RiRi baby store

RiRi baby store ဘန်ကောက်ရှိကလေးအဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများကိုမှာယူနိုင်ပါတယ်။
မိမိ ကိုယ်ပိုင်ကာဂို များဖြင့်သာပို့ဆောင်ပေးပါသည်။

04/06/2026

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို မြန်ဆန်စေခြင်း (Accelerates Physical Development): ရေ၏ပင့်အားက ကမ္ဘာမြေဆွဲအားကို တန်ပြန်ပေးသောကြောင့် ကလေးငယ်များသည် မိမိခန္ဓာကိုယ်အလေးချိန်ကို မတ်မတ်မထိန်းထားနိုင်သေးမီမှာပင် ခန္ဓာကိုယ်အလယ်ပိုင်း ကြွက်သားများနှင့် ခြေလက်လှုပ်ရှားမှု ဟန်ချက်ညီခြင်း။
2. မိဘနှင့် သားသမီးကြား သံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေခြင်း (Deepens Parent-Child Bonding): ရေကူးကန်ထဲတွင် မိဘနှင့်ကလေး အမြဲထိတွေ့နေရပြီး အနီးကပ်အမြဲပွေ့ချီထားရသောကြောင့် ကလေးငယ်အတွက် လုံခြုံစိတ်ချရမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာသံယောဇဉ်ကို ဖြစ်ထွန်းစေသည်။
3. ငယ်စဉ်ကတည်းက ရေဘေးကင်းလုံခြုံမှုကို ရရှိစေခြင်း (Instills Early Water Safety):
ငယ်ရွယ်စဉ်ကတည်းက ရေနှင့်မစိမ်းတော့သဖြင့် ရေကြောက်စိတ်ကို လျော့ကျစေပြီး ဘောကို လက်ဖြင့်မြဲမြံစွာကိုင်ထားခြင်းကဲ့သို့သော အသက်ဘေးကင်းလုံခြုံစေမည့် အခြေခံရှင်သန်ရေး အလေ့အကျင့်ကောင်းများကို တတ်မြောက်စေသည်။

ဘော......နှင့် ရေကူးခြင်း ( swimming with baby swim float ) အခုထိအသက်ကြီးပြီး ရေမကူးတက် / ရေကြောက်တက်တဲ့ သူတွေဟာ ငယ်စဉ်က...
04/06/2026

ဘော......နှင့် ရေကူးခြင်း ( swimming with baby swim float )

အခုထိအသက်ကြီးပြီး ရေမကူးတက် / ရေကြောက်တက်တဲ့ သူတွေဟာ ငယ်စဉ်ကတည်းက ရေနဲ့တစ်ခုခုပြသာနာတက်ခဲ့ကြသူတွေဖြစ်ပါတယ်။

( ဘောနှင့်ရေကူးခြင်း / ရေဆော့ခြင်း )

လူကြီးတွေအတွက်တော့ " ဘော "ဟာရေပေါ် ပေါလောပေါ်နေရင်ကိုအစဉ်ပြေပေမဲ့၊ ကလေးတွေအတွက်ကတော့ " ဘော " ရွေးချယ်မှူ့မှန်ကန်ဖို့ အရေးကြီးပါတယ်။ သက်တော့သက်သာ ၊ အချိုးအစားမှန်မှန် ကလေးရဲ့ခန္ဓာကိုယ် အလယ်ပိုင်း နဲ့ ခြေ လက် လှုပ်ရှားနိုင်ဖို့ " ဘော " ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။
ရေထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ကစားလိုက်တော့၊ မောပြီးအစားပိုဝင်ပြီး အိပ်ပျော်စေပါတယ်။

ဒီမှာ...ကျွန်တော်တို့ ပတ်လက် လုံးဝမလှန်၊ စိတ်ချရတဲ့ဒီဇိုင်းနဲ့ ဆရာဝန် တွေရဲ့ recommendation ပေးတဲ့ သားလေးနဲ့လည်းလုံးဝ အဆင်ပြေတဲ့
" ဘော " ပုံစံလေးကို ပြောပြေ / ရိုက်ပြပေးလိုက်ပါတယ် ခင်ဗျာ။ " ဘော " ရဲ့ အသားလေးကလည်း မရှ၊မကြမ်းတမ်းပဲ ကလေးအသားရေကိုလည်း မထိခိုက်ပါဘူး၊ ဒါပေမဲ့ အသုံးမပြုခင်မှာ ကလေးဆပ်ပြာနဲ့သေချာစွာဆေးကြောပြီးမှ အသုံးပြုသင့်ပါတယ်ခင်ဗျာ။ အသုံးပြုစဉ်အတွင်းမှာလည်း မိဘက အနားမှာ နေပြီး သေချာစွာ စောင့်ကြည့်နေရပါမယ်ခင်ဗျာ။

၆လ နှင့် အထက်ကလေးတိုင်း ရေကူးခြင်းမှ အကျိုးများစွာရရှိနိုင်ပါတယ်။ ကလေးရဲ့ခန္ဓာကိုယ် အလယ်ပိုင်းနဲ့ ခြေထောက်ကြွက်သား ကိုလှုပ်ရှားတာကြောင့် ကြွက်သားတွေသန်မာပြီး ဉာဏ်ရေဖွံ့ဖြိုးနိုင်စေခြင်း survival skill တွေကိုလည်းတိုးတက်ပြီး မိဘနဲ့ ထိတွေ့မှူ များလာပြီး ကလေးနဲ့ မိဘအကြားယုံကြည်မှူတွေတိုးလာစေပါတယ်။ စနစ်တကျ ရေကူးသင်တန်း ပို့နိုင်ရင်တော့ ပိုကောင်းတာပေ့ါ နော်။ ကျွန်တော်လည်း ဒီ “ ကလေးဘော “ မတိုင်ခင် တစ်ခြား ပုံစံလေးတွေ မှားဝယ်တာတွေရှိပါသေးတယ်။ ဆရာဝန် နဲ့ ပြကြည့်ပြီး ပြောပြမှ ဒီလိုအဆင်ပြေတဲ့ ဘောမျိုးလေးရတာကြောင့် နှစ်ခါ၊ သုံးခါ မမှားကြရအာင် ဒီစာလေးနဲ့ ပုံလေးတွေကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ရပါတယ် ဖေဖေမေမေ ဘော်ဒါ မိတ်ဆွေ အမျိုးတို့ရေ ။

လိုအပ်လို့ မှာယူချင်တယ်ဆို ကျွန်တော့်တို့ RIRIbabaystore messenger လေးကနေတဆင့်ယုံကြည်စိတ်ချစွာ လာရောက်မှာယူပေးပါလို့ အသိပေးလိုက်ပါတယ်ခင်ဗျာ။ တံဆိပ်တူတွေ ပုံစံတူတွေ အများကြီးရှိတာမို့ sizes တွေကလည်း များလို့၊ ကလေးရဲ့ အရပ််အရှည်ပေါ်မူတည်ပြီး ကွာနိုင်ပါတယ်ဗျ။ သေချာပြောပြပြီးမှ မှာယူပါလို့ အကြံပေးရင်း ဒီစာလေးဒီမှာ ရပ်ခွင့်ပြုပါခင်ဗျာ။

အချိန်တွေ ၊ ငွေတွေရင်းပြီး ရေးထားတဲ့စာပိုဒ်လေး မို့ ကျွန်တော်တန်ဖိုးထားပါတယ်ခင်ဗျာ။
❌စာသားနဲ့ ဓါတ်ပုံလေးတွေကို ကူးယူခြင်းလုံးဝ လုံးဝ ခွင့်မပြုပါဘူးခင်ဗျာ။​ ❌

#ကလေးပစ္စည်း #ဘော

✅ ကျွန်တော်တို့ကို share ပေးလို့ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

မွေးကတည်း ခုထိ သုံးဖြစ်တဲ့ Sanitizing spray  brand  / ၁လ ( 200 ml ) တစ်ဘူး အပြင်များများထွက်ပါက နှစ်ဘူးကုန်ပါတယ်။အသုံးပြ...
29/05/2026

မွေးကတည်း ခုထိ သုံးဖြစ်တဲ့ Sanitizing spray brand / ၁လ ( 200 ml ) တစ်ဘူး အပြင်များများထွက်ပါက နှစ်ဘူးကုန်ပါတယ်။

အသုံးပြုနိုင်တဲ့နေရာများ -

လက် ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ၊ ကလေးကစားစရာများ ၊ ကလေးတွန်းလှည်းတွေ ၊ အဝတ်အစားတွေမှာ အသုံးပြုနိုင်ပါတယ်။

100% 🥗🍲 food grade ဖြစ်လို့ အစားစာထဲဝင်သွားလည်း ဘေးမဖြစ်စေပါဘူး။
75% alcohol
99.99% anti bacteria 🦠
မာလကာအရွက်လေးတွေက နေထုတ်လုပ်ထားတာဖြစ်လို့ အသားအရည် ချောက်သွေ့မှာလည်းစိတ်ချရပါတယ်။

👶မွေးကင်းစလေး တွေရဲ့ မိဘတွေအနေနဲ့
နောက်တစ်ခု ခေါင်းကိုက်ရတာ မွေးကင်းစကလေးလေးတွေကို ထိတွေ့ရတဲ့အပိုင်းပါ။ သူတို့အသားလေးတွေက သိပ်ကိုနူးညံ့ပြီး ထိခိုက်ရှလွယ်ဖြစ်လို့ လုပ်ရကိုင်ရတာအရမ်းသတိထားရပါတယ်။

👏🧼 ကျွန်တော်တို့ လက်တွေဆိုတာက ဘယ်လောက်ပဲ အပေါ်ယံကြည့်လိုရင် သန့်တယ်ထင်ရပေမဲ့ လသား၊ရက်သားလေးတွေကို ကိုင်ရင် အနည်းဆုံးဆပ်ပြာနဲ့ လက်သေချာဆေးပြီး၊ ဖြစ်နိုင်ရင် ရေပါချိုးသင့်ပါတယ်။ အခုဆိုအပြင်မှာက သိတဲ့တိုင်းရောဂါပိုးမွှားတွေ ( Bacteria 🦠) ဆိုတာက သောင်းနဲ့သိန်းနဲ့ ချီပြီးရှိနေနိုင်ပါတယ်။ အဲ့အတွက် ကျွန်တော်တို့ အပြင်ကပြန်ပြန်လာပြီးခြင်း၊ ကလေးနဲ့ထိတွေ့တော့မယ်ဆိုရင် ရေချိုး၊ လက်ဆေးပြီးမှ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံတွေထိတွေ့နေရတော့ ရေချိုးပြီးလည်း ၊ လက်သန့်ဆေး ထပ်ဖြန်းဖြစ်ပါတယ်။ အဲ့ဒါမှ စိတ်သန့်တယ်။ အိမ်သာဝင်ပြီး အပြန်၊ ထမင်းစားမုန့်စား ၊ ပြီးလည်းသုံးပါတယ်။ ပျစ်ပျစ်ချွှဲချွဲ ကြီးဖြစ်မနေဘူး။

😍 နောက်တစ်ချက်က ကလေးလေးတွေကချစ်ဖို့ကောင်းတော့၊ ကိုင်တာလေးတွေ လာထိတာလေးတွေရှိတက်တယ်။ ( ကျွန်တော်ကိုတိုင်လည်း ကလေးချစ်တက်တော့ သူတို့ ခြေထောက်လေးတွေ လက်လေးတွေ ကိုင်ချင်တယ်) ။ အဲ့ကျရင် မကိုင်ခင် ၊ မထိခင်မှာ သူတို့ကိုပေးသုံးလိုက်တယ်။ အဲ့လိုဆို သူတို့လည်း သတိပြန်ထားမိတယ်ပေါ့နော် အရမ်းမကိုင်ကြတော့ဘူး (ကိုယ်တွေ့) ပါနော်။

ချစ်လို့ဆိုပေမဲ့ တခြားအရေပြားပြသာနာတွေ၊ ရောဂါပိုးတွေက ငယ်သေးတဲ့ ကလေးသေးသေးလေး 👶တွေမှာ ခံနိုင်ရည်မရှိကြပါဘူးဗျ ။နောက်ဆက်တွဲ အကျိုးဆက်တွေကို မိဘတွေပဲ ခံစားကြရတာမလို့ပါ။ အိမ်ကသားသားကတော့ အရေပြားထူတာလား၊ ခံနိုင်ရည် အားကောင်းတာလားမသိဘူး။ အရေပြားပြသာနာတွေတော့ မကြုံရသေးဘူး ၉လပြည့်ပြီးပေါ့နော်။ ( မွေးမွေးပြီးချင်းတုန်းကတော့ အနီစက်လေးတွေရှိတယ် မိခင်နို့စို့ပြီး ၂ ရက်လောက်ကြာတော့ ပျောက်ပါတယ် ။ )

💨🦠 အခုကျွန်တော်တို့ သားလေးမွေးကတည်းက ခုထိသုံးနေတဲ့ ( EKH Sanitizing Spray ) လက်သန့်ဆေးလေးအကြောင်းပြောပြပါ့မယ်။ သူက လက်သန့်ဆေးတင် မဟုတ်ပဲ ကလေးတွေ အတွက် ရေချိုးဆပ်ပြာရည်၊ ခြင်မကိုက်ဖြန်းဆေးတွေ ထုတ်ပါတယ်။ EKACHAI HOSPITAL ဆေးရုံက ထုတ်နေတဲ့ products တွေဖြစ်တဲ့အတွက်ကလေးတွေအတွက် လုံးဝ လုံးဝ Save ဖြစ်ပါတယ်။

🍀Fun fact ( ဗဟုသုတ ) အနေနဲ့ပေါ့ဗျာ ဆေးရုံအကြောင်းအနည်းငယ်ပြောပြပေးပါ့မယ်။

ကျွန်တော်တို့သားလေးက Ekachai Hospital ( အက်ခချိုင် ဆေးရုံမှာ ) မွေးတာပါ။ Packages တွေလည်းအများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့ခွဲမွေးတဲ့ package လေးယူဖြစ်ခဲ့ပါတယ်။ မိခင် နဲ့ ကလေးလေးတွေကို တကယ့်တကယ် သေချာပြုစုစောင့်ရှောက်ပါတယ်။ အဲ့ package လေးထဲမှာ ကလေးရေချိုးဆပ်ပြာ၊ ဒိုက်ပါ ခရင်၊ လက်သန့်ဆေး အများကြီးပါပါတယ်။ နောက်ပြီး ထိုင်းကလေးမွေးစာရင်းလည်းထုတ်ပေးပါတယ်။လုံးဝဘာမှ ပြောစရာမလိုပါဘူး။ ဆရာဝန် တွေ ဆေးရုံဝန်ထမ်းတွေလည်း အရမ်းသဘောကောင်းတယ် ပေါ့နော်။စိတ်ဝင်စားရင် အဲ့ဆေးရုံအကြောင်းလေး ရေးပေးပါအုံးမယ်ခင်ဗျာ့။🍀

EKH sanitizing spray ကို ဆေးရုံ website မှာ တိုက်ရိုက်မှာလို့ရသလို တစ်ခြားသော shopping app တွေမှာလည်းရပါတယ်။ Expired date လေးတွေလည်းတစ်ချက်စစ်ပြီးမှ ဝယ်ကြပါလို့လည်းပြောချင်ပါတယ်။

🇲🇲 ကျွန်တော်တို့ မြန်မာက ဘော်ဒါတို့လိုချင်တယ်ဆို ဆေးရုံကတိုက်ရိုက် သွားဝယ်ပေးပြီး Cargo အိမ်အရောက်အပ်ပေးပါတယ်ခင်ဗျာ့ 🍀

ကျွန်တော်တို့ ၉ လအတွေ့အကြုံ အရ ၊ ရဲရဲကြီးအသုံးပြုနိုင်တယ်လို့ ပြောနိုင်ပါတယ်ခင်ဗျာ။ ကလေးငယ်လေးတွေ၊ မိဘတွေ အတွက်လည်းမရှိမဖြစ်ဆောင်ထားရမဲ့ ပစ္စည်းတွေထဲကတွေထဲက တစ်ခု ဖြစ်မယ်လို့ယုံကြည်ပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

အချိန်တွေ ၊ ငွေတွေရင်းပြီး ရေးထားတဲ့စာပိုဒ်လေး မို့ ကျွန်တော်တန်ဖိုးထားပါတယ်ခင်ဗျာ။
❌စာသားနဲ့ ဓါတ်ပုံလေးတွေကို ကူးယူခြင်းလုံးဝ လုံးဝ ခွင့်မပြုပါဘူးခင်ဗျာ။​ ❌

#ကလေးပစ္စည်း

✅ ကျွန်တော်တို့ကို share ပေးလို့ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

“ နို့ဘူး “ ဝယ်ဖို့ စဉ်းစားနေပြီဆိုရင် ၊ ကျွန်တော်သိသလောက်နို့ဘူးအကြောင်းလေးပြောပြပေးပါမယ်ဗျ။ ဖတ်ရတဲ့အချိန်လေးပေးရတာတန်မ...
20/05/2026

“ နို့ဘူး “

ဝယ်ဖို့ စဉ်းစားနေပြီဆိုရင် ၊ ကျွန်တော်သိသလောက်နို့ဘူးအကြောင်းလေးပြောပြပေးပါမယ်ဗျ။ ဖတ်ရတဲ့အချိန်လေးပေးရတာတန်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ဘာလို့ဆို ကျွန်တော်ကိုယ်တွေ့ အတွေ့အကြုံ အစစ်အမှန် တွေဖြစ်လို့ပါပဲ။

စာဖတ်ချိန် - ၂ မိနစ်ခွဲ

🍼 “နို့ဘူး” 🍼 ဆိုတာက မိခင်ဆီက နို့သိပ်မယူတဲ့ကလေးတွေအတွက် ဒုတိယ မိခင်နို့သီးခေါင်းလိုပါပဲ။ ဆိုတော့ ကျွန်တော်တို့ကလေးတွေအတွက်အရေးကြီးတာထက်ကိုပိုပါတယ်။ (အသေးစိတ်တွေရှိပါသေးတယ် နို့ဘူးတင်မဟုတ်ပါဘူး / နို့ဘူး ( သန့်စက် ၊ပေါင်းစက် ) အဲ့ဒါတွေလည်းရှိပါသေးတယ်။ အိုခေ။ ဒီတော့ကျွန်တော်တို့ နို့ဘူးဝယ်ရတော့မယ် “ မွေးကင်းစ “ 👶 ကလေးလေး 👶အတွက်စပြီးဝယ်တော့မယ်ပေါ့နော်။ ကျွန်တော်တုန်းက စစချင်း နို့ဘူး ၄ ဘူးဝယ်တယ် ( ၂ဘူးတစ်တွဲပါ ၂၀၀ ကျော်၊ ၄ဘူးဆိုတော့ ဘတ် ၄၀၀ ကျော်ပါတယ်။ မြန်မာ ငွေနဲ့ဆို ၅ သောင်းကျော်ပါပဲ ။

အဲ့တုန်းကသိတာက နို့ဘူးဝယ်ရင် ၊ ဘူးဆေးဖို့ ပိုးသတ်ဖို့ရေနွေးပူနဲ့သုံးရမယ် ဆိုတာလောက်သိပါတယ် ဆိုတော့ ( BPA free ဝယ်ရမှာသိပါတယ် ) ။ မသိတာက ၃ လတစ်ခါ နီု့ဘူးလဲရမှာနဲ့ ကလေးက နို့ဘူးခေါင်းမာရင် သူတို့ နှုတ်ခမ်းလေးတွေမှာ အရည်ကြည်ဖုလေးတွေဖြစ်တက်တာကိုတော့ မသိခဲ့ပါဘူး။ နောက်ပြီးကလေးက နို့ဘူးလည်းကြောက်၊ မိခင်နို့လည်း မယူတော့ရင် အသေတိုင်ပတ်ပါတယ်။ ကလေးငိုရင် ကျွန်တော်တော့ခေါင်းပါကိုက်ပါတယ်။ အဲ့ပြသာနာတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော် ဒီစာပိုဒ်တိုလေးကိုရေးပေးနဲ့ sharing လုပ်ပေးလိုက်ပါတယ်။

နောက်တစ်ချက်က “ နို့ဘူး “ ဆိုတာကလေ တအားပဲ နက်နဲပါတယ်။ တကယ်တကယ် ဒီတိုင်း နို့ဘူးကို ဇောက်ထိုးထားလိုက်ရင် နို့ စိမ့်ကျတဲ့ ဘူးနဲ့ ၊ မကျတဲ့ဘူး ဆိုတာရှိပါသေးတယ်။ ကလေးစို့မှ နို့ ထွက်တဲ့ဘူးနဲ့ ၊ မစို့ပဲစောင်းထားရင်ကို နို့ကျတဲ့ဘူးတွေရှိပါတယ်။
ဘာကွာလဲ ? မသိသေးရင်တော့ မကွာဘူးလို့ ထင်ရပေမဲ့အသေးစိတ်မှာကွာပါတယ်။ စဉ်းစားကြည့်ပါ ကျွန်တော်တို့ကလေးကို နို့တိုက်ပြီဆိုရင်၊ နို့ဘူးကို စောင်းတိုက်ရပါတယ် ပြီးတော့ကလေးက နို့ကိုစစို့ပါပြီ။ နို့တွေက ကလေးလည်ချောင်းထဲကိုစဝင်ပြီ မျိုချလိုက်ပြီ ။ အိုခေ ကလေးစို့မှ နို့ထွက်တဲ့ဘူးက စို့ပြီးတာနဲ့ နို့ဘူးကနေနို့ထွက်ပိတ်လိုက်ပါတယ် ၊ မစို့ပဲ စောင်းထားရင် နို့စိမ့်တဲ့ဘူးက ၊ စိမ့်တဲ့အခါမှာ ကလေးခံတွင်းမှာ နို့လျှံပြီး နို့သီးတာ ဖြစ်နိုင်ပါတယ်။နောက်ဆွဲတွဲအနေနဲ့ လေမထွက်တာ၊ လေညှပ်တာတွေ လေအောင့်တာတွေဖြစ်နိုင်ပါတယ်။

ဒီပြသာနာတွေအားလုံးနီးပါးကိုဖြေရှင်းပေးနိုင်တဲ့ နို့ဘူးရှိပါတယ်။ အဲ့ဒါကတော့ . . . Natur Infinit နို့ဘူးလေးပါပဲ။

အခု “ Natur “ ကနေထုတ်တဲ့ Infinit စီးရီးမှာဆို 5 OZ / 150 ml နဲ့ 9 OZ / 270 ml ဆိုပြီးရှိပါတယ်။ သူ့အားသာချက်လေးတွေကျွန်တော်ပြောပြပေးပါ့မယ်။

( One size ni**le )ဆိုတာက နို့ဘူးက နို့သီးခေါင်းလေးက မိ့ခင်နို့လိုမျိုး size တစ်ခုထဲသုံးလို့ရအောင်လုပ်ပေးထားတာပါ။ ပြောင်းစရာမလိုပါဘူး။ မွေးကင်းစ ရက်သားကနေ ၁ နှစ်ခွဲအထိသုံးလို့ရမယ်။

BPA free / PES (polyethersulfone) ဆိုတာက အပူရှိန်အမြင့်တွေမှာသုံးလို့ရတဲ့ ပလစ်စတစ် အကောင်းစားတွေနဲံ့ပြုလုပ်ထားတယ်။ နူးညံတယ် ကလေးနှုတ်ခမ်းနုနုလေးတွေ အတွက်သင့်တော်တယ် ။

( One demand flow rate system ) ဆိုတာက ကလေးနို့စို့မှ နို့ဘူးက နို့ရည်ထွက်တဲ့စနစ်ဖြစ်ပါတယ်။ အဲ့ဒီအချက်ကပဲ လေအောင့်တာ ကလေးနို့သီးတာတွေကိုအထိုက်အလျှောက်လျှော့ချပေးပါတယ်။

🇹🇭ထိုင်းနိုင်ငံရဲ့ နှစ် ၆၀ ကျော်နာမည်ကြီး brand တစ်ခုဖြစ်တဲ့အတွက် စိတ်ချပြီး မိမိ့ တို့ရဲ့ သားသားမီးမီးလေးတွေအတွက်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

ဒီစာပိုဒ်လေးကို ပြီးဆုံးအောင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုဆို ဘော်ဒါတို့ နို့ဘူးတွေရွေးရင် ကျွန်တော့်လိုအရွေးမမှားတော့ဘူးလို ယုံကြည်ပါတယ်။

🍀Sharing လုပ်ပြီးပြီဆိုတော့ စျေးလေးလည်းရောင်းပါရစေခင်ဗျာ။ ကျွန်တော်တို့ RIRI baby store လေးကနေ မှာယူအားပေးချင်တယ် ၊ တစ်ခုခု သိချင်တယ်ဆိုရင် messenger ကနေ ဟိုင်းလိုက်ပါခင်ဗျာ။ လုံးဝ လုံးဝ အားမနာတမ်းမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။🍀

အချိန်တွေ ၊ ငွေတွေရင်းပြီး ရေးထားတဲ့စာပိုဒ်လေး မို့ ကျွန်တော်တန်ဖိုးထားပါတယ်ခင်ဗျာ။
❌စာသားနဲ့ ဓါတ်ပုံလေးတွေကို ကူးယူခြင်းလုံးဝ လုံးဝ ခွင့်မပြုပါဘူးခင်ဗျာ။​ ❌

#ကလေးပစ္စည်း #ကလေးနို့ဘူး

✅ ကျွန်တော်တို့ကို share ပေးလို့ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

RiRi baby store စတင်ဖြစ်ခြင်း။ကျွန်တော်ကလေးအဖေတစ်ယောက်ပါ။ ဖခင်တစ်ဦးဖြစ်ပါတယ်။ကျွန်တော့်တို့ဟာ ကလေးတွေအတွက်ဆို ဘာပဲလိုလို...
18/05/2026

RiRi baby store စတင်ဖြစ်ခြင်း။

ကျွန်တော်ကလေးအဖေတစ်ယောက်ပါ။ ဖခင်တစ်ဦးဖြစ်ပါတယ်။ကျွန်တော့်တို့ဟာ ကလေးတွေအတွက်ဆို ဘာပဲလိုလို ဖြည့်ဆည်းပေး၊ ဝယ်ပေးချင်တာ မိဘတွေရဲ့မေတ္တာပါ။ တကယ့်လိုအပ်ချက်ကို သိတာကတော့ အနီးကပ်အရိပ်တကြည့်ကြည့်၊စောင့်ရှောက်ပေးတဲ့ မေမေတွေကသာပိုပြီးသိနိုင်ပါတယ်။😇

ကျွန်တော်တို့တုန်းကဆို လိုအပ်မယ်ထင်ပြီးဝယ်ခဲ့ပေမဲ့ ကလေးကလည်း မကြိုက်၊ တကယ်လည်းမလိုအပ်တဲ့အခါ ငွေကုန်ပြီး၊စိတ်မပျော်မရွှင်ဖြစ်ရပါတယ်။ပထမဆုံးကလေးဆိုတော့ ပိုဆိုးတာပေါ့ သားဦးလည်းဖြစ်တော့ ။ နောက်ပိုင်းတော့ ကျွန်တော်တို့ဝယ်မဲ့ ကလေးအသုံးအဆောင်တွေကို ကလေးဆရာဝန်နဲ့ ပြကြည့် တိုင်ပင်ပြီးမှ ဝယ်သင့်မသင့်ဆုံးဖြတ်ချက်ချပြီးမှဝယ်ယူခဲ့ပါတယ်။ ဒါတောင်ချစ်စရာကောင်းလို့ကြားထဲ ဝယ်လိုက်တာလေးတွေ ရှိပါသေးတယ်။🚂🧸🪁

နောက်ဆုံးတစ်ခုအနေနဲ့၊ ကျွန်တော့်စီနီယာတွေ၊သူငယ်ချင်းတွေလည်း ဖေဖေ၊မေမေ နေရာရောက်လာပါပြီ။
ကျွန်တော်တို့ ဒီ page လေးကနေ Baby လေးတွေ ၊ လသားအလိုက် လိုအပ်ချက်နဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်း ပြောပြသွားပေးမှာဖြစ်လို့ follow ထား liked ပေးထားကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။🍀

အခု RIRI’s baby store လေးကို၊ကျွန်တော်တို့ ကိုယ်တိုင် အတွေ့အကြုံနဲ့၊ ကလေးဆရာဝန်၊ အကြံပြုချက်တွေနဲ့ ပေါင်းစပ်ပြီး၊ မိတ်ဆွေများရဲ့ အချိန်နဲ့ငွေ ကိုအလေအလွင့်မရှိရအောင်၊အကြံပေးဆွေးနွေးပြီး သိချင်တာမှန်သမျှ အားမနာတမ်းမေးပြီးမှ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။ ✅

အချိန်နှင့်တစ်ပြေးညီမှာယူပေးခြင်း၊အာမခံပေးနိုင်ခြင်း။
💯

ကလေးပစ္စည်းတင်မဟုတ်ပဲ ကျွန်တော်တို့ brand items တွေလည်းဝယ်ပေးပြီး cargo service တွေလည်းရှိပါတယ်။ ကျွန်တော်တို့ထံမှ မှာယူသော items ပစ္စည်းများ တစ်ခုခုပျက်စီးဆုံးရှူံးပါက ( သဘာဝဘေးအန္တယ်ရယ်မှအပ ) ပစ္စည်း၏ မူလတန်ဖိုးအတိုင်းပြန်လည်လျော်ပေးမည်ကြောင်း အသိပေးလိုက်ပါတယ်။

Address

Mahar ThukhiTar Street, East Gyogone , Insein Township
Yangon
11011

Website

Alerts

Be the first to know and let us send you an email when RiRi baby store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share