ပိစိပေါက်စ

ပိစိပေါက်စ local artist တွေရဲ့ merchandize လေးတွေကို artist တွေကိုယ်စား ရောင်းချပေးမယ့် နေရာလေး ပါ

ကွတ်ကီး Box မဟုတ်တဲ့  Blind Box ဗူးလေးမြင်မြင်ခြင်းမှာ ဒီဗူးလေးကဘာလေးလဲ သကြားလုံးလား Cookies လားဆိုပြီး စိတ်ဝင်တစား မေးက...
01/09/2026

ကွတ်ကီး Box မဟုတ်တဲ့ Blind Box

ဗူးလေးမြင်မြင်ခြင်းမှာ ဒီဗူးလေးကဘာလေးလဲ
သကြားလုံးလား Cookies လားဆိုပြီး စိတ်ဝင်တစား မေးကြတယ်
တစ်ကယ်တော့ ဒါလေးက ကွတ်ကီးတို့သကြားလုံးတို့လိုစားစရာမဟုတ်ပါဘူး
ချစ်စရာမြန်မာမှု မြန်မာဟန်
အရုပ်ပိစိလေးတွေ ပါတဲ့ Blind box လေးပါ .

အရုပ်ပိစိလေးတွေမို့လို့ Details အများကြီးမထည့်ပဲ ရိုးရှင်းတဲ့ style နဲ့ Artist တွေကိုယ်တိုင် ဆန်းသစ်ဖန်တီးရေးဆွဲထားတဲ့ မြန်မာမှု အရုပ်လေးတွေပါ .

နောက်ထပ် အသေးစိတ်အချက်အလတ်လေးတွေ ထပ်ပြီးပြောပြဦးမှာမို့လို့ Page လေးကို Like and Follow လုပ်ထားပေးနော်

Art Bridge Art Center မှာ ကျင်းပနေတဲ့ The Art of Innovation ပွဲလေးမှာ ပိစိပေါက်စ လေးတွေ စရောင်းနေပါပြီ ☺️ Comment မှာလိပ...
15/08/2026

Art Bridge Art Center မှာ ကျင်းပနေတဲ့ The Art of Innovation ပွဲလေးမှာ ပိစိပေါက်စ လေးတွေ စရောင်းနေပါပြီ ☺️
Comment မှာလိပ်စာလေးရေးပေးထားပါမယ်

ပိစိပေါက်စ Blind Box လေး‌ေဖာက်ချင်‌ေနကြပြီလား ?ပိစိပေါက်စ blind box ကို pre-order date ထိစောင့်စရာမလိုပဲ ဦးဦးဖျားဖျား un...
13/08/2026

ပိစိပေါက်စ Blind Box လေး‌ေဖာက်ချင်‌ေနကြပြီလား ?
ပိစိပေါက်စ blind box ကို pre-order date ထိစောင့်စရာမလိုပဲ ဦးဦးဖျားဖျား unboxing လုပ်ခွင့်ရမယ်ဆိုရင်ရောစိတ်ဝင်စားလား

‎ 15/16/17 August, 2026‎
The Art Bridge Art Center
‎(No.1A+1B/6, 4th Floor, 32 Ward, Pinlon
‎ Road, North Dagon, Yangon.)‎မှာ ကျင်းပမယ့်

‎🚩The Art of Innovation - Digital Art & Creative Exhibition.

ပွဲလေးမှာ ပိစိပေါက်စ Blindbox လေးတွေ အရေအတွက်အကန့်အသက် နဲ့ ပထမဆုံး ဦးဦးဖျားဖျား ဖောက်ခွင့်ရမှာပါ .

ဒီပွဲလေးမှာက မြန်မာလူငယ်အနုပညာရှင် အယောက်၃၀ရဲ့ Artwork ကြည့်ရှု့ခွင့်ရမှာဖြစ်သလို Artist တွေရဲ့ merchandise တွေလဲ ဝယ်ယူလို့ရဦးမှာပါ

ဒါဆိုရင် ဒီတစ်ပတ် စနေ ပွဲမှာဆုံကြမယ်နော် .

13/08/2026

ပိစိပေါက်စ အပြင်ပုံလေးတွေ မြင်ချင်ကြတဲ့သူတွေအတွက်ပါ

11/08/2026

💛❤️ပိစိပေါက်စ Blindbox လေး တစ်ကယ်လာပါပြီ💛❤️
Blind Box ထဲမှာ ပါမယ့် collectable art accessories ပိစိ‌ေပါက်စလေးတွေ အကြောင်းပြောပြမယ်နော်

မပြောခင် ဒီ ကြော်ငြာ video လေးကို သူငယ်ချင်း3ယောက် Tag ပြီး public share ထားမယ်ဆိုရင်လဲ Giveaway အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်တယ်ဆိုတာလေးကို ဦးစွာပြောကြားပါရစေ (public share ထားကြောင်း screen shot လေးလဲ မန့်ခဲ့ကြဖို့မမေ့နဲ့နော်)

ဒါဆို ပိစိပေါက်စ collectable art accessories လေးတွေအကြောင်းပြန်ဆက်မယ်နော်

Collectable Art toy လေးတွေအနေနဲ့ရော နေစဉ်သုံး Accessories လေးတွေ အနေနဲ့ရော အသုံးပြုလို့ရအောင် ပြုလုပ်ထားတာမို့လို့ collectable Art Accessories လေးတွေ လို့သာ နာမည် တပ်လိုက်တာပါ
တစ်ကယ်တော့ 2D illustration ကနေ 3D modeling
3D print Production - Painting အစအဆုံး Artist ကိုယ်တိုင် ရေးဆွဲဖန်တီးထုတ်လုပ်ထားတဲ့ အနုပညာလက်ရာလေးတွေပါ .

ဒီ Blind Box ဗူးလေးတစ်ဗူးမှာဘာတွေပါမလဲဆိုတော့ video ထဲမှာ မြင်ရတဲ့ အရုပ်လေး၉မျိုး /special နဲ့ Secret Items ‌၂မျိုး စုစုပေါင်း ၁၁မျိုး ရှိတဲ့အထဲက တစ်ဗူးမှာ ၃မျိုးပါပါမယ် (secret items နဲ့ special item လေးတွေက တော့ ၃ဗူးတွဲတစ်စုံဝယ်တဲ့သူတွေထဲကပိုပြီးကံထူးနိုင်ပေမယ့် ကံအရမ်းကောင်းသွားရင်လဲ တစ်ဗူးထဲကနေ secret items လေးလဲပေါက်နိုင်အောင် စီစဉ်ထားပါသေးတယ်)

နောက်ထပ် ပါဝင်ဦးမယ့် အရုပ်လေးတွေမှာတပ်ပြီးအသုံးပြုလို့ရမယ့် accessories လေးတွေကတော့
(၁)Car aircon အမွေးနံ့လေးတွေ ပေးနိုင်မယ့် vent clips
(၂)ရေခဲသေတ္တာမှာ ကပ်လို့ရမယ့် သံလိုက်
(၃) Crocs ဖိနပ်တွေမှာ တပ်လို့ရတဲ့ jibbitz
(၄) အင်္ကျီ ကြယ်သီး လေးတွေအပေါ်မှာ အလှဆင်လို့ရမယ့် ကြယ်သီးcover လေး
(၅) Tote bag/ဦးထုတ် တို့မှာ တပ်လို့ရမယ့် ချိတ်
ဒါတွေအားလုံးပါဝင်မှာဖြစ်ပါတယ်
မိမိကြိုက်နစ်သက်ရာ နဲ့တွဲဖက်အသုံးပြုနိုင်ဖို့ 3M sticker လေးတွေ အသုံးပြုပေးထားပါတယ်

ဘယ်နေ့ဘယ်အချိန်မှာ စပြီး pre-order တင်လို့ရမယ်ဆိုတာကို ထပ်ပြီး ကြေညာပေးပါမယ်ရှင့်

Pre-order မတိုင်ခင် ဦးဦးဖျားဖျား unboxing လုပ်ခွင့်ရမယ့် အစီအစဉ်လေးလဲရှိတာမို့ page လေးကို follow လုပ်ပြီး noti လေးယူသွားနော်

ဒီကြော်ငြာanimation video လေးကိုလဲ Ai မသုံးပဲ 3D motion graphics Designer ko က ဖန်တီးပေးထားတာဖြစ်ပါတယ်

05/08/2026

ပိစိပေါက်စ
blind box
coming soon...

Video လေးကို pause လုပ်ပြီး ကိုယ်ကြိုက်တဲ့ပုံလေးကို screen shot ရိုက်ပြီး Comment ပေးသွားနော်

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when ပိစိပေါက်စ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category