ရေကုသိုလ်အသင်း - Water Donors

Call Website Contact the business

ရေကုသိုလ်အသင်း - Water Donors Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရေကုသိုလ်အသင်း - Water Donors, Shopping & retail, No. 62, Marlarmyaing Street No. 4, Ward No. 16 , Hlaing Township, Yangon.

Water Donors Foundation is helping people those need pure drinking water and other water application by donation, providing technologies and managing in setting up water treatment systems for donors.

သောက်ရေဆိုတာ သန့်ရုံမဟုတ်ဘူး လူ့ခန္ဓာကိုယ်အတွက်အဟာရ သတ္တုဓါတ်တွေပါမှ အရည်အသွေးမှီသောက်ရေပါ။ ရေသန့်ထုတ်လုပ်တာသိပ်လွယ်ပါတယ...
28/09/2023

သောက်ရေဆိုတာ သန့်ရုံမဟုတ်ဘူး လူ့ခန္ဓာကိုယ်အတွက်အဟာရ သတ္တုဓါတ်တွေပါမှ အရည်အသွေးမှီသောက်ရေပါ။ ရေသန့်ထုတ်လုပ်တာသိပ်လွယ်ပါတယ်။ သောက်ရေကောင်းထုတ်လုပ်ဖို့ကရေအရင်းအမြစ်ရှားတယ်။ လိုအပ်တဲ့သတ္တုဓါတ်တွေဖြည့်ပေးနိူင်ပေမဲ့အကုန်အကျများ ဈေးနှုန်းကြီးပါလိမ့်မယ်။ ဒါကမြန်မာပြည်တွင်မဟုတ်ဘူး တကမ္ဘာလုံးနီးပါး လူသားတွေကြုံနေရတဲ့အဟာရချို့တဲ့ရခြင်းအကြောင်းအရင်းတခုပါ။ AI ဆိုတာကြီးပေါ်လာ။ ကြားလာရတယ်။ EV, Hybrid တဲ့။ Hydrogen Fuel တဲ့။ I Phone model အသစ်တွေ။ လကမ္ဘာမှာ သတ္တုမိုင်းတွေတည်ဆောက်တန်ဖိုးရှိသတ္တုတွေတူးမယ်တဲ့။ မားစ်ဂြိုလ်မှာ အခြေချမယ်ဟုတ်လား။ ဒီကမ္ဘာမှာလူအများစု အဟာရသတ္တုဓါတ်အလုံအလောက်ပါတဲ့သောက်ရေတောင်မသောက်ရပါဘူး။ ရေသန့်လို့ပြောရမလား။ ရေလိမ်လို့ပြောရမလား။ အဲ့ဒါဘဲသောက်ကြရတာများတယ်။

💧ရေသောက်သူများထံပေးစာ💧ရေသောက်ရင်အဟာရဓါတ်ကြွယ်ဝ ကျန်းမာရေးကို ကောင်းစေမဲ့ရေကိုသောက်စေချင်ပါတယ်။ ရေဘဲရေဓါတ်ပေါ့။ ဘယ်က အဟာရ...
16/07/2023

💧ရေသောက်သူများထံပေးစာ💧

ရေသောက်ရင်အဟာရဓါတ်ကြွယ်ဝ ကျန်းမာရေးကို ကောင်းစေမဲ့ရေကိုသောက်စေချင်ပါတယ်။ ရေဘဲရေဓါတ်ပေါ့။ ဘယ်က အဟာရဓါတ်ပါမှာလဲလို့မေးရင် ရေမှာ ပျော်ဝင်နေတဲ့ သတ္တုဓါတ် အလက်ထရိုလိုက်တွေကို ရည်ညွှန်းတာပါ။ ဘိုလို Minerals တွေပေါ့။ ဒီ Minerals တွေကိုအစားအသောက်တွေကလည်းမရဘူးလား။ ရပါတယ်။ ဒါဆို သောက်တဲ့ရေ ထဲမှာ သတ္တုဓါတ် Minerals တွေသိပ်မပါလည်း အဆင်ပြေတာပေါ့။ မပြေပါဘူး။ ဘာကြောင့်လည်း။ အစ္စရေးနိူင်ငံကပညာရှင်တွေ၊ ချက်နိူင်ငံကပညာရှင်တွေ ရဲ့ သု‌သေသနပြုလေ့လာထားတဲ့စာတမ်းအချက်အလက်တွေအရ ရေကရတဲ့သတ္တုဓါတ်တွေ အစား နေ့စဉ်စားသုံးနေတဲ့အစာအဟာရကိုဘဲ အားထားမယ်ဆို ကျန်းမာရေး ပြဿနာတွေအတော်များများ ရလာမှာပါ။ အဟာရဖြစ်အောင် စားသောက်ပေမဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ရေ ကရတဲ့ Minerals တွေကို ရာနှုန်းပြည့်အစားထိုးလို့မရပါ။ ဒါကြောင့် သတ္တုဓါတ်ကြွယ်ဝတဲ့ Mineral Water ကိုနေ့စဉ်သောက်သုံးရပါမယ်။ ရေမှာပါတဲ့ သတ္တုဓါတ်တွေဟာ အစာအိမ်မှ ၊ အူမှ အလွယ်တကူ စုပ်ယူ နိူင်တာလည်းတကြောင်းပါ။ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ၊ လသား၊ နှစ်သားငယ်‌တွေအတွက်ရေမှသတ္တုဓါတ်ဟာပိုအရေးကြီးပါတယ်။ သတ္တုဓါတ်ကြွယ်ဝမှု့မရှိတဲ့ ရေကိုနှစ်ရှည်သောက်သုံးနေရင် နှလုံးရောဂါ၊ ကြွက်သားတွေရဲ့ကျန်းမာရေး၊ အာရုံကြော၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ကိုပိုမိုဆိုးဝါးစေပါတယ်။ အရေပြားရောဂါ၊ ဓါတ်မတည့်တဲ့ရောဂါ၊ အယ်ဇိုင်းမာ စတာတွေကိုဖြစ်စေတဲ့အကြောင်းတရပ်လို့သု‌သေသန လုပ်သူတွေက ဆိုလာကြပါတယ်။ သောက်ရေမှာ သတ္တုဓါတ်ချို့တဲ့လို့ ဖြစ်လာမဲ့ဆိုးကျိုးတွေကို ကျနော်လည်း အကုန်အစုံရေးမပြနိူင်ပါဘူး။ အရေးကြီး မသိမဖြစ်သိသင့်တဲ့အချက်တွေကိုဘဲကြိုးစားပြောပရာ့စေ။ ရေမှာ ပါဝင်တဲ့အကျိုးပြု သတ္တုဓါတ်တချို့ကို Mineral Water တမျိုးရဲ့ ဖေါ်ပြချက် ပုံမှာလေ့လာကြည့်ပါ။ ကျနော်တို့မြန်မာပြည်မှာ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့သောက်ရေသန့် အများစုဟာ Reverse Osmosis Membrane ကို အသုံးပြု ထုတ်လုပ်ထားတာပါ။ အလွယ် RO ရေလို့ခေါ်ကြပါတယ်။ ရေမှာ ပါတဲ့ ထုံးဓါတ်၊ ဆားဓါတ်၊ အာဆင်းနစ်၊ အဏုဇီဝပိုးတွေ၊ အဆိပ်အတောက်၊ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ တွေကို RO Membrane တွေဟာ ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် လူတွေအတွက်အဟာရဖြစ်၊ ကျန်းမာရေး အကျိုးပြုမဲ့ သတ္တုဓါတ် Minerals တွေကိုလည်းဖယ်ပစ်တာပါဘဲ။ RO Membrane ဟာ Ionic Pore Size အရွယ်အစားရှိတဲ့ အလွန်စိပ်တဲ့ရေစစ်ပါ။ ရေမှာပျော်ဝင်နေတာ၊ မပျော်ဝင်နေတာတွေကို အကုန်ဖယ်တာပါ။ ဒါကြောင့် တန်ဖိုးရှိ အကျိုးပြု သတ္တုဓါတ်တွေလည်း ရေမှဖယ်ရှားပစ်ကြောင်းသိစေချင်ပါတယ်။ ဒါကြောင် အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်အချို့မှာ RO Membrane စနစ်ဖြင့်သောက်ရေသန့်ထုတ်လုပ်ပါက Mineral Injector ဆိုတာနဲ့ သတ္တုဓါတ်ကို ဖြည့်စီးပေးရပါတယ်။ ဒါကို ဥပဒေပြုထားတာပါ။ အစ္စရေးနိူင်ငံဟာ ရေအရင်းအမြစ်တွေမရှိသလောက်မို့ ပင်လယ်ရေကိုရေချိုအဖြစ် RO Reverse Osmosis စနစ်နဲ့ဘဲ ထုတ်လုပ်သောက်သုံးလာခဲ့တာ နှစ်အတော်ကြာပါဘီ။ Desalination လို့ခေါ်ပါတယ်။ အစ္စရေးပညာရှင်တွေက ဒီ RO နည်းနဲ့ထုတ်တဲ့ ရေကိုနှစ်ရှည်သောက်သုံးသူများအားလေ့လာကြည့်တဲ့အခါ နှလုံးရောဂါ နှင့် အခြားရောဂါတချို့ အစ္စရေးတွေမှာအဖြစ်ပိုများနေတာ တွေ့ရှိလာပါတယ်။ ဒီ အကြောင်း ပါတဲ့ Internet Link လေး ကို ဒီပိုစ်နဲ့တွဲဘက်ဖေါ်ပြပေးပါမယ်။ HealH2O ဆိုတဲ့ Mineral Water page လေးကိုလည်း ဖေါ်ပြပေးပါ့မယ်။ အချိန်ရရင်လေ့လာကြည့်ပါ။ Reverse Osmosis နည်းပညာရဲ့ အားသာချက် အားနဲချက်ကိုလည်းသတိပြုပါ။ ကျနော်တို့မြန်မာတွေက သောက်ရေသန့်စက်ဆို RO မှ RO ပါ ။ Mineral သတ္တုဓါတ်တွေမပါလို့ အရမ်းသွက်နေတဲ့ရေရဲ့အရသာကိုမှ သောက်ရေသန့်လို့ယုံမှတ်စွဲလမ်းနေသူကအများစုပါ။ ဒါပေမဲ့ Pesticide လို့ခေါ်တဲ့စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတချို့ကို RO Membrane ကမဖယ်ရှားနိူင်တာလည်းရှိပါတယ်။ Molecular Structure နဲ့ဆိုင်လို့ပါ။ ဒါဆိုရင် ဘယ်လို အဟာရဖြစ် သောက်ရေသန့်ကို သောက်ကြမလဲဆိုတာ သိဖို့လိုပါတယ်။ ဒီအကြောင်းကိုတော့ ကြိုးစားပြီးဆက်ရေးပါ့မယ်။ အမှားပါရင်လည်း ပြောပြပေးပါ။ အသေးစိတ်သိလိုသူများ လည်းဆက်သွယ်မေးမြန်းနိူင်ပါတယ်။ Filtration Spectrum လို့ခေါ်တဲ့ ရေထဲမှာ ပါတဲ့ပစ္စည်းတွေကိုစစ်ရာမှာအဆင့်ဆင့် Reverse Osmosis RO Range အထိ အလွယ်ကြည့်နိူင်တဲ့ ဇယားလေးကိုလည်းလေ့လာကြည့်မယ်ဆို အကျိုးများမှာပါ။ အသက်ရှည်ကျန်းမာရေးကောင်းစေမဲ့ သတ္တုဓါတ်ကြွယ်ဝသော သောက်ရေများနေ့စဉ် သောက်သုံးနိူင်ကြပါစေ။

အချိန်ရရင်အောက်ပါ Link နှစ်ခုတွင် လေ့လာကြည့်ပါ။

https://www.facebook.com/healh2o?mibextid=ZbWKwL

https://www.israel21c.org/the-startup-aiming-to-fix-the-water-we-drink/?fbclid=IwAR3eKwMeMiKWkLGJSpr-OIdcLvd6MGaYPTBS_Q5E5uNH97fxwLvVO63g17E

၁၉၈၂ ခုနှစ် RIT Intake သူငယ်ချင်းများနှင့်ဓမ္မမိတ်‌ဆွေများစုပေါင်းသောက်ရေသန့်စက်အလှူ တရားနာ ရေစက်ချခြင်း၊ စုပေါင်း တရားအ...
03/04/2023

၁၉၈၂ ခုနှစ် RIT Intake သူငယ်ချင်းများနှင့်ဓမ္မမိတ်‌ဆွေများစုပေါင်းသောက်ရေသန့်စက်အလှူ တရားနာ ရေစက်ချခြင်း၊ စုပေါင်း တရားအားထုတ်ခြင်း၊ ဆွမ်းကပ်ခြင်း ကုသိုလ်အမှု့တို့ကို ဧပြီလ ၁ ရက်နေ့ နံနက်တွင် လှိုင်မဟာစည်ရိပ်သာ၌ ပြုလုပ်ခဲ့ပါသည်။ ဤကုသိုလ်အစုစုတို့အား ပြည်တွင်းပြည်ပ သူငယ်ချင်းများ၊ သံသရာခရီးထွက်သွားနှင့်‌ကြသောသူငယ်ချင်းများနှင့် ကြားသိ၊ မြင်သိ၊ ဖတ်သိကြသူအပေါင်းအားလည်း အမျှပေး‌ဝေပါသည်။
🌹 အမျှ...အမျှ...အမျှ 🌹
🙏သာဓု..သာဓု..သာဓု🙏

18/03/2023

နွေကာလ လူတွေလည်းဝမ်းလျောလေ့ရှိပါတယ်။ ရေနဲ့အစားအသောက်တွေမှာ ဝမ်းလျောစေတဲ့အဏုဇီဝပိုးတွေ ပွါးများတဲ့ရာသီဖြစ်လို့ပါ။ သောက်ရေသန့်စက်တွေမှာလည်းအဏုဇီဝပိုးတွေ ပွါးမျာတတ်တဲ့သဘာဝရှိပါတယ်။ ဒီအန္တရာယ်ကိုစောင့်ကြည့် အရေးယူဖို့လိုပါတယ်။ အကြံအဉာဏ်လိုရင်
Messenger Tin Htun Aung Frank ကိုဆက်သွယ်ရယူနိူင်ပါတယ်။
ရုံးချိန် +959 448046044 ဆက်သွယ်ပါ။

25/02/2023

ရေအကျိုး(၁၀)ပါး
▬▬▬▬▬▬▬
၁။သန့်ရှင်းကြည်လင်ခြင်း
၂။ကျော်စောထင်ရှားခြင်း
၃။အခြံအရံ ပေါများခြင်း
၄။လျင်မြန်ဖျတ်လတ် သွက်လက်ပေါ့ပါးခြင်း
၅။ရေငတ်မွတ်သိပ်မှု ကင်းဝေးခြင်း
၆။အသက်ရှည်ခြင်း
၇။အဆင်းလှခြင်း
၈။ကြီးပွားချမ်းသာခြင်း
၉။ခွန်အားကြီးမားခြင်း
၁၀။ပညာဥာဏ်ကြီးမားခြင်း

==================

တစ်နည်းရေလှူရကျိုး
++++++++++++++

၁။နတ်မင်းအပေါင်းထက် မြတ်သော နတ်အဖြစ် အကြိမ်များစွာဖြစ်ရခြင်း
၂။စကြဝတေးမင်းအဖြစ် အကြိမ်များစွာ ဖြစ်ရခြင်း
၃။အပါယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ရခြင်း
၄။ရောက်လေရာအရပ်၌ ရေမရှားခြင်း
၅။ရောဂါကင်း၍ အဆင်းလှခြင်း
၆။ဆောင်းရာ,နွေရာသီများ၌ လိုအပ်၍ တောင့်တလျှင် ကြီးစွာသောမိုးကို ရွာသွန်းစေနိုင်ခြင်း
၇။ကိလေသာတည်းဟူသော မြူကင်းခြင်း

============

ကောင်းရာကောင်းကျိုးကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌တည်ပါစေချမ်းသာကြပါစေ။

⭐ဓမ္မမာမကလမ်းပြကြယ် ⭐

17/01/2023

ကျနော့်ငယ်ဆရာ ဆရာဦးပြည်စိုးရဲ့ပိုစ်လေးပါ။ ကိုယ်တွေရေအကျိုးအကြောင်းလေးပါ

Credit to Pyi Soe 🙏🙏🙏
ရေလှူကြပါ
**********

"အ"

အသက် ၉နှစ်အရွယ်မရွှေဥကလေးသည်အလန့်
တကြားမျက်စိကိုလက်နှင့်ပိတ်လိုက်မိသည်။

သူမသည်မိခင်နှင့်အတူဘုန်းကြီးကျောင်းသို့သွားရင်း
မျက်နှာချင်းဆိုင်မှလာသောအဖွားကြီးတစ်ယောက်
တံဘက်ကိုရမ်းလိုက်သဖြင့်သူမမျက်စိကိုထိသွားမိ
သည်။

သူမထိုတံဘက်မြိတ်ကိုယောင်၍ဆွဲလိုက်မိသော
အခါ

"ဟင်၊ ဒါ ငါကိုယ်တိုင် ရက်ထားပေးတဲ့တံဘက်ပဲ၊"
မရွှေဥလေးထိုသို့တွေးနေစဥ်အဖွားကြီးက

"မတော်လို့ပါသမီးရယ်၊နာသွားလား" ဟုမေးသည်။

မရွှေဥမော့ကြည့်လိုက်တော့ "ဟင် ဒါငါ့အမေပါလား"

သူမ၏အတိတ်ဘဝတံခါးကပွင့်သွားပြီဖြစ်သည်။
ယခုဘဝအမေကဘုန်းကြီးကျောင်းထဲဝင်ရန်လော
ဆော်သဖြင့် ဘဝဟောင်းကအမေကိုလှည့်ကြည့်
လှည့်ကြည့်ဖြင့်လိုက်သွားရသည်။

ကျောင်းထဲရောက်သောအခါမဟာဗောဓိဆရာတော်
ကြီးမှာမိမိကိုအရင်ဘဝကရေလှူရန်တိုက်တွန်းသော
ဆရာတော်ဖြစ်နေကြောင်းမှတ်မိပြန်သည်။

ရွှေဥသည်အရင်ဘဝကရွှေသီဟူသောသူဆင်းရဲမိန်း
ကလေးဖြစ်သည်၊ဆရာတော်၏အဆုံးအမဖြင့်ဘုရား
ကိုပင်ပင်ပန်းပန်းနေ့စဥ် ၃ ကြိမ် ရေလှူခဲ့သူဖြစ်သည်။

ဆရာတော်ကလည်းရွှေသီကိုမှတ်မိသည်၊ရွှေသီအ
သက် ၂၀ ခန့်တွင်ကွယ်လွန်ပြီးသူဋ္ဌေးသမီးရွှေဥ
ဖြစ်လာသည်ကိုသိရသ​ဖြင့်ဝမ်းမြောက်တော်မူ
သည်။

ဆရာတော်ကရွှေဥကိုဤဘဝတွင်လည်းရေလှူခြင်း
ဒါနကိုထပ်ပြုရန်တိုက်တွန်းသည်။

(သန့်စင်ကျော်ဇော၊ခြွေရံပေါ၍၊မမော​ဖြတ်လတ်၊
မငတ်မဆာ၊သက်ရှည်စွာနှင့်၊ချမ်းသာသုခ၊အဆင်း
လှလျက်၊ဗလခွန်အား၊ပညာများသည် မှတ်သား
ရေလှူအကျိုးတည်း)

သူဆင်းရဲရွှေသီဘဝမှရေလှူခြင်းအကျိုးကြောင့်
​သေလွန်သောအခါသူဋ္ဌေးသမီးရွှေဥဖြစ်လာသည်။

ဒေါ်ရွှေဥ(ဗေဒင်ပညာရှင်မိုးတားဦးထွန်းရှိန်၏မိခင်)
သည်အသက်ရှည်သလောက်ကျန်းမာရေးကောင်း
သည်၊ချမ်းသာကြွယ်ဝမှုကလည်းအတိုင်းထက်အ
လွန်ဖြစ်သည်၊ရုပ်အဆင်းလည်းတင့်တယ်သည်၊
ယုံကြည်အားထားရသောအခြွေအရံလည်းရှိသည်။

အသိညာဏ်ပညာလည်းထက်မြက်သည်၊လိုရင်း
ဆိုရလျင်၊ရေလှူခြင်းအကျိုး၁၀ပါးလုံးပြည့်စုံ
သည်။(ဓမ္မာစရိယဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတ တတိယ
တွဲ)

ရေလှူ၍နတ်သမီးဖြစ်သူ
**********************
ရှင်မဟာမောဂ္ဂလန်။ ။နတ်သမီး၊သင်သည်နီဖလံရွှေ
ဖြင့်မိုးအပ်သောလှေကိုစီး၍လှပသောကြာပဒုမ္မာ
တို့ကိုခူးဘိ၏။ သင်၏ကိုယ်ရောင်ကိုယ်ဝါလည်း
ထွန်းလင်းတောက်ပ၏၊

သင်၏ဗိမာန်ကိုလှပသောသစ်ပင်၊ရေကန်စိမ့်
စမ်းတို့ဝန်းရံ၏၊ဘယ်ကောင်းမှုကြောင့်ဤစည်းစိမ်
ကိုရအပ်သနည်း။

နတ်သမီး။ ။အရှင်ဘုရားတပည့်တော်မသည်လူ့ဘ
ဝကရေမွတ်သိပ်၍ပင်ပန်းနွမ်းနယ်သူရဟန်းတို့အား
လုံလ္လပြု၍ရေလှူခဲ့ဖူးပါသည်။

ရေမွတ်သိပ်သူလူပုဂ္ဂိုလ်များကိုလည်းလုံလ္လထုတ်၍
ရေလှူခဲ့ဖူးပါသည်။

ဤကောင်းမှုကြောင့်တပည့်တော်၏ဗိမာန်တွင်ကြည်
လင်ဧမြသောရေကန်၊ကြာပုဏ္ဏရိပ်ပန်းစိမ်းစိုသောသစ်
ပင်၊နီဖလံရွှေဖြင့်မိုးအပ်သောရွှေလှေတို့ဖြင့်မွေ့လျော်
ဖွယ်ဘဝ၌ဖြစ်ရပါသည်ဘုရား။
(ခုဒ္ဒကနိကယ်၊ဝိမာနဝတ္ထု)

တစာစာအော်နေသူများအကြားမှရေမငတ်သူ
****************************************
လွန်ခဲ့သော ၁၄ နှစ်ခန့်က ပညာရေးတက္ကသိုလ်တက်
နေသောသမီးကြီးကိုရန်ကုန်သို့ပြန်ပို့စဥ်ကျိုက်ထိုမြို့
အနီး၌ မျက်နှာ​ခြင်းဆိုင်မှexpress ကားတစ်စီးရေထဲ
ထိုးကျနေသည်ကိုကယ်ဆယ်​ရေးလုပ်နေကြသဖြင့်ကျွန်တော်တို့ကားအပါအဝင်ကားများနေပူထဲတွင်
အချိန်ကြာမြင့်စွာရပ်ထားရသည်။(ခရိီးသည်၃၀ခန့်
အသက်ဆုံးရှုံးသည်ဟုသိရ၏)

"ကားဆရာ ရေပေးပါ၊ရေသန့်ဗူးမပေးဘူးလား၊ပူ
တာအိုက်တာနဲ့ရေငတ်လို့သေတော့မယ်။"

ယခုမျက်နှာခြင်းဆိုင်တွင်accidentဖြစ်သောကား
မှာလည်းကျွန်တော်တို့စီးသောကားနှင့်ယာဥ်လိုင်းခြင်း
အတူတူပင်ဖြစ်သည်။သူတို့ကားအပါအဝင်ယာဥ်
အတော်များများကယခင်ကကဲ့သို့ခရီးသည်များကို
ရေသန့်ဗူးများမပေးတော့ပေ။(နောက်ပိုင်းတွင်အချို့
express ကာ​းများရေသန့်ဗူးများ​ပြန်ပေးကြသည်)

"ပေးစရာရေသန့်ဗူးမရှိပါဘူးခင်ဗျာ၊ခရီးဆက်လို့ရ
ရင်အအေးဆိုင်မှာရပ်ပေးပါ့မယ်"

ခရီးသည်အများရေမွတ်သိပ်၍ဆူညံနေကြသော်
လည်းကျွန်တော်ကမတုန်လှုပ်ပါ၊ကံကောင်းထောက်
မ၍၊ကျွန်တော့်အရှေ့(ပိုက်)အိပ်ထဲတွင်ရေသန့်ဗူး
တစ်ဗူးအသစ်စက်စက်ရှိနေသည်။မည်သို့ရောက်
နေမှန်းတော့မသိပေ။

ထိူဗူးကိုဖွင့်၍သမီးတို့သားအမိကိုပေးသောက်ပြီး
ကျွန်တော်အနည်းငယ်သောက်လိုက်သည်။

ခရီးသွားရများသူဖြစ်သဖြင့်ကားစီးရင်းဆီးသွား
ချင်မည်စိုးသဖြင့်ရေများများမသောက်မိရန်အကျင့်
လုပ်ထားသည်မှာအ​တော်ပင်ဖြစ်သည်။

"ဦး အဲဒီရေ သမီးကိုလည်းနည်းနည်းပေးသောက်
ပါလား"

အနီးအနားမှမိန်းမပျိုတစ်ဦးကမျက်နှာငယ်လေး
နှင့်​ရေတောင်းသောက်ရှာသည်။

"ရော့ သောက်လေ ဝေမျှသောက်ကြပေါ့"

၂ နာရီမျှနေပူထဲတွင်ဒုက္ခခံကြပြီးမှခရီးဆက်ကြရာ
အအေးဆိုင်တစ်ဆိုင်ရှေ့တွင်ခရီးသည်များအလုအ
ယက်အအေး၊ရေသန့်ဗူးစသည်ဝယ်ကြသည်၊

ကျွန်တော့်ရေသန့်ဗူးကရေလက်ကျန်ရှိနေဆဲဖြစ်
သည်။မျိုးရိုးအစဥ်အဆက်ရေလှူခဲ့သောအကျိုး
ပင်ဖြစ်ပေမည်။

ကျွန်တော်တို့မိသားစုနှစ်ပေါင်းများစွာရေလှူခဲ့ပါ
သည်။

ယခင်ကျွန်တော်တို့မြို့သည်နွေရာသီတိုင်းရေရှား
ပါသည်။(ဆည်ဆောက်ပြီးနောက်ပိုင်းရေဖိအား
​ကြောင့်ရေမရှားတော့ပါ၊ရေပေးစနစ်လည်းရှိလာ
ပါသည်။)

ရေမရှားသည်က ကျွန်တော်တို့မိသားစုဖြစ်သည်။
မြို့လည်ရှိ၂ ဧကခန့်ကျယ်သောကျွန်​တော့်အဖိုး၏
ဥယျာဥ်ခြံကြီးတွင်ရေထွက်ကောင်းသောရေတွင်း
၅တွင်းရှိသည်။(ယခုသံလွင်လမ်းရပ်ကွက်ဖြစ်နေ
ပါပြီ)

အနီးအနားမှလူမျာ​းရေလာချိုးကြရုံမကသောက်
ရေသုံးရေများသည်ယူပြန်သွားကြသော်လည်းစိုက်
ပျိုးထားသောဒူးရင်းပင်၊မင်းဂွတ်ပင်များအတွက်
ရေအလုံအလောက်ကျန်နေသည်သာဖြစ်သည်။

ကိုယ်ထိလက်ရောက်ရေလှူခြင်း
---------------------
ကျွန်တော်တို့မြို့၏အစဥ်အလာကောင်းတစ်ခုမှာ
နှစ်စဥ်မပျက်သံဃာကုန်(သီလရှင်အပါအဝင်)
၇၀၀၀ကေျာ်ကိုဆန်ဆွမ်းလောင်းခြင်းဖြစ်သည်။

နေပူကျဲကျဲတွင်ဖိနပ်မပါပဲကြွလာကြသောသံဃာ
များကိုအချို့ကအချိုရည်ကပ်လှူကြသော်လည်း
ကျွန်တော်က ရေသန့်ကိုကပ်လှူသည်။

အမှန်မှာရဟန်းများသည်ရေကိုအကပ်မခံပဲသောက်
ခွင့်ရှိသော်လည်း၊မမြင်ရသည့်​ရထရေမြူများဝင်နေ
လျင်မသင့်တော်သောကြောင့်ကျွန်တော်နှင့်ကလေး
များကရေဖန်ခွက်ကိုကိုင်၍ရေသောက်လိုသောရဟန်း
တိုင်းကိုကပ်သည်။

တစ်နှစ်တလေမဟုတ်ပါ၊နှစ်ပေါင်းများစွာထိုသို့ပင်
လုံလ္လပြု၍ရေလှူခဲ့ပါသည်။(ထန်းလျက်များကို
လင်ပန်းများနှင့်ထည့်၍​ရှေးဦးသံဃာကိုကပ်ပြီးလို
အပ်သူယူရန်ထားပေးသည်)

အကျိုးလိုသည်ထက်ထိုသို့ပြုလုပ်အားထုတ်ရ
သည်ကိုပျော်မွေ့သောကြောင့်ဖြစ်ပါသည်၊

နိဂုံးချုပ်အနေဖြင့်တင်ပြရလျင်ကျန်းမာရေးအ
တွက်အကောင်းဆုံးယတြာမှာရေလှူခြင်းဖြစ်သည်။

(ရေစစ် ဆေး ကျောင်း၊ အဟောင်းပြုပြင်၊ပဥ္စင်
အဋ္ဌ၊မြဲသီလ၊မုချသက်ရှည်ကြောင်း)

ရေစစ်ဆိုသည်မှာယခုခေတ်ရေသန့်ကရိယာ၊ရေသန့်
စက်များပေါ်လာပြီဖြစ်သဖြင့်အကောင်းဆုံးရေစစ်
အလှူပင်ဖြစ်ပါကြောင်း။

Address

No. 62, Marlarmyaing Street No. 4, Ward No. 16 , Hlaing Township
Yangon

Alerts

Be the first to know and let us send you an email when ရေကုသိုလ်အသင်း - Water Donors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရေကုသိုလ်အသင်း - Water Donors:

Shortcuts

Share