်လေးတွေနဲ့ ဒီဇိုင်းတွေ ဖန်တီးပြီး ကျောက်ထည် လက်ဝတ်ရတနာလေးတွေ စထုတ်ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ရတနာဆိုင်တွေက အများကြီးရှိပြီးသားပါ။ ငွေအရင်းအနီးအများကြီး ဆိုင်ခွဲတွေအများကြီးနဲ့ လည်ပတ်နေတဲ့ ရတနာဆိုင်တွေဆိုတာလည်း လက်ဆယ်ချောင်းတောင်မကပါဘူး။ ဘာပဲလိုလို အလွယ်တကူသွားဝယ်လို့ရပါတယ်။

ဒါဆို ရတနာဝတီက ဘယ်သူတွေအတွက်လဲ? ဘယ်လို အလုပ်လုပ်မှာလဲ? ဒီအကြောင်းလေး အနည်းအကျဥ်း ပြောပြပါရစေနော်

ကျောက်အလွတ်ပဲဖြစ်ဖြစ် ကျောက်ထည်တွေပဲဖြစ်ဖြစ် ဝယ်ရတာ ရွှေ နဲ့ ရွှေထည်တွေ ဝယ်ရတာ နဲ့ မတူပါဘူး။ ရွှေမှာ အရည်အသွေးသတ်မှတ်ချက် တိတိကျကျရှိပါတယ်။ နေ့စဥ်ပေါက်စျေးရှိပါတယ်။ တစ်နေရာနဲ့ တစ်နေရာ စျေးကွာလည်း ပေါက်စျေး နဲ့ အများကြီးကွာလေ့မရှိပါဘူး။ ပေါက်စျေးနဲ့ယှဥ်ပြီး ဘယ်မှာတော့ဖြင့် ဘယ်လောက်ကွာတယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။

ရွှေ က နေ့စဥ် ပေါက်စျေးပေါ်မှာ အခြေခံပြီး အလုပ်လုပ်လို့ရပါတယ်။ ကျောက်မျက် က ရွှေနဲ့ မတူပဲ ယုံကြည်မှုပေါ်မှာ ဦးစွာ အခြေခံပြီး အလုပ်လုပ် ရပါတယ်။

ကျောက်မျက်ရတနာလောကဆိုတာ ဒီလောကနဲ့ နီးစပ်ပါတယ်ဆိုတဲ့ သူတွေတောင် စိတ်ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ပါ လို့ဆိုရင် ငြင်းကြမဲ့သူ များများစားစား ရှိမယ်မထင်ပါဘူး။

ကျောက်မျက်ရတနာလောကနဲ့ နီးစပ်သည်မဖြစ်စေ မနီးစပ်သည်ဖြစ်စေ ကျောက်မျက်ရတနာတွေကို ဝတ်ချင် ပန်ချင်တယ်၊ စုဆောင်းချင်တယ်၊ ရင်းနီးမြှုပ်နှံချင်တယ် ဆိုတဲ့သူတိုင်း မှာ တူညီနဲ့ အခက်အခဲတွေ ကြုံရပါတယ်။ ဘာကိုကြည့်ရမလဲ။ ဘာတွေမေးရမလဲ။ ဘယ်သူ့ကို ယုံကြည်ရမလဲ။ ဒါတွေက လူတိုင်းအတွက် လွယ်ကူမနေပါဘူး။ ကျောက်မျက်ရတနာတွေ ကျောက်ထည်တွေကို စုဆောင်းပန်ဆင်သူတိုင်း ကျောက်မျက်အကြောင်း ထဲထဲဝင်ဝင် သိမနေနိုင်ပါဘူး။ စျေးနှုန်းတွေ အချက်အလက်တွေကလည်း ကျောက်မျက်ရတနာလောကမှာ ပွင့်လင်းမြင်သာမှုအားနည်းပါတယ်။ ရွှေဝယ်ရတာလောက် မရိုးရှင်းပါဘူး။

“လှလို့ ကြိုက်လို့ ဝယ်လိုက်တယ် စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့ “

“ကြိုက်တော့ကြိုက်တယ် မဝယ်ရဲဘူး”

“ငါတော့ဖြင့် လူအရှာခံလိုက်ရပြီလား” စသဖြင့် တမျိုးတဖုံ ခံစားရတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ

ရတနာဝတီမှာ ဒီလိုအခက်အခဲတွေကို မင်မင်တို့ ကိုယ်တိုင်ယုံကြည်ထားတဲ့ ကိုယ်ပိုင်မူဝါဒတွေနဲ့ အကောင်းဆုံးဖြေရှင်းပေးရင်း ရတနာလောကထဲမှာ ပုံစံလေးတစ်ခုနဲ့ ရပ်တည်သွားချင်ပါတယ်။

စိတ်တူကိုယ်တူ ခံယူချက်တူတဲ့ အသိုက်အဝန်းလေးတစ်ခုကို ရိုးသားပွင့်လင်းမှု နဲ့ မှန်ကန်မှု အားဖြင့် တည်ဆောက်သွားမှာပါလို့ ကတိပြုရင်း

ရတနာဝတီ - ကျောက်မျက် နှင့် အနုလက်ရာ ( Ratana Wadi - Gems & Craft ) အစပြုလိုက်ပါပြီ။

အစစအရာရာ အဆင်ပြေကြပါစေ။

မေတ္တာဖြင့်�ရတနာဝတီ (Ratana Wadi)

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Ratana Wadi - Gems & Craft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share