Lumen Libris

Lumen Libris "Lumen Libris" Book Shop 📖

" Lumen Libris " မှာKorea စာလေ့လာနေသူများအတွက် အသုံးဝင်စေမယ့် ဆရာမချမ်းမြမြသော် ရဲ့ စာအုပ်လေးကို ပြန်လည်မှာယူနိုင်ပါပြီ။...
25/08/2026

" Lumen Libris " မှာ

Korea စာလေ့လာနေသူများအတွက်

အသုံးဝင်စေမယ့်

ဆရာမချမ်းမြမြသော် ရဲ့ စာအုပ်လေးကို ပြန်လည်မှာယူနိုင်ပါပြီ။

စာအုပ်တန်ဖိုး ၁၇၀၀၀ ပါ


#ချမ်းမြမြသော် #အခြေခံအဆင့်ကိုးရီးယားသဒ္ဒါပေါင်းချုပ် #စာဖတ်ပါ

၂၄၊ သြဂုတ်၊ ၂ဝ၁၆ တွင် ပုဂံ၌ ငလျင်လှုပ်ခတ် ခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ များစွာ ထိခိုက် ပျက်စီးခဲ့သည့်အတွက် ၂ဝ...
25/08/2026

၂၄၊ သြဂုတ်၊ ၂ဝ၁၆ တွင် ပုဂံ၌ ငလျင်လှုပ်ခတ် ခဲ့ပါသည်။

ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ များစွာ ထိခိုက် ပျက်စီးခဲ့သည့်အတွက် ၂ဝ၁၆ ပုဂံငလျင် ပြီးလျှင်ပြီးချင်း ပျက်စီးဆုံးရှုံးမှုများ၊ ကျန်ရှိနေသော ဗိသုကာလက်ရာ အခြေအနေ များအား မှတ်တမ်းရယူထားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဗိသုကာအသင်းက ပုဂံဘုရားများ ဗိသုကာစစ်တမ်း ကောက်ယူခြင်းလုပ်ငန်း၊ AMA Bagan Architecture Inventory - 2016 အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသော တွေ့ရှိချက်များသည် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု ဒေသအတွက် များစွာ အရေးပါပြီး အထောက် အကူပြုနိုင်မည် ဖြစ်သောကြောင့် ဤစစ်တမ်းကို ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။

📒ပုဂံဘုရားများဗိသုကာစစ်တမ်း
တန်ဖိုး-15000ကျပ်
စာမျက်နှာ-111


#ပုဂံဘုရားများဗိသုကာစစ်တမ်း #ပုဂံ #ဗိသုကာ #ငလျင် #စာဖတ်ပါ

"လီကွမ်ယု" စာအုပ်များ📚(7)အုပ်လုံးကိုမှ - 38500 MMK ပဲ ရှိပါတယ်။တစ်အုပ်ချင်းစီရဲ့ စျေးကို ပုံအောက်မှာ ကြည့်နိုင်ပါတယ်စိတ်...
24/08/2026

"လီကွမ်ယု" စာအုပ်များ📚

(7)အုပ်လုံးကိုမှ - 38500 MMK ပဲ ရှိပါတယ်။

တစ်အုပ်ချင်းစီရဲ့ စျေးကို ပုံအောက်မှာ ကြည့်နိုင်ပါတယ်

စိတ်ချယုံကြည်စွာ မှာယူနိုင်ပါတယ်


#လီကွမ်ယု #စာအုပ် #စာဖတ်ပါ

‎လူတိုင်း အချစ်နဲ့ မကင်းကြဘူး ..‎အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း မနည်းဘူး ..‎‎အခ...
24/08/2026

‎လူတိုင်း အချစ်နဲ့ မကင်းကြဘူး ..
‎အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း မနည်းဘူး ..
‎
‎အချစ်က ဘဝမဟုတ်ဘူး .. အချစ်က ဘဝတစ်ပိုင်းတစပါဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘဝပျက်သွားကြတဲ့ လူတွေလည်း ရှိပါတယ် ..
‎
‎ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ ..
‎
‎အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို ယုံကြည်ပါတယ် ..
‎
‎အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘဝကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ..
‎===
‎
‎ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ .. အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာပါ။ အချစ်ရေးအချစ်ရာမှာ များစွာ အထောက်အကူဖြစ်စေတာမလို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းလေး ဖြစ်ပါတယ်။

• ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့
• နိုင်းနိုင်းစနေ
• 8000 MMK


#နိုင်းနိုင်းစနေ #ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့ #စာဖတ်ပါ

အချိန်၊ ငွေ၊ ပျော်ရွှင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတ မျှမျှ ဒါတွေကိုလည်း မိမိက စီမံခန့်ခွဲပြီး ခွဲဝေလုပ်ကိုင်တတ်ရပါမယ်.. က...
24/08/2026

အချိန်၊ ငွေ၊ ပျော်ရွှင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတ မျှမျှ ဒါတွေကိုလည်း မိမိက စီမံခန့်ခွဲပြီး ခွဲဝေလုပ်ကိုင်တတ်ရပါမယ်.. ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ တွေးတောကြံဆ လုပ်ကိုင်ခဲ့သလို အဲဒီက ရရှိလာတဲ့ ငွေကြေးကိုလည်း ဘယ်နေရာမှာ ဘာအတွက် သုံးမယ်ဆိုတဲ့ စီမံခန့်ခွဲမှု ထားရပါမယ်..။
‎
‎ကျွန်တော်တို့အနေနဲ့ ဘာကို အကောင်အထည်ဖော်ချင်တာလည်းဆိုတာကို အထူးအမှူးဖြစ်နေဖို့ လိုပါတယ်.. ဒီလိုမှ မဟုတ်ရင်တော့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး…
‎
‎ဈေးကွက်ကို မဆန်းစစ်၊ ထိုးဖောက်ပါ မတူညီတဲ့ နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ ရလဒ်ကောင်းတွေရနိုင်တယ်ဆိုတာ ကိုယ်တိုင်…။ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက် သွားကြည့်ပါ.. အကျိုးမယုတ်ပါဘူး…
‎
‎လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ ပြောင်းလဲမှု ၊ အခွင့်အရေးနဲ့ အချိန် အခက်အခဲမှ ရှိ/မရှိကို မသုံးသပ်ဘဲ ရှေးရိုးထုံးစံကြီး လမ်းစဉ်နောက်ကို လိုက်မိရင်တော့ ဆုံးရှုံးရမှာ မလွဲမသွေပါပဲ…။
‎
‎ယခုစာအုပ်တွင် ရေရှည်အသက်မွေးဝမ်းကျောင်းခရီးမှာ ကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်၊ သူများဝန်ထမ်း အလုပ်ပဲ လုပ်လုပ် လုပ်ငန်းခွင်ဝင်ကြမယ့် လူငယ်တိုင်းအတွက်ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

• ‎အလုပ်နှင့်ဘဝကိုစီမံခန့်ခွဲခြင်း – ခေါင်းဆောင်မှုအရည်အချင်း
• ‎ကြည်မင်းခေါင်
‎• 16000 (ကျပ်)


#ကြည်မင်းခေါင် #ဘာသာပြန် #စာအုပ် #စာဖတ်ပါ

‎ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ ဟိုဟာပြောင်းလုပ်လိုက်၊ ဒီဟာပြောင်းလုပ်လိုက်နဲ့ လမိုင်းမကပ်နိုင်ဘဲ ဖြစ်နေလား။‎‎လုပ်လက်စအလု...
24/08/2026

‎ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ ဟိုဟာပြောင်းလုပ်လိုက်၊ ဒီဟာပြောင်းလုပ်လိုက်နဲ့ လမိုင်းမကပ်နိုင်ဘဲ ဖြစ်နေလား။
‎
‎လုပ်လက်စအလုပ်ကို လုပ်ရမှာမှန်း သိပေမယ့်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အာရုံစိုက်လို့ မရနိုင်ဘဲ ဖြစ်နေလား။
‎
‎အခုနေတမျိုး ခဏနေတမျိုး အခုတော့ ဒါလုပ်နေတာပဲ၊ ဒါပေမဲ့ ခဏလောက်နဲ့တင် ဟိုဟာလိုလို ဒီဟာလိုလို ကဘောက်တိကဘောက်ချာ ဖြစ်နေလား။
‎
‎ဟိုဟာလုပ်လည်း မဖြစ်၊ ဒီဟာလုပ်လည်း မဖြစ် ကြာလာတော့ ကြိုးစားသလောက် အလုပ်မတွင်တာတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးချင်သလိုတောင် ဖြစ်လာနိုင်ပါတယ်။
‎
‎မသိရင် ကိုယ့်ရှေ့မှာ တခုခုက လာပိတ်နေသလိုမျိုး၊ အတားအဆီးတွေ များလွန်းနေသလိုမျိုး ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။
‎
‎ကိုယ်နဲ့မတူ တခြားလူတွေကျတော့ ကိုယ့်ထက်မက အောင်မြင်နေကြပြီး၊ ကိုယ့်မှာတော့ ကြိုးစားသလောက် အလုပ်မဖြစ်နိုင်၊ ရုန်းသလောက် မရွေ့သလိုကြီး ခံစားလာရတဲ့အခါ စိတ်မကောင်းအကြီးအကျယ် ဖြစ်ကြရမှာပါ။
‎
‎အပြိုင်အဆိုင်အလွန်များသလို၊ စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာ စိတ်အာရုံစူးစိုက်မရဘဲ စိတ်သောကများသလို စိတ်ဖိအားများသလို ခံစားလာရတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေပါ။
‎
‎မသိလို့ထက် သတိမထားမိလို့ မယူသင့်တဲ့ အာရုံတွေကြောင့် အာရုံများနေရပြီး အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်ရေး အတော်လေး ခက်ခဲနေရင်၊ အလေးထားသင့်တာတွေကို အရေးတယူ လုပ်နိုင်ရေး လက်တွေ့ အသုံးချလို့ရနိုင်မယ့် လမ်းညွှန်တွေ၊ လေ့ကျင့်ခန်းတွေ၊ နည်းဗျူဟာတွေကို အခုစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဂဃနဏ လေ့လာနိုင်မှာဖြစ်ပါတယ်။
‎
‎အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်မှုဆိုတာက ကိုယ့်မှာရှိတဲ့ အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေး “ပိုင်ဆိုင်မှု” ဖြစ်ပါတယ်။ လုယူလို့ မရနိုင်ပေမဲ့၊ လွယ်လင့်တကူ ပျောက်ဆုံးသလို ဖြစ်နိုင်တာကြောင့်၊ ကိုယ့်အပိုင်ကို ပျောက်ရှသွားတာမျိုး မဖြစ်အောင် ဒီစာအုပ်ထဲက လက်တွေ့လမ်းညွှန်တွေ အသုံးချပြီး … အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုင်နိုင်စွာ မြှင့်တင်လိုက်ပါ။

• အာရုံစူးစိုက်နိုင်စွမ်းကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ
• လူသာ (အတွေးအမြင်)
• 18000 MMK


#လူသာအတွေးအမြင် #ဘာသာပြန် #စာအုပ် #စာဖတ်ပါ

"ဘဝခရီးလမ်းရဲ့ အတက်အကျတွေကြားမှာ... မျှော်လင့်ချက်တွေနဲ့ ရပ်တည်နေကြရတဲ့  မြစ်ဝကျွန်းပေါ်ဒေသမှ လူသားတို့ရဲ့ အကြောင်းအရာမျ...
23/08/2026

"ဘဝခရီးလမ်းရဲ့ အတက်အကျတွေကြားမှာ... မျှော်လင့်ချက်တွေနဲ့ ရပ်တည်နေကြရတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှ လူသားတို့ရဲ့ အကြောင်းအရာများကို ခံစားချက်အပြည့်နဲ့ ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းလေး..."

စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်နဲ့ ရေးသားထားတဲ့ ဒီစာအုပ်လေးကို
ရုပ်ရှင်ကားကြီးအဖြစ် "မကြာမီ"တွင်
စတင်ပြတော့မှာပါရှင့်

ရုပ်ရှင်ကားကြီးရုံတင်မပြသခင်
ဇာတ်လမ်းလေးကိုသိချင်ရင်တော့ အခုဘဲစာအုပ်လေးကိုမှာယူလိုက်ပါနော်

✍️မိုးသက်အောင်၊မြန်မာစာ၊
📒လွှာလှပ်လွင့်ဝါ
တန်ဖိုး-9000ကျပ်
စာမျက်နှာ-248


#မိုးသက်အောင်မြန်မာစာ #လွှာလှပ်လွင့်ဝါ
#စာဖတ်ပါ

ဆရာမကြီး ခင်ခင်ထူး ၏ရရှိနိုင်သောစာအုပ်‌လေးတွေ‌ပါတစ်ချို့စာအုပ်တွေက အုပ်ရေအနည်းငယ်ဘဲကျန်ပါမယ်1.မအိမ်ကံ-30000ကျပ်2.တောမင်း...
21/08/2026

ဆရာမကြီး ခင်ခင်ထူး ၏ရရှိနိုင်သောစာအုပ်‌လေးတွေ‌ပါ

တစ်ချို့စာအုပ်တွေက အုပ်ရေအနည်းငယ်ဘဲကျန်ပါမယ်

1.မအိမ်ကံ-30000ကျပ်

2.တောမင်းသမီး-30000ကျပ်

3.ပန်းကြာဝတ်မှုန် ဆဌမကြိမ်-30000ကျပ်

4.ဆူးပန်းခွေ သွယ်ဘယက်ပေရွက်လိပ်နားတောင်းဆင်-25000ကျပ်

5.ခမည်းကြိုး-25000ကျပ်

6.အညာသူ အညာသား အဌမအကြိမ်-20000ကျပ်

7.သုံးချက်စည်း-20000ကျပ်

8.သုံးဖန်လှ (လမ်းကျောင်း၊ကျာကျူး၊အော်ကျွေ)-18000ကျပ်

9.သျှောင်ပေစူး-15000ကျပ်

10.ရက်ကန်းလွန်း စတုတ္ထအကြိမ်-12000ကျပ်

11.လှည်းယဉ်ကြော့ ပဉ္စမအကြိမ်-12000ကျပ်

12.ပန်းစည်းကြိုး-12000ကျပ်

13.ကြာဆစ်ကြိုး-12000ကျပ်

14.သုံးလွန်းတင်-12000ကျပ်

15.ဝတ်လဲတော်ရွှေပုဆိုး-10000ကျပ်

16.ကျေးတရာ-10000ကျပ်

17.ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများအဌမကြိမ်-8000ကျပ်

18.ပါးကွက်ကျား ဝတ္ထုတိုများ-8000ကျပ်

19.ဈေးခြင်းတောင်း-8000ကျပ်

20.ပဲသင်းကောက်-8000ကျပ်

21.စည်းကုံးကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ-5000ကျပ်

စိတ်ချစွာ မှာယူနိုင်ပါတယ်။


#ခင်ခင်ထူး #စာအုပ် #စုစည်းမှု #စာဖတ်ပါ

🇯🇵 ဂျပန်စာ N5/N4 စကားပြော လွယ်လွယ်ကူကူ လေ့လာကြမယ်! ✨​ဂျပန်စာကို အခြေခံကတည်းက စကားပြောပြေပြေလည်လည် ပြောချင်သူတွေအတွက် အထူ...
21/08/2026

🇯🇵 ဂျပန်စာ N5/N4 စကားပြော လွယ်လွယ်ကူကူ လေ့လာကြမယ်! ✨

​ဂျပန်စာကို အခြေခံကတည်းက စကားပြောပြေပြေလည်လည် ပြောချင်သူတွေအတွက် အထူးသင့်တော်တဲ့ "Basic Level N5/N4 စကားပြောအထောက်အကူပြု ဝေါဟာရဒေသနာ" စာအုပ်တွဲလေး ရနိုင်ပါပြီ။

​📚 စာအုပ်အသေးစိတ်
​Part - 1
​📄 စာမျက်နှာ: 74 မျက်နှာ
​💰 ဈေးနှုန်း: 11,000 Ks

​Part - 2
​📄 စာမျက်နှာ: 89 မျက်နှာ
​💰 ဈေးနှုန်း: 13,000 Ks

​💡 ဘာကြောင့် ဒီစာအုပ်ကို ရွေးချယ်သင့်တာလဲ။

​N5/N4 Level အခြေခံသမားတွေအတွက် သီးသန့်ပြုစုထားခြင်း

​နေ့စဉ်သုံး စကားပြော ဝေါဟာရများကို လွယ်ကူစွာ အမှတ်ရစေခြင်း

​စကားပြောလေ့ကျင့်ရာမှာ အဓိက အထောက်အကူပြုပေးခြင်း

​🛒 မှာယူလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်


#စာဖတ်ပါ

ဒီစာအုပ်ဟာ ကမ္ဘာကျော် စိတ်ဓာတ်ခွန်အားပေးစာရေးဆရာကြီး နပိုလီယံဟီးလ်ရဲ့ အောင်မြင်ရေး သဘောတရားတွေကို အခြေခံထားတာ ဖြစ်ပါတယ်။...
21/08/2026

ဒီစာအုပ်ဟာ ကမ္ဘာကျော် စိတ်ဓာတ်ခွန်အားပေးစာရေးဆရာကြီး နပိုလီယံဟီးလ်ရဲ့ အောင်မြင်ရေး သဘောတရားတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ဆရာစောဒေးဗစ် ကဘာသာပြန်ဆိုထားပါတယ်။လူတော်တော်များများဟာ အောင်မြင်ချမ်းသာချင်ကြပေမယ့် “ဆုတောင်းရုံ” နဲ့တင် ရပ်တန့်နေတတ်ကြပါတယ်။ ဒီစာအုပ်ကတော့ တိကျတဲ့ အစီအစဉ်ဆွဲခြင်း နဲ့ ပြင်းပြတဲ့ ဆန္ဒလောင်ကျွမ်းခြင်း တို့ရဲ့ အရေးပါမှုကို ထောက်ပြထားပြီး စည်းစနစ်ကျကျ ဘယ်လိုကြိုးစားရမလဲဆိုတဲ့ လမ်းပြမြေပုံကို ပေးစွမ်းထားပါတယ်။

ဘာကြောင့် ဖတ်သင့်သလဲ?
၁။ တိကျသော လမ်းညွှန်ချက် – ရာနှုန်းပြည့် အောင်မြင်ချမ်းသာလာစေဖို့ လက်တွေ့ကျကျ လိုက်နာရမည့် နည်းလမ်းများကို ရှင်းလင်းစွာ ဖော်ပြထားသည်။
၂။ ပိုင်နိုင်သော ဘာသာပြန် – ဆရာစောဒေးဗစ်၏ ဘာသာပြန်လက်ရာဖြစ်၍ ဖတ်ရလွယ်ကူပြီး အဆီအနှစ်မပျက် နားလည်သဘောပေါက်လွယ်သည်။
၃။ စိတ်ဓာတ်ခွန်အား – မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေပြီး စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ တွန်းအားပေးသည်။

နိဂုံးချုပ် သုံးသပ်ချက်
===
မိမိဘဝကို တိုးတက်ပြောင်းလဲချင်သူများ၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှုများကို စည်းစနစ်ကျကျ တည်ဆောက်ချင်သူများ မဖြစ်မနေ စုဆောင်းဖတ်ရှုသင့်သည့် အတ္ထုပ္ပတ္တိနှင့် စိတ်ဓာတ်ခွန်အားပေး စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

• အောင်မြင်ခြင်းအစစ် ( ကြွယ်ဝခြင်းဆီပို့ပေးမယ့်လမ်းကို ရှာဖွေခြင်း)
• စောဒေးဗစ်
• 12000 MMK


#စောဒေးဗစ် #စာဖတ်ပါ

Address

Yangon

Alerts

Be the first to know and let us send you an email when Lumen Libris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category